Reputation အကြောင်း မရှင်းပြခင် Steemit Platform ၏ လုပ်ဆောင်ပုံနှင့်ရည်ရွယ်ချက်ကို အနည်းငယ် မိမိသိသလောက် ဝေမျှခြင်ပါသည်။ Steemit သည် Facebook ကဲ့သို့ သော social media မှန်သော်လည်း အမှန်မှာ ငွေကြေး တနည်းအားဖြင့် digital token (steem) ရရှိနိုင်သော blockchain system ဖြစ်ပါသည်။ အပြည့် အဝ ဆိုရသော် social media base block chain system ဖြစ်ပါသည်။ ဤ Steemit ကို ထူထောင်သူတို့၏ရည်ရွယ်ချက်မှာ အသိပညာ, အတတ်ပညာ, နည်းပညာ , အနုပညာ စသည်ကဲ့သို့သော ပညာရပ်များ, ဗဟုသုတများကို ဖလှယ်၍သော်လည်းကောင်း, ဝေမျှခြင်းဖြင့်သော်လည်းကောင်း, ဤသို့ ဖလှယ်ကြရာတွင် အကျိုးအမြတ် များ ရစေရန် နှင့်ဤသို့ အသိပညာ , အတတ်ပညာများ ဖလှယ်ကြရာတွင် အနှောက်အယှက်ကင်းကြစေရန်, ခိုးယူကူးယူထာသောစာများ, အခြေအမြစ်မရှိ ကောလာဟလ များ , ရိုင်းစိုင်းသော စွပ်စွဲရေးသားမှုများ အပြုအမှုများ ပုံများ , မဲစွယ်သကဲ့ မိမိ ဘက်ပါလာအောင် စွဲဆောင်ရေးသားမှုများ ကင်းအောင် တနည်းအားဖြင့် စိတ်ချမ်းချမ်းသာသာ ပညာဖလှယ် ရှာဖွေသိုမှီးနိုင်ကြစေရန်ရည်ရွယ်ဖွဲ့စည်းထားကြပါသည်။ ယနေ့ ကျွှန်တော်တို့ Facebook သုံးနေရသောအခြေအနေကို မြင်ယောင်ကြည့်ပါ, ကောလာဟလများ, လူအများထိတ်လန့်စေရန် ရည်ရွယ်ချက်ရှိ၍သော်လည်ကောင်း နာမည်ကြီးချင်၍သော်လည်းကောင်း, သတင်းများ စာ များ ရေးကြရှယ်ကြ, မိုက်ရိုင်းစွာ ဆဲရေတိုင်းထွာကြခြင်း, မအေ,နှမ လေးစားရမှန်မသိ မိုက်ရိုင်းပုံများတင်ခြင်း, ဘာသာရေးမီးမွေးခြင်း , မကြည့်ချင်သော်လည်း မိမိ သူငယ်ချင်းကရှယ်လိုက်လျင် တွေ့မြင်နေရပါသည်။
Facebook မကောင်းပါဘူး ဟု ကျွှန်တော် မပြောလိုပါ သို့သော် ထိုကဲ့သို့ အကုသိုလ်ပွားစေသော အရာများ ကို မကြည့်ချင်လည်း မြင်နေရပါသည်။ Steemit ရည်ရွယ်ချက်မှာ အလွန်ကောင်းပါသည်, ထိုကဲ့သို့ အကုသိုလ်ပွားနိုင်သောအရာများကို တားဆီးပြစ်၍ဖြစ်ပါသည်။ digital currency နှင့်နွယ်သောကြောင့် အနည်းငယ် digital coin များဘက်သို့ ယိမ်းသယောင်ရှိသော်လည်း အခြားသော ဆေးပညာ, သိပ္ပံပညာ , စာပေ လေ့လာနိုင်စေရန် သူ့အကန့်နှင့်သူ ပညာရှင်များဝင်ရောက်ရေးသားနေကြပါသည်။ မိမိလိုချင်သော ဗဟုသုတ များ tag list ထဲတွင်ဝင်ရောက်ရှာကြည့်လိုက်ရုံသာ။ဤတွင် reputation ဆိုသည်မှာ Steemit တွင် ဝင်ရောက်ရေးသား၍ အသိအတတ်ပညာများ အားဖလှယ်ခြင်းအပေါ်တွင် မိမိ ၏ ပါဝင်ပါတ်သက်မှုကို အသိအမှတ်ပြုသော အမှတ်အသား , တနည်းအားဖြင့် အဆင့်အတန်းဖြစ်ပါသည်။ ဤကဲ့သို့ အဆင့်အတန်းတဖြည်းဖြည်း မြင့်လာရန်မှာ မိမိ Steemit တွင် အဘယ်ကဲ့သို့ ဝင်ရောက်ပြုမှုရေးသား နေသည့် အပေါ်မှူတည်ပါသည်။ အောက်ဖေါ်ပြပါများမှာ reputation အတွက်လိုအပ်ချက်များဖြစ်သည်။
