မင်္ဂလာပါ။ လက်ရှိ steemit platform နှင့်ပါတ်သက်၍ သို့လောသို့လော အတွေးများ ရှိနေကြသူအများအပြားရှိပါသည်။ ဤ ပြသနာတွင် အဓိကအားဖြင့် အကြံပေးကြသူများနှင့် ဝေဖန် ကြသူများ မှာ ဤ platform ပေါ်တွင်မှီခို၍ project များ ဖန်တီးနေကြသူများနှင့် SP အများအပြားပိုင်ဆိုင်ထားသူများဖြစ်ကြပါသည်။
ထိုအကြံပြုသူ အများအပြားတွင် လက်ရှိရေပန်းအစားဆုံးမှာ SMTs အဆင်သင့်ဖြစ်နေကြသော project များမှ tokens များ ထုတ်ယူခွင့် ပြု၍ ဈေးကွက်တွင် ချရောင်းနိုင်ရန် ဖြစ်ပါသည်။ လက်ရှိ steemit platform ပေါ်တွင် အခြေပြုနေသော SMTs project များမှာ အများအားဖြင့် Delegate လုပ်ထားသော SP များအား အားကိုး၍ ထုတ်နေကြရာ project များ များပြားလာသည်နှင့် အမျှ delegates လုပ်နိုင်ကြသော ပမာဏလည်း တဖြည်းဖြည်းနည်းပါလာပါသည်။
ထို့ အပြင် steemit platform တွင် active ဖြစ်သူနည်းပါးလာခြင်း နှင့် အတူ အသစ်အသစ်သော အကောင့်များကလည်း လက်ရှိအခြေ အနေကြောင့် SP ဝယ်ထည့်၍ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် နှောင့်နှေးနေကြပါသည်။
ဤအချိန်မျိုးတွင် SMTs project စတင်ထားခဲ့ကြသူများက သူတို့ ၏ token များ ဈေးကွက်တွင် ချရောင်းခြင်းဖြင့် သူတို့ project များအတွက် အပို ရန်ပုံငွေ ရရန်ရည်ရွယ်ကြသလို အသုံးပြုသူများ အနေဖြင့်လည်း ဈေးကွက် ရှိနေပြီးသော SMTs များအား ပို၍ စိတ်ပါဝင်စားစေလာနိုင်ပါသည်။ အကျယ်တဝင့် ရှင်းပြပါမည်။
လွန်ခဲ့သော ရက်အနည်းငယ်က steemhunt မှ ကြေညာချက်တစောင်ထွက်လာပါသည်။ @ned ၏ Budget အနေအထားကြောင့် SMTs လွင့်တင်မည့်ရက် နှောင်းနှေးသွားလျင် steemhunt အနေဖြင့် hunt token များ ထုတ်ယူရရှိနိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ steemhunt post များအား up vote ပေးလျင် SBD reward ပေးခြင်းထက် Hunt token ဖြင့် reward ပေးခြင်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
ထို့အပြင် Hunt token ထုတ်ယူရရှိနိုင်သည်နှင့် ဈေးကွက် အတွင်း ချရောင်းနိုင်ရန် လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။ သို့သော် လွပ်လပ်သော Hunt token အဖြစ် သီးခြားရပ်တည် မည် မဟုတ်ပဲ steemit ၏ internal market အတွင်း၌ Hunt token နှင့် SBD တိုက်ရိုက်လည်းလှယ် နိုင်သော စနစ် ထည့်သွင်း သွားမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
ဆိုလိုသည်မှာ မိမိ တွင်ရှိသော Hunt token များအား ဈေးကွက်သို့ မပို့ချင်လျင် SBD အဖြစ်လည်း ပြောင်းလည်းထားနိုင်ပါလိမ့်မည်။ ဤအကြံအစည်မှာ အလွန်ကောင်းမွန်ပါသည်။ လက်ရှိ steemhunt မှာ SMTs လွှင့်မည့် အချိန်ကို စောင့်စားနေရသဖြင့် ဈေးကွက် ချဲ့ချင်တိုင်း ချဲ့မရသေးပါ။ အဘယ်ကြောင့်ဆိုသော် SMTs လွှင့်တင်မည့်ရက် မသေချာသေးသောကြောင့် ဖြစ်ပါသည်။
အကယ်၍ token ထုတ်ယူ၍ ရပြီး ဈေးကွက်သို့ ပို့နိုင်ပြီ ဆိုသည်နှင့် SteemHunt team ကလည်း သူတို့ အကြံအစည်နှင့် သူတို့ ဈေးကွက်ချဲ့ထွင်းကြပါလိမ့်မည်။ ကိုယ်ပိုင် token ဈေးကွက် ရရှိသွားပြီ ဆိုသည်နှင့် steemit platform အသုံးပြုနေကြသူများအားသာ အားကိုးနေရန် မလိုတော့ပါ။ Product များ ထုတ်လုပ်သူ များထံတို့ ကိုယ်တိုင်ချဉ်းကပ်၍ သူတို့ ထုတ်ကုန်များအား Post တင်၍ ကြေညာကြရန် လိုက်လံ marketing ဆင်း၍ ရပါပြီ။
ထုတ်ကုန် ကြေညာကြသူများ အနေဖြင့်လည်း မိမိတို့ ထုတ်ကုန်လည်း အလကားကြေညာ၍ ရ သည့်အပြင် လူအများ သဘောကျလျင် upvote ပေးသဖြင့် hunt token လည်း ရရှိအုံး မည်ဖြစ်သဖြင့် အရှုံး မရှိပါ။ Steem hunt team အနေဖြင့်လည်း သူတို့၏ Steem Hunt Platform အား အင်နှင့်အားနှင့် စိတ်ကြိုက် ကြေညာနိုင်သလို ဈေးကွက်ချဲ့ထွင်းနိုင်မည် ဖြစ်ပါသည်။
ကျွန်တော့အထင် ပြောရလျင် steemhunt team ၏ အစီအမံ အကြံအစည် ကောင်းမွန်လျင် Hunt token သည် လက်ရှိ Steem ဈေးထက်ပင် ကျော်လွန်ရန် အလား အလာ ရှိပါသည်။ လက်ရှိ Cryptocurrency ဈေးကွက်တွင် မိမိ coin , token များ ဈေးကွက်အောင်မြင်မှု ရ မရ ဆိုသည်မှာ popular ဖြစ်မှုနှင့် ကြေညာအား ကောင်းမှု တွင် အများကြီး မူတည်နေပါသည်။
လက်ရှိ cryptocurrency ဈေးကွက်အား ပြန်လည်ဦးမော့လာစေရန် ခလုတ်တခုလိုအပ်နေပါသည်။ ထိုခလုပ်မှာ ခိုင်မာသော background ရှိသည့် coin , token တခုခု မှ ဈေးကွက် ထိုးဖေါက် ပြရန် လိုနေပါသည်။ ဆိုလိုသည်မှာ ထိုcoin သည် လူအများလည်း စိတ်ဝင်စားရမည် ၊ ဈေးကွက် နေရာ ရလာသော အခါ ဈေးကစားသူများကြောင့် မဟုတ်ပဲ ခိုင်မာသော background project ကြောင့် စိတ်ဝင်စားလာကြခြင်းမျိုးလည်း ဖြစ်ရမည်။
ထို့ အပြင် wallet အပြောင်းအလွဲ မြန်ဆန်မှုနှင့် စိတ်ချလုံခြုံမှုလည်း ရှိရပါမည်။ ဤ အချက်များနှင့် ပြည်စုံပြီ ဆိုလျင် ထို coin အား ဝယ်ယူ ရင်းနှီး ကြရန် လက်တွန့်ကြမည်မဟုတ်ပါ။
အထက်ပါ အကြောင်းအရာတို့မှာ လက်ရှိ SMTs Developers များတောင်းဆိုနေသော token များကြိုထုတ်ယူခွင့်နှင့်ပါတ်သက်၍ steemhunt နှင့် ဥပမာပေးတင်ပြထားခြင်း ဖြစ်ပါသည်။ ကျွန်တော်ဖေါ်ပြခဲ့သော အကြောင်းအရာတို့မှာ ကျွန်တော့ အထင်သာ ဖြစ်၍ မုချ ဖြစ်လာလိမ့်မည်ဟု မဆိုလိုပါ။
သို့သော် လက်ရှိ SMTs နှင့်ပါတ်သက်၍ Steem hunt တခုတည်းမဟုတ်ပါ။ steemmonster , Air token , XAP token နှင့် အခြား အတော်များများသော SMTs တို့မှာ token ထုတ်ယူရန် အသင့် အနေအထားသို့ ရောက်ရှိနေကြပြီဖြစ်ပါသည်။ ထို SMTs တို့၏ ဆိုင်ရာ ဆိုင်ရာ management team များကလည်း သူတို့ token များနှင့်ပါတ်သက်၍ မည်သို့ ဈေးကွက် ဖေါက်ရန် plan ချထားပြီး ဖြစ်ပါလိမ့်မည်။
အချုပ်ဆိုရသော် လက်ရှိ steemit platform အား အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် မှာ Community members တို့ ၏ အသံများ နား ထောင်၍ @ned အနေဖြင့် steemit platform အား အသုံးပြုနေသူတို့၏ ယုံကြည် မှုအား ပြန်လည် တည်ဆောက်ယူရမည် ဖြစ်သလို steemit ၏ ရှေ့ရေးနှင့်ပါတ်သက်၍ တိကျသော လမ်းပြမြေပုံများ လည်း ချပြနိုင်ရမည် ဖြစ်ပါသည်။
