Knowledgeable Reader

in myanmar •  7 years ago 

FB_IMG_1507365565496.jpg
< ဂတိနှင့်​ အဂတိ >အပိုင်း-၁
ဂတိဟူ​သော ပါဋ္ဌိပုဒ်​သည်​ဘဝ​ဘေဒ-​ဒေဝဂတိစ​သော.ဘဝအထူးအပြား၊ပတိဌ-တည်​ရာ၊နိဌာ-ဆုံးဖြတ်​ခြင်း၊အဇ္ဈာသယ-အလိုဆန္ဒ၊ဥာဏ-အသိဥာဏ်​ပညာ.နိဝါသဌာန-​နေထိုင်​ရာ၊ဂမနသွားခြင်း၊ဝိသဋ
ပြန့်​နှံ့ခြင်းဟူ၍အနက်​အဓိပ္ပါယ်​ရှစ်​မျိုးခန့်​အထိသုံးစွဲ​နိုင်​​သောပါဠိ​ဟောရဖြစ်​ပါသည်​။မြန်​မာ့ထုံးတမ်းစဉ်​လာတွင်​​၊​ရှေးအစဉ်​အဆက်​ကနှင့်​ယ​နေ့ထိတိုင်
ဗုဒ္ဓဘာသာဝင်​မြန်​မာနိုင်​ငံသားတိုင်းနား​ရေးဝ​နေ
ကြ​သောစကားလုံးများတွင်​၊ဂတိနှင့်​အဂတိဟူ​