Steemit Platform ပေါ်မှ Steem Power ဆိုသည်မှာ ( Henry Aung )

in myanmar •  7 years ago  (edited)

henry.jpg

မင်္ဂလာပါ။ မနေ့က Facebook ပေါ်တွင် ကျွန်တော့ သူငယ်ချင်းတယောက် ရှယ်ထားသော video file တခု ကြည့် ဖြစ်ပါသည်။ Facebook အကောင့် ရှိသူတိုင်း ထို video ကို ဖွင့်ကြည့် မိကြပါလိမ့်မည်။ အခြားမဟုတ်ပါ။ လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွင်ပွဲတွင် ခလေးမလေး တယောက်နှင့် ကောင်ကလေး တို့ ဝါးတန်းပေါ်မှ ခေါ်င်းအုံး ရိုက်ကြသော video clip ဖြစ်ပါသည်။

ခလေးမလေး၏ မလျှော့သောဇွဲ ကို ထို video clip တွင် မြင်နိုင်ပါသည်။ ကျွန်တော့ အနေဖြင့် ထို video ကို ကောင်းသည် ဆိုးသည် ဝေဖန်လို ရင်း မဟုတ်ပါ။ ခလေးမလေး ဝါးတန်း ပေါ်မှ ကျမသွားစေရန် ကုတ်ကတ် ဖက်တွယ် ထားပုံမှာ ကြည့်မြင် ရသူအဖို့ အတော်လေးကို အားကျအတုယူစရာကောင်းပါသည်။

ထိုခလေးမလေး ဝါးတန်းပေါ်မှ ပြုတ်မကျသွားစေရန် ကုတ်ကတ် တွယ်ဖက်ထားပုံမှာ မိမိ Steemit Platform ပေါ် ကုတ်ကတ်တွယ်ဖက် တက်ခဲ့ရပုံတို့ကို မြင်ယောင်နေခဲ့မိပါသည်။ ကျွန်တော့ ကို ဤ Steemit Platform နှင့် မိတ်ဆက် ပေး၍ တွန်းတင်ခဲ့သူတို့မှာ Steemit ကိုးရီးယာ KR team ဖြစ်ပါသည်။

ကျွန်တော် Steemit Platform သို့ စတင် လျှောက်ကာစတွင် အတော်လေး ဒုက္ခရောက်ခဲ့ပါသည်။ ကျွန်တော့ အနေဖြင့် စာရေးဆရာမဟုတ်သလို ဤကဲ့သို့ ဆောင်းပါး များလည်း တခါမှ ရေးသား ဘူးခြင်းမရှိသည့် အပြင်အင်္ဂလိပ်စာဖြင့် ရေးသားရမည် ဖြစ်သဖြင့် ထိုအချိန်တုန်းကတော့ အတော်လေးချွေးပြန်ခဲ့ပါသည်။

01.jpg

သို့ သော် တခုခု စမိပြီ ဆိုလျင် တဝက်တပျက်နှင့် မထားခဲ့ တတ်သော ကျွန်တော့ အကျင့် အတိုင်း မလုပ်လျင် အရှင်း မလုပ်ဘူး ၊ လုပ်လျင်လည်း အကောင်းဆုံး လုပ်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ ဤသို့ အင်္ဂလိပ် ဆောင်းပါးမကျ ပုံပြင်မကျ ဝတ္ထုတိုလည်း မမည်သော ပုံမကျ ပန်းမကျ စာများဖြင့် စတင်ခဲ့ရပါသည်။

သို့ သော် နေ့တိုင်း post တင်နိုင်စွမ်း မရှိပါ။ ညဘက်မှ ဆောင်းပါးရေး မနက်တင် စသည်ဖြင့် တရက်ခြား နှစ်ရက်ခြားတကြိမ် တင်ခဲ့ရပါသည်။ KR team ကတွဲ ခေါ်သော်လည်း နေ့တိုင်း post တင်နိုင်စွမ်း မရှိပါ။ Steemit Platform အကြောင်း အတော် တီးခေါက်မိသော အခါ Steem Power ၏ အရေးကြီးပုံ ၊ Steem Power များလျင်များသလို လုပ်ပိုင်ခွင့် ရပိုင်ခွင့်လည်း ပိုမို များပြား လာကြောင်း သိရသောအခါ Steem Power မည်သို့ များများ ရနိုင်ရန်သာစိတ်ကူးနေခဲ့သည်။

ထိုအချိန်တွင် ကျွန်တော် Steemit ကို အရူးအမူးဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကျွန်တော့ Facebook အကောင့်အား လုံးဝ မေ့ထားလိုက်သလို နေ့စဉ် အားလျင်အားသလို Steemit Platform ပေါ်တွင်သာ မွေနောက်နေခဲ့သည်။ ဤတွင်ကြုံ၍ အစ်ကို @donjaun မေးထားသော ကျွန်တော် Steem Power ဘယ်လို စုဆောင်းခဲ့ရပုံကို အနည်းငယ် ဖေါ်ပြလိုပါသည်။

ကျွန်တော် Steemit Platform ပေါ်သို့ စတင် လျှောက်ကာစတွင် Steem ဈေးမှာ 0.20$ သာ ရှိပါသေးသည်။ အမြင့်ဆုံး ရောက်သည်မှာ 0.80$ ခန့်သာ။ ဆိုတော့ ရရှိသည့် SBD ဖြင့် Steem ဝယ်၍ Power Up လုပ်ရသည်မှာ အလွန်ကောင်းပါသည်။ တခါ Power Up လျင် အနည်း ဆုံး Steem 20 မှ အများဆုံး Steem 100 ခန့်အထိ Power Up လုပ်နိုင်ခဲ့ပါသည်။ SBD ပြင်ပဈေးမှာလည်း 1$USD ဝန်းကျင်တွင်သာရှိခဲ့ပါသည်။

02.jpg

ထို့ နောက် ကျွန်တော့ Steem 2000ကျော်ခန့် ရောက်သောအခါ ကျွန်တော် Power down ၍ Steem 500 ခန့် ထုတ်ယူပြီး Bittrex နှင့် poloniex Platform တို့တွင် coin trading စလုပ်ပါတော့သည်။ ထိုအချိန်တုန်းက ကျွန်တော် Steem Power လိုချင်လွန်းလှသဖြင့် trading ကို သရဲမရဲစီး သလို လုပ်ပါသည်။

အားသည်နှင့် price pumper တို့၏ သတင်းကို အနံ့ခံကာ သောကြာနေ့လို ညမျိုးတွင် တညလုံး မအိပ်ပဲ မိုးလင်းပေါက် trading လုပ်ပါသည်။ ထိုအကြောင်းတို့ကို Steemit Platform ပေါ်တွင် တနှစ်သာ ဆောင်းပါးတွင် အကျယ်ရေးသားထားပါသည်။ ထိုအချိန်တုန်းက ကရရှိသော အကျိုးအမြတ်များကို Steem ဝယ်မစုပဲ bitcoin နှင့် Ethereum ဝယ်စု ထားလျင် ယခုအချိန်တွင် လက်ရှိ ကျွန်တော့ Steem Power estimates value ၏ သုံးဆ ခန့် ပိုင်ဆိုင်နေနိုင် ပြီ ဖြစ်သည်။

သို့ သော် Steemit Platform သည် ရေရှည် တွင် တကယ်အကျိုး များမည့် အကြောင်း ကို သိရှိထားသလို ၂၀၁၈ တွင် Steem ဈေး တက်လာမည်ကို ကြိုတင်သိ သောကြောင့် Steem Power သာ ဝယ်စုနေခဲ့ပါသည်။ သို့သော် MSC ဖွဲ့ စည်းပြီးသောအခါ MSC နှင့် အလုပ်ရှုပ်နေရသဖြင့် trading ဘက်သို့ ခြေဦး မလှည့်နိုင်ခဲ့ပါ။

ကျွန်တော် ဆောင်းပါးများ ရေးသား၍ ရရှိလာသော SBD အားလုံးနီးပါးကို Steem Power အဖြစ်သာ ပြောင်းလည်းခဲ့ပါသည်။ ဤ တွင် Steem Power ၏ လုပ်ဆောင်ပုံ အသေးစိတ်ကို မဖေါ်ပြတော့ပါ။ မိမိ Steem Power များလာမှ မိမိ vote ပို၍ အဖိုးတန်လာမည် ဖြစ်သလို မိမိပြန်လည် ရရှိမည် ဖြစ်သော curation rewards လည်း များလာမည် ဖြစ်သည်ကိုတော့ အားလုံးနားလည် ပြီး ဖြစ်ပါလိမ့်မည်။

03.jpg

အများက Power Up ပါ power up ပါ ဟူ၍ ပြောလွန်းသဖြင့်သာ Power Up ရပါမည်။ မိမိ Steem power ၏ အကျိုးရှိပုံ ကို မသိလျင် မည်သူမျှ လိုလိုလားလား power up လုပ်လိမ့်မည်မထင်ပါ။ Steem power ၏ အလွန်ကောင်းမွန်သော လုပ်ဆောင်မှု တခုကို ဥပမာပြပါမည်။ ကျွန်တော်တို့ MSC မှ member တဦးဖြစ်သူ @bobokyaw သည် လက်ရှိ အချိန်ထိ SP1300 ကျော်စုထားနိုင်ခဲ့ ပြီ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ဘိုဘိုကျော်မှ ဆောင်းပါးမရေးချင်တော့ပါ လက်ညောင်းပါသည်။ သူတပါးအား vote & comment သာပေး၍ ရရှိလာသော curation reward သာထိုင်ယူပါမည် ဆိုလျင် မည်မျှရမည်နည်း။ တွက်ပြပါမည်။ ပုံတွင်ပြထားသည့် အတိုင်း ဘိုဘို ကျော်၏ လွန်ခဲ့သော အပါတ် ရရှိသော curation rewards မှာ 1.242 steem ဖြစ်ပါသည်။ လွန်ခဲ့သော ၇ ရက်အတွင်း ရရှိလာသော Steem ဖြစ်သဖြင့် တရက်သာနှုန်းကို သိချင်သောအခါ ၇ ဖြင့် စားပါမည်။ vote & comment ပေးရုံမျှ ဖြင့် ဘိုဘိုကျော် အနေဖြင့် တရက်လျင် 0.177 Steem ရရှိနေပါသည်။

လက်ရှိ ဤ ဆောင်းပါး ရေးသားနေချိန်တွင် ပြင်ပဈေးကွက်တွင် Steem dollar ၏ ဈေးမှာ 6.18$USD ဖြစ်ပါသည်။ ထို့ ကြောင့် ဘိုဘို ကျော်၏ တရက် Steemit ဝင်ငွေမှာ 0.177 x 6 $ = 1.06 $USD ဖြစ်ပါသည်။ ထို့ ကြောင့် မောင်ဘိုဘိုကျော်သည် Steemit Platform ပေါ်တွင် SP 1300 ကျော်ခန့် ပိုင်ဆိုင်ထားရုံမျှဖြင့်တနေ့လျင် အချိန် တနာရီယူကာ vote & comment ပေးလိုက်ရုံဖြင့် 1$ USD မြန်မာငွေဖြင့် ၁၃၀၀ ကျပ် အသာတင်ရရှိနေနိုင်ပြီ ဖြစ်ပါသည်။ ဤသည်မှာ ဘိုဘို ကျော် SP 1300 ပိုင်ဆိုင်ထားရုံဖြင့် သူ၏ တရက်ဝင်ငွေကို တွက်ပြထားခြင်း ဖြစ်ပါသည်။

