မကြာခင်ရက်အတွင်းမှာဆို သီတင်းကျွတ်တော့မယ် သူငယ်ချင်းရယ် ဟိုးတစ်ချိန်တုန်းက ကျနော်တို့တွေ ကျောင်းသားဘဝတုန်းကပေါ့ စိတ်ညစ်
ပျော် ရွှင်ခဲ့ရလေးမှတ်မိသေးလားဗျားးးးသီတင်းကျွ တ်ကျောင်းပိတ်တော့
မယ်ဆိုတဲ့အသိလေးကအပျော်ရွှင်ဆုံးပထမအစမ်း စာမေးပွဲစစ်တော့
မယ်ဆိုတဲ့အသိလေးကစိတ်အညစ်ဆုံးဒီလိုနဲ့ဘဲကိုယ်တေရဲ့အတိတ်
သမိုင်းကိုအခုထက်ထိသတိရနေမိတယ်သူငယ်ချင်းရယ်။
သီတင်းကျွ တ် လပြည့်နေ့မှာ သာဝတိံသာနတ်ပြည်ကနေလူ့ပြည်ကို မြတ်
စွာဘုရားကြွချီ လာတဲ့အတွက် လူ့ပြည်ကနေမီးစောင်းတန်းနဲ့ပျော်ရွှင်စွာ
ကြို ဆိုရတယ် ။ အခုတော့မြတ်စွာဘုရားသက်ရှိထင်ရှားရှိနေသည့်အလား
ရည်မှန်းပြီးဆီမီးစောင်းတန်းတေနဲ့ပူဇော်ရတာ့ပေါ့သားရယ် ။ လို့ကျနော် နဲ့
အတူသူငယ်ချ င်းကိုရောမေမေကရှင်းပြပေးခဲ့တာကောမှတ်မိသေးလား
သူငယ်ချ င်း။
မီးစောင်းတန်းတွေနဲ့ပူဇော်ပြီးတော့ရွာဦးဘုရားကိုသွားရအောင်ဆိုပြီး
ကျ နော်တို့ကိုခေါ်လို့ဝမ်းသာအားရနဲ့လိုက်သွားတော့ဘုရားမှာမုန့်လုံးရေပေါ်ကျွေးတဲ့သူတွေနဲ့ ဆန်ပြုတ်တိုက်တဲ့သူတွေနဲ့အားရပါးရနဲ့ပျော် ပျော် ပါး
ပါး စားသောက်ခဲ့ရတာလေးကောမှတ်မိသေးလားသူငယ်ချင်း အာ့ဒီအချိန်တုန်းကတော့အစားမက် ကစားမက်တဲ့အရွယ်ဆိုတော့` ပျာ်မယ်ပါးမယ်
စားမယ်သောက်မေယ်´ ပေါ့ အခုကျတော့ကျနော်တို့လဲ့အာ့ဒီလိုကုသိုလ်
ကောင်းမှုတွေပြုလုပ်ပြီးမြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကြစို့လားသူငယ်ချင်း။
ပြီတော့ဆရာတော်ကျောင်းကိုသွားတော့ အသံညီညီလေးတွေနဲ့သာယာနာ
ပျော်ဖွယ်ရွတ်ဖတ်နေတော့အာ့ဒါဘာလုပ်နေကြတာလဲမေမေလို့မေးတော့
အာ့ဒါအဘိဓမ္မာရွှတ်ဖတ်ပူဇော်နေကြတာပေါ့သားရယ် ။ မြတ်စွာဘုရားက
သာဝတိံသာနတ်ပြည်မှာဟောခဲ့တဲ့တရားတွေကိုလူ့ပြည်မှာအာနန္ဒာမထေရ်
မြတ်ကိုမကျဉ်းမကျယ်ပြန်ဟောခဲ့တဲ့တရားတွေကို ရန်ကုန် ကမ္ဘာအေးကျောင်းတိုက်ကဆရာတော်တွေကအဘိဓမ္မာ ဝတ်ရွတ်အသင်းတွေကိုတစ်နှစ်တစ်ခါပူဇော်ဖို့ကျ မ်းရင်းတွေကိုဖြတ်ဖြတ်ပြီးပေးပို့ခဲ့တဲ့ကျမ်းစာတေကိုရွှတ်ဖတ်ပူဇော်နေတာဟာသာဝတိံသာနတ်ပြည်မှာဟောခဲ့တဲအဘိဓမ္မာတရားပိုင်ရှင်
ဖြစ်တဲ့မြတ်စွာဘုရားကိုပူဇော်နေတာဟာသီတင်းကျွတ်လပြည့်နေ့နဲ့ဆက်နွယ်နေတာပေါ့သားတို့ရယ်လို့စိတ်ရှည်လက်ရှည်ရှင်းပြပေးခဲ့တဲ့မေမေ။
ဆရာတော်ကျောင်းကနေပြန်တော့ဖိုးဖိုးဖွားဖွားlဘကြီးl ဒေါ်ကြီးတွေကိုလိုက် ကန်တော့တော့ဆုတွေပေးlမုန့်ဖိုးတွေပေးနဲ့အရမ်းပျော်စရာကောင်းတာကောမှတ်မိသေးလားသူငယ်ချင်း။
ဖိုးဖိုးကိုကန်တော့ပြီးတော့ကျနော်တို့အတွက်ဗဟုသုတရစရာလေးပြောပြတာကဒီလိုသီတင်းကျွတ်လပြည့်နေ့မှာမြတ်စွာဘုရားက မယ်တော်ဖြစ်ခဲ့ ဘူးတဲ့နတ်သားကိုအမှုထားပြီးသာဝတိံသာနတ်ပြည်မှာအဘိဓမ္မာတရားကိုဟောကြားပြီးကျေးဇူးဆပ်ကာလူ့ပြည်ကိုရွှေစောင်းတန်းlငွေစောင်းတန်း ပတ္တမြားစောင်းတန်းကနေ နတ်တွေlသိကြားမင်းတွေlဗြဟ္မာတွေကလဲရွှေထီးတွေထီးဖြူတွေမိုးပြီးတစ်မျိုး ခရုသင်းအစရှိတဲ့တူရိယာတွေတီးမှုတ်ပြီးတစ်ဖုံlပန်းကြဲပြီးပူဇော်တာကတစ်လီနဲ့အမျိုးမျိုးပူဇော်ပြီးလူပြည်က ကျပြန်တော့လဲမီးစောင်းတန်းတွေနဲ့ပျော်ရွှင်စွာကြိုဆိုကြတာ။ နောက်ပြီးဆရာတော်တွေlဘုန်းဘုန်းတွေကလဲ
ဝါလကင်းလွှတ်ပြီးဝါကျွှတ်တဲ့အတွက် ပဝါရနာပြုတဲ့နေ့´´ ကို``သီတင်းကျွတ် ´´ လို့ခေါ်တာပေါ့
(ဝါလကင်းလွှတ်သီတင်းကျွှတ်)
(အဘိဓမ္မာအခါတော်နေ့--------သီတင်းကျွှတ်လပြည့်နေ့)
credit photos;Google Image
ရွှေကူ
ဝေယံ(khayae)
ရွှင်လန်းချမ်းမြေ့ကြပါစေ