အထက်ဖေါ်ပြထားသည့်အတိုင်းး SMTs Developers များတောင်းဆိုထားသကဲ့သို့ Tokens များကြို ထုတ်ယူ ခွင့်  ပြုမည် မပြုမည်ကတော့ သူချပြလာသော လမ်းညွန်မြေပုံပေါ်တွင်သာ မူတည်နေပါလိမ့်မည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001
ကိုဟင် ဒုံးဒုံး
Steemhunt ဒုံးဒုံး
မသိင်္ဂီ ဒုံးဒုံး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကို ထွေး ဒုံးဒုံ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
hunt token သာ ထွက်လာလို့ကတော့
မသိင်္ဂီတော့ ထောပြီဝေ့
😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကံကောင်းကြပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hunt Token သာ ဈေးပေါက်လာလြိ့ကတော့ ပွကြောပဲဗျာ😁😁😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တခါလောက်တော့ ကံကောင်း မယ်လို့ ယုံကြည်လျက်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT တွေလဲ ကိုယ့်မှာ ဘာမှ မရှိ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hunt token လောက်တော့ယူထားပါ ဒိုမီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
hunt token မလုပ်ဖြစ်ဘူး လုပ်ရမလား 😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာမရေးဖြစ်ရင်တောင် Hunt token တော့ရအောင်ယူထားပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
hunt token တွေလည်း စုထားနိုင်ရင် ကောင်းနိုင်တဲ့ အခွင့်အရေးတွေရှိတယ်လို့ ဗဟုသုတအဖြစ် သိရှိရပါတယ်ခင်ဗျာ။token တွေနဲ့ပတ်သက်ပြီး အားလုံးသိထားသင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်အစ်ကိုဟင်နရီ။သိသင့်သော အကြောင်းအရာများ နှင့် ရှေ့အတွက် @ned ၏planများအကြောင်းကိုပါ ဗဟုသုတတိုးရန်အတွက် စိတ်ဝင်တစား စောင့်မျှော်နေပါ့မယ်အစ်ကိုဟင်နရီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောလောဆယ် အထိတော့လက်ဆုပ်လက်ကိုင်ပြစရာမရှိသေးဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ကတော့ SMTs ဘက်ကို မလှည့်အားဘူးဗျာ။ 😊
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာမရေးဖြစ်ရင်တောင် Hunt token တော့ရအောင်ယူထားပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
sp ရှိသလောက် ပေးတဲ့ token တော့ ယူထားပါတယ်။ ဘယ်လိုလုပ်ရင် ထပ်ရသေးလဲ တော့မသိပါဘူး bro ကြီးရာ။
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရုန်းကန်ရင်း Steemမှာ ကျင်လည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံး အချိန်ကို ကြုံဘူးတော့လည်း အဆိုး အချိန်က ခါးသီးလွန်းလှတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hunt Token များများရှာအုံးမယ် ကိုဟင်ရေ😁😁😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရနိုင်သလောက်သာယူ ထားပေတော့ ကိုမိုးဇော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Token တွေ ပိုင်ထားတာ မမှားပါဘူးလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရှုံးမရှိဘူး ကိုစော
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit