ကောင်းရာရောက်ပါစေ ဦးလေးရေ

in myanmar •  7 years ago 

မင်္ဂလာပါ steem ညီအကိုများ ခဗျား ပြီးခဲ့တဲ့ အခေါက်က ကျနော့ အဖွားအကြောင်း ပြောပြခဲ့ပြီးပါပြီ ဒီတစ်ခါတော့ ကျနော့ ဦးလေးအကြောင်း ရေးချင်ပါတယ် အဖွားမွေးခဲ့တဲ့ သားသမီး တွေထဲမှာ ယောက်ျားလေး ဆိုလို့ ဦးလေး တစ်ယောက်ဘဲ ပါလို့ပါ ကျနော်ငယ်ငယ်က ကျနော့ ဦးလေးဟာ ကျနော့ကို အရမ်းချစ်ပါတယ် ကျနော်ကတော့ ဦးလေးကို အသေကြောက်ပါတယ် သူက အရက်မူးလာပီး အိမ်ပြန်လာပီဆို ကျနော့ကို ရှာတော့တာဘဲ ကျနော့ကို တွေ့ပီဆို အတင်းဖက်ပီး နှမ်းတော့တာဘဲ သူ့အနှမ်းကို ကျနော်မကြိုက်ပါ ဘာလို့လဲဆိုတော့ သူ့နှုတ်ခမ်းမွေးတွေ အရမ်းစူးလို့ပါဘဲ နှောက်ပီးတော့ အရက်နှံ့တွေကလည်း နံထောင်းနေတာ အာ့ဒီအနှံ့ကိုလဲ ကျနော်မခံနိုင်ပါ ထိုအရက်နှံ့ဘဲလားဆိုတော့ မဟုတ်သေးပါဘူး ဆေးလိပ်နှံ့ပါ ရောပါလာတော့ ဘယ်လိုနည်းနဲ့မှ ကျနော့အတွက် အဆင်မပြေ သူကတော့ ကျနော့ကိုချစ်တာကိုး ကျနော်လည်းဦးလေးကို ချစ်ပါတယ် ဒါပေမယ့် အသက်တော့ အောင့်နေရတယ် ခုနာက ပြောခဲ့တဲ့ အနှံ့တွေ မခံနိုင်လို့ပါ ။
image

ဦးလေးက အရက်မူးလာရင် အရမ်းသဘောကောင်းပါတယ် ကျနော့ကို မုန့်ဖိုးတွေလည်းအများကြီးပေးပါတယ် အရက်မူးလာရင် ကျနော့ကို ဆုံးမတာတွေကလည်း ရှည်လျား ထွေပြားပြီး လိုရာမရောက် အကြောင်းအရာ တစ်ခုကို အပ်ကြောင်းထပ် နေတော့တာဘဲ မင်းကြီးလာရင် အရက်မသောက်နဲ့ကွ အရက်သောက်တယ်ဆိုတာ မကောင်းဘူး မင်းကြီးလာရင် အရက်သောက်မှာစိုးလို့ ငါမင်းကိုသောက်ပြတာ ဆိုပြီးအစချီလိုက်တာ ကျနော်အိပ်ပျော်သွားတော့တာဘဲ မိုးလင်ရင်တော့ ကျနော့အခန်းထဲကို ကျနော်ရောက်နေတယ် ဘယ်ချိန်ထဲကရောက် နေမှန်းမသိဘူး တခါတလေ ဦးလေးကျနော့ကို ဆုံးမနေရင် ဦးလေးကို ကျနော် မေးခွန်းတွေ ပြန်ထုတ်ချင်တယ် ဒါပေမယ့် မမေးရဲဘူး ကျနော့ကို ဆူမှာရိုက်မှာ စိုးလို့ မျိုသိပ်ခဲ့ရတဲ့ မေးခွန်းတွေကလည်း မနဲဘူးဗျ ။
image

ဦးလေး မိန်းမယူတော့ ကျနော့ အမေက ဦးလေးကို မင်္ဂလာဆောင်ပေးခဲ့တယ် အိမ်ထောင်ကျပြီးတော့ ဦးလေးလဲ သူ့မိန်းမနဲ့ အိုးခွဲနေထိုင်တယ် အဲ့ဒီတုန်းက ဦးလေးက ကျောင်းဆရာပေါ့ဗျား တစ်နယ်ပီး တစ်နယ် ပြောင်းရွှေ့နေထိုင်ခဲ့တယ် ဦးလေးက သဘောလဲကောင်း စေတနာလည်းကောင်းတော့ ရောက်လေရာမှာ လူချစ်လူခင် ပေါများတယ် ဦးလေးရဲ့နာမည်က မောင်မောင်လေး လို့ခေါ်တယ် ရွာကလူတွေက ဆရာမောင်မောင် လို့ ခေါ်ကြတယ် ဆရာမောင်မောင်ဆိုရင် ကျနော်တို့ နယ်မှာမသိတဲ့လူမရှိဘူး အာ့လောက်ထိနာမည်ကြီးတယ် သူ့ဓါတ်ခံကလည်း သူတပါးကို ကူညီပေးတတ်တော့ အခက်ခဲရှိသူတွေဆို ကူညီလာတောင်ရင် ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ ကူညီပေးတတ်တယ် ။
image

ကျနော့ မေမေကိုတော့ သူက ဆိုးနွဲ့တတ်တယ် မေမေက စိတ်တိုလာပြီဆို နှင်အသေဆိုးနဲ့ သေမယ့်ကောင်လို့ ဒေါသတကြီးနဲ့ ပြောတတ်တယ် အာ့ဒိလိုပြောလိုက်ရင် ပြုံးတုံးပြုံးတုံးနဲ့ ကျနော်က အသေဆိုးနဲ့မသေပါဘူး မယုံရင် မမစောင့်ကြည့်ထားလိုက်လို့ ပြန်ပြန်ပြောတတ်တယ်ဗျား သူပြောတာလဲမှန်သား ဦးလေးအသက် ၃၁ နှစ်မှာဆုံးသွားခဲ့တယ် ဦးလေးက အခြားနယ်ဘက်တွေကို တာဝန်ကျပီး ကိုယ့်နယ်ကို ပြောင်းလာတော့ ငှက်ဖျားပိုးပါလာတယ် အာ့ဒီရောဂါနဲ့ဘဲ သူဆုံးသွားခဲတာ သူဆုံးမယ်နေ့ကျတော့ စကားတွေ တအားပြောတယ် ကျနော့မေမေနဲ့ မေမေ့ရဲ့အမ နဲ့ နှစ်ယောက်သား သူ့ဘေးမှာထိုင်ပေးခဲ့တယ် ။

image

ညဆယ်နာရီ အထိဟာ စကားတွေ ပြောကောင်းတုန်း ဆယ်နာရီခွဲလောက်ကျတော့ ခြေရင်းဘက်က တံခါးကို ဖွင့်ခိုင်းတယ် ကျနော်ပူနေတယ် တံခါးဖွင့်ပေးပါတဲ့ အာ့ဒါနဲ့ ခြေရင်းတံခါးကို ဖွင့်ပေးလိုက်တယ် ပီးတော့ညောင်းတယ် ထိုင်ချင်တယ်တဲ့ အာ့ဒါနဲ့ မေမေနဲ့ မေမေ့အမ က တွဲထူပေးလိုက်တယ် ခဏထိုင်ပီးတော့ ညောင်းတယ် လှဲတော့မယ်ဆိုဘဲ ဒီတော့ သူ့ကို အသာလေး ပြန်လှဲပေးလိုက်တယ် ပိးတော့ သူကပြောသေးတယ် အမတို့ ပင်ပန်းနေပီအိမ်လိုက်ကြပါအူးလားတဲ့ ကျနော်လဲ အိပ်ချင်နေပီတဲ့လေ သူအာ့လိုပြောလိုက်လို့လားမသိဘူး ကျနော့မေမေလည်း တအားအိပ်ချင်တာနဲ့ မှေးကနဲ အိပ်ပျော်သွားတယ် မေမေ့အမကတော့ မအိပ်ဘူး ဦးလေးလဲ အိပ်ပျော်သွားတယ် အာ့လိုအိပ်နေရင်းနဲ့ ဦးလေးရဲ့ ဇက်က တဘက်ကို စောင်းသွားတာ မေမေ့အမက မြင်လိုက်တယ် အာ့ဒါနဲ့ စိတ်ထဲထင့်နေတာနဲ့ မေမေ့ကို မေမေ့အမက နိုးလိုက်တယ် ဒို့မောင်အသက်ရှိသေးလားကြည့်လိုက်အုံးတဲ့ အဲ့ဒါနဲ့ အသက်ကလည်းမရှူ တော့ဘူး သွေးကြောစမ်းတော့လဲ မမိတော့ဘူး ဦးဆုံးသွားပီလို့ မေမေကပြောလိုက်တယ် ။

