အားနည်းသူကို ကူညီပါ

in myanmar •  7 years ago 

မင်္ဂလာပါ ညီအကိုတို့ ဘာလိုလိုနဲ့ pro ရက်ကိုတောင် ရောက်လာခဲ့ပြန်ပါပြီ တစ်နေ့တစ်ပုဒ် တောင် မရေးနိုင်တော့ ပါလားနော် သူများတွေကို အားကျနေမိတယ် ဒီတစ်လ နှစ်လ ပီးရင်တော့ တစ်နေ့တစ်ပုဒ် ပြန်ရေးမယ် ခုကတော့ ကလေးတွေ နွေကျောင်းပိတ်ချိန်ဆိုတော့ ဓမ္မစကူးလ်း နဲ့ ယဉ်ကျေးမှု သင်တန်းတွေ ပြနေရတော့ စာရေးချိန်ကို pro ရက်မှာတောင် မလွှတ်သွားအောင် မနှဲဖြဲရဲတင်နေရတယ်ဗျား အားလုံးကတော့ မအားကြဘူး ဆိုတာကိုလည်း နားလည်ပါတယ်ဗျား လူဆိုတော့လဲ အားတယ်ဆိုတာ သေမှဘဲ အားကြတာလေဗျား ။

image

မနက်မျက်လုံးနှစ်လုံး ဖွင်လိုက်တာနဲ့ စပီးအလုပ်လုပ်ပါ တော့တယ် မျက်နှာသစ် သွားတိုက် အိမ်ယာသိမ်း အစာစား အကုန်ခန္ဓာကိုယ် ကြီးကို စပီးလုပ်ပေးနေရတယ် ပီးပြန်တော့ အနှံ့အသက်မထွက်အောင် ရေချိုး အမွေးနံ့သာ တွေနဲ့ထုံ မွမ်းပြီး ဝတ်ကောင်းစားလှတွေ ဝတ်ကာ ခန္ဓာကိုယ် အကောင် ပုတ်ကို သရုပ်ဆောင်နေရပါတယ် ဒီလိုနဲ့ သမုဒ္ဒရာ ကြီးပမာ ဘယ်လောက်စားစား အာသာမပြေတဲ့ ဝမ်းဗိုက်ကြီးအတွက် ဥာဏ်ရေနဲ တဲ့သူတွေကျတော့ သမ္မာ အာဇီဝ မကျတဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးကြပါတယ် တချို့ကျတော့လည်း အကုသိုလ်ကို ကုသိုလ်လို့ ထင်နေတာတွေလည်း ရှိပါသေးတယ် ။
image

ဘယ်လိုမျိုးလဲ ဆိုတော့ ကျနော် စာသင်နေချိန်က တောင်ပေါ်ရွာလေး တစ်ရွာကို ရောက်တော့ ထိုရွာက ဆွမ်းအိုးလာပို့တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ကျနော့ မျက်နှာကို စတွေ့တွေ့ချင်း သူ့သားအရင်းလို ချစ်ခင် သွားပါသတဲ့ သူတို့ နေတဲ့ အိမ်ကိုလည်း အလည်ကြွခဲ့ဖို့ လျှောက်သွားသေးတယ် ကျနော်လဲ အာ့ဒီရွာကို ရောက်စ ဆိုတော့ ဘယ်မှ သိပ်မထွက်ဖြစ်သေးပါ နောက်တစ်နေ့ ကျတော့ ထိုအမျိုးသမီးကြီးက ကြက်သားဟင်း ချက်ပြီး ချိုင့်ကြီးနဲ့ ထည့်ကာ သားမောင်ပဉ္ဇင်း မယ်တော်ဒီနေ့ ကြက်သားချက်ခဲ့တယ်( ဆီပီ လား စီပီလား) အာ့ဒါမျိုးကြက် မဟုတ်ဘူး အိမ်မှာ မွေးထားတဲ့ ကြက်ကို ကိုယ်တိုင် သတ်ပီး ချက်ခဲ့တာ ။

image

ဗျာ--- ဘယ်လို ဒကာမက ကိုယ်တိုင် သတ်ခဲ့တာ ဟုတ်လား ? ကျနော်အရမ်းအံ့သွားသည် ဒကာမ အသက်က ခြောက်ဆယ်တော့ရှိရင်ရှိ မရှိရင် ခြောက်ဆယ်ကျော်လောက်ပြီ ဒကာမရယ် ဘာလို့ သူများအသက်ကို လိုက်သတ် နေရ တာလဲဗျား သူများအသက်သတ်ရင် ကိုယ့်ရဲ့ အသက်လဲ တိုတတ်တယ်ဗျ လို့ ကျနော်က ပြောလိုက်တော့ ဘယ်ကလာ ကိုယ်တော်ကလည်း ကုသိုရပါတယ်တဲ့ ဒကာမက အာ့လိုကိုလာလျှောက်တာ အမလေး ဘယ်လိုကုသိုလ် ရတာလဲ ပြောပါအုံးဆိုတော့ သတ္တဝါ ဆိုတာ လူချွတ်မှ ကျွတ်တာတဲ့ဗျား ။ ထိုအယူအဆများဟာ မှားသော အယူအဆဖြစ်ပီး ရက်စက်စွာ သတ်ဖြတ်ခြင်းကို အားပေးအားမြောက်ပြုသည့် မိစ္ဆာ ဒိဌိ အယူအဆ ဖြစ်ကြောင်း ရှင်းပြကာ နောင်ကို သူတပါးအသက်မသတ်ပါနဲ့ လို့ ပြောလိုက်ရလေသည်။

image

အာ့ဒါနဲ့ သတ္တဝါဆိုတာ သက်ရှိတွေ အားလုံးကို သတ္တဝါလို့ ခေါ်တယ် ဒကာမရေး တိရိစ္ဆာန် တွေ ကိုဘဲ သတ္တဝါလို့ ခေါ်တာဟုတ်ဘူး လူတွေလဲပါတယ်ဗျား ဒကာမ ပြောသလိုဆို သတ္တဝါ ဆိုတာ လူချွတ်ရင် ကျွတ်တယ်ဆိုတော့ ဒကာမကို လူတစ်ယောက်က လာသတ်ရင် ကျွတ်ရောလားဗျား လို့မေးလိုက်တော့ အူအူ အယ်အယ်နဲ့ ဖြစ်သွားတယ် သက်ရှိတို့ မည်သည် မိမိကို သတ်တော့မယ်ဆိုတာကို သိရင် သေရမှာကို သိပ်ကြောက်ကြပါတယ် တချို့တိရိစ္ဆာန်တွေဆို သတ်ခါနီးမှာ မျက်ရည်တွေကျလို့ ဘယ်လောက် သနားစရာကောင်းလဲဗျား ။ သူတပါး အသက်ကိုလည်း မိမိအသက်လိုဘဲ တန်ဖိုးထားကာ သတ္တဝါ အချင်းချင်း မေတ္တာ ထားနိုင်ကြပါစေ ။

MSC -079
khayae
credit;google image &facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အယူလွဲတွေပါ ကိုယ်ချင်းစာစိတ်လေးတွေထားနိုင်ကြပါစေ

ဟုတ်ကဲ့ပါ

အတတ်နိုင်ဆုံးမသတ်မိအောင် ရှောင်ကြဉ်ပါတယ်။
တိရစ္ဆာန်လေးတွေကို သနားလို့

အလွန်ကောင်းပါတယ် သီလငါးပါလုံးစောင့်ထိမ်းနိုင်ရင်ပိုကောင်းပါတယ်

ပါဏာတိပါတာ ဝေဒမဏိ သိက္ခာပဒံ သမာဒိယာမိပါဘုရား

သာဓုပါကွယ်

သူများအသက်သတ်သည့်အတွက်ကို့အသက်တိုတက်တယ်ပေါ့broရာ

  ·  7 years ago (edited)

အသက်တို အနာရောဂါပေါ အပါယ်ကျ ဖြစ်တတ်ပါတယ်

တင်ပါ့ဘုရား ပါဏာတိပါတာ ဝေဒါမဏိသိက္ခါပဒံသမာဓိပါဘုရား

သာဓု သာဓု

ငယ်ငယ်တုန်းကတော့ ပုရွက်ဆိတ်လေးတွေကို မသိလို့ သတ်ခဲ့တယ်။ ခုကျတော့ ကိုယ့်ကိုပြန်ကိုက်လို့သတ်တယ် ဟီး။ ခြင်တွေဆိုပိုဆိုးသေး သည်းမခံနိုင်ဘူး။ ခြင်အမတွေဆိုတော့ကာ...လက်နှစ်ဖက်နဲ့ဟွန်း

အမငိ

လူတိုင်း ကိုယ်​ချင်းစာတရား​လေး​တွေရှိရင်​ ကမ္ဘာကြီးငြိမ်​ချမ်းပါတယ်

ဟုတ်ကဲ့ပါ

အားနည်းသူကိုဖေးမခြင်းသည် မင်္ဂလာတစ်ပါးပါပဲ။

ကောင်းမြတ်ပါပေတယ်

ဟုတ်ကဲ့ပါ
ငယ်ငယ်တုန်းကတော့ လေးခွတစ်လက်ကိုင်ပြီးတွေ့ကရအကုန်လိုက်ပြီးပြစ်သတ်ခဲ့ဖူးပါတယ်ခုတော့ကိုယ့်ကိုက်တဲ့ခြင်ကိုတောင်မသတ်တော့ပါဘူး

အမှားကိုသိလို့ အမှန်ပြင်နိုင်တာ ပညာရှိပါ အလွန်ကောင်းပါတယ်

အားလုံးက သက်ရှိ သတ္တဝါတွေ ချည်းပါ
လူတွေတောင် ကိုယ့်အသားထိနာတတ်ကြသေးတာပဲ
တိရိစ္ဆာန်တွေလဲ အသက်နဲ့ပဲ့ သူတို့လည်းဘယ်သေချင်ပါ့မလဲ

ဒါပေါ့လေ

ဟုတ်​ ​ရှောင်​ကျင်​ပါ့မယ်​ဗျာ

သာဓုပါ

သူတစ်ပါးအသက် မသတ်ချင်သော်လည်း ခြင်ကိုက်တာကို မခံနိုင်တဲ့အခါမှာတော့ ဆက်တိုက် သတ်မိပြန်ပါတော့တယ်

သည်းခံပါကွယ်

တန်ဖိုးရှိတဲ့postလေးပါပဲဘုရား
အမြင်မှန်ရသွားနိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ်ဘုရား

ဆန္ဒပြု ပါတယ်ဗျား

ညေးလည်းကြောင်တော့ထုသတ်ဖူးတယ် 😀

နောက်ဆို သည်းခံပါဗျား

ပေးချင်တဲ့massageလေးကိုအပြည့်အဝရလိုက်ပါတယ်ဘုရား

သာဓုပါ ကွယ်

အားလုံရှောင်ကျင်ပါ့မယ်ဗျာ

သာဓုတိ သာဓု သာဓုပါဗျား

ဏတပည့်​​တော်​လည်းတတ်​နိုင်​သ​လောကှ်ောရင်​ကျဉ်​​နေပါတယ်​ဘုရားငယ်​ငယ်​တုန်းက​တော့​အေကာင်​​ဗတ်​ဆိုသတ်​ဖူးပါတယ်​ဘုရားအခု​တော့ခြင်​​တွေကိုယ့်​ကိုလိုက်​ကိုက်​ရင်​​တောင်​​လေနဲ့ပဲပြန်​မှုတ်​ထုတ်​ဖြစ်​ပါတယ်​ဘုရား

ကောင်းပါတယ် ကွယ်

သတ္တဝါဆိုတာ သက်ရှိတွေ အားလုံးကို သတ္တဝါလို့ ခေါ်တယ် ဒကာမရေး တိရိစ္ဆာန် တွေ ကိုဘဲ သတ္တဝါလို့ ခေါ်တာဟုတ်ဘူး လူတွေလဲပါတယ်ဗျား

အခုရေးပြထားတဲ့
အကြောင်းအရာလေးကို နှစ်သက်မိတယ်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by khayae from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တရားရှာ ကိုယ်မှာတွေ့ဆိုတာမျိုးပေါ့ စာသားတွေက
အရမ်းကောင်းတယ်ဗျာ Good အားပေးနေပါတယ်
vote နည်းနေလို့ နောက်မှvote တော့မယ်