၁. Quality post ( original content) များတင်ခြင်း
ထွေထွေထူးထူးပြောစရာမလိုပါ, Quality ( original content) ဟုဆိုရာတွင်း ဆောင်းပါး, စာ , ဓါတ်ပုံ , အနုပညာ စသည် တို့တွင် မိမိ ကိုယ်တိုင်ဖန်တီး ထားသော အရာများကို ဆိုလိုပါသည်။ မိမိကိုယ်တိုင်ဖန်တီးထားသော post မှ voting ရရှိခြင်းဖြင့် reputation များတက်ပါသည်။ ထို့အတူ အခြားသူတင်ထားသော post များကို vote များ ပေးခြင်းဖြင့်လည်း reputation တက်ပါသည်။ သို့သော် cheetah ထိထားသော post များ ကို vote ပေးလျင် မိမိ reputation ကို ထိခိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် copyright ဥပဒေချိုးဖေါက်သူများအား အားပေး သကဲ့သို့ ဖြစ်နေ၍ ဖြစ်သည်။ cheetah, steemcleaner , flagging များမထိခြင်းသည်လည်း reputation အတွက်အထောက်အကူရပါသည်။ cheetah, steemcleaner နှင့် flagging ကို နောက် post တွင် ဖေါ်ပြပေးပါမည်။ cheetah မထိအောင် မည်သို့ လုပ်ဆောင်ရမည်ကို သိပြီးဖြစ်ကြပါသည်။ဤ quality content တွင် tag များလည်း အရေးပါပါသည်။ tag များမှန်ကန်စွာထည့်နိုင်ရန်လည်း လွန်စွာမှ အရေးကြီးပါသည်။ မိမိတို့ မြန်မာလူငယ် တော်တော်များများ ယခုထိ tag ကို မှန်ကန်စွာ မထည့် နိုင်ကြသေးပါ။ ဥပမာ မိမိက Steemit အကြောင်းရေလျင်, Myanmar, Steemit , ဆိုလျင် ရပြီ။ မိမိက အချစ်ကဗျာ ရေးဖွဲ့လျင် , Myanmar, love , poem ဆိုလျင်ရပြီ။ မိမိက သဘာဝ အကြောင်း ဓါတ်ပုံရိုက်တင်လျင် , Myanmar, nature, photograph, ဆိုလျင်လုံလောက်ပြီ။ သို့သော် မဆိုင်သော နာမည်များ ထည့်ခြင်း , KR , CN ကဲ့သို့ ကိုရီးယား, တရုတ်တို့ကို tag တွဲထည့်ခြင်း တို့မှာ အခြားသူများ မိမိတို့ကို vote ပေးဖို့နေနေသာသာ, tag အကြောင်း, Steemit တွင် ရေပုံရေးနည်း နားမလည် ကြသူများအဖြစ်သာ သတ်မှတ်ပါမည်။ မိမိ ကိုရီးယား ဆိုင်မှာ အစားသွားစား၍ ထိုအစားအစာများ အကြောင်းရေး၍ KR ကို tag တွဲထည့်လျင် လက်ခံနိုင်မည် ဖြစ်သော်လည်း မိမိရေးထားသည်က အချစ်အကြောင်း မြန်မာစာဖြင့် , tag တွင် KR, CN တို့ တွဲထားလျင် steem cleaner ၏ သတိပေးခြင်းကိုခံရနိုင်ပါသည်။
၂. Follower နှင့် following များလာခြင်း
ဤအချက်မှာ မိမိတို့ မြန်မာလူငယ်များ လွဲမှားစွာ တွေးနေသော အချက်ကို ထောက်ပြလိုပါသည်။ မိမိ follower များလျင် vote ပေးသူများမည်, reputation များပိုတက်လာမည် စသည် ဖြင့် ထင်နေကြသည်။ မိမိfollower ရာချီရှိသော်လည်း vote ပေးသူ ဆယ်ယောက်ကျော် အလွန်းဆုံး အယောက်သုံးဆယ်သာ။ အဓိကအရေးကြီးသည်မှာ မိမိမှာ အဘယ်ကဲ့သို့သော post များ တင်သဖြင့် မိမိနောက်သို့ လိုက်လာကြပါသည် ဆိုသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ယခု ဖြစ်နေသည်မှာ I vote you & follow you , follow me back .... ဤသို့သော comment မှာ spam စာရင်းဝင်ပါသည်။ မြန်မာ လူငယ် အခြင်းခြင်းနှင့် reputation level တူ သူများတွင် ကိစ္စမရှိသော်လည်း မိမိထက် reputation များစွာမြင့်နေသူများအား သွားပြောလျင် စော်ကားရာ ရောက်ပါသည်။ အကျယ်တဝင့် ထပ်မံရှင်းပြပါမည်။ လူသစ် တယောက်မှ follow လုပ်ထားပါ vote ပေးပါမည်ဟူ၍ မိမိ ကfollow လုပ်ထားပါပြီ, သို့သော် ထိုသူမှာ post တင်တိုင်း cheetah မိ နေသူ , reputation အနုတ်အဆင့် ဖြင့် သူတောင်းစားသာသာ ( ဥပမာပေးကြမ်းလျင်တောင်းပန်ပါသည်) account သို့ ရောက်ရှိနေသော်လည်း မိမိ မသိ, ဆက်၍သာ following လုပ်နေသည်။ သူတောင်းစာ account ကို following လုပ်နေခြင်းဖြင့် မိမိ reputation မှာ တက်လာစရာ အကြောင်းမရှိပါ။ သူများကfollow လုပ်ဆို၍ following လုပ်နေရသည်။ မိမိ ၏ following list ထဲတွင် ထိုကဲ့သို့ သူတောင်းစား account များ ၁၀ ခုခန့်ရှိလျင် မိမိ reputation မှာ တက်လာစရာလမ်းမမြင်ပါ။
၃. Comment များ အပြန်အလှန် ပေးခြင်း
မိမိရေးသားလိုက်သော post ကို comment များပေးကြလျင် အလွန်ပျော်ရပါသည်။ ဤတွင် မြန်မာလူငယ်များအား အထူး မှာလိုသည်မှာ မိမိက reputation ကြီးသူများကို following လုပ်ခြင်းသည်ပြသနာမရှိသော်လည်း အထက်တွင် ကျွှန်တော် ဆိုခဲ့သည့်အတိုင်း I follow you , follow me back comment သွားပေးလျင် အလွန်ပင်ရိုင်းရာကျပါသည်။ ထိုသူရေးထားသော စာ,ဆောင်းပါတို့ကို နားလည်၍ ထိုဆောင်းပါးပါ အကြောင်းကို comment ပေးနိုင်ပါသည်, ဤသို့ အပြန်အလှန် comment ပေးကြခြင်းဖြင့် ဗဟုသုတ များ ဖလှယ်ယူကြပါသည်။ အထူးသဖြင့် reputation မြင့်သောသူတို့ ပညာရပ်ဆိုင်ရာ အမြင်ချင်း ဖလှယ်နေကြသော comment စကားဝိုင်းသို့ မိမိ ၏ I vote you , follow me back ဟူသော comment များကြားဝင်လာလျင်... တွေးကြည့်ပါ။ လုပ်သင့်၏မလုပ်သင့်၏ ချင့်ချိန်ပါလေ... follow me back ဆို၍ မိမိ account သို့ ဝင်ကြည့်လျင်လည်း လောက်လောက်လားလား ဗဟုသုတ ရစရာများလည်း ရေးမထား , reputation ကလည်း အဆင့်ခြင်းမတူ သူ အား ငါ့account ကို follow လုပ်ထားပါ ဆိုသည်မှာ စော်ကားခြင်းသာဖြစ်သည်။ ဤတွင် မိမိအားမည်သူ မျှပြန်လှန် ဆဲဆို ကြိမ်းမောင်းမည် မဟုတ်သော်လည်း မိမိcomment အား ဤသို့ သော အပြုအမှုကို မနှစ်မြို့ပါဟူသော flagging , အလံထောင်ခံရပါလိမ့်မည်။ flagging ပြုလုပ်ခံရလျင် downvote လုပ်ခံရခြင်းနှင့် အတူတူဖြစ်ပါသည်။ထို့ ကြောင့် reputation မြင့်သူတို့၏ flagging ပြုလုပ်ခံရလျင် မိမိ reputation အားများစွာထိခိုက်ပါသည်။ မိမိတို့ မြန်မာအချင်းချင်းတွင် ကိစ္စမရှိ , လူသစ်များဖြစ်၍ နားလည်ပေးနိုင်သော်လည်း အခြားနိုင်ငံသားများ၏ post များတွင် ထိုသို့ မပြုလုပ်မိစေရန်သတိထားပါလေ။ထိုကြောင့် မိမိမသိနားမလည်သော post များတွင် vote ပေးနိုင်သော်လည်း မသိဆိုးရွားသော comment များ မပေးမိအောင် သတိပြုပါလေ။
ထို့ကြောင့် reputation တက်အောင်မည်သို့ ပြုရမည် ကိုသိချင်နေကြသော လူငယ်များအား အထူးဂရုပြုစေချင်သည်မှာ အထက်ဖေါ်ပြပါ အကြောင်းအချက်များဖြင့် သင့်လျော်အောင် ပြုမှူဆက်ဆံခြင်းဖြင့် reputation များတက်အောင်ပြုလုပ်နိုင်ပါသည်။ reputation ကို Log 10 system ဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ အကြမ်းအားဖြင့် မိမိရရှိထားသော point ကို ဆတိုးကိန်း ဖြင့် တွက်ချက်ရခြင်းဖြစ်သည်။ ဥပမာ reputation 25 မှ 26 သို့ ရရှိ လိုလျင် အထက်ဖေါ်ပြပါ အကြောင်းအရာ များ ၁၀ ကြိမ် လုပ်ဆောင်လိုက်လျင် ၂၆ ကို ရရှိပါသည်။ ၂၆ မှ ၂၇ သို့ ရောက်ရှိရန် ၂၆ ရရှိရန် လုပ်ဆောင်ထားသော ပမာဏ ထက်ဆယ်ဆ လုပ်ဆောင်ပါမှ ၂၇ ကိုရရှိပါမည်။ ထို့ကြောင့် reputation တက်လာလေလေ မိမိ တို့ ပါဝင်လုပ်ဆောင်ခဲ့ကြသော ပမာဏများလေလေဖြစ်သည့်အပြင် နောက်တဆင့် တက်ရန်လည်း ထိုထက်ဆယ်ဆ မျှ လုပ်ဆောင်ရပါမည်။ ထို့ကြောင့် reputation 60 ကျော် 70 ကျော်များ၏ သူတို့ Steemit Platform ပေါ်တွင် ပါဝင်ပါတ်သက်နေသော အချိန်ကာလ အကြောင်းအရာများကို ခန့်မှန်းနိုင်ပါသည်။ဤတွင် တခုသိထားရမည်မှာ reputation ကျသွားခြင်းသည်လည်း အတူတူပင်ဖြစ်သည်။ 25 မှ 24 သို့ ကျသွားလျင် ဆယ်ဆ ဆိုးရွားနေပြီဖြစ်သည်။ reputation 10 သို့ ရောက်နေလျင် မည်မျှဆိုးဝါးနေပြီဆိုတာသိနိုင်ပါသည်။
နောက်တင်မည့် post တွင် cheetah bot, steamcleaner နှင့် flagging အကြောင်းသိကောင်းစရာများကို ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Henry Aung ( Kachin )
You always try hard for Myanmar members.
Thank a lot bro.
🙂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
you are welcome.... i hope it will help you...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
please help me u , upvote and follow new user me . Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
i just visit to your blog.... good job
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိုင်ကြူးပါBrother 😃
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I have voted for you can voted my comment please. Thank you dear in advence.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
your wish is granted
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်။ reputation ကောင်းတဲ့ quaility post အောက်မှာ Nice Post / Greate Post စသဖြင့် လွယ်လွယ်မန့်တာမျိုး မလုပ်ဘဲ၊အကြောင်းအရာကို သေချာဖတ် တတ်နိုင်သမျှ ဘာသာပြန်ပီး post နဲ့ သက်ဆိုင်တဲ့အကြောင်း အမေးအဖြေလုပ်သလိုမျိုး comment ပေးတာမျိုး comment ကောင်းကောင်းပေးနိုင်ခဲ့ရင် ကိုယ့်ရဲ့blogကို ၀င်ကြည့်ပီး follow မလုပ်ခဲ့ဘူးဆိုရင်တောင် ကိုယ့်commentကို သူတို့ ကြိုက်ရင် voteရပါတယ်။သူတို့ vote တစ်ချက်က သိသိသာသာ $ တက်ပါတယ်။ ကျနော်comment ပေးလို့ voteတချက် ပြန်ပေး $0.26 ရတာ ကြည့်ကြည့်ပါ။
https://steemit.com/travel/@mrs.steemit/best-of-barcelona-edition-pt-1#@victorzayyar/re-mrssteemit-best-of-barcelona-edition-pt-1-20170715t043603180z
ဒီရက်ပိုင်း ကျနော်တော့ လိုင်းမရလို့ တပတ်လောက်မလုပ်ဖြစ်ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်, ကိုယ်တွေမြန်မာအချင်းချင်းကကိစ္စမရှိပါဘူး...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
That's praise indeed!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
well, thanks you for your support
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you for sharing.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
i hope it will help you alot
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for sharing broရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
you are welcome....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီလေး အစ်ကို့ကို messenger ကနေဆက်သွယ်ပါ အခက်အခဲ ရှိရင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အကိုကိုယ်တစ်ကယ်လေ့လာအားစိုက်ပြီးရေးထားတဲ့ပိုစ့်တွေအောက်မှာအကြောင်းအရာနဲ့မဆိုင်တဲ့အဲလိုမန့်တွေတွေ့ရင်စိတ်ပျက်တယ်၊ Steem Chat တို့ FB Chat တို့ကနေပါပိုစ့်အတွက် Vote တွေလာတောင်းတာလဲရှိတယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာ Steemit user တွေ တဖြည်းဖြည်းနဲ့တော့ ရုပ်လုံးပေါ်လာပါပြီ.... နောက် 3 လလောက်ဆိုရင် အသားကျသွာမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for your sharing brother.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
well, we are sail in the same boat..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာတွေလည်း တဖြည်းဖြည်းနဲ့ နားလည်လာကြမယ်ထင်ပါတယ်။ မြင်တွေ့ရသလောက်ကတော့ ပုံမှန်အခြေအနေဆိုပေမယ့် တစ်ခါတစ်လေ minus(-) sign တွေမြင်ရတာတော့ အံ့သြနေတာ။ ပို့စ်အတွက် ကျေးဇူးအထူးပါ ဆာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဗျာ , တချို့ကနားမလည်တာပဲလား, တမင်ပဲ လုပ်နေသလားလို့တောင် ထင်ရတယ်။ အချိန်တန်တော့လည်း လမ်းကြောင်းမှန်တဲ့သူတွေ တက်သွားပါလိမ့်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါအကို ဒါတွေက အကိုသာမပြောပြရင်သိမှာမဟုတ်ပါဘူး cheetah တွေတောင် vote မိထားတယ်နေမှာ follow ကလည်း ကိုယ့်follow ထားသမျှ အကုန်ပြန် follow တယ် ဟိ follow က မကြည့်နိုင်ပေမဲ့ နောက်ကို vote တွေ ဘာတွေ သတိထားရတော့်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိတာကို သိအောင်လုပ်ဖို့က မခက်ပေမယ့်, စာမဖတ်ချင်သူ များအဖို့တော့ မသိနိုင်တာ အသေအချာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
welcome
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks a million for your full explanation.
It'll be very useful for us. Waiting for the post about flagging which I actually don't know.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
yes,,,, i will try to up load today... thanks for your support
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
A lot of thanks brother.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
you are welcome
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ အကို၊ မှတ်ထားစရာ တစ်ခု တိုးလာပြီ...😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်, Bro ရေးတဲ့ ဆောင်းပါတွေ ဖတ်ပီး လုပ်တာ အခု reputation 37 အထိရလာပီ.ဆက်ရေးပါဦး အားပေးနေပါတယ်. 👍👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ် အစ်ကိုရေ
ကျွန်တော် မှက်သားထားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုရေးတဲ့စာတိုင်းအရမ်းအကျိုးရှိတယ်ဗျာ ကျေးဇဘဲအစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good for knowledge, you always try your best to explain us. go well.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
It's great to see these guides you have created.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit