မြန်မာတို့သည် ဆယ့်နှစ်လရာသီပတ်လုံး ပျော်ပွဲရွှင်ပွဲများကို ကျင်းပလေ့ရှိကြသည်။ ဆယ့်နှစ်လရာသီပွဲတော်များသည် ရာသီသဘာဝနှင့် ဆီလျော်လိုက်ဖက်လှပါသည်။ အလွန်အေးမြသည့် ဆောင်ရာသီ အလယ်လဖြစ်သည့် ပြာသိုလတွင် ဝင့်ဝင့်ကြွားကြွား စစ်ရေးစွမ်းအင်ကို ပြသသည့် မြင်းခင်းသဘင်ပွဲတော်ကို တစ်ချိန်ကကျင်းပခဲ့ကြသည်။ လှုပ်ရှားတက်ကြွစွာ သရုပ်ပြယှဉ်ပြိုင်ကြသည့် ဇာတိမာန်ပွဲက ကြည့်ရှုသူနှင့် ယှဉ်ပြိုင်သူတို့၏ သွေးများကို နွေးလာစေသည်။ နက္ခက်တာရာများ စုံညီစွာ ထွန်းပသည့် တန်ဆောင်မုန်းလတွင် နက္ခတ်ပူဇော်ပွဲသဘင်အဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ကျင်းပကြသည်။ ကြည်လင်ထွန်းပသော တန်ဆောင်မုန်းလပြည့်ညနှင့် ဆီမီဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများကို ထိန်ထိန်ညီးအောင် ထွန်းညှိကြသည့် မီးထွန်းပွဲတော်သည် အဆင်ပြေညီညွတ်လှပါသည်။ ခြောက်သွေသော ရာသီဖြစ်၍ မီးထွန်းပွဲကို လှည့်လည်ကြည့်ရှု့ရသည်မှာ ပျော်စရာ ကောင်းလှပါသည်။ ပူပြင်းသော နွေဦးရာသီတွင် အေးမြသည့် အတာရေစင် ပက်ဖျန်းကာ ရေကစားကြသည့် မြန်မာ့သင်္ကြန်ပွဲတော်ကလည်း လိုက်ဖက်လှပါသည်။ ဆယ့်နှစ်လရာသီပွဲတော်များအနက် မြန်မာ့သင်္ကြန်ပွဲတော်သည် မြန်မာ့မြေ၌ အသက်ဝင်လှုပ်ရှားမှု အရှိဆုံးနှင့် မြန်မာတို့ အပျော်ဆုံးပွဲတော်တစ်ရပ်ဟု ဆိုနိုင်ပါသည်။
သင်္ကြန်ပွဲတော်ကို အတာကူးသည့် နှစ်ဦးတန်ခူးလတွင် ကျင်းပလေ့ရှိကြသည်။ တာ၏အနက်မှာ အချိန်၊ လ၊ ရာသီ၊ နှစ် ဖြစ်ပြီး ကူးမှာ ကူးပြောင်းခြင်းဖြစ်ပါသည်။ သင်္ကြန်ပွဲတော်ဆင်နွှဲသည့် တန်ခူးလသည် နွေ၏အစဖြစ်သည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ်လောင်းသော လဖြစ်သည်။ သင်္ကြန်ချိန်နီးသည်နှင့် ပတ်ဝန်းကျင်သည် အသွေးအရောင်ပြောင်းလာသည်။ အငွေ့အသက်ပြောင်းလာသည်။ သင်္ကြန်အကြိုမိုးကြောင့် မြေသင်းရနံ့တို့ဖြင့် သင်းပျံ့နေသည်။ ကံကော်၊ အင်ကြင်း၊ ပိတောက်ရနံ့တို့ဖြင့် သင်းပျံ့နေသည်။ မြန်မာတိုသည် သင်္ကြန်ချိန်နီးသည်နှင့် လူစုကြသည်။ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် သင်္ကြန်ယိမ်းပြိုင်ပွဲများ ကျင်းပပေးသည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့အစည်းများအနေနှင့် သင်္ကြန်လုံမေချောချောလေးများကို ရှာဖွေ၍ သင်္ကြန်တိုက်ကြလေသည်။ (စကားချပ် အရင်ချိန်တွေကို သတိရမိတယ်)
သင်္ကြန်သို့ရောက်လျှင် လူကြီး၊ လူငယ်မရွေး ပျော်ကြသည်။ မြန်မာတို့သည် သင်္ကြန်ကို ချစ်သော သင်္ကြန်ချစ်သူများ ဖြစ်ကြပါသည်။ မြန်မာတို့အဖို့ သင်္ကြန်သည် မည်သည့်အခါမှ မရိုးနိုင်ပါ။ နှစ်စဉ်နှစ်တိုင်း ဆင်နွဲကြရသော်လည်း သင်္ကြန်ကို မမုန်းနိုင်ပါ။ သင်္ကြန်ခံစားမှုသည် ရိုးအီသွားသည်ဟု မရှိပါ။ သင်္ကြန်တေးသံ မြူးမြူးကြွကြွ ကြားသည်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်လာကြမြဲပင်။ အသက်အရွယ် ကြီးရင့်သူများအနေနှင့် ဥပုသ်စောင့်၊ ကုသိုလ်ပြုခြင်းဖြင့် ဆင်နွှဲနိုင်ပါသည်။ လူငယ်လူရွယ်တို့အနေနှင့် ကခုန်မြူးကြွ၍ ပျော်ရွှင်ကြည်နူးနိုင်သလို ရေကစားခြင်းဖြင့်လည်း ပျော်နို်င်ပါသည်။ ရှေးခေတ်က မြန်မာပီပီ ငွေဖလားနှင့် ရေကစားကြသည်။ သပြေခက်နှင့် ရေပတ်ကြသည်။ (ယခုငွေဖလားထဲနံ့သာရေထည့်ပြီးသပြေခက်နှင့် ရေပတ်တာ ဝန်ကြီးဌာနများတွင်သာ ဝန်ကြီးများကို ပတ်တာတွေ့ရတော့သည်။) ယနေ့ခေတ်တွင် ရေပိုက်များဖြင့် လောင်းပတ်ကြသော်လည်း သင်္ကြန်တွင် အပြစ်မမြင်ကြပါ။ မြန်မာ့သင်္ကြန်ပွဲကို မြို့ကြီးပြပြီးများ၌သာမက ကျေးလက်တောရွာများ၌လည်း ဆင်နွှဲကြသည်။ သင်္ကြန်ရောက်လျှင် တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်နယ်လုံး၊ တစ်နိုင်ငံလုံး သက်ဝင်လှုပ်ရှားနေတတ်ပါသည်။
ကုသိုလ်ရေးကို အားပေးသည့် မြန်မာတို့သည် သင်္ကြန်းတွင်း၌ မုန့်လုံးရေပေါ်များလုံး၍ ဝေငှကြသည်။ မုန့်လုံးရေပေါ်ထဲ၌ ငရုတ်သီးစိမ်းထည့်၍ ကျီစယ်လေ့ရှိကြသည်။ မုန့်လက်ဆောင်း၊ သာကူ၊ ရွှေရင်အေးစသည့် မြန်မာမုန့်များသည် သင်္ကြန်နှင့်လိုက်ဖက်သည်။ မုန့်အမျိုးမျိုးလုပ်၍ စတုဒီသာ ကျွေးကြသည်။ နှစ်သက်ရာမုန့်များလုပ်၍ အိမ်နီးချင်းများကို ဝေကြသည်။ လူကြီးသူမတို့အား ရေကန့်တော့ခြင်း၊ ခေါင်လျှော်ပေးခြင်း၊ လက်သည်းခြေသည်းများ လှီးဖြတ်ပေးခြင်း စသည့် ကုသိုလ်များ ပြုကြပါသည်။ ဘုရား၊ ပုထိုးစေတီများသို့ သွားရောက်၍လည်း ရေသပ္ပါယ်ကြပါသည်။ မြန်မာ့စိတ်ဓာတ် အလှကို ဖော်ပြသည့် သင်္ကြန်ရှုခင်းပင် ဖြစ်ပါသည်။ မြန်မာပြည်သူတိုင်းချစ်သော သင်္ကြန်သည် အများအားဖြင့် အပျော်အပြုံးများဖြင့်သာ တုံ့ပြန်တတ်သည်။ ကလေးငယ်များပင် ရေပြွတ်၊ ရေခွက်ကလေးများဖြင့် ပျော်ပျော်ရွှင်ရွှင် ရေကစားကြပါသည်။ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ကို မူးယစ်သောက်စားမှုဖက်ကာ အပြုအမူရိုင်းတို့ ပါဝင်လာသည်မှာ စိတ်ပျက်ဖွယ် ဖြစ်ပါသည်။ အရက်သေစာသောက်စား၍ အပျော်ကျူးကာ လှောင်ပြောင်မှုများ လွန်ကဲရာမှ ရန်ပွဲများ ဖြစ်တတ်ပါသည်။ (ယနေ့ခေတ်တွင် သင်္ကြန်ဆိုသည်မှာ မိန်းကလေး၊ ယောကျာ်းလေး တရားဝင် အရက်သောက်ခွင့်ရှိသော ပွဲတော်တစ်ခု ဖြစ်နေသည့်အလား)
ပုဂံခေတ်တွင် နရသီဟပတေ့မင်းသည် မိဖုရားမောင်မမိဿံများနှင့် မြစ်ဆိပ်တွင် ရေကစားခဲ့သည်။ မိဖုရားစောလုံကို ကျီစယ်လိုသောကြောင့် ရေရွှဲရွှဲစိုအောင် ပတ်စေသည်။ မိဖုရားစောလုံသည် အရှက်ရကာ မင်းကြီးအား အဆိပ်ခပ်တုံ့ပြန်ခဲ့သည်ဟု စာအုပ်ထဲတွင်ဖတ်ခဲ့ဖူးပါသည်။ နရသီဟပတေ့နှင့် စောလုံကဲ့သို့ အချစ်မှသည် အမုန်းရန်ငြိုးအသွင်သို့ မဖြစ်ရလေအောင် အပျော်မလွန်ရန် အရေးကြီးပါသည်။ သင်္ကြန်ချစ်သူ မြန်မာတို့အနေနှင့် သင်္ကြန်ကိုချစ်လျှင် ချစ်စရာသင်္ကြန်ဖြစ်စေရန် ကိုယ်၊ စိတ်၊ နှုတ်၊ နှလုံး အမူအရာများကို စောင့်ထိန်း၍ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲကို ဆင်နွှဲပျော်ရွင်သင့်ပါတယ်လို့ ရေသားတင်ပြလိုက်ပါသည်။
MSC-047
@kokyawzinphyo
Credit; Facebook Image
သင်္ကြန်မှာ မုန့်လုံးရေပေါ်စားရတာကြိုက်တယ် သင်္ကြန်မုန့် ဘာမဆိုကြိုက်တယ်လေ😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဟိ စာတွေမျာကြီးရေးထားတာ အစားအသောက်ပဲ မြင်သွားတယ် 😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဟိ ကိုယ်တေက အစားလေ 😇ဒါနဲ့ ပုံလေးတွေ crd သေချာပေးအုံးကွီးရေ....😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့်မြန်မာပြည် နှစ်သစ်ကူးပွဲတော်ကိုပါဝင်ဆင်နွဲခွင့်
မရရှိတာ အခုဆိုတော်တော်ကြာပါပီဗျာ ဒါကြောင့် သင်္ကြန်ကို
အရမ်းသ၂ိရတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တခါလောက်တော့ပြန်လာခဲ့ပါ ကိုသာအေးရေ အတူတူပျော်ကြတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဗျာပြန်တော့လာဖြစ်မယ်ဒါပေမယ့်ဒီနှစ်သင်္ကြန်တော့မမှီတော့ပါဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်ရောက်ပြီဆိုတာနဲ့ ပျော်နေရောဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Shake Lite Par Ohn hee hee

တီတီ ကတော့ မုန့်လက်ဆောင်း .. ကြိုက်တယ်
"ရေပက် " မဟုတ်လား ..
" ရေပတ် " ဖြစ်နေလို့ ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြင်လိုက်မယ် တီတီ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်စရာ ယဉ်ကျေှးု အမွေ အနှစ်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်အကိုရေ

ဖတ်လို့ ကောင်းတယ် သင်္ကြန်တောင်ကျချင်လာပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်မြန်မြန်ရောက်ပါတော့ဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေမစိုရ မနေနိုင်ဘူး သင်္ကြန်ဆိုလျှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ရေလေးစိုလိုက်ရမှ နေသာထိုင်သာရှိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခါသင်္ကြန်မှာ အိမ်တွင်းပုန်းလေးလုပ်တော့မယ်ဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိမ်တွင်းပုန်းတာ မကောင်းပါဘူးဗျာ သင်္ကြန်ရေလေးထိတွေ့မှ နေလို့ထိုင်လို့ကောင်းသဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်ဆိုပျော်တယ် ကဲမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော်ပါ ကဲပါ မပျက်အောင်လဲထိမ်းဖို့လိုတယ်ညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ ဟုတ်ပ တရားဝင် အရက်သောက်ပွဲတော်ကြနေတာဘဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်လို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နိဒါန်းချီတာရှည်လွန်းတာကလွဲလို့ အကုန်ကောင်းမွန်ပါတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာဖေဖေရဲ့ ချီးကျူးစကားဟာ သားအတွက် အားတစ်ခုပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်နီးပြီနော့....ရေးပြတာဖတ်လို့ကောင်းပါတယ်...good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမရေ ဖတ်လို့ကောင်းတယ်ဆိုလို့
ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံမြင်ရတာနဲ့တောင်သင်္ကြန်လည်ချင်ပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရောက်ခါနီးပါပြီ ရက်ပိုင်းပဲလိုတော့တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာတွေဟာ သင်္ကြန်ကိုချစ်သော သင်္ကြန်ချစ်သူတွေပဲဖြစ်ကြပါတယ်။အပျော်ဆုံး နှစ်သစ်ကူးပွဲတော် တစ်ခုပဲဖြစ်တယ်လို့ ရေးထားတာလေးတွေ ကြိုက်ပါတယ်။သင်္ကြန်ဆိုတာကြားတာနဲ့တင် စိတ်က active ဖြစ်နေပြီခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကို active ဖြစ်နေတာ 😁😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်ကျရင်အတာကျတဲ့သူတွေဆီမှာလိုက်စားမယ်ဗျို့ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့တာအကောင်းဆုံးပဲပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်ချိန်မှာ အိမ်နီးနားချင်းက အိမ်တွေမှာ မုန့်လိုက်စားရတာက ပျော်စရာပါ(အစားကြီးသူမို့ပါ)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Shake Lite Par Ohn hee hee
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန် နွဲချင်နေပြီ အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကို active ဖြစ်နေတာ

သက်ြန်ကိုတစ်ခါမှမလည်ဘူးဖူး
မူးရူးတဲ့လူတွေများလို့လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်အကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ကြန်ဟာ သင်္ကြန်နဲ့တောင်မတူတော့ပါဘူးဗျာ။ သီလစောင့်ထိန်းရမယ့်အချိန်ကို မူးရူးနေကြတယ်။ ရေဆော့တာတော့ဆော့ပေါ့လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပေါ့ဗျာ စိတ်ထဲမကောင်းဘူး

သင်္ကြန်တောင် မြန်မြန်ရောက်ခြင်သွာစပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကို active ဖြစ်နေတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာသင်္ကြန်ဟာ တစ်ဖြည်းဖြည်းနဲ့ ပျက်စီးလာနေတာတော့ စိတ်မကောင်းစရာပါပဲ