သူဌေးကြီးဦးနာအောက်

in myanmar •  7 years ago 

သူဌေးကြီးဦးနာအောက်အကြောင်းလေးကို ကျွန်ု့တို့ မူလတန်းကျောင်းသားဘဝက မြန်မာသမိုင်းဘာသာရပ်တွင် သင်ကြားခဲ့ရဖူးလေသည်။သူဌေးကြီးဦးနာအောက်သည် မြန်မာ့စီးပွားရာသမိုင်းတွင် ဘကြီးတော် မင်းတရားကြီးလက်ထက် ၁၁၉၄ခုနှစ်၊ကဆုန်လဆုတ်(၃)ရက်၊ကြာသပတေးနေ့တွင် ဦးနာအောက်ကို မွေးဖွားခဲ့ပါသည်။

သို့သော် ယခုချိန်ထိ သူဌေးကြီးဦးနာအောက်အကြောင်းကို လွန်စွာမှလည်း စိတ်ဝင်စားစရာကောင်းနေတုန်းပါပဲ။သူဌေးကြီးဦးနာအောက်ဆိုသူသည် မျိုးချစ်စိတ်ဓာတ်ရှိသည့် သူဌေးကြီးတစ်ယောက်ဖြစ်သည့်အပြင် အနေအထိုင် လွန်စွာ ရိုးသားပြီး စွပ်ကျယ်လက်ပြတ်နှင့်ပုဆိုးဖြူကွက်ကိုဝတ်ကာ အမြဲတမ်း အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်နေတတ်သူဖြစ်ပါတယ်။

သူဌေးကြီးဦးနာအောက်သည် အထက်ဖားအောက်ဖိ၊တိုင်းပြည်ကိုရောင်းစား၊ကိုယ်ကျိုးရှာသည့် စီးပွားရေးသမား မဟုတ်သည့်အပြင် ယနေ့ခေတ်လို စီးပွားရေးခရိုနီ တစ်ယောက် မဟုတ်ပါ။သူဌေးကြီးဦးနာအောက်
သည် သိန်ပေါင်း(၂၀)ကျော်မျှ ကြွယ်ဝချမ်းသာသော်လည်း မာန်တတ်ခြင်းမရှိ၊အလုပ်ကိုကြိုးစားသောကြောင့် နာမည်ကြီးပါသည်။

ဦးနာအောက်၊ဦးမွန်ထော၊ဦးကြတ်အာ၊ဦးထွန်းကျော်တို့ သစ်ကုန်သည် (၄)ဦးတို့သည် သံလွင်မြစ်ရင်း-မြစ်ဖျားတစ်လျှောက်တွင် သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ရုံသာမက ကတိုးကော့နှပ်ရွာကြီးကို ၎င်းတို့(၄)ဦးက တည်ထောင်ခဲ့ကြသည်။ထိုရွာတွင် ၎င်းတို့နေထိုင်ရန် ဆောက်လုက်ထားသော အိမ်ကြီးများနဲ့ ဦးနာအောက်လှူဒါန်းထားသော သိမ်ကြီး၊ကျောင်းကြီး၊တန်ဆောင်းများမှာ လွန်စွာမှ ကြီးကျယ်ခန်းနား၍ လွန်စွာမှ နာမည်ကြီးသဖြင့် ရန်ကုန်မြို့မှ လူမျညးပင် သွားရောက်ကြည့်ရူရပါသည်။

ဆက်လက်၍ သူဌေးကြီးဦးနာအောက် အကြောင်းကို ဆက်လက်ဖော်ပြပါဦမည်။

SMT-15
@kanesious

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

SMT 32

SMT-34

SMT36

SMT 39

SMT 30

Smt26

Smt27

Smt 21

Smt 40

Smt37

SMT 25 +0 done.

SMT 35

Smt29 done

Smt33

SMT-24

Smt23