03.png
04.png

ထိုမျှမက ဘိုဘို ကျော်မှာ အများသူငှာအား vote & comment လည်း ပုံမှန်ပေးမည် ဆောင်းပါးလည်းပုံမှန်ရေးတင်၍ promotion အကူအညီဖြင့် SBD ကို ပုံမှန်ရယူ နေမည်ဆိုလျင် သူ၏ Steemit တရက်ဝင်ငွေမှာ မည်မျှရှိသနည်း။ တွက်ပြပါမည်။

Last week author reward - 36.243 Steem

36.243/ 7= 5.177 daily

5.177 x 6$steem price = 31 $USD

မြန်မာကျပ်ငွေ ၄၀၃၈၅ ကျပ် USD ၁၃၀၀ ဈေးဖြင့် မြောက်ထားခြင်းဖြစ်ပါသည်။

Last week author reward SBD - 177.339 SBD

177.339 / 7 = 25.2 SBD daily

25.2 x 7$ SBD price = 176.4 $USD

မြန်မာကျပ်ငွေ ၂၂၉၃၂၀ကျပ် USD ၁၃၀၀ ဈေးဖြင့် မြောက်ထားခြင်းဖြစ်ပါသည်။

ဘိုဘိုကျော်၏ Steemit တွင် ဆောင်းပါးရေး vote & comment ပေး ရုံဖြင့် Steemit Platform ပေါ်မှ တရက်တာ ရရှိသောဝင်ငွေမှာ မြန်မာကျပ်ငွေ ၂၇၁၀၀၀ ဝန်းကျင်ခန့်တွင် ရရှိနေပါသည်။ ဤသည်မှာ ပြင်ပတွင် ဖြစ် ပေါ်နေသော Steem နှင့် SBD ဈေး အတက်အကျ အပေါ်မူတည်၍ အပြောင်းအလည်း ဖြစ်နိုင်ပါသည်။

ဤသို့ ဆိုလျင် Steemit Platform တွင် Steem Power ၏ အကျိုးသက်ရောက်မှုကို အထိုက်အလျောက် သဘောပေါက်သွားကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ လူအများ ထင်ထားကြသည်မှာ Steemit Platform ကောင်းသည် စာရေး၍ ပိုက်ဆံရှာလို့ ရသည် ။ မှန်ပါသည်။ ပိုက်ဆံကို ယခု ရှာ မည်လား အနာဂါတ်အတွက် SP စု၍ ရှာမည်လားသာ ကွာခြားပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မင်္ဂလာပါ ဆရာ
ဆရာ့ရဲ့ စာမျက်နှာမှာ ကျွန်တော့်နာမည်လေး ပါဝင်ခွင့်ရလို့ များစွာဂုဏ်ယူဝမ်းမြောက်ရပါသည်
ကျေးဇူးလဲတင်ပါတယ်ဆရာ ကျွန်တော်အခုလိုဆုဆောင်းနိုင်ခဲ့တာဟာ ဆရာ့စကားကိုနားထောင်ပြီး
ယုံကြည်စွာနဲ့လိုက်ပါလုပ်ဆောင်ခဲ့လို့ဆိုတာကို အားလုံးသိအောင်ပြောပါရစေ ခင်ဗျ
ဒီထက်ပိုမိုများပြားစွာလဲ ဆက်လက်စုဆောင်းသွားမှာဖြစ်ပါတယ် MSCနဲ့အတူကြိုးစားနေသော
ညီအစ်ကိုမောင်နှမများလဲ ပါဝါစုပါလို့ တိုက်တွန်းပါတယ်

ချီးမွမ်းထိုက်သူကို ချီးမွမ်းတာ မင်္ဂလာတပါးပါ။ ဘိုဘို ကျော်ကလည်း လူသစ်တွေကို တွဲခေါ်ပါ။

ဟုတ်ကဲ့ပါဆရာ။ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါမည်။

My steemit is the best. Because I have been working on internet for 17 years. And now I have just got a single social site. Whose name is steemit. This is not Facebook. Who is talking to me. Facebook close, But the old site has gone, It's new steemit now.

absolutely right...

အားကျတယ်​အစ်​ကို။ကျွ​တော်​လည်းအရင်​ပတ်​ကရှိတဲ့sbdအကုန်​upလိုက်​တယ်​။20spဝန်းကျင်​​လောက်​ရလိုက်​တယ်​။

အကောင်းဆုံးပါ

ညီ​လောက်​မိုက်​ခဲ့တာ ညီပါ

အခုလဲ မိုက်လို့ မဝသေးဘူးလား? Steemit Platform ကို မြန်မာတွေထဲမှာ ပထမဦးဆုံး ထဲထဲဝင်ဝင်သိရသူ၊ admin team ထွက်ပေါ်လာအောင် ဦး ဆောင်ခဲ့ရသူ

အသေးစိတ်သိခွင့်ရဒါဝမ်းသာပါတယ်bro။

ကျွန်တော်တို့ newbies လည်းကြိုးစားနေပါတယ်။ လမ်းညွှန်မှု သွန်သင်မှုလေး ဂရုစိုက်မှုလေးမပြတ်ပေးပါ။ bro ပြေါသလို မလုပ်ရက်မလုပ်ဘူး လုပ်ရင်အိပ်တယ် ဖြစ်နေတော့ တခါတလေပါ။ အစဉ်လေးစားလျက် ကိုဗီး

ကိုဗီး အကောင့်ကို MSC က approve လုပ်ပေးလိုက်ပါပြီ။ Admin များနဲ့ တိုင်ပင်ပြီး သင့်တော်ရာ Group ကို ဝင်ရောက်ပြီး promotion ရယူပါ။

Kindly upvote

"ထိုအချိန်တွင် ကျွန်တော် Steemit ကို အရူးအမူးဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကျွန်တော့ Facebook အကောင့်အား လုံးဝ မေ့ထားလိုက်သလို နေ့စဉ် အားလျင်အားသလို Steemit Platform ပေါ်တွင်သာ မွေနောက်နေခဲ့သည်။ "

ဒါ​လေးဖတ်​လိုက်​​တော့ ကိုယ့်​ကိုကိုယ်​ ည သန်း​ခေါင်​​ကျော်​သည်​ထိ မအိပ်​ပဲ စတီးမစ်​​ပေါ်​လျောက်​​မွှေ စတီးမစ်​အ​ကြာင်းရှာဖတ်​ ပိုစ့်​တင်​လည်း စတီးမစ်​စတီးမစ်​ နဲ့ တစ်​မစ်​ထည်းမစ်​​နေ​သော ကို​ယ့်​ကိုကိုမြင်​​​ယောင်​မိတယ်​။
ပိုစ့်​​တွေ​ရေးရင်း စိတ်​ကူး​ယဉ်​ပြီးပြုံး​နေတဲ့ အဖြစ်​ကို ထပ်​ဆင့်​ပြန်​ပြုံးမိတယ်​။
အား​တွေ ရှိလာတယ်​။
ကျေးဇူးတင်​ပါတယ်​အစ်​ကို​ရေ။

SP ​အ​​​ကြောင်း ပိုစ့်​ တင်​ထားဖူး​သော်​လည်း အ​သေးစိတ်​ပြန်​သိရမိတဲ့ အတွက်
ပိုစ့်​​အောက့်​က 50% 50% ဆိုတဲ့ ​နေရာမှာ 100% ထားဖို့ ဆုံးဖြတ်​ဖြစ်​ပြီဗျာ။

resteem ခွင့်​ ပြုပါ။

50/50 ပဲထားပီး ရလာတဲ့ sbd ကိုမှ steemပြောင်းပီးမှ power up တာပိုကိုက်ပါတယ်...bro..
100% ထားရင်မကိုက်ပါဘူး...sp ပိုအရနည်းပါလိမ့်မယ်...

ဗျာ အဲလိုလား
ဟုတ်​ မသိလို့ပါ
အကြံ​ပြုတဲ့ အတွက်​ ​ကျေးဇူးပါဗျာ

Power တွေ စု နေတယ်ဆိုတဲ့ အတွက် ဝမ်းသာရပါတယ်

MSC ဝင်ဖို့ admin ၃ ဦး ထောက်ခံမှု ယူရမယ် ဆိုပါတယ်။

အစ်ကိုရဲ့ ထောက်ခံမှုကို တောင်းဆိုပါတယ် ...

အကို့ထောက်ခံမှုရဖို့ ကျွန်တော် ဘာလုပ်ရဦးမလဲခဗျ။
ပြုပြင် သွန်သင်စရာရှိရင် လမ်းညွှန်ပါဦး။

This is awesome

Resteem ပါ။

အရမ်းအားကျတယ်​ အစ်​ကို​ရေ

ကြိုးစားတာကို သဘောကျတယ် အားလည်းကျတယ်

အစ်ကို@kachinhenry အရမ်းကိုအားကျမိသလို လေးလည်းလေးစာပါတယ်အစ်ကို

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ် ရှင့်
power up လုပ်တော့မယ်

ခုမှ Up မှာလား?

ကိုဟင်ရေ။ကျော်လည်းရသမျှ sbdတွေpower upနေပါတယ်အကို။

Power တွေ စု နေတယ်ဆိုတဲ့ အတွက် ဝမ်းသာရပါတယ်

ရသမျှကို နောင်အနာဂတ်အတွက် စုဆောင်းထားပါမယ်

အကောင်းဆုံးပါ

နောက်ပိုင်steemတွေလည်းထပ်ဈေးတက်မယ်ကြားတော့steem powerသာရှိရင်အေးအေးဆေးဆေးပိုက်ဆံရှာနိုင်ပြီပေါ့နော်။

အကောင့် မပျောက်သွားအောင်လည်း ဂရုစိုက်ဖို့ လိုပါသေးတယ်။

steem power ကို တဖြေးဖြေး နားလည်လာပြီ အရင် steem power အလုပ်လုပ်ပုံကိုသေချာမသိခဲ့ ဘူး ။အတန်းပညာနဲ့  အသိပညာ က သူများထက် နည်းတော့ ပိုကြိုးစားရမယ်။ steemit ကို အများကြီး ကို ယုံကြည် တယ် အကို ဒီ ထက် မက ကြိုးစားသွားပါမယ် ကိုဟင် ပြောခဲ့ သလို့  နောင်လာနောင်သားတွေ ပညာ သင်ကြားရေးအတွက် လွယ်ကူအောင် ကျွန်တော် တို့ steemit မှ steem power များအောင် စုပြီး လူသစ်တွေကို မျိုးစေ့ ချပေးနိုင်အောင် လုပ်ဆောင် သွားမယ်။

Power တွေ စု နေတယ်ဆိုတဲ့ အတွက် ဝမ်းသာရပါတယ်

Thank you sir

အတော်ဇွဲကောင်းတဲ့ကလေးမ
၂ခါပြန်ကြည့်ဖြစ်တယ်

မျှဝေတဲ့အတွက် ကျေးဇူးပါ ။အားလဲတက်မိပါတယ်အစ်ကို။လေးစားလျက်ပါဗျ။

ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့
ညီကြိုးစားသွားပါ့မယ်အစ်ကိုကြီး
ရိုသေလေးစားအားကျခြင်းများဖြင့်(မောင်သူရ)

good

အခုမှပဲ​သေ​သေချာချာနားလည်​သွား​တော့တယ်​။ကျေးဇူးတင်​ပါတယ်​အစ်​ကို။

Thank for shareing

Steemit is the future of social media .The best thing with steem is that you get paid for writing which is not possible on facebook or ig or twitter .....I hope our steem community becomes more popular @kachinhenry

power down ပြီး Doge Coin နဲ့ ချိန်းပြီး သုံးခဲ့မိတယ် အခု power up ဖို့ပြန်ကြိုးစားနေပါတယ် အကိုဟင်

ကုတ်ကပ်တော့တက်နေပါတယ်ခင်ဗျာ အလျော့တော့ပေးမည်မဟုတ်ပါ ဆာဟင်လို leader ကောင်းတစ်ယောက်ရထားတဲ့အတွက်ပိုပီးကြိုးစားပါ့မယ်ဗျာအခုရက်တော့ နဲနဲအလုပ်ရှုတ်နေတဲ့အတွက်အာရုံသိပ်မစိုက်နိုင်ဖြစ်နေပါတယ်

all sbd power up

Really thank bro, for your information.
We got a lot of knowledge and strength from all of your posts.
Keep leading us.
We always follow you.

ဒီလောက် အဆင်ပြေတာ မှော်ဆန်တဲ့ လုပ်ငန်းတွေလားလို့ တောင်
ထင်မိပါသည်ဗျာ

အရမ်းဗဟုသုတရမိပါတယ်အကို ကျေးဇူးပါခင်ဗျ

ဒီစာကိုဖတ်​ပြီးပိုအားရှိလာပါတယ်​ အစ်​ကို​ရေ 😊

Nice post thanks

Good Bro! I don't think everything. I was lose my time and money.

ခုလို​ပြောပြ​ပေးတာ အားပိုတက်​တက်​သွားပြီအကို​ရေ
နောင်​ လဲsteemit နဲ့လက်​တွဲပြီး​ရေရှည်​လုပ်​သွားပါမယ်

ရတဲ့ sbd ထဲက တချို့တစ်​ဝက်​ကိုလဲ အလားအလာ​ကောင်းမယ့်​ coin​လေး​တွေရင်းနှီးထားတယ်​အကိုဟင်​ တချိန်​ကျရင်​ spမြှင့်​ဖို့ :-)

SP စုပြီး ကြိုးစားမယ်ဗျာ
ကူညီကြပါအုံးနော်

Nice post
I follow you Follow mee back plz
vote my post

စံထားလောက်ပါပေတယ်အကိုရေ အထူးကျေးဇူးတင်မိပ့ခမျ…

ကျေးဇူးတင်ပါသည်
SP စုပါတော့မည်

ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ကျွန်တော် လည်းအစကတော့ ပါဝါ အပ် ဆိုလို့အပ်ကြရတာဗျ ခုလိုသေချာနားမလည်ခဲ့ဘူးပေါ့ဗျာ

Newbie တစ်ယောက် အနေနဲ့ ဗဟုသုတများစွာရလို့ ကျေးဇူးတင်ပါတယ် .. Upvote လုပ်ပြီးပါပြီ ပြန်ပြန်ဖတ်မှတ်နိုင်အောင် Resteem လုပ်ထားပါတယ် .. အဖိုးတန် post များထပ်ဖတ်ရဖို့ follow လုပ်ထားပါတယ်

Good

မင်္ဂလာပါဆရာ အခုလိုမျိုး ကျွန်တော်တို့ရဲ့အသိ
ဥာဏ်တွေကိုဖွင့်ပေးလိုက်တဲ့အတွက်ကျေးဇူးပါ
ဆရာရေ

ကျေးဇူပါဆရာ အစကမ​ရေးတ​ရေး​လေးသာသိထားတဲ့ spရဲ့စွမ်းအားကိုအခုလိုရှင်းပြ​ပေးတဲ့အတွက်