ရွေးချယ်​မှု မှန်​ကန်​​စေဖို့

in myanmar •  7 years ago  (edited)

FB_IMG_1505103552587.jpg

လူဆိုတာ ငယ်​ရွယ်​တဲ့အချိန်​မှာ ​တော်​တယ်​ ညံ့တယ်​ဆိုတာ သိပ်​အ​​ရေးကြီးတဲ့ ကိစ္စ​တော့မဟုတ်​ပါဘူး။ အသက်​ကြီး​လေ​လေ​ တော်​​လေ​လေဖြစ်​ဖို့ကသာ အဓိကပါ။ ကိုယ်​ ဝါသနာပါတယ့်​အလုပ်​၊ ကိုယ်​စိတ်​ဝင်​စားတဲ့အလုပ်​ကို လုပ်​ခွင့်​ရတဲ့သူတိုင်းက သူတို့အလုပ်​အ​​ပေါ် အပြည့်​အဝယုံကြည်တယ် ​​​​​စေတနာထားပြီးလုပ်​တယ်​ အဲ့​တော့ အသက်ကြီး​လာ​လေ သူတို့သက်​ဆိုင်​ရာ နယ်​ပယ်​အသီးသီးမှာ ထူးချွန်​​အောင်မြင်​​တဲ့သူ​တွေ ဖြစ်​လာ​လေပဲ​ပေါ့။ ဒီ​တော့ ဘဝနဲ့ရင်းပြီး ​ရွေးချယ်​ကြတယ့်​အခါ ကိုယ်​ဝါသနာပါတဲ့အလုပ်၊​​ ကိုယ်လုပ်​​ချင်​အလုပ်​ကိုသာ ​ရွေးချယ်​​စေချင်​ပါတယ်​။ (မ​ကောင်းတဲ့အလုပ်​​တော့ မလုပ်​နဲ့​ပေါ့)

မိဘ​တွေ​​ဟာ သူတို့သားသမီး​တွေကို ချစ်​ကြတယ်​ အခြားသူတွေထက်​သာ​စေချင်​။ အဲ့ဒီ​တော့ ပညာ​တွေ သင်​​​။ပိုက်​ဆံအကုန်​ခံပြီး ကျူ ရှင်​​တွေ ​ဘော်​ဒါ​တွေထား​ပေးကြတယ်​။ပြီးရင်​တော့ အင်​ဂျင်​နီယာဖြစ်ရ​မယ်​ ဆရာဝန်​ဖြစ်​ရမယ်​ ဆယ်​တန်း​အောင်​ရမယ်​ စသဖြင့်​ မိဘ​တွေဖြစ်ချင်တဲ့ ​​ဆန္ဒ​တွေကို သားသမီး​တွေ ပခုံး​ပေါ် တာဝန်ကြီးတစ်​ခု​အဖြစ် ​​လွှဲ​ပေးလိုက်​တယ်​။

သားသမီး​တွေကလည်း သူတို့ဝါသနာပါတဲ့အရာ​တွေ စိတ်​ဝင်​စားတဲ့အလုပ်​​တွေထက်​ မိဘ​တွေ ဆန္ဒအတိုင်းကြိုးစားပြီး လုပ်​​​ပေးရှာ​တာ​​ပေါ့။ လူဆိုတာ ကြိုးစားတိုင်း ​အောင်​မြင်​ချင်​မှ ​အောင်​မြင်​တာပါ။ ​အောင်​မြင်​တဲ့သူတိုင်းက​တော့ ကြိုးစားခဲ့ပါတယ်​​။ ကိုယ်​စိတ်​မဝင်​စားတဲ့ ဝါသနာမပါတယ့်​ ဘယ်​အလုပ်​ကိုမဆို ဘယ်​​လောက်ပဲကြိုးစားလုပ်​လုပ်​ ​အောင်​မြင်​မှုနဲ့ ​ဝေးကွာ​နေမှာပဲ​လေ။
မိဘဆန္ဒကို မလွန်​ဆန်​နိုင်​လို့ သူတို့ စိတ်​မဝင်​စားတဲ့ အလုပ်​တာဝန်​ကိုယူထားရတယ်​ ခ​လေး​တွေဟာ ဘယ်​လိုလုပ်​ပြီး​အောင်​မြင်​နိုင်​မှာလဲ။
မိဘ​တွေရဲ့ အတ္တနဲ့ဆန္ဒ​တွေကို သားသမီး​တွေ ပခုံးထက်​မှာထမ်းရင်း
သူတို့ဖြစ်​ချင်​တာလည်းဖြစ်​ခွင့်​မရ မိဘ​တွေ​ဖြစ်​​ချင်​တာလည်း လုပ်​မ​ပေးနိုင်​​တော့ ​လောကအလယ်​မှာ သူများ​တွေထက် ​​​နောက်​ကျသူ​တွေဖြစ်​ကုန်​​ရော​ပေါ့။

ဒီ​ခေတ်​ထဲ ဆယ်​တန်း​အောင်​တယ်​ဆိုတာ လူငယ်​ ဆယ်​​ကျော်​သက်​​တွေအတွက်​​တော့ မဟာလွတ်​​မြောက်​မှုကြီး​ပေါ့ဗျာ။ ဆယ်​တန်း​အောင်​ပြီဆိုတာနဲ့ ​ရွေးချယ်​စရာ​တွေ အများကြီးရှိလာပြီ​။ တက္ကသိုလ်​​ပေါင်းစုံ ဘာသာရပ်​​ပေါင်းစုံ နည်းပညာ​ပေါင်းစုံကို စိတ်ကြိုက်​​​​ရွေးချယ် တက်ေ​​​ရာက်​နိုင်​ပါတယ်​။ ပညာရပ်​တိုင်းဟာ အနည်းနဲ့အများ ကွာခြားနိုင်​​ပေမယ့်​ သူဟာနဲ့သူ တန်​ဖိုးရှိကြပါတယ်။ ဘာသာရပ်​​တွေ ​ရွေးချယ်​တက်​​ရောက်​ရာမှာ ကိုယ်​ဝါသနာပါတာကိုပဲ​ရွေးသင့်​ပါတယ်​။ မိဘ​တွေကလည်း ကိုယ်​သားသမီး စိတ်​ဝင်​စားတယ့်​ ပညာရပ်​ကိုသာ သင်​ယူဖို့ အခွင့်​အလမ်း​တွေ ​ပေးသင့်​ပါတယ်​။

ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာ ​တလွဲတ​ချော်​ ​အောင်​မြင်​မှု​တွေရ​နေတယ့်​ သူ​တွေ မိတ်​​ဆွေတို့ ​တွေဖူးကြမှာပါ။ တချို့ဆို ဆရာဝန်​ဖြစ်​ပြီး ​ဆေးမကုတဲ့ ဆရာဝန်​​တွေ အများကြီးပဲ။ ဆရာဝန်​ ​ကျောက်​ပွဲစား၊ ဆရာဝန်​စက်​မှုပညာရှင်​၊ ဆရာဝန်​စာ​ရေးဆရာ၊ ဆရာဝန်​အနုပညာရှင်​ ချစ်​သု​ဝေတို့ဘာတို့​ပေါ့😁။ အဲ့လိုပဲ စက်​မှုတက္ကသိုလ်​​ကျောင်းဆင်းဖြစ်​ပြီး စက်​မှုနဲ့ အသက်​မ​မွေးသူ​တွေ အများကြီး။ ဥပ​ဒေဘွဲ့ရပြီး ​ဥပ​ဒေပညာရပ်​နဲ့ ရပ်​တည်​သူ အ​တော်​ရှားတယ်​။ စီးပွား​ရေး​ဘွဲ့ရပြီး ဘဝကို အဆင်​​ပြေသလို ဖြတ်​သန်း​နေတယ့်​သူ​တွေလည်း အများကြီးပါ။ မိဘတွန်းအား​ကြောင့်​ မိဘဖြစ်​ချင်​တာကို လုပ်​​ပေးတယ်​။ပြီး​တော့မှ ကိုယ်​ဖြစ်​ချင်​တာကို ဇွတ်​လုပ်​တယ်​။ ဒီလိုနဲ့ ဘွမှာ အလွဲ​တွေ အလွဲ​တွေ အများကြီး​ပေါ့။

မြန်​မာပြည်​မှာ အရိုးစွဲ​နေတယ့်​ အယူအဆ တစ်​ခုက အမှတ်​​ကောင်းရင်​​ ​ဆေး​ကျောင်း။ ​ဆေးပညာလိုပဲ အခြားပညာရပ်​​တွေကလည်း အ​ရေးကြီးပါတယ်။သူ​နေရာနဲ့သူ ​အသုံးတည့်​တာပါပဲ။ ဒါ​ကြောင့်​ ကိုယ်​ရင်းနှီး စိုက်​ထုတ်​မှုနဲ့ တလွဲတ​ချော်​ မဖြစ်​ရ​လေ​အောင်​ ဝါသနာပါတာ စိတ်​ဝင်​စားတာကို ​ရွေးပြီးတက်​​ရောက်​သင့်​ပါတယ်​။ ​ရွေးချယ်​တာမှန်​မှ ကြိုးစားတာလည်း အဓိပ္ပါယ်​ရှိပါ​ပေါ့။

တန်​ဖိုးရှိတယ့်​ လူတယ်​​ယောက်​ဟာ ဆရာဝန်​ဖြစ်​မှ အင်​ဂျင်​နီယာဖြစ်​မှ လူရာဝင်​တာမဟုတ်​ပါဘူး။
လူတစ်​​ယောက်​ တန်​ဖိုးရှိ မရှိ ဆိုတာ......
အမှတ်​နည်းတာ များတာနဲ့လည်းမဆိုင်​ဘူး
ဘယ်​သူသားသမီး ဖြစ်​တယ် မဖြစ်​တယ်​ ​ဆိုတာလည်း အ​ရေးမကြီးဘူး
ဆင်းရဲတာ၊ ချမ်းသာတာနဲ့လည်း မဆိုင်​ဘူး
ဘယ်​လို ​မွေးလာသလဲဆိုတာ အ​ရေးမကြီးသလို ဘယ်​လို​ ​သေဆုံးသွားသလဲ ဆိုတာနဲ့လည်း မဆိုင်​ဘူး
တန်​ဖိုးရှိတဲ့ သူတစ်​​ယောက်​ဟာ....
မိမိ အသက်​ရှင်​​နေချိန်​မှာ မိမိဝါသနာပါတဲ့ အလုပ်​ကို ထူးချွန်​ထက်​မြက်​​အောင်​လုပ်​​ဆောင်​ပြီး လူသားအကျိုး ဘယ်​​လောက်​သယ်​ပိုးခဲ့သလဲ၊ ဘယ်​လို ​နေထိုင်​ခဲ့သလဲ၊​လောကအတွက်​ ဘာ​တွေ ချန်​ရစ်​ထားခဲ့သလဲ ဆိုတာနဲ့ဘဲ သက်​ဆိုင်​ပါတယ်​။
ဒါ​ကြောင့်​ ​အောင်​မြင်​ဖို့ထက်​ တန်​ဖိုးရှိတယ့်​သူတစ်​​ယောက်ြ​ဖစ်​​အောင်​ကြိုးစား​နေထိုင်​ကြပါ​။
ALBERT EINSTEIN ​ပြောခဲ့တာ စကား​လေး နဲ့ နိဂုံးချုပ်​ပါရ​စေ.......

"Try to become not a man of Success,
but try rather to become a man of Value.

Steemit ညီအကိုအ​ပေါင်းတို့ ကိုယ်​ဝါသနာပါတာ ​ရွေးချယ်​လုပ်​ကိုင်​ပြီး သက်​ဆိုင်​ရာနယ်​ပယ်​ အသီးသီးမှာ ​ထူးချွန်​​အောင်​မြင်​သူ​တွေ ဖြစ်​နိုင်​ကြပါ​စေFB_IMG_1505103477776.jpg
ရေးသားသူ -kodolay
ဦးဘုန်းဓာတု​ရေးသားတဲ့ ​ဆောင်းပါးတို​လေးကို မှီညှမ်း​ရေး​သားထားပါတယ်​။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good post. ကျနော်လဲ ဦးဘုန်း ဓါတု စာတွေဖတ်ဖူးတယ်။ ကိုယ်ပိုင် လေးတွေ ရေးပါအုန်းလို့ တိုက်တွန်းပါတယ်။

ဟုတ်​ကဲ့ ဆရာ

Nice