steem myanmar အားလုံး မင်္ဂလာပါ

in myanmar •  6 years ago 

image

မင်္ဂလာပါ steemit myanmar
ကျွန်တော်ကတော့ မောင်ကိုကိုကျော်ပါဗျ။steemit မှာ အရင်က ရေးသားခဲ့ဘူးပါတယ်။မရေးဖြစ်တာ အတော်ကိုကြာသွားပါတယ်ဗျ။ခုတော့ အကောင့်အသစ်နဲ့ လူသစ်လေးတဦးပေါ့။steemitက
မိတ်ဆွေများများနဲ့ စုဝေးပြီး ပျော်ရွှင်စရာ အသိပညာ ဗဟုသုတ အပြန်အလှန် လေ့လာဖတ်ရှုရန် နေရာလေးတခုဆိုတော့ မိတ်ဆွေများလေကောင်းလေပေါ့နော်။အဲ့လာကြောင့် follower နဲ့ votes လေးများ လက်ခံပေးကြပါဦးလို့ ခင်မင်လေးစားစွာ နှိုးအော်လိုက်ရပါသည်
steemit myanmar မိတ်သဟာအပေါင်းတို့ခဗျာ။sbdလေးတွေsteem power လေးတွေအတွက်လဲ ပါတာပေါ့လေ ဟီးဟီး။
မည်သို့ပင်ဆိုစေကာမူ
ကျွန်တော်တော့ကို လက်ခံပေးမယ်ထင်ပါတယ်နော်။
အကျင့်စာရိတ္တကောင်းမွန်သလို ပြစ်မှုလဲကင်းရှင်းကြောင်း မိမိကိုမိမိ
ထောက်ခံပါတယ်။ရုပ်ကလေးကိုကြည့်လ်ုက်ပါ
image
မျက်နှာမြင် ချစ်ခင်ပါစေ
အသံကြား သနားပါစေ ဆိုတဲ့ ဥပဓိရုပ်မျိုးလေးပါ
တခါတခါမူးတာကလွဲလို့ပေါ့ဟီဟီ
ဒါပေမဲ့ ခုကျွန်တော်မမူးတော့ပါဘူးဗျာ သိသွားပီလေ
sbdမရနိုင်တော့ဘူးဆိုတာပေါ့။
sbdမရတော့တဲ့နောက်ပိုင်း စဉ်းစားတယ် ။
အိုင်ဒေါ ဝင်လုပ်ရင်ကောင်းမလားပေါ့။ဆုံးဖြတ်လိုက်တယ် လုပ်မယ်ကွာဆိုပြီး ဝင်ပြိုင်တယ်။အရွေးခံခဲ့ရပါတယ်။
ဒါပေမဲ့ ကံဆိုးသူသွားရာမိုးလိုက်လို့ရွာပါတော့တယ်။
စဉ်းစားကြည့်လေ
ဇော်ကြီးနဲ့ကျော်ကြီး
ကိုသိန်းတန်ကပြောတယ် နှစ်ယောက်လုံးကိုကြိုက်ပေမဲ့ တွဲခေါ်မရဘူးတဲ့လေ။ဒါနဲ့ကျွန်တော်လဲ ညီလေး ဦးစားပေးပါကာ အပေါက်ဝမှာ
အကြော်ထိုင်စားနေလိုက်တော့တယ်ဗျာ။ image
အော်ငါ့ဘဝ ဘုရားဒါယကာလဲမဖြစ် အဆိုတော်လဲမဖြစ် စာရေးဆရာ
ပြန်လုပ်မှဖြစ်တော့မယ်ဟု စဉ်းစားဆုံးဖြစ်ရင်း အကြော်စားဆက်မစားတော့ပါ။ဗိုက်စာစာနဲ့ဆက်စားရင် ဘုန်းဘေဖိုးမလောက်တော့ပါ။အဲ့ဒါကြောင့် ဘေတထောင်ဖိုးဝယ်ပြီး ဇီးပင်အောက်ထိုင်ကာ အငောင့်ဖွင့်လိုက်ပါတော့သည်။
နောင်ဆယ်ရက်ကြာသွားသောအခါ
"တိန် တိန် ထိန်"
"ဟ ဘာလဲဟ"
"ဟာ လိုဘော့လေးပဲ"
သူက
" အင့် ဒါယူထား ဒီအခါ အလွဲသုံးစား လုပ်နဲ့တဲ့"
"yes sar"
တော်ပါသေးရဲ့ ကယ်တင်ရှင်လေး ရောက်လာလို့ပေါ့။နမို့ အလုပ်လက်မဲ့ ဖြစ်နေမှာလေ ဟုတ်တယ်မှလား။ခုဖြန့်ချီရေးက လက်ခံပေးလိုက်ပြီဆိုတော့ စားဖတ်ပရိတ်သတ်ပဲ လိုတော့တယ်။အားပေးပါဦးနော်
steemit myanmar မိတ်ဆွေသဟာအပေါင်းတို့။

ဇာတ်ကလဲ နာလိုက်တာ:::: ဟိဟီ

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ဆက်လျက်ကြိုးစားသွားပါမည်။

ကိုကိုကျော်( ခ ) ကျော်ကြီး

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရီရတေ ဖတ်ပိတော့ဟိဟိ😂😂

ကျေးဇူးပါဗျာ