ငွေကြေး နဲ့ မိတ်ဆွေ

in myanmar •  6 years ago 

ouxo8b0fl8.jpg

လူတိုင်း လူတိုင်းတွင် သူ့တန်ဖိုးနှင့်သူရှိတယ်လို့ပညာရှင်များက ဆိုပါတယ်…………..
တန်ဖိုး အနည်း အများ၊ တန်ကြေးအနည်းအများပဲ ကွာချင်ကွာပါလိမ့်မယ်တဲ့……….
စီးပွားလုပ်ရာမှာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ကြတော့ တခါတလေ ဟိုဖက် ဒီဖက် တန်ကြေး တန်ဖိုး ညှိရာမှာ အဆင်မပြေဖြစ်ကြတယ်………
တန်ကြေးသတ်မှတ်တယ်ဆိုရာမှလည်း ငွေကြေးကို အဓိကထားမိရင် တက်တက်စင်အောင် လွဲတတ်တယ်လို့ ဆိုတယ်………..
မှားနေပီလို့ဆိုတယ်……
နေရာတကာ ငွေကိုအဓိကထားတဲ့အတွက် အရောင်းအ၀ယ်တခုမှာ ငွေကြေးတန်ဖိုးများများဖြစ်ပါမှ နှစ်ဖက်အပြန်အလှန် အကျိုးရှိနိုင်တယ်လို့ထင်ကြတယ်………
ဒါကိုမှားတယ်လို့မဆိုနိုင်ပါ………….
သို့ပေမဲ့ ငွေကြေးကို အဓိကထား ဆက်ဆံတဲ့ စီးပွားရေးက ငွေကြေးမပါပဲဆက်ဆံရတဲ့ လူ့အသိုင်းအ၀ိုင်း လူမှုရေးဆိုတဲ့အချက်ကို သတိမပြု အလေးမထားရာရောက်ပါတယ်………
ငွေကြေးကို အဓိကမထားတဲ့ အပြန်အလှန်ဆက်ဆံရေးတွေ လောကမှာ ဒုနဲ့ဒေးပါ…….
အဆင်ပြေတဲ့ဆက်ဆံရေးရဲ့နောက်ကနေ ငွေကြေးကလိုက်လာတတ်တာကို မေ့နေကြလို့ပါပဲ……..
အပြန်အလှန် အရောင်းအ၀ယ် လုပ်ရာမှာ ငွေကြေးမပါတဲ့ ဆက်ဆံရေးကို အဓိကထားခဲ့မယ်ဆို အရှည်သဖြင့် အဆင်ပြေနိုင်ပါသတဲ့………
ငွေရှာတာတော့ ငွေရှာတာပဲ………..
ဒါပေမဲ့ ငွေကိုပဲ အဓိကထားပီး လူကို မကြည့်မိရင်တော့ မိတ်ဆွေအပေါင်းအသင်းရဖို့ခက်ခဲသွားလိမ့်မယ်…….
မိတ်ဆွေမရှိရင် ဘာမှ မလွယ်ကူသလို မိတ်ဆွေရှိရင် အားလုံးလွယ်ကူတယ်…….
မိတ်ဆွေကို ပိုအလေးထားသင့်တာပေါ့………..
@kingorcasteem

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မိတ်စစ်မိတ်တုအမြဲရှိနေမှာပါ