နှောက် pro မှာ ဦးလေးအကြောင်း ဆက်ရေးပါအုံးမယ်
credit;google image &facebook

khayae
MSC 079

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အသက်ငယ်ငယ် အရွယ်ကောင်းလေး မှာဆုံးသွားတာပေါ့ ဘုရား..
ဘာပဖြစ်ဖြစ် အရက်သောက်တာ အပေါင်းလက္ခဏာတော့မဟုတ်ဘူးပေါ့နော် ဘုန်းဘုန်း

ဟုတ်တယ်ဗျား ရှင်တော်မြတ်ဘုရား ဟောတဲ့ အဆိပ်ရေ ဘဲဗျား ကောင်းကျိုးမရှိပါဘူးဗျား

အင်း အရက်​ဆိုတာ ​ကောင်းတဲ့အရာမှမဟုတ်​ပဲ​လေ မ​ရှောင်​နိုင်​ရင်​​တော့ မအို​ဆေး သ​ဘော​ပေါ့ မအိုခင်​ ​သေ​နေကြလို့ပါ

ရှေးလူကြီးတေ ပြောတဲ့ မအိုဆေးဆိုတာ အာ့ဒါနေမှာနော်

အရက်​ဆိုတာ
မ​သောက်​တာ ​အ​​ကောင်းဆုံးပဲ
သောက်​တတ်​ရင်​​ဆေး ​သောက်​တတ်​ရင်​​ဘေး
အရက်​​သောက်​တာ ကိုယ်​ကသာ​ကောင်းတာ ​ဘေးလူအတွက်​က​တော့ အနံ့အသက်​​တွေ မ​ကောင်းဘူး အရက်​သမား​တွေက လူကသာမူး​နေတာ သူများကို ဆရာလုပ်​ရမယ် တရားချမယ်​​ဆိုရင်​ ထိပ်​ဆုံးကပဲ ​အရက်​​သောက်​ပြီးရင်​ ပါးစပ်​က သာလိကာလိုပဲ ပြန်​မ​တော့ဘူး တစ်​ချို့ကြပြန်​​တော့လည်း အရက်​​သောက်​ မူးရင်​တန်းအိပ်​တာဗျ အဲ့လိုအရက်​သမားကြ​တော့ ​ကောင်းတယ်​ ​ဘေးလူကို ဒုက္ခမ​ပေးတတ်​ဘူး အဲ အဲ ဘာမှဟုတ်​ဘူးဗျ တမင်​တစ်​ကာ မန့်​ရှည်​​အောင်​ ​ရေ​နေတာပါဗျာ အဟီးး ဟီး

အဟုတ်မှတ်လို့ ဖတ်နာ ကိုလင်းအကြောင်းတေပြောပြသွာတာကိုး ဟီးဟီး

အရက်နံ့လေးတသင်းသင်းနဲ့ နှုတ်ခမ်းမွှေးလေးတကားကားနဲ့
အနမ်းခံလိုက်ရသူအဖို့မှာတော့ ရင်ဖိုလှိုက်လှဲ အော်ဂလီဆွဲရတော့ပေမလား ဘုရား။

ဟုတ်တယ်ဗျား အာ့လိုလေး ကဗျာဆန်ဆန် မရေးတတ်လို့ဗျ

အသက်အရွယ်ငယ်သေးပေမယ့် သေမင်းက ချန်မထားဘူးဆိုတာ သိလိုက်ရပါတယ်ဘုန်း-
ကံ ကံ၏အကျိုးဆိုတာလဲတွေ့လိုက်ရပါတယ်ဗျား။
အရေးအသားလဲ ကောင်းပါတယ်ဗျား။

အရွယ်ကောင်းတုန်းမှာ ဆုံးသွားတာပဲနော် အရက်က ဌက်ဖျားကို မနိုင်ဘူး ဖြစ်သွားတယ်နဲ့ တူတယ်

ဟုတ်တယ်ဗျား

အရက်ကြောင့်ဘဝပျက်နိုင်ပါတယ် စေတနာကောင်းတဲ့ ဦးဇင်းရဲ့ ဦးလေးအတွက် စိတ်မကောင်းပါဘူး

ဟုတ်ကဲ့ပါဗျ ခုဆို သူဆုံးတာ နှစ်နှစ်ဆယ်ကျော်ပီဗျ

စောင့်မျှော်နေပါတယ်ဘုရား။
နှုတ်ခမ်းမွှေးနဲ့အနမ်းခံရတာလည်းမလွယ်ဘူး
ဆေးလိပ်နံ့အရက်နံ့နဲ့ဆိုတော့ ပိုဆိုးရောပဲပေါ့။
အသက်သုံးဆယ့်တစ်မှာဆုံးတယ်ဆိုတော့ ငယ်ရွယ်သေးတာပဲနော်။

အသက်ငယ်ငယ်နဲ့ ပါဘဲဗျား

အရက်ရဲ့ဒဏ်တွေပေါ့ ကောင်းရာဘုံဘ၀ရောက်ပါစေဘုရား

ဟုတ်တယ်ဗျား ကောင်းရာဘုံကို ရောက်ပါစေ

တန်ဆေးလွန်ဘေးပေါ့ဗျာ
ဆေးဖြစ်အောင်သောက်ရင်တော့ဆေးပေါ့

ဟုတ်ပါ့ဗျား ယနေ့ခေတ် လူငယ်တွေ သိနိုင်ကြပါစေ

အားပေးနေတယ် အစ်ကိုရေ

ဟုတ်ကဲ့ ကျေးဇူးပါဗျ

စိတ်​​ကောင်းပါဘူးဗျာ အဲ့ဒီ​တွေမဖြစ်​ကြရင်​​တော့​ကောင်းဆုံးပါ

ဟုတ်ပါတယ်ဗျား နောက်လူတွေလဲ အာ့လို မဖြစ်စေချင်ပါဘူးဗျား

ကံကောင်းတာပေါ့နော့်
အရက်အဲ့လောက်သောက်တာကို
အသက်ထွက်တော့ အေးအေးဆေးဆေးဆ်ုတော့
တကယ်ကောင်းပါတယ်ဗျာ.....

ဟုတ်ပါတယ်ဗျ အသေကောင်းတယ်ဗျ

အသေကောင်းဖြင့်သေတယ်ဆိုနည်းတဲ့ အခွင့်ရေး လား အရှင်ဘုရား

သူ့ကုသိုလ်ကံ ကလည်းကောင်းပါတယ်ဗျား

အရက်ကြောင့် effect ကအခုထိခံနေရဒါ လ6်တွေ့ပါ ဒါကိုမမှတ်ချင်ဘူး ဖြစ်နေတယ်

စိတ်အလိုမလိုက်ပါနဲ့လားဗျား

အာဆို သေချာ သုဂတိကိုရောက်နိုင်ဖွေရှိတာပေါ့ နော်

လားရာ ဂတိကတော့ ကောင်းအောင် ကုသိုလ်ပြုလို့ အမျှဝေနေလျက်ပါဗျား

ကျွန်တော် ဦးလေးနှစ်ယောက်လဲ အရက်ကြောင့်
သေခဲ့ရတယ်ဗျာ

တစ်ခါတစ်ခါ တွေးမိပါတယ်ဘုရား
အရက်တို့ ဆေးလိပ်တို့ကို
ရောဂါမဖြစ်အောင်ဖန်တီးလို့ရရင်ကောင်းမယ်
ဆိုပြီး တော့ပါ ။ အဲလိုဆိုဘယ်လောက်ကောင်း
လိုက်မလဲဘုရား

အသက်​ကအရွယ်​​ကောင်းတုန်းရှိ​သေးတယ်​​ဗျာ ဆုံးသွားရှာတာနှ​မျောဖို့​ကောင်းပါတယ်​​ဗျာ

အရက်​​​ကြောင့်​ လူ​တော်​​တွေ ပျက်​စီးသွားတာ ​တွေ့ဖူးတယ်
ပညာအရည်​အချင်း လုပ်​ရည်​ကိုင်ရည်​ရှိပါရဲ့ အရက်​​သောပြီးရစ်​​တက်​​တော့ လူမုန်းများပြီးအလုပ်​ပါပြုပ်​သွားတယ်

အရက်သောက်ခြင်းရဲ့ဆိုးကျိုးတွေက
သိခဲ့ရင်တော့ရှောင်ကြဉ်နိုင်ရန်ကြိုးပမ်းနိုင်ရမည်

တွဲထားတဲ့ပုံတွေကကွတ်တိပဲ😁😁

ဟုတ်ကဲ့ ကျေးဇူးပါဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by khayae from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အရက်သောက်တာမကောင်းပါဘူးဗျာ