Myanmar steemit မှ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဘာလိုလိုနဲ့ ကျနော်တို့ G1 မှ PRO တင်ရမယ့် ရက်ကိုတောင် ရောက်လာခဲ့ပါပြီ...
ဒီတစ်ပတ် PRO မှာတော့ ခါတိုင်း ကျနော်ရေးနေကြ "ကျနော့်ဘဝရဲ့ အတွေ့အကြုံများ" ဆိုတာကိုဆက်ရေးဖို့ စိတ်သိပ်မပါသေးဘူးဗျာ...
ဘာလို့လဲဆိုတော့ ဒီနေ့က ကျနော်အရမ်းစိတ်ညစ်နေလို့ပါခင်ဗျာ😣😣😣
စိတ်ညစ်ရတဲ့ အကြောင်းရင်းကို ပြောပြရမယ်ဆိုရင် ကိုယ့်ပေါင်ကိုယ် လှံနဲ့ထောင်းသလို ဖြစ်နေမယ်ဆိုတာကိုလည်း ကျနော်သိပါတယ်၊ ဒါပေမယ့် ကျနော့်မှာ ရင်ဖွင့်စရာ အပေါင်းအဖော် မရှိတော့ Steemit ပေါ်မှာပဲ ရှေ့မျက်နှာ နောက်ထားပြီးတော့ ရင်ဖွင့်ပါရစေ....
စိတ်ညစ်ရတဲ့ အကြောင်းအရင်းကတော့ ဒီလိုပါ....
လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က ကျနော့်အမေ ဆုံးသွားတဲ့ အချိန်ကစပြီးတော့ ရေးရမှာဘဲ...
လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က ကျနော့်အမေက အသည်းကင်ဆာနဲ့ ဆုံးပါးသွားခဲ့ပါပြီ၊ အမေဆုံးပြီးနောက်ပိုင်းမှာတော့ ကျနော်တို့မှာ အဖေတစ်ယောက်ပဲ ကျန်ပါတော့တယ်။
ဒီလိုနဲ့ ကျနော်တို့ အမေဆုံးသွားတော့ အဖေဖြစ်တဲ့သူကို လိုလေသေးမရှိအောင်လို့ ကျနော့်တို့မောင်နှမတွေ စိတ်ချမ်းချမ်းသာသာနဲ့ ထားခဲ့ပါတယ်။ ကျနော်က တိုင်းတစ်ပါးမှာ လာရောက်လုပ်ကိုင်နေထိုင်နေခြင်း ဖြစ်တာကြောင့် ကျနော့်ရဲ့အမေ ဆုံးသွားပြီး နောက်ပိုင်းမှာ အဖေဖြစ်သူကို အနီးကပ် ပြုစုခွင့် မရခဲ့ပေမယ့် အဖေ့အတွက် လိုအပ်တာမှန်သမျှ အစစအရာရာ အဝေးကနေပြီး ငွေပို့ထောက်ပံ့ပြီးတော့ပဲ အဖေ့ကို စိတ်ချမ်းသာအောင် ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်.... ကျနော့်ရဲ့အဖေဟာ ငွေကို လိုတာထက်ပိုပြီးတော့ သုံးခဲ့ပါတယ်၊ မကြာခဏဆိုသလိုလည်း ခဏခဏ ကျနော့်မှာ ငွေလှမ်းတောင်းပါတယ်။ ကျနော့်ဘဝမှာ အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ယောက်ပဲ ကျန်ရှိနေတော့ အဖေစိတ်ချမ်းသာရင်ပြီးရော ဆိုပြီးတော့ ငွေတောင်းတဲ့အခါတိုင်း အငြီးမငြူ အမြဲလိုလို ငွေလှမ်းပို့ပေးခဲ့ပါတယ်။
တစ်ကယ်တော့ ကျနော်ဟာ တိုင်းတစ်ပါးမှာ လက်လုပ်လက်စား ဘဝနဲ့ ကျွန်ခံပြီး ငွေရှာနေရသူလည်းဖြစ်၊ ကျနော့်မှာ ဇနီးနဲ့သားရှိပြီးတော့ အိမ်ထောင်သယ်ဘဝလည်းဖြစ်ပြန်တော့.... ကျနော့်အဖေ ဒီလိုမျိုး ခဏခဏ ငွေလှမ်းတောင်းနေတာ အကြိမ်ဖန်များလာတော့ ကျနော့်စိတ်ထဲ သိပ်မသင်္ကာလာတော့ပါဘူး၊ တစ်ကယ်ဆိုရင် တစ်လတစ်ခါ ကျနော်ပို့ပေးတဲ့ ငွေဟာ ကျနော့်အဖေအတွက် စားနိုင်သောက်နိုင်ရုံသာမက လှူနိုင်တန်းနိုင်ပါသေးတယ်၊ သည်လိုနဲ့ ကျနော့်အဖေ ဘာကြောင့် ငွေတွေ သည်လိုလှမ်းတောင်းရတာလဲ ဘာတွေလိုအပ်လဲ စိတ်ထဲ သိချင်နေတာနဲ့ ကျနော်မြန်ပြည်သို့ ပြန်သွားခဲ့ပါတယ်။
ကျနော် မြန်မာပြည်သို့ ပြန်ရောက်တာနဲ့ အဖေဘာတွေများလုပ်နေလဲဆိုတာ သိချင်လို့ ဇနီးနဲ့သားကို ယောက္ခမအိမ်သို့ ပို့ပေးပြီးတာနဲ့ ကျနော် အဖေ့အိမ်မှာပဲ ပြန်နေခဲ့ပါတယ်။ အဖေ့အိမ်မှာ ကျနော် စရောက်ရောက်ခြင်းတော့ ကျနော့်အဖေဟာ ပုံမှန်ပါပဲ၊ သို့သော်.. သုံးလေးရက်လောက် ကြာတဲ့အခါမှာတော့ ကျနော့်ဆီမှာ ငွေ(သိန်း×××) တောင်းယူပါတော့တယ်၊
"သား"
"ဗျာ.. အဖေ"
"အဖေ့ကို ငွေ(သိန်း×××)လောက်ပေးပါလား"
"ဟာ ငွေ(သိန်း×××)တောင် အဖေက ဘာလုပ်မလို့လဲဗျ ဘာတွေလိုအပ်လို့ ဒီလောက်ငွေကို တောင်းရတာလဲ အဖေရာ..."
"ဒီလိုပါသားရာ... အဖေ့မှာ လုပ်ငန်းတစ်ခု ကန်ထရိုက်ဆွဲထားတာရှိတယ်သားရ အဲ့ဒါ လောလောဆယ် အဖေက ငွေစိုက်ထားရလို့ ငွေလိုလို့ပါသားရာ.."
ကျနော့်အဖေမှာ ကျနော့်အား ဤသို့ပြောပြ၍ ငွေတောင်းတော့ ကျနော်လည်း...
"အင်းလေ လုပ်ငန်းအတွက် လိုတာဆိုလည်း ယူပေါ့အဖေရာ... ဒါမယ့် သားမှာ ငွေ သိပ်အများကြီး ပါမလာဘူးနော်.. သားရဲ့မိန်းမက ငွေတွေကို သူပဲအကုန်သိမ်ထားတာ"
"အေးဘာကွာ အခုယူတဲ့ ငွေကလည်း အဖေပြန်ပေးမှာပါ"
"ဟာ...မဟုတ်တာ သားအဖချင်းပဲကို ပြန်ပေးစရာ မလိုပါဘူး အဖေရာ.."
သည်လိုနဲ့ ကျနော့်အဖေတောင်းတဲ့ ငွေအား ကျနော်ထုတ်ပေးလိုက်ပါတယ်။ သို့သော် ကျနော့်အဖေမှာ ငွေရပြီးတဲ့နေ့ကစလို့ မနက်ဆိုရင် ဆိုင်ကယ်နဲ့ထွက်သွားပြီးတော့ အိမ်ကို ည၁၀နာရီ ၁၁နာရီလောက်မှ ပြန်ရောက်လာပါတော့တယ်။ ဒါနဲ့ ကျနော်လည်း ကျနော့်အဖေပြောတဲ့ အဖေ့ရဲ့ ကန်ထရိုက်ယူထားတဲ့ လုပ်ငန်းဆိုတာကို အဖေမသိအောင် စုံစမ်းပါတော့တယ်။
ဟုတ်ပါတယ် သူ့လုပ်ငန်းမှာ ငွေတွေသုံးထားရတာ မှန်ပါတယ်၊ သို့သော်... ကျနော့်ဆီကနေ တောင်းတဲ့ငွေတွေကို လုပ်ငန်းထဲမှာ သုံးစွဲထားခြင်း မရှိသလို၊ ကျနော့်ရဲ့အဖေမှာ လုပ်ငန်းထဲတွင်လည်း ခဏတစ်ဖြုတ်သာ လာရောက်ပြီးတော့ ပြန်သွားကြောင်း အလုပ်သမားတွေ ပြောပြချက်အရ ကျနော်သိခဲ့ရပါတယ်၊ ဒါဆို ကျနော့်အဖေ ဘာတွေလုပ်နေလဲ....? ဘယ်တွေကိုသွားလို့များ ညအချိန်အခါမရှိမှ အိမ်ကို ပြန်လာရတာလည်းဆိုတာ...? ကျနော်သိချင်လာပါတယ်။
ဒါပေမယ့် ကျနော် မြန်မာပြည်ကို ခွင့်ယူပြီး ပြန်လာခဲ့ရတာ ရက်ပြည့်ခါနီးပြီမို့ အဖေ့အကြောင်း ဂဃနဏ မသိရှိခဲ့ရပဲ ကျနော်တိုင်းတစ်ပါးသို့ ပြန်ထွက်ခဲ့ရပါတော့တယ်။ ဒါတောင် ကျနော်ပြန်ခါနီးမှာ ကျနော့်အဖေမှာ ငွေ(သိန်း×××)ထပ်တောင်းလို့ ကျနော့်မှာ မရှိတဲ့ကြားထဲကနေ မပေးချင်ပဲ ပေးခဲ့ရပါသေးသည်။ သည်လိုနဲ့...
ကျနော် ဘန်ကောက်သို့ ပြန်ရောက်ပြီး တစ်လအကြာမှာတော့ မထင်မှတ်ပဲ သတင်းတစ်ခု ကြားရတာကတော့....
ကျနော့်အဖေ အိမ်ထောင်ပြုလိုက်ပြီတဲ့ဗျာ...
တစ်ပင်လဲလို့ တစ်ပင်ထူတာ ကျနော်နားလည်ပါတယ်၊ ဘာမှတော့ မပြောလိုပါဘူး၊ အဖေ ဘာပဲဖြစ်ဖြစ် သားသမီးတစ်ယောက်အနေနဲ့ အဖေဟာ အဖေပါပဲ....
သို့သော် အမေဆုံးတာ နှစ်ဝက်တောင် မရှိသေးဘူး အခုလို အဖေဖြစ်သူက အိမ်ထောင်ထပ်ပြီးပြုလိုက်တာကို သိလိုက်ရတော့ ကျနော့်စိတ်ထဲမှာ အတော်လေးကို ထိခိုက်ကြေကွဲရပါတယ်။
ပိုပြီးစိတ်ထိခိုက်ရတာကတော့ ကျနော့်အဖေယူတဲ့ မိန်းမက ကျနော့်ထက် အသက် အများဆုံး ၅နှစ်လောက်သာ ကြီးသည်ဟု သိခဲ့ရပါတယ်။
သြော်... ဒါကြောင့် ကျနော့်အဖေ ခဏခဏ ငွေလှမ်းတောင်းနေတာ ကျနော့်အဖေက သူယူမယ့်မိန်းမကို ပန့်ပိုးနေတာကို ကျနော်သိလိုက်ရပါသည်။
ဒါပေမယ့် ကျနော့်အဖေဟာ မိန်းမယူပြီးလည်း ခဏခဏ ငွေထပ်လှမ်းတောင်းနေတာကြောင့် ကျနော့်လည်း ဆက်ပြီးတော့ ငွေမပို့ပေးချင်တော့ပါဘူး၊ ခဏခဏ ငွေပို့ပေးနေရတာကြောင့် ကြာရင် ကျနော့်အိမ်ထောင်ရေးလည်း ပြိုကွဲပါတော့မည်၊ ကျနော့်မိန်းမဖြစ်သူကလည်း ကျနော် အဖေ့ကို ငွေတွေပို့ပေးနေတာ အကြိမ်ဖန်များလာတော့ ငြူစူလာပါပြီ၊ ဟုတ်တော့ဟုတ်ပါတယ်
ယောက္ခမနဲ့ ချွေးမဆိုတာက သိတဲ့အတိုင်းပါပဲ၊ ဒါတောင် ကျနော့်မိန်းမက အလွန်သဘောထားကြီးလို့ပါ ကျနော့်အဖေကို ငွေပို့တိုင်း ယနေ့အချိန်ထိ သူ ဘာတစ်ခွန်းမှ ကျနော့်ကို မပြောဖူးသေးဘူး၊ သို့သော် ကျနော့်မိန်းမ ပါးစပ်က မပြောပေမယ့် စိတ်ထဲက ငွေမပေးချင်တော့မှန်းလည်း ကျနော်သိပါတယ်။ ချွေးမဖြစ်သူ မပြောနဲ့ သားအရင်းဖြစ်သူ ကျနော်တောင်မှပဲ ကျနော်အဖေလုပ်ရပ်ကြောင့် ကျနော်ကိုယ်တိုင်တောင် ကျနော့်အဖေတောင်းတဲ့ငွေကို ဆက်မပို့ပေးချင်တော့ပါဘူး။
သည်လိုနဲ့ ကျနော့်အဖေတောင်းတဲ့ငွေကို ကျနော်မပို့ပေးတော့ ကျနော့်အဖေဟာ ကျနော့်ဆီ ဖုန်းဆက်ပြီးတော့ ကျနော့်အား ကြိမ်းမောင်းပါတော့တယ်၊ ကျနော့်လည်း သည်းမခံနိုင်တော့ အဖေနဲ့သား ဖုန်းထဲမှာ ရန်ဖြစ်ကြပါတော့တယ်၊ အဲ့လိုရန်ဖြစ်ပြီးတဲ့နေ့ကစလို့ ကျနော်လည်း အဖေ့ဆီကို အဆက်သွယ်မလုပ်တော့သလို ကျနော့်အဖေလည်း ကျနော့်ဆီကို အဆက်သွယ် မလုပ်တော့တာ ယနေ့အချိန်ထိပါ။
ဒါပေမယ့် အဖေဟာအဖေပါဘဲ အဖေ့ဆီကို ကျနော် တိုက်ရိုက် အဆက်သွယ် မလုပ်ဖြစ်ပေမယ့် အဖေ့အကြောင်း ကျနော် အမြဲစုံစမ်းပါတယ်၊ လွန်ခဲ့တဲ့ တစ်လကျော်လောက်က ကျနော့်အဖေနဲ့ အဖေ့မိန်းမနဲ့ ကွဲသွားကြောင်း ကျနော်ကြားသိခဲ့ရပါတယ်။ ကွဲမယ်ဆိုတာကို အစကတည်းက ကျနော်ကြိုတွက်ထားပြီးသားပါ၊ ဘာကြောင့်လဲဆိုတော့ ကျနော့်အဖေက ဆေးပေးမီးယူအဖြစ် အိမ်ထောင်အသစ်တည်လိုက်တယ်ဆိုပေမယ့် အဖေရဲ့မိန်းမက အဖေ့ကို ချစ်လို့ယူခဲ့တာ မဟုတ်ဘူးလေဗျာ... အဖေ့ရဲ့ သားသမီးတွေဆီက ထောက်ပံ့ငွေတွေနဲ့ သုံးကောင်းဖြုန်းကောင်းလို့ ယူခဲ့တာပဲ၊ အခု ကျနော်တို့မောင်နှမတွေက ငွေမပို့ပေးတော့ ဘိုင်ပျက်ပြီး သုံးဖို့စွဲဖို့ အကျပ်တည်းဖြစ်လာတော့ အဖေ့ကို ထားခဲ့ပြီး နောက်ယောင်္ကျားနောက်ကို လိုက်သွားပြီဖြစ်ကြောင်း ကျနော်ကြားသိခဲ့ရပါတယ်။ နောက်တစ်ခုက အဖေနေမကောင်းဘူးတဲ့ အဖေနေမကောင်းတဲ့အချိန်မှာ အဖေ့မိန်းမက အဖေ့ကို ထားခဲ့တာတဲ့ဗျာ... ဘယ်လောက်ရင်နာစရာကောင်းလဲ။
"သြော် မိန်းမတွေ မိန်းမတွေ"
(မိန်းမတိုင်းကို မဆိုလိုပါဘူး)
ကျနော့်အဖေနေမကောင်းဘူးဆိုတော့ ဘာဖြစ်တာလဲဆိုတာ ကျနော်သိချင်လို့ စုံစမ်းကြည့်လိုက်တော့ ခြေထောက်မှာ အနာဖြစ်ပြီးတော့ နေမကောင်းတာလို့ သိရပါတယ်၊ ဒါနဲ့ အဖေမသိအောင် ကျနော် တစ်ဖက်လှည့်နဲ့ အဖေ့အတွက် ဆေးကုသစရိတ် ငွေပို့ပေးခဲ့တယ်။
ဒါပေမယ့် ကျနော်ပို့ပေးတဲ့ ငွေက နည်းလို့ ဆေးကုမရတာလား ဆေးမကုပဲ သုံးပစ်လိုက်တာလားတော့ မသိပါဘူး၊ ကျနော့်အဖေ ခြေထောက်က အနာက တစ်ဖြည်းဖြည်းနဲ့ ဆိုးလာကြောင်း ကျနော်ထပ်သိခဲ့ရပါတယ်။ နောက်ထပ်တစ်ခါ ဆေးကုသဖို့အတွက် ငွေကို လုံလုံလောက်လောက် ကျနော်ပို့ပေးခဲ့ပါတယ်။
သို့ပေမယ့်လည်း ကျနော့်အဖေရဲ့ ခြေထောက်က အနာက မသက်သာတဲ့အပြင် အခြေနေ ပိုးဆိုးလာပါတယ်။
အဖေနဲ့သား မာနနဲ့အတ္တ ရှေ့တန်းတင်ထားကြတော့ အခုချိန်ထိလည်း အဖေလည်း ကျနော့်ဆီကို ဖုန်းဆက်မလာသလို ကျနော်လည်း အဖေ့ဆီကို ဖုန်းဆက်မသွားခဲ့ပါဘူး။
အခု ကျနော့်အဖေ ဆေးရုံတက်နေရပါတယ်၊ ကြားသိရတာကတော့ ခြေထောက်က ငွေမတတ်နိုင်ရင် ဖြတ်ရဖို့များတယ်တဲ့၊ ငွေနိုင်ရင်တော့ ပလပ်စတစ်ဆာဂျီဆိုလား အသား အစားထိုးဆိုလား ကုသမယ်လို့တော့ ပြောကြတယ်။
ဒီတော့ မနက်ဖြန်ကို ကျနော် အဖေ့အတွက် ငွေထပ်ပို့ပေးရတော့မယ်၊ လောလောဆယ် လက်ထဲမှာလည်း ဘိုင်ပျက်နေတယ် ငွေကသိပ်မရှိဘူး ခါတိုင်းဆိုရင် အပြင်မှကြားပေါက်ဝင်ငွေရလမ်းတွေရှိသေးတယ်၊ အခုတစ်လောအတွင်း အလုပ်ထဲမှာ ည၈/၁၀နာရီထိ နေ့တို်င်းလို အလုပ်ဆင်းနေရတော့ အပြင်မှာ ကြားပေါက်ဝင်ငွေလည်း ထွက်မရှာနိုင်ခဲ့တော့ဘူး...၊ ကျနော့်အလုပ်က လခစားဆိုတော့ လစာထွက်မှပဲ လက်ထဲမှာ ငွေရွင်တော့မယ်။ မိန်းမဆီကနေ ငွေတောင်းရပါများလာတော့ မိန်းမမျက်နှာကြည့်ရတာ အခြေအနေက သိပ်မဟန်တော့ဘူး တောင်းရင်လည်း ငွေရဖို့ လမ်းမမြင်တော့ဘူး။ ဒီတော့ အဖေ့ခြေထောက်အတွက် ငွေပို့နိုင်ဖို့အရေး ရှာရဖွေရ ကြံရဖန်ရတော့ပါမည်။ ကျနော့်အဖေအကြောင်းတွေကို ဟိုတွေး ဒီတွေးရင်းနဲ့ ခေါင်းတွေလည်းလေးလာပြီ၊ အလုပ်ထဲလည်း ဘာလုပ်လုပ် စိတ်ထောင်းကိုယ်ကြေပြီးတော့ အလုပ်ကို စိတ်ဝင်စားမှုမရှိတော့ပါဘူးဗျာ...။
ဆက်ရေးဖို့ စိတ်မပါတော့လို့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။
(ကျနော် အခု ဒီစာကို ရေးပြီးခါနီး အချိန်လေးတင် ကျနော့်ဆီ အဖေ ဖုန်းဆက်လာလို့ ဝမ်းသာလိုက်တာဗျာ..)
အခုလို ဖက်ရှု့ပေးတာကိုလည်း အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..။
Myanmar Steemit မှ Admin များနဲ့တစ်ကွ အဖွဲ့သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
MSC 160
Author @kolinn
စိတ်မကောင်းပါဘူးဗျာ ဒါပေမယ့်ကိုလင်း အဖေကို အားပေးလိုက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
.. ဒီမနက်က ကျနော့်အဖေဆီကို ဖုန်းဆက်ပြီး အားပေးခဲ့ပါတယ်bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆီးချိုရောဂါဆိုတာ ကြိုတင်သိရှိနိုင်ပါတယ်၊ ဂရုစိုက်ရင်Type 2 ကလွဲလို့ ပျောက်ကင်းနိုင်ခြေများပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် ဆရာ!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဆင်ပြေပါစေ
ဆုတောင်းပေးပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြင်ရတာစိတ်မကောင်းဘူးဗျာ အမြဲဆုတောင်းပေးနေတယ်အကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်ညီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သားသမီးတစါယောက်နေရာကနေထပ်တူဝမ်းနည်းရပါတယ်ကိုလင်းရေ ကိုလင်းအဖေအမြန်ဆုံးသက်သာပါစေ
ကိုလင်းလည်းထိုင်းထီပေါက်ပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ထပ်တူထပ်မျှ ခံစားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ...
ပေးတဲ့ဆုနဲ့လည်း ပြည့်ရပါလို၏😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မကောင်းဘူးကွယ်။သားကတာဝန်တွေ၊ဝတ္တရားတွေအားလုံးကျေပွန်ပါတယ်။ဆီးချိုရှိလို့နေမယ်။မရှိရင်ပျောက်ဖို့
နီးစပ်ပါတယ်။အနာကိုသန့်သန့်ရှင်းရှင်းဖြစ်ဖို့အရေးကြီးတယ်။ပိုးဝင်သွားရင်..ဦးနှောက်ထဲရောက်သွားရင်တော့..မလွယ်ဘူး။စိတ်ထဲမှာ..အရမ်းကြီးမခံစားပါနဲ့ကွယ်။ကိုယ့်တာဝန်တွေကျေလိုက်တာမှ၊ဟိုဖက်တောင်ရောက်နေပီ။
ထောက်ပံ့...ပန့်မဟုတ်ပါ။ပြင်လိုက်နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ!
စာမှားသွားလို့ ထောက်ပြပေးတဲ့အတွက်လည်း ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ် ပြန်ပြင်လိုက်ပါ့မယ်ခင်ဗျာ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုသလိုပါပဲလားဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ကိုထွေးရေ... လူတိုင်းက အပူတွေနဲ့ပါ လူရယ်လို့ဖြစ်လာရင် ဒါတွေက ရှောင်လွဲလို့ မရတဲ့ သင်္ခါရတရားတွေပါ😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုလင်းရေ စိတ်မကောင်းပါဘူး ဘယ်လိုဖြစ်ပြီး အဲဒီလောက်အခြေအနေက ဆိုးသွားတာလဲဗျာ ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုစောရေ... အစက အဲ့လောက်ဖြစ်မယ် ကျနော်လည်း မထင်ထားဘူး😔
ကျနော့်ညီမ ပြောတာကတော့...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဗျာ စိတ်မကောင်းစရာ အမြန်သက်သာပာစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုလင်း အဖေ မြန်၂ သက်သာပါစေ ဘဒိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကိုစိုင်းရေ..😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မကောင်းပါဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😔😔😔😔😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမြန်ဆုံးသက်သာပါစေ ကိုလင်းရေ ဆုတောင်းပေးပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မြန်ကျန်းမာပါစေဗျာ...
အနာက ဆီးချိုရောဂါကြောင့်လား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်လည်း ပထမက အဲ့လိုပဲထင်နေတာ
မဟုတ်ဘူးတဲ့ ထိခိုက်ဒဏ်ရာရရင်းနဲ့ အဲ့လိုဖြစ်သွားတာတဲ့ဗျာ😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြားရတာစိတ်မကောင်းပါဘူးဗျာ အမြန်ကျန်းမာပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်bro
ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုလင်းရဲ့ အခက်အခဲတွေ အားလုံးအစဉ်ပြေပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မကောင်းပါဘူးကိုလင်းရေ
အကန့်အသတ်မရှိနားထားလိုက်ပါ
ကျွန်တော်တို့gp1ကပြန်လာမယ့်အချိန်တိုင်းကြိုဆိုနေမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြားရတာ စိတ်မကောင်းစရာတွေပါလားကိုလင်းရေ
အမြန်ဆုံး အဆင်ပြေပြီး ရောဂါဝေဒနာတွေလည်း လျှင်မြန်စွာပျောက်ကင်းပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကိုဇော်ရေ..😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစစ အဆင်ပြေပါစေ ကိုလင်းရေ မိဘက မိဘပါပဲ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ မကြည်ရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit