ကျနော်လူမှန်းသိတတ်စအရွယ် ကျနော့်အဖိုးပြောပြသည်များနားထောင်ရင်း စိတ်မကောင်းဖြစ်မိသည်။ ကျနော့်အဖိုးဖြစ်သူမှာ... တစ်ချိန်က ကောလိပ်ကျောင်းသား ဆွေကြီးမျိုးကြီး မိဘတွေက ငွေရှိသူဖြစ်ပေမယ်၊့ အချစ်အတွက်နဲ့ အရာရာကိုပေးဆပ်ပြီး၊ မိဘတွေသဘောမတူတဲ့ မိန်းမ(ကျနော့်အဖွား)ယူပြီးနောက်ပိုင်း၊ အမွေလည်းပြတ် မိဘလည်းဆုံး၊ နောက်ဆုံး မယားဖြစ်သူပါ ဆုံးပါးသွားတော့၊ သားသမီးသုံးယောက်နဲ့အတူ လောကကြီးထဲတွင် အချိန်လွန်နောတတွေနဲ့ ရုန်းကန်လှုပ်ရှားရလေတော့သည်။
အမိမဲ့သား ရေနည်းငါးဆိုသလို သားသမီးတွေအတွက် အမေဆိုလည်းဟုတ် အဖေဆိုလည်းဟုတ်တဲ့ ကျနော့်အဖိုးအဖြစ်သူမှာ ငွေရဖို့အတွက် ဘာအလုပ်ဖြစ်ဖြစ် သူလုပ်သည်၊ အဖိုးလုပ်သည့်အလုပ်မှာ သားသတ်သမား အလုပ်ဖြစ်လေသည်။ ထိုသားသတ်သမားအလုပ်ဖြစ် သားသမီးတွေကို လူကြားထဲမျက်နှာမငယ်ရအောင် ပညာရေးဆုံးခန်းတိုင်အထိ ထားနိုင်ခဲ့သည်... လူတန်းစေ့ ကျွေးနိုင်မွေးနိုင်ခဲ့သည်။ သို့သော်.... သားသတ်သမားအလုပ်ဖြစ်သည့်အတွက် အကုသိုလ်တွေကတော့ နေ့စဉ်နဲ့အမျှ ဒီရေအလား တိုးပွားလာသည်၊ တစ်ညမှာတော့... ကျနော့်အဖိုးဖြစ်သူမှာ အိမ်မက် မက်လေသည် အိမ်မက်ထဲတွင် အဖိုးသတ်ခဲ့သော ကျွဲ၊နွား၊ဝက် တိရစ္ဆာန်များမှာ ကြောက်စရာ ပုံသဏ္ဍန်များဖြင့် အဖိုးအား လာရောက်ခြောက်လန့်လေတော့သည်။ ထိုအခါ အဖိုးဖြစ်သူမှာ ကံကို ဥာဏ်ဖြစ် ဆင်ခြင်လေတော့သည်... သားသမီးတွေလည်း အရွယ်ရောက်လို့ ပညာလည်းဆုံ ကြင်ယာလည်းဆုံကြပြီမို့ သားသတ်အလုပ်ကို စွန့်လွတ်ပြီးတော့ တစ်ဝမ်းတစ်ခါးအတွက် အခြားကြုံရာကျပန်း အလုပ်ကိုလုပ်ပြီးတော့ ဘဝကို အေးဆေးစွာဖြတ်သန်းပြီး ဘာသာရေးကို အဓိကထားပြီးတော့ လုပ်လေတော့သည်။
သားသမီးသုံးယောက်စလုံး အိမ်ထောင်တွေကျပြီး ကိုယ့်အိုးကိုယ့်အိမ်ဖြစ် အသီးသီးခွဲနေကြလေတော့ အဖိုးဖြစ်သူမှာ အိမ်ထဲတစ်ယောက်ထဲနေရတော့ မနေချင်တော့ပဲ ရွာဦးဘုန်းကြီးကျောင်း ဆရာတော့်ထံတွင် ဝေယျာဝစ္စများ လုပ်ကိုင်ပေးရင်း ဆရာတော့်ထံတွင် တရားဘာဝနာများနဲ့ တရားကျင့်စဉ်များကို ဆည်းပူးလေတော့သည်။တစ်ကယ်တော့ အဖိုးရဲ့ ရည်ရွယ်ချက်မှာ... တစ်ချိန်က မရည်ရွယ်ပဲ မလုပ်ချင်ပဲနဲ့ သားသမီးတွေအတွက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ သားသတ်သမားအလုပ်ကို လုပ်ကိုင်မိခြင်းကြောင့်၊ ပြီးတော့... အဖိုးရဲ့စိတ်နဲ့ပဲ အဖိုးရဲ့မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခြင်းကြောင်၊့ ပြီးတော့... အဖိုးရဲ့ နိုပ်စက်မှု့ဒဏ်တွေကို ခါးစီးခံရင်း အချိန်မတိုင်ပဲနဲ့ လောကကြီးထဲကနေ ထွက်ခွာသော မယားဖြစ်သူကြောင့် နောင်တတွေ အကြီးကြီးရပြီး သံသရာကို ကြောက်ရွံ့လာ၍ ရွာဦးဘုန်းကျောင်းတွင် သွားရောက်နေထိုင်၍ ဆရာတော်ဘုရားကြီးရဲ့ ဝေယာဝစ္စများ လုပ်ကိုင်ပေးရင်းနဲ့ တရားများ ကျင့်ကြံခြင်းဖြစ်လေသည်။
ဒီလိုနဲ့ ရွာဦးဘုန်းကြီးကျောင်းတွင် နေလာခဲ့ရာ တစ်နေ့ ရွာဦးကျောင်း ဆရာတော်ဘုရားကြီးမှာ အဖိုးအား မိန့်ကြားတော်မူလေသည်
"ကဲ ဒကာတော် မောင်ဘဂျမ်း ကျောင်းမှာနေလာတာ အခုဆိုရင် နှစ်ဝက်လောက်ရှိပြီ တရားကျင့်စဉ်တွေလည်း ရလောက်ရောပေါ့ ဒီတော့ ဘုန်းကြီးကျောင်းဆိုတာက ပုထုစဉ် လူသားတွေရဲ့ ရေရှည်နေဖို့အတွက် နေရာထိုင်ခင်းတစ်ခု မဟုတ်သလို အပ်လည်း မအပ်ဆပ်ဘူးကွဲ့၊ ဒကာမောင်ဘဂျမ်းအနေနဲ့လည်း တရားကျင့်စဉ်တွေ လိုက်နာနိုင်ပြီဆိုတော့ တစ်ချိန်က မောင်ဘဂျမ်းရဲ့ အကုသိုလ် ဝဋ်ကြွေးတွေကို သံသရာအထိ မသယ်သွားပဲ ဒီဘဝ ဒီခန္ဓာနဲ့ဆပ်နိုင်ဖို့အတွက် ဝိပဿနာ တရားကျင့်စဉ်ကို ဘုန်းဘုန်းကနေပြီးတော့ တိုင်ပေးမယ် ဒကာမောင်ဘဂျမ်း ကြိုးစားကျင့်ကြံပေတော့ကွယ်"
ဒီလိုနဲ့ ရွာဦးကျောင်း ဆရာတော်ဘုရားကြီးမှာ အဖိုးအား ဒီဘဝ ဒီခန္ဓာနဲ့ အကုသိုလ် ဝဋ်ကြွေးများ ကြေအောင်ဆပ်နိုင်ဖို့အတွက် ဝိပဿနာ တရားများအား ဘေးကနေပြီး တိုင်ပေးလေသည် ကျနော့်အဖိုးသည် ထိုတရားများ ကျင့်ကြံအားထုတ်စဉ်(အဖိုး ပြောပြချက်အရ)မျက်လုံးမှိတ်ထားသောလည်း မျက်စိထဲတွင် မကောင်းဆိုးဝါးတွေကို မြင်နေရသည် အဖိုးအား လာရောက်ခြောက်လန့်ကြသည် ဇောချွေးတွေလည်း ပြန်လာသည်။ ဒါကို ဘေးကနေပြီးတော့ တိုင်ပေးနေသော ဆရာတော်ဘုရားကြီးလည်း သိနေသည်။
"ဒကာမောင်ဘဂျမ်း ဆပ်စရာရှိတာကို ဒီဘဝမှာတင် ဒီခန္ဓာနှင့် ကြေအောင်ဆပ် သံသရာအထိ မသယ်သွားနဲ့ မြင်ရင်မြင်တယ်မှတ် ကြားရင်ကြားတယ်မှတ် နာရင် နာတယ်မှတ်"
ဘေးကနေ ဆရာဘုရားကြီးကနေပြီး တိုင်ပေးသည့်အတိုင်း တရားအားထုတ်ရာ ဟိုဟာ ဒီဟာ ဆက်ပြီးမမြင်ရတော့ပဲ ခန္ဓာကိုယ်ကနေပြီးတော့ ဟိုနားက အောင့်လိုက် ဒီနားကအောင့်လိုက် တစ်ဖြည်းဖြည်း တစ်ကိုယ်လုံးကို မီးစနဲ့ထိုးသလို ပူလာလိုက် ခန္ဓာကိုယ်က တွန့်သွားလိုက်နဲ့ ဒါကို ဆရာတော်ဘုရားကြီးက သိတော့ သတိပေးလိုက် ဒီလိုနဲ့ပဲ အဖိုးရဲ့ ဝိပဿနာ ဒီဘဝ ဒီခန္ဓာနဲ့ ကြေအောင်ဆပ်နည်း တရားကျင့်စဉ်မှာ အောင်မြင်ပြီးဆုံးသွားလေတော့သည်။
ဒီလိုနဲ့ ကျနော့်အဖိုးလည်း ကျောင်းကနေထွက်ပြီး အိမ်မှာပြန်နေတော့ဖို့အတွက် ဆရာတော်ဘုရားကြီးအား ဦးချကန့်တော့လေတော့သည်။ထိုစဉ် ဆရာတော်ဘုရားကြီးမှ မိန့်ကြားတော်မူလေသည်....
"ဘယ်လိုလည်း ဒကာမောင်ဘဂျမ်းရဲ့ ဘုန်းဘုန်းက ဘုန်းကြီးကျောင်းဆိုတာက ပုထုစဉ် လူသားတွေရဲ့ ရေရှည်နေဖို့အတွက် နေရာထိုင်ခင်းတစ်ခု မဟုတ်သလို အပ်လည်း မအပ်ဆပ်ဘူးဆိုတာကို မိန့်ကြားခဲ့လို့များ ကျောင်းကနေ ထွက်သွားတော့မလို့လားကွဲ့"
"တင့်ပါ့ အဲ့လိုလည်း မဟုတ်ရပါဘူးဘုရား"
"အေးကွယ် ဒကာမောင်ဘဂျမ်းကို ဘုန်းဘုန်းဆိုလိုချင်တာက သံသရာ ဝဋ်ဆင်းရဲ ဒုက္ခကို ကျော်လွှားနိုင်ဖို့ဆိုတာ သာသနာ့ဘောင်တစ်ခုပဲရှိတယ်ကွဲ့"
"တင်ပါ့ တစ်ပည့်တော် နားလည်သဘောပေါက်ပါတယ်ဘုရား ဒါပေမယ့် တစ်ပည့်တော် အနေနဲ့ သံဃာတော်တွေရဲ့ ဝိနည်းတွေ မလိုက်နာနိုင်သေးလို့ပါဘုရား"
"အိမ်းး ဒါဆိုလည်း ဘယ်တတ်နိုင်မတုန်းကွယ် ဒါနဲ့ ဒကာမောင်ဘဂျမ်းကို ဘုန်းဘုန်းအနေနဲ့ မိန့်ကြားမှာယူစရာ ရှိတယ်ကွဲ့"
"တင်ပါ့ဘုရား"
"ဒကာမောင်ဘဂျမ်း နားလည်သဘောပေါက်အောင် လိုရင်းကိုပဲ မိန့်ကြားမယ်... ဒီလိုကွဲ့ လူတွေ တစ်နေ့တစ်ခါ ဘာကြောင့် ရေချိုးရသလဲ ဒကာမောင်ဘဂျမ်း သိမှာပေါ့"
"တင်ပါ့ ခန္ဓာကိုယ် ညစ်ပတ်ပေကျံပြီးတော့ နံစော်နေလို့ ရေချိုးရပါတယ်ဘုရား"
"အိမ်းး ဒီတော့ ခန္ဓာကိုယ် ညစ်ပတ်ပေကျံ နံစော်နေလို့ တစ်နေ့တစ်ခါ ရေချိုးရတယ်ဆိုရင် စိတ်မှာပေကျံနေတဲ့ အညစ်အကြေးတွေကိုကော ဆေးကြောဖို့ မလိုဘူးလားကွဲ့"
"တင်ပါ့ လိုပါတယ်ဘုရား တစ်ပည့်တော် နားမလည်လို့ ဆက်ပြီးမိန့်ကြားပေးတော်မူပါဘုရား"
"ဒီလိုကွဲ့ ဒကာမောင်ဂျမ်းရဲ့ လူတွေဟာ နေ့စဉ်နဲ့အမျှ အကုသိုလ်တွေ များကြတယ်ကွဲ့ မြင်နေ ကြားနေ ပြောနေသမျှ ကာလပတ်လုံး နာရီ မိနစ် စက္ကန့်မခြားပဲနဲ့ကို စိတ်မှာ အညစ်ကြေးတွေ ပေကျံနေကြတယ် ဒီလိုညစ်ပတ်ပေကျံနေတဲ့စိတ်ကို ဆေးကြောဖို့ဆိုတာ တရားထိုင်ခြင်းအလုပ်ကို တစ်နေ့တစ်ခေါက် မလုပ်နိုင်တောင် တစ်ပတ်တစ်ခါတော့ လုပ်သင့်တယ်ကွဲ့ ရေတောင်မှ နေတိုင်းချိုးနေသေးတာပဲ မဟုတ်လား ဒကာမောင်ဘဂျမ်း"
"တင်ပါ့ တစ်ပည့်တော် နားလည်သဘောပေါက်ပါပြီ နာယူမှတ်သား လိုက်နာ ကျင့်ကြံပါ့မယ်ဘုရား"
"အိမ်းး သာဓုကွယ် သာဓု သာဓု သာဓု...."
ဒီလိုနဲ့ ကျနော့်အဖိုးဖြစ်သူမှာ ရွာဦးဘုန်းကြီးကျောင်းတွင် နေခဲ့စဉ်က ဆရာတော်ဘုရားကြီးရဲ့ သင်ပြဆုံးမမှု့ သြဝါဒတွေကြောင့် တရားများကျင့်ကြံအားထုတ်ရတာကိုလည်း အကျင့်တစ်ခုဖြစ်လာသည်။ နောက်ပိုင်းတွင် အများအကျိုးသယ်ပိုးမည်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကျနော့်အဖိုးဖြစ်သူမှာ မြန်မ့ာတိုင်းရင်းဆေး နည်းပညာများကိုလည်း လေ့လာလိုက်စားလေသည်၊၊ ထိုမှ တစ်ဆင့် မနောစိတ္တပ ဂိုဏ်းထဲသို့ ဝင်ရောက်လေသည်။ဤနေရာတွင် အဖိုးပြောပြချက်အရ မနောစိတ္တပသည် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲရသည် အထူးသဖြင့် သက်သက်လွတ်စားရလေသည်။
ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)
နောက်ထပ် ဆက်ရေးမယ့်အပိုင်းတွေကို မျှော်နေပါ့မယ် အဆင်ပြေရင် မနောစိတ္တပအဖွဲ့အကြောင်း ရေးပေးပါဦးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖိုးအကြောင်း
မျှော်လို့မရတော့ဘူး
အခုရေးတာ ဇာတ်သိမ်းပါ
မနောစိတ္တပဆိုတာ ကျနော်လည်း
အဖိုးပြောပြလို့သာ ကြားဖူးတာပါဗျာ
အဲ့အကြောင်းရေးဖို့တာ လွယ်တော့မလွယ်ဘူး
ကိုယ်တိုင်ကိုယ်ကျလေ့လာပြီးရေးမှရမှာ ကိုစောရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မကောင်းဖက် အကောင်းဖက် သိတဲ့အချိန်မှာ ကူးနိုင်တာဟာ တကယ်တော်တဲ့ အပြုအမူမျိုးဘဲ့။တစ့်ရှိတယ်လေ မကောင်းမှန်းသိရက်နဲ့မိုက်နေကြတာတွေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Broပြောတာ
မှန်ပါတယ်ခင်ဗျာ
တစ်ချို့တွေ မှားမှန်းသိရက်
အချိန်မှီ အမှားကို မပြင်ဆင်နိုင်ဘူး
ပျက်အစဉ် ပြင်ခဏပေမယ့် ပြင်ရမှာကို
တစ်ချို့လူတွေက အတော်ဝန်လေးနေကြတယ်
ထီးနဲ့ဖိနပ်မပာ နွေအခာသိ ဒါနနဲ့သီလမပါရင် သေခါမှသိ ဆိုသလိုပေါ့ ကျနော့်အဖိုးက သူမသေခင် အချိန်မှီ အကုသိုလ် အလုပ်ဖြစ်တဲ့ သားသတ်သမားအလုပ်ကို စွန့်လွတ်ပြီးတော့ ကောင်းတာတွေ လုပ်နိုင်ခဲ့တာ အဖိုးအတွက်တော့ ဝမ်းသာစရာပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း
ကိုလင်းရဲ့အဖိုးဇာတ်လမ်းကလည်း
ဖတ်လို့ကောင်းနေပြန်ရောပဲ
ဘုန်းဘုန်းက ဘုန်းကြီးဝတ်ဖို့ အရိပ်ပြတာကိုသိပေမယ့်
ဘုန်းကြီးမဝတ်ပဲ ဆေးဆရာလိုင်းဘက်လိုက်ခဲ့တာပေါ့နော်
တရားပေးတဲ့ဘုန်းဘုန်းကလည်း သီလသမာဓိရှိတဲ့သူဖြစ်သလို နာယူသူကလည်း အာရုံစူးစိုက်မိတယ်ထင်တယ်
တတရားရဲ့အနှစ်ကိုခံစားသွားရတယ်။
ဒါနဲ့ စောစောကရေးတုန်းက ဒုတိယပိုင်းဆို
ခုက ဇာတ်သိမ်းလိုက်ပီလား😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျ
ဘုန်းကြီးဝတ်ရမှာ
ဝိနည်းတွေ မလိုက်နာနိုင်ရင်
အပ္ပါယ်ကျမှာလည်း ကြောက်လို့ထင်တယ်
ဆေးဆရာလိုင်းလိုက်တာကတော့ သူဝါသနာပါလို့
ဖြစ်မယ်ဗျ ဘုန်းဘုန်းဟောတဲ့ တရားကတော့ ကျနော်လေ့လာမိသလောက်ထဲကနေပြီးတော့ကြဖန်ပြိတော့ ရေးထားတာပါ ပထမက ဒုတိယပိုင်းဆိုပေမယ့် စာရေးတာ မှားသွားလို့ ဇာတ်သိမ်းဆိုပြီး ပြန်ပြောင်ရေးလိုက်တာပါ ဇာတ်က မသိမ်းလို့မရတော့ဘူး အဖိုးကြောင်းရေးရတာဆိုတော့ မြေးတစ်ယောက်အနေနဲ့ သိပ်မသိဘူးလေ မသိဆို ကိုယ်မှ မမွေးသေးတာ ဘယ်လိုလုပ်ပြီး သိမှာလည်း ကိုဇော်ရေ 😛😛😛😛
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူရယ်လို့ဖြစ်လာပီး အမှားများစွာ ကြုံတွေ့ကြရပါတယ် ။ သို့သော် တရားများကျင့်ကြံအားထုတ်ခြင်းအား စူးစိုက်လုပ်ဆောင်သွားကြမည်ဆိုလျင် အမှားကင်းစင်လာပြီး ငြိမ်းချမ်းသော ဘ၀ကို ပိုင်ဆိုင်လာကြမည်မလွဲပေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ခင်ဗျာ
တစ်ချို့တွေကြတော့လည်း
ပထမအရွယ်မှာ ပညာရှာကြတယ်
ဒုတိယအရွယ်မှာ စီးပွားရှာကြပာတယ်
တတိယအရွယ်ရောက်မှ တရားရှာကြတယ်
ဒါပေမယ့် သေခြင်းတရားက အရွယ်သုံးပါးမရွေးပါဘူး
နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝမှာ အမှားကင်းစင်အောင် နေနိုင်ရင်တော့အကောင်းဆုံးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရော အဖိုးလိုပဲဆေးကုတတ်လားဗျ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော့်အဖိုးလောက်တော့ ဘယ်ကုတတ်ပါ့မလည်း
အဖိုးက ဆေးဆရာလေ ဆေးဆရာဆိုလည်းဟုတ်တယ် ဂိုဏ်းဆရာဆိုလည်းဟုတ်တယ် ဂိုဏ်းဆရာဆိုတာ သိုးလောကကို ပြောတာမဟုတ်ဘူးနော်တော်ကြာမှာနေမှာဆိုးလို့ ငိငိငိ
စတာပာဗျာ ကျနော်က ဘယ်လိုလုပ်ပြီးဆေးကုတတ်မှာလည်းဗျာ ရမ်းကုမယ်ဆိုရင်တော့ ကုတတ်တယ် broစီဆာစုပိုင်မင်းရေ ခွိခွိခွိ😜
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ရတာတော့ အရသာရရှိတယ်ဗျာ..
ကျနော်လည်း အဖိုးအကြောင်းရေးအုံးမှပါ..
အကို့လို စေ့စေ့ရေး တွေးတွေးပြီး မြင်အောင်ရေးဖို့တော့ ခက်တယ်.😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရသာရှိမှာပေါ့ကွယ် အရသာရှိအောင် ဆားနည်းနည်းခပ်ထားတာပါ ခိခိ broလည်း အဖိုးအကြောင်း ရေးမယ်ဆိုတော့ ကောင်းတာပေါ့ မြေးတစ်ယောက်အနေနဲ့ အဖိုးအကြောင်းရေးတာ ဂုဏ်ယူစရာပါ သိသလောက်လေးရေးလည်း ရပါတယ် အားပေနေပါ့မယ်ဗျာ ကျနော်ရေးတာ စေ့စပ်တာ ဟုတ်ပါဘူးဗျာ အတွေ့အကြုံလေးနဲ့ ဗဟုသုတလေးနဲ့ အဖိုးပြောပြတဲ့ အကြောင်းအရာလေတွေကို ပေါင်းစပ်လိုက်တော့ ကောင်းတယ်ထင်နေတာပါ တစ်ကယ်တော့ စာရေးဆရာတစ်ယောက် မဟုတ်တော့ ဒီထက်ပိုကောင်းအောင် ဘယ်ရေးနိုင်ပါ့မလဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့်အဖိုးရဲ့ အကြောင်းကလည်း ထိုင်းနိုင်ငံရောက် အတွေ့ကြုံများမှပဲလားဗျ😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟဲဟဲ
ရေးတာ
အဖိုးအကြောင်း
ရေးတာပါပဲခင်ဗျာ
ထိုင်းနိုင်ငံအကြောင်း
ရေးတာမှ မဟုတ်တာဗျာ
ကိုဟိန်းကလည်း နောက်ပါနဲ့
အောက်ဆုံးမှာ ထိုင်းနိုင်ငံရောက်
အတွေ့အကြုံများဆိုပြီး ပါသွားတာက
ကော်ပီပတ်စ်လုပ်တာ မေ့ပြီးတော့ပါသွားတာ
အခုလို အမြဲတန်း ကျနော်ရေးတဲ့ဆောင်းပါးတွေကို
လာရောက်ပြီးတော့ ဖက်ရှု့အားပေးတာ ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုလင်း အရေးအသား အရမ်းတိုးတက်သွားပြီနော် တကယ် ပဲ အဖိုးအကြောင်းနဲ့တူ စကားပြောခန်းလည်းထည့်သွားတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုဗီးရေ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုလင်းရေးသားတာတွေဖတ်ပြီး မသိသေးတာတွေသိရလို့ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အများကြီးကျေးဇူးတင်ပါတယ် တစ်ခုခုရသွားတယ်ဆိုရင် ကျေနပ်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖိုးက နည်းလမ်းကောင်းတွေကိုသဘောပေါက်နားလည်ခဲ့ ဝမ်းသာပီတိဖြစ်မိပါတယ် ကိုလင်း ဘုန်းကြီးရဲ့ဆုံးမစကားလေးက မှတ်သားစရာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်းး
ကိုညီရေ
ဟုတ်ပါတယ်
သဘောပေါက်တာ
မြန်ပေလို့ နို့မဟုတ်ရင်
ကျောပေါက်မှဗျ အဟီးဟီး
ဗုဒ္ဓဘာသာဝင်ဆိုတော့ ဘုန်းကြီး
အဆုံးမတွေကတော့ နာယူမှတ်သားစရာတွေပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တရားသဘောလေးတွေပါ ရှင်းနေအောင်ရေးထားတာ ကောင်းလွန်းတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခိခိ
ဟုတ်ကဲ့
ကျေးဇူးပါဗျ
အခုလိုလာရောက်
ပေးတာကို တရားသဘော
နဲ့ ရေးတာကတော့ အဖိုးပြောတဲ့
အထဲမှာ အဲ့အကြောင်းတွေတော့ မပါဘူး
ဒီလိုပဲ အစပ်အဟက်တည့်အောင် ရေးထည့်တာပါ
အခုလိုလာရောက်ပြီး ဖက်ရှု့ပေးတာ ကျေးဇူးတင်ပါတယ်bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ငြိမ်အောင်ထားနိုင်သွားရင်အားလုံးကိုကျော် ဖြတ်သွားနိုင်တယ်ထင်တယ်နော့်ဘဒို
တရားတော့သိပ်နားမလည်သေးဖူး
ကျန်တော့်အမြင်လေးပြောကြည့်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း
စိတ်က
ငြိမ်ရင်တော့
ကောင်းပါတယ်
ဒီစိတ်ကြောင့်နဲ့ဘဲ
လူတွေ အပ္ပါယ်ကျတာ
သွားလည်းဒီစိတ် လာလည်း
ဒီစိတ် ဆင်ခြင်နိုင်မှ တော်ကာကျ
နို့မဟုတ်ရင်တော့ အပ္ပါယ်ကျဖို့များတယ်
ဟဲဟဲ ကျနော်လည်း တရားအကြောင်းပြောတာ
မသိရင် သိသလို တတ်သလိုနဲ့ ထင်ကုန်ကြအုံးမယ်
တစ်ကယ်တော့ သိလို့ တတ်လို့တော့ ဟုတ်ပါဘူးဗျာ.... တမင်တစ်ကာ မန့်ရှည်အောင်လို့ လိုက်ရေးနေတာ ခ်ခ်ခ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ငယ်လေးကတည်းကနှစ်ဘက်စလုံးကအဘိုးအဘွားတွေ
မရှိကြလို့ အပြည့်အဝတော့မခံစားတတ်ဘူး
ဒါပေမဲ့ ကိုလင်းရေးထားတာလေးကိုဖတ်ပြီး
မျှဝေလို့ရပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖိုးအဖွားတွေကို
မမြင်ဖူးခဲ့ဘူးဆိုတော့
စိတ်မကောင်းပါဘူးခင်ဗျာ
ကျနော်လည်း အဖိုးပဲမြင်ခဲ့ဖူးတာ
အဖွားတော့ မမြင်ခဲ့ဖူးဘူးဗျာ အခုလို
ဖက်ရှု့ခံစား အားပေးတာ ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖိုးအကြောင်းရေးသွားတာတော့စုံလင်နေတာပဲကိုလင်းရေ lကိုလင်းကိုတောင်အားကြလာပြီဗျ
ဘာလို့ဆိုကျွန်တော်မှာအဖိုးဆိုတာမမြင်ဘူးလိုက်ရဘူးရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖိုးဆိုတာ မမြင်ခဲ့ဖူးဘူးဆိုတော့
စိတ်တောင်မကောင်းဘူးဗျာ အခုလို ဖက်ရှု့အားပေးတာ ကျေးဇူးတင်ပါတယ်bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လဲ အဖိုးအကြောင်းရေးချင်တယ်ဗျာ
ဒါပေမဲ့ ကျွန်တော်အဖိုးနဲ့ အဖွားက ကျွန်တော်ခက်ငယ်ငယ်
အရွယ်လောက်ထဲက ဆုံးပါးသွားကြလို အခုလိုမျိုး
ရေးသားပြချင်ပေမယ့် မရေးသားနိုင်ဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထပ်တူထပ်မျှ
ခံစားရပါတယ်ဗျာ
အဖိုးအဖွားတွေကို မမြင်ဖူးဘူးဆိုတော့
စိတ်မကောင်းဖြစ်မိပါတယ်bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်အတွက်ပါမယ့် အလုပ်တွေလုပ်နိုင်တယ်ဆိုတာကောင်းပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်
အသေမဦးခင်မှာ
ဉာဏ်ဦးသွားတာပါ
အဖိုးလုပ်ခဲ့တဲ့ သားသတ်
သမား အလုပ်က အတော်ကို
အကုသိုလ် ကြီးမားတဲ့ အလုပ်ပါ
သူလုပ်သမျှ ကုသိုလ်တွေ သေတဲ့အခါ
ပါသွားမှာတော့ အသေချာပဲဗျာ အခုလိုမျိုး
လာရောက်ဖက်ရှု့ပေးတာ ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းပါတယ် ကိုလင်းရေ ခန္ဓာနာမ် ရုတ် အကောင်ပုတ်ကို တွယ်တာနေလို့လဲ သံသရာထဲကနေ မထွက်နိုင်ကြတာပါ ရလာတဲ့ဘဝဟာ လူဘဝထဲမှာလဲဖြစ် သာသနာနဲ့လဲမှီနေပီဆိုတော့ ပါရမီတွေဖြည့်ရင်း ရလာတဲ့ ဘဝ မရှုံးအောင်တော့ ရုန်းရမှာ ကိုယ့်တာဝန် ပေါ့ဗျား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို နာယူစရာလေးတွေ မန့်သွားပေးတာ အထူးပင် ကျေးဇူးတင်ပါတယ်ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားစရာနဲ့ ဗဟုသုတ တွေတပုံကြီးရတယ်အကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
အခုလိုမျိုး
လာရောက်ပြီး
ဖက်ရှု့အားပေးတာ
ကျေးဇူးတင်ပါတယ်ဗျ
မှတ်သားစရာ ဗဟုသုတများ
တစ်ခုခု ရသွားတယ်ဆိုရင်တော့
ကျနော်စာရေးရကျိုးနပ်တယ်ခင်ဗျာ
ညီလေးရေးတဲ့ စာတွေလည်းကောင်းပါတယ်
အမြဲလည်း အားပေးနေပါတယ် အောင်မြင်ပါစေ
အောင်မြင်မှု့များ ရရှိဖို့ အတူတစ်ကွ ကြိုးစားကြစို့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ အတူကြိုးစားကြတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းပါတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်
ဖက်လို့
ကောင်းရင်
ကျေးဇူးပါဗျာ
ဖက်လို့ကောင်းရင်
ဝမ်းသာပါတယ်ခင်ဗျာ
ဖက်လို့ကောင်းတယ်ဆိုရင်
အတိုင်းထက်အလွန် ပျော်ပါတယ်
ဖက်လို့ကောင်းရင် စာရေးရကျိုးလည်း
နပ်ပါတယ် ဖက်လို့ကောင်းရင် နောက်လည်း
ကြိုးစားပြီး ရေးသားသွားပါ့မယ်ခင်ဗျာ အခုလို လရောက် ဖက်ရှု့အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဟဟဲ ဘာမှဟုတ်ဘူး မန့်ရှည်အောင် ရေးလိုက်တာပါ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုန်းဘုန်းဘုရားရဲ့လမ်းပြမှုကြောင့်ဖိုးဖိုးရဲ့စိတ်ကိုအေးချမ်းမှုရသွားစေတာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်bro ဘုန်းဘုန်းရဲ့ လမ်းပြပေးမှု့နဲ့ အဖိုးရဲကြိုးစားအားထုတ်မှု့တို့ ပေါင်းစည်းသွားတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဝထဲကအတွေ့အကြုံတွေ စာဖတ်ရင်ရလိုက်တယ်ကိုလင်းရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်
အခုလို
လာရောက်
ဖက်ရှု့ပေးတာ
ကျေးဇူးတင်ပါတယ်
ကျနော်ရေးတဲ့ဆောင်းပါး
ဖက်လိုက်ရလို့များ တစ်ခုခုများ
ရခဲ့တယ်ဆိုရင် စာရေးရကျိုးနပ်သလို
အတိုင်းအထက်အလွန်လည်း ဝမ်းသာပါတယ်
နောက်ထပ်လည်း ဆက်ပြီးတော့ကြိုးစားပြီတော့
ဆက်လျက်၍ ရေးသားသွားပါအုံးမည် အာပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ပါတယ် broရေးတဲ့စာတွေလည်း အရမ်းကောင်းပါတယ် အမြဲအားပေးနေပါ့မယ်ခင်ဗျာ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှားနေတဲ့လမ်းကြောင်းကနေရုန်းထွက်လာနိုင်တာလေးစားစရာပဲ။မှားမှန်းသိပီး ရုန်းမထွက်နိုင်သူတွေများတယ်လေ။သံဝေဂရစရာပို့စ်လေးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit