မင်္ဂလာပါ။ လွန်ခဲ့သော ရက်က cryptocurrency ဈေးကွက် အတက်အကျနှင့် ပါတ်သက်ပြီး Bitcoin ၏ အနေအထားကို ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိ ၏ ဆောင်းပါးကို ရေးသားနေသော အချိန်တွင် Bitcoin မှာ $ ၇၁၀၀ ဝန်ကျင်းတွင် ရောင်းဝယ်နေကြပါသည်။ လက်ရှိ cryptocurrency ဈေးကွက်ကို လေ့လာကြည့်လျင် အကြမ်းအား ဖြင့် ဈေးကြီး၍ အတက်ကြမ်းခဲ့ကြသော BTC, BCH , ETH တို့မှာ မနှစ်က ဌင်း coin တို့ ထိုးမတက်မှီ တွင် ရှိနေသော ဈေးကွက် အနေအထားကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဆိုလိုသည်မှာ investors တို့ စုပြုံ ရင်း နှီးခဲ့သည့် မူရင်း ဈေးကွက် အနေအထားကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ဤတွင် အချို့ အားနည်းသော coin များမှာ 3$ 4$ ခန့်မျှ အထိ ဈေးတက် သွားပြီးနောက် လက်ရှိအခြေအနေတွင် ပြား ၈၀ ပြား ၉၀ ခန့် အနေအထားတွင် ပြန်လည်ရုန်းကန်နေရပြီ ဖြစ်ပါသည်။
သို့သော် ဤဈေးကွက် အတက်အကျတွင် ခိုင်မာသော ဈေးကွက် တခုကို အတည်တကျ တည်ဆောက်နိုင်ခဲ့သော coin များကိုလည်း တွေ့နေရပါသည်။ BNB နှင့် EOS ကဲ့သို့သော coin များမှာ ဈေးအတက်တွင် $1 ခန့်မှ စတင်ထိုးတက်သွားကြသော coin များ ဖြစ်ပါသည်။ သို့သော်ဌင်း တို့ ၏ အမြင့်ဆုံးဈေးကို ရောက်ရှိပြီးနောက် ပြန်ကျလာသော အနေအထားတွင် အမြင့်ဆုံး ဈေး၏ ထက်ဝက် ကို ပြန်ထိန်းထားနိုင်သည့် အနေအထားကို တွေ့မြင်နေရပါသည်။
အဘယ့်ကြောင့် ဤသို့ တွက်ပြရသနည်း ဟူသော် SBD သည် ဌင်း သတ်မှတ်ထားသော USD1$ ဝန်းကျင်မှ ထိုးတက်သွားလိုက်သည်မှာ ဌင်း ၏ အမြင့်ဆုံး ဈေး ဖြစ်သည့် 13$ ကျော်သို့ ရောက်ရှိ ပြီးနောက် လက်ရှိပြန်ကျလာသော အချိန်တွင်လည်း မူရင်း ဈေး ဖြစ်သော 1$ ဝန်းကျင်ခန့်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါသည်။
SBD နှင့် အတူ Steem ဈေးသည်လည်း ဌင်း ရောက်ရှိခဲ့သော အမြင့်ဆုံး 8$ ကျော်ခန့်မှ ထိုးကျလာရာ လက်ရှိတွင် Steem ဈေး မတက်ခင်တွင် ရှိနေသော ဈေးကွက်အနေအထားသို့ ပြန်ရောက်ရှိနေပြီ ဖြစ်ပါသည်။ သို့သော် ဤဈေးကွက် ခိုင်မာသည် မခိုင်မာဘူး ဟူသည်မှာ ဝယ်ရောင်း လုပ်ကြသူများ နှင့် ဝယ်ရင်းနှီး မြုပ်နှံကြသူများတွင် အများအားဖြင့် မူတည်နေပါသည်။
Steem သည် ၂၀၁၆ ဈေးကွက် အတွင်းသို့ ရောက်ပါပြီ ဆိုကတည်း က Top 10 trading လုပ်သော အဆင့်တွင် အမြဲ ရပ်တည်နေရာမှ ၂၀၁၇ နှစ်ကုန်ပိုင်း တွင် Top 20 အတွင်းသို့ တဖြည်းဖြည်းကျလာခဲ့ပါသည်။ ယခု ဤဆောင်းပါး ရေးသားနေသော အခါတွင် Steem မှာ ဝယ်ရောင်း လုပ်သူတို့ ၏ စိတ်ဝင်စားမှု အဆင့် ၃၁ နေရာတွင် ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဤအဆင့် သတ်မှတ်ချက်တို့မှာ နေ့စဉ် နှင့် အမျှ ၂၄ နာရီအတွင်း ဝယ်ရောင်းခဲ့ကြသော USD $ ပမာဏများဖြင့် တိုင်းတာထားကြခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် XRP ( Ripple ) coin မှာ ပြား ၅၀ ခန့်သာရှိသော် လည်း ဈေးကွက် ဝယ်ရောင်းတွင် Steem ဈေးထက် ပို၍ စိတ်ဝင်စားကြသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် XRP ၂၄ နာရီ ဝယ်ရောင်းသော ပမာဏ USD သန်း၄၀၀ ကျော် ရှိနေစဉ်တွင် steem ၂၄ နာရီ အတွင်း ဝယ်ရောင်းခဲ့သော ပမာဏမှာ ဒေါ်လာ ၂ သန်းခန့်သာ ရှိခဲ့ပါသည်။
ဤဈေးကွက် အခြေအနေကိုCryptocurrency Market Cap တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Steem token အား ဈေးကွက်တွင် အဘယ့်ကြောင့် လူကြိုက်နည်းလာရပါသနည်း ။ အဘယ့်ကြောင့် Steem သည် ဈေးကွက် ထိုးကျသော အချိန်တွင် ဌင်း ၏ အမြင့်ဆုံး ဈေး ထက်ဝက်ခန့်ကို အဘယ့်ကြောင့် ထိန်းမထားနိုင်ရပါသနည်း။
ဤအရာအားလုံးတို့၏ အဖြေမှာ Steemit Platform အား ပေါ်ပင် ရင်းနှီးမြုပ်နှံသူတို့ အကြိုက်မတွေ့လာ၍ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ဈေး ကွက်တွင် ဝယ်ရောင်း ကစားသူတို့မှာ ဝယ်လိုအား ရောင်းလိုအား ကောင်း သော တနည်းအား ဖြင့် active ဖြစ်နေသော ဈေးကွက်ကို ပိုသဘောကျကြပါသည်။
နောက်တချက် Steemit Platform ၏ အားနည်းချက်မှာ investors များအား မဆွဲဆောင် နိုင်ခြင်း ဖြစ်ပါသည်။ Steemit Platform ၏ တိုးတက်မှုအခြေအနများကို ပုံမှန် ချမပြနိုင်ခြင်း နှင့်အတူ နောက်ဆုံး update လုပ်လိုက်သည့် HF20 တွင်လည်း ဖြေရှင်း စရာပြသနာ အများအပြား ပါဝင်နေပါသည်။
ထိုပြသနာများကို အလျင်သင့်လျင် ဖေါ်ပြပေးပါမည်။ ထို့ အတူ Steemit Platform အနေဖြင့် မျှော်လင့်ချက်ပေးထားသော SMT အနေဖြင့်လည်း ထွက်ပေါ်မလာသေးခြင်းက investors များကို စိတ်ပျက်စေခဲ့ပါသည်။ အထူးသဖြင့် Steem ဈေးများကျ လာသော အချိန် 4$ 5$ ခန့်တွင် SMT များကို ကြေညာပေးခြင်းဖြင့် cryptocurrency ကို ယုံကြည်မှုနည်းလာသူများအား SMT ဖြင့် Steemit သို့ ဆွဲခေါ်နိုင်လိမ့်မည်ဟု အများက မျှော်လင့်ထားခဲ့ကြပါသည်။ သို့သော် လက်ရှိအချိန် အထိ SMT မှာ မျှော်လျက်နှင့် ဝေးနေဆဲသာ။
အခြားတဖက်မှ ကြည့်လျင်လည်း Steemit တွင် SP အများအပြားပိုင်ဆိုင်ထားကြသူများမှ Steem ဈေးတက်လာသော အချိန်တွင် မိမိတို့ အမြတ်ရရှိရေး ... ဝင်ငွေရရှိရေးသာ အာရုံ စိုက်ကြသလို curie ကဲ့သို့ အခြားသော Steemit Community များအား တွဲခေါ်ရန် ပျက်ကွက်ကြခြင်း အပေါ် လူအတော်များများက ထောက်ပြကြပါသည်။
ထို့အပြင် Steemit developers များမှလည်း ယခုအချိန်အထိ Steemit Platform ပေါ်မှ ထူးခြားသော project များ ချမပြနိုင်သေးခြင်းကလည်း Steemit Platform အား လူအများ စိတ်ဝင်စားမှုတဖြည်း ဖြည်း နည်းပါလာစေပါသည်။ ဆိုလို သည်မှာ Utopian.io မှာ Steemit Platform အားအခြား Platform မှ ဖွင့်ကြည့် ခြင်းသာ.. ထို့အတူ Busy.org မှာလည်း ထို အတိုင်းသာ။
လက်ရှိထွက်ပေါ်လာသော project များတွင် Dtube တခုသာ အနည်း ငယ်ထူးခြားသယောင် ထင်ရပါသည်။ ဆိုခဲ့သည့် အတိုင်း ထူးထွေဆန်းပြား သော နည်းပညာများ မချပြ နိုင်ခြင်းကလည်း Steemit Platform အား စိတ်ဝင်စားမှု နည်းပါးလာရခြင်းတွင် အကြောင်းတခုအပါအဝင်ဖြစ်ပါသည်။
နောက်ထပ် အရေးကြီးသော အကြောင်းတခုမှာ Steemit Platform အား ထဲထဲဝင်ဝင် နားလည်ရန် အချိန်ပေးရခြင်းပင် ဖြစ်ပါသည်။ လက်ရှိ MSC မှ member များသိကြသည့် အတိုင်း Steemit Platform အား သေချာနားလည်၍ ဤ Platform သည် အနာဂါတ် အတွက် အလွန် အရေးပါသော အလွန်ကောင်းသော Platform တခုဖြစ်သည်ဟု နားလည်သွားနိုင်ရန် အနည်း ဆုံး ၃ လ မှ ၆ လ ခန့် Steemit Platform အား လေ့လာရန်လိုအပ်ပါသည်။
ယခု လက်ရှိအချိန်တွင် ဖြစ်ပျက်နေသည်မှာ အကောင့် ရလျင် copy ကူးတင်ကြည့်သည်။ နောက်ထပ် Facebook များမှ လူကြိုက်များသော ပေါ်ပင် post များ ကူးတင်ကြည့်သည်။ Vote မရသောအခါ အလကားပါကွာ ဖြစ်သွားကြသည်။
လက် ရှိ Steemit Platform ပေါ်တွင်ရှိနေကြသော အကောင့်များ တနည်းအားဖြင့် Steemit Platform အားသေချာနားလည်သွားပြီ ဖြစ်သောသူများမှာ Steemit အား တနေ့ မကြည့်ရလျင် စားမဝင် အိပ်မပျော် သော အနေအထားသို့ ရောက်ရှိနေကြသလို တဖြည်း ဖြည်း နှင့် Facebook နှင့်လည်း ဝေးကွာလာကြပြီ ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း Steemit Platform အား နားလည် ရန် ခက်ခဲ ခြင်းကလည်း ဤPlatform အား စိတ်ဝင်စားမှုနည်းပါးလာရခြင်း အကြောင်း တခု ဖြစ်ပါသည်။ ကျွန်တော့ အထင် သာ ပြောရလျင် ကျွန်တော်တို့ မြန်မာများအတွက် တော့ သိပ်ပြီး မခက်ခဲတောပါ။
Steemit Platform ၏ လုပ်ငန်းဆောင်တာ အကြောင်း ရေသားထားသော ဆောင်းပါးများ အများအပြားရှိနေပြီ ဖြစ်ပါသည်။ စာဖတ်ကြရန်သာလိုပါသည်။ အချုပ်ဆို ရသော် လက်ရှိ blockchain system ဖြင့်သွားနေသော Steemit Platform မှာ အနာဂါတ် Social Media များအတွက် အလွန်ကောင်းမွန်သော Platform ဖြစ်သည်ကိုတော့ ပညာရှင် အများ လက်ခံထားပြီး သားဖြစ်ပါသည်။
လက်ရှိ Steem ဈေးကျ နေခြင်း တက်နေခြင်းက Steemit Platform ၏ အရည်အသွေးကို ထိခိုက်သွားမည် မဟုတ်သလို ကျွန်တော် အထပ်ထပ် သတိပေးသည့် အတိုင်း Steemit Platform သည် ရေရှည် လျှောက်ရမည့် Platform ဖြစ်သောကြောင့် ၂၀၂၀ , ၂၀၂၅ လောက်အထိ မျှော်ကြည့်ကြပါရန်သာ တိုက်တွန်း လိုပါသည်။
ဈေးကျခြင်း ဈေးတက်ခြင်းမှာ ဈေးကွက် သဘောတရားသာ ဖြစ်၍ မိမိ တွင် ရောင်းစရာ ကုန် မရှိလျင် ဈေးအတက် ဈေးအကျ ထိုင်ကြည့်နေလည်း ဘားမှ ထူးလာမည် မဟုတ်ပါ။မိမိတို့ အနေဖြင့် Steemit Platform မှ သုံးစွဲစရာ ငွေကြေး ထုတ်ယူ နိုင်သည်ကို သိရှိပြီး ဖြစ်သည့်အတိုင်း ဤPlatform ကို မိမိတို့ အတွက် မည်သို့ မည်ပုံ အသုံးချ မည် ဆိုသည်ကတော့ မိမိတို့ ဆုံး ဖြတ်ချက်အတိုင်းသာ ဖြစ်ပါလိမ့်မည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001
steem ရောဂါ ရနေလေပြီ ဟီး
Submit
ရောဂါ ရရုံတင် မဟုတ်ဘူး ရောဂါပါရင့်နေပြီ။
Submit
ကျွန်တော်ကတော့ စတီးမစ်မှာ စာရေးသားသူများပြားလာပြီး အဲဒီ transaction တွေကြောင့် block တွေ ပိုလာပြီး share ခွဲဝေမှု များပြားသွားတာကနေ ဈေးတွေ ကျဆင်းလာတာလို့ သိထားတယ် ကိုဟင်
Submit
ကိုစောရေ... အဲဒီလိုဆိုရင် reward မှာ အရင်ရတဲ့ SBD က ဈေးအရင်ကျလာရမှာပါ။ အခုက cryptocurrency market တခုလုံးကို ကျွမ်းထိုးနေတော့တာ။
Submit
ဟုတ် အစ်ကို ကျွန်တော်လည်း တွေးကြည့်မိတာပါ ... crypto တစ်ခုလုံး နီနေတာတော့ တွေ့တာ ကြာနေပါပြီ
Submit
ဈေးကွက်နဲ့ steemit ပလက်ဖောင်း သဘောတရားများ သိလိုက်ရတာ ကောင်းတယ်ဗျာ။ ကျနော် အနေနဲ့ကတော့ ရေရှည် လျောက်လှမ်းရန် ဆုံးဖြတ်ထားပီးဖြစ်လို့ စာရေးနေရရင် ကျေနပ်နေတာပါ။ sbdတွေ steem တွေ ရလာတာ တိုးတက်လာတာကတော့ ကျနော့အတွက် တစိတ်တဒေသပဲ သက်ဆိုင်ပါတယ်။ MSC က မိတ်ဆွေများလည်း ရေရှည် လျောက်လှမ်းကြပါလို့ ထပ်ဆင့် အကြံပြုလိုက်ပါတယ်။
Steemit ပလက်ဖောင်းဟာ ကျနော့သားလေးအတွက် စုဗူးပါဗျ။
Submit
အကောင်းဆုံးပါ။ ဈေးကျလာတာရဲ့ တခု ကောင်းကွက် က SP ပိုရလာတာပါပဲ။
Submit
ကျနော်ကတော့ဒီနှစ်ဈေးကွက်အရမ်းကြမ်းတယ်လို့မြင်တယ်ဒါပေမယ့် ဒီအခေိန်ကနေစပီး coin တစ်ခုခု ဘာဘဲဖြစ်ဖြစ်စေချာကိုင်ထားပီးဆိုရင် 2020 အလွန်ကာလမှာ သိသာထင်ရှားလာမယ်လို့ယုံကြည်တယ် ဒီထဲကမှ steem coin ကိုပိုင်္ပးကိုင်ထားချင်တာက မိမိမှာရှိတာထက်ပိုပီးပွားမျာုအောင်ကြိုးစားလို့ရတာကြောင့်ပိုပီးသဘောကျပါတယ်အကိုဟင်
Submit
ညီလေး သာအေး သဘောအတိုင်းပါပဲ။ ဈေးတွေကတော့ အမှန်အကန်ကို ကျနေပါတယ်။
Submit
As per your article, I think Takes are being too much than Gives, and copy/paste contents are also a threat for developing this platform. I hope we will gain the investors' trust agin if we could show our effort to eliminate the shits like copy/ paste contents, then the balance may change.
Submit
It is good to control the plagiarism posts in steemit not only for the community but the whole society. For the price falling down is not only steem but the entire cryptocurrency market is going to touch the bottom.
Submit
Steemit မြန်မာပြည်မှာ တွင်ကျယ်စွာ သုံးစေချင်တယ်ဗျာ
ဘာဖြစ်လိုလဲဆိုရင် မြန်မာစာကိုမှန်ကန်လာအောင်ရေးရမည်ကိုသိရှိသွားခြင်း မူပိုင်ခွင့်ကိုလေးစားရမှန်းသိလာခြင်း အဖွဲ့အစည်း
နဲ့လုပ်ရတာကိုပျော်မွေ့လာစေခြင်း စတဲ့ ထူးကဲတဲ့အကျိုးတွေရှိတော့ သိပ်တန်ဘိုးရှိတယ်ဗျ
Submit
အဲဒီလို သုံစွဲ နိုင်အောင် လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် အားလုံးကို စည်းကမ်း လိုက်နာအောင် လုပ်ဆောင်တဲ့ နေရာမှာတော့ မလွယ်သေးပါဘူး။
Submit
ရေရှည်အတွက် မျော်မှန်းပြီး အသုံးပြုသွားမှာပါ ဘယ်စနစ်မှတော့ ချက်ခြင်းမဖြစ်လာနိုင်ပါ ကောက်ရိုးမီးလိုစနစ်ကမှ စိုးရိမ်စရာကောင်းမှာပါ
Submit
လက်ရှိအနေအထားက ဈေးကျ တယ် ဆိုပေမယ် ၁၀ ပြား ထက်တော့ အများကြီး ပိုကောင်းပါတယ်။
Submit
Coin တွေ ဈေးနှုန်းအတက်အကျတွေကိုတော့ သိပ်မသိသေးပေမယ့် ကျွန်တော့အတွက်တော့ Steemit ထဲက စာတွေကြောင့် စာတော့ဖတ်ဖြစ်သွားပါပြီ ပြောင်းလဲမှုလည်း နည်နည်းတော့ရှိလာနေပါပြီဗျာ ဒါကြောင့် Steemit ကိုတော့ ပိုကြိုက်နေပါပြီ အစ်ကိုx
Submit
Steemit Platform ဟာ မျှော်လင့်ချက် အများကြီး ရှိပါသေးတယ်။ social media based blockchain နည်းပညာမှာ သူ့ထက်ကောင်းတာ ထွက်မလာသေးပါဘူး။
Submit
လောလောဆယ် Steem နှင့် SBD $ ဈေး တတ်ခြင်း၊ ကျခြင်း
သည် ကျွန်တော်တို့လို ရည်ရွယ်ချက်တစ်ခုရောက်ဖို့ မှန်းမျှော်ထား
ကြသူများအဖို့ သိပ်တော့ မထူးခြားလှပါ။သို့သော် ဈေးကျ၍
Voting Value ကျသွားခြင်းကတော့ စာရေး၍ ပို့စ်တင်နေရ
သည့်အပေါ်တွင် အားအနည်းငယ် လျော့စေပါသည်။
မည်သို့ပင် ဖြစ်စေကာမူ စခဲ့သည့်လမ်း ရောက်အောင် လှမ်းရပေဦးမည်။
Submit
Voting value ကျ သွားပေမယ့် reward မှာ အရင်ကထက် ပိုပြီး SP တွေရလာပါတယ်။
Submit
ဈေးတက်တာ ကျတာ သူ့အလုပ်။
စာရေးနေရမှာက ကိုယ့်အလုပ်။
ဈေးတက်ချိန် ထိုက်သင့်တဲ့ sp ရှိနေဖို့ လိုတယ်။
အသိ မျှဝေပေးလို့ ကျေးဇူးပါ အကို
Submit
ဈေးကျတာက ကျတာပေါ့ .... စိတ်ဓါတ်တွေ လိုက်ကျ သွားမှာ စိုးရိမ်နေတာ။
Submit
အဲ့တာလည်း ဟုတ်တယ်
Submit
Steemit ဆိုတာ ရေရှည်ခရီးလမ်းကြီးပါ။
နေရိပ်အလာကို နေပူကစောင့်ရမယ်လို့ပဲ မြင်မိပါတယ် အကိုဟင်။
Submit
အစ်ကို့ အထင်တော့ နေပူထဲသိပ် အကြာကြီး မစောင့် ရတော့ဘူးလို့ မျှော်လင့်ပါတယ်။
Submit
Steemit အကြောင်း အစုံအလင် သိဖို့က အတော်လေး လေ့လာရဦးမှာပဲ။ ကျေးဇူးတင်ပါတယ်ရှင်။
Submit
အခုလို တစုံတခုရသွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း ဝမ်းသာပါတယ်။
Submit
ဈေးကျလည်း စိတ်တော့ မပျက်မိပါဘူး ဝါသနာပါလို့ စာရေးတဲ့အတွက် တက်ခြင်းကျခြင်းက ကိုယ်နဲ့တိုက်ရိုက်မပတ်သက်သလိုပါဘဲ
Submit
ဈေးတွေတက်လာရင် စာရေးရတာ ခွန်အား ပို ဖြစ်စေတာတော့မှန်ပါတယ်။ ဒါပေမယ့် အခုလို ဈေးကျတော့လည်း SP ပိုရတာပေါ့။
Submit
ဈေးဘယ်လိုပဲကျကျ ဆက်လက်ရေးသားနေမှာပါ အကိုရာ
ဒါပေမယ့် postသိပ်မတင်နိုင်ပြန်ဘူး
Spတိုးလာဖို့ကလည်း အခုအတိုင်းဆိုတော်တော်မလွယ်သေးပြန်ဘူး😰😰😰
Submit
ဒီလို အချိန်မှာ post သာပုံမှန်တင်နေပါ။ SP အထိုက်အလျောက်တိုးလာပါလိမ့်မယ်။
Submit
crypto market တခုလုံး ကွဲပြဲနေတော့တာအကိုရေ။ Blockchain နည်းပညာကို ယုံကြည်မှုရှိလို့ Long Term ပဲဆက်ကိုင်ထားရတယ်။
Submit
လောလောဆယ် coin တခုခု ကနေ cryptocurrency ကို လူအများ ပြန်လည် ယုံကြည် လာအောင် ထူးထူးခြားခြား လုပ်မပြနိုင်သရွေ့ တော့ ဈေးကွက် က အောက်ထိုးကျ နေအုံးမှာပါ။ လူတော်တော်များများကတော့ Steemit ရဲ့ SMT ကို မျှော်လင့်နေကြပါတယ်။
Submit
ဟုတ်ကဲ့အကို Bitcoin Lightning Network အဆင်ပြေရင်တော့ Bitcoin ပြန်ဦးမော့လာမယ်ထင်ပါတယ်။ DSW ကလည်း Bitcoin ကိုစွန့်ခွာပြီး Roger Ver နဲ့ပေါင်းပြီး Bitcoin Cash ကို မူလ Bticoin နေရာဝင်ယူဖို့ တပတ်ကို နာရီ ၂၀ အချိန်ပေးလုပ်တော့မယ်တဲ့။ သူတို့ ၂ယောက်က Bitcoin နဲ့ပဲ Billionaire ဖြစ်ပြီးနေကြတာကို အားသွန်ခွန်စိုက်ထပ်ကြိုးစားနေကြတော့ BTC or BCH တခုခုဟာ International Currency တခုဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပါပဲ။
Submit
လက်ရှိအနေအထားနဲ့ ဈေးကွက်မှာ BTC အရှိန်အဝါက ရှိနေဆဲပါ။ သူတို့အနေနဲ့ တခုခု မှ မလုပ်ရင် ဈေးကွက်မှာ technical value ချပြနိုင်တဲ့ coin က အသာရလာပါလိမ့်မယ်။
Submit
ဟုတ်အကို
Submit
အကိုဟင် ကျွန်တော်ကတော့ ဘယ်လိုအခြေအနေတွေဘဲ
ရောက်ရောက်နောက်ဆုံး အချိန်တွေအထိ ကျွန်တော်
ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါလို ဂတိပေးပါတယ်ဗျာ
Submit
ကျွန်တော့ကို ဂတိပေးစရာမလိုပါဘူးဗျာ.. ကိုယ့်ကို ကိုယ်သာ ဂတိပေးပါ။
Submit
ကိုယ့်ကိုကိုယ် ဂတိပေးထားတာကို
ပြောတာပါ အကို ဟင်
Submit
at least not only steem, but the whole crypto market is down...zzz
Submit
yes, the entire cryptomarket is down.
Submit
excellent working! thanks for sharing!
Submit
Steemit စသုံးလာထဲက fbသုံးတာသိသိသာသာ လျှော့သွားတယ် ကျွန်တော်တော့
Submit
ငါ Bitcoin အလွန်နိမ့်အဆင့်ဖြစ်လိမ့်မည်ကိုကြည့်ပါ။
သို့သော် Bitcoin ထမြောက်ကြလိမ့်မည်,
ဒါပေမယ့်ဒါဟာအချိန်အနည်းငယ်ကြာလိမ့်မည်။
ဤသူကားငါ၏မျက်မှောက်နှင့်ညီသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောကကြီးမှာ အောင်မြင်ခြင်း ကျရှုံးခြင်းဆိုတာတွေ
ဟာ သူ့နေရာသူရှိကြပါတယ် ဘယ်လိုအခြေနေတွေ
ပဲဖြစ်ဖြစ် steemit မိသားစုဝင်များအားလုံ အားသွန်ခွန်စိုက် ကြိုးစားစေချင်ပါတယ်လို့ သားမြင်မိပါတယ်
ဆရာ
Submit
ဈေးတွေ ပြန်တက်ဖို့တော့မျှော်လင့်ပါတယ်။
Submit
ရေရှည်အတွက်မျှော်တွေးပြီးလုပ်ရတာပဲ ကိုဟင်ရေ...
Submit
ဗဟုသုတအများကြီးရလိုက်ပါတယ်
ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
ရည်မှန်းချက်တွေလဲ စာရေးသူအကို အာင်မြင်ပါစေဗျာ
Submit
ကျွန်တော်ကတော့ တော်တော်လေး လေ့လာရအုံးမယ်
ဗဟုသုတအတွက်ကျေးဇူးပါရှင့်
Submit
Steem မှာပဲက်ြည့်မနေနဲ့ facebook လေးလဲသုံးပါအုံး
ပြောရလောက်အောင်
ကိုဟင်ရေ
ကျုပ်တို့်ကတော့ steem မှ steem
Submit
ကိုယ်တွေရေးခဲ့တဲ့ကိုယ်ရဲ့ ဒိုင်ယာရီလေးမို့ ဈေးကျဈေးတက်ပါစေ အမြဲသိရနေမှာတော့ အသေအချာပါအကိုရေ.....
Submit
ကျေးဇူးပါ ရှင့်
Submit
တက်တာကျတာသူ့အလုပ်ကိုယ်ကရောင်းနေတာမဟုတ်တော့ သိပ်ပြဿနာမရှိပါဘူး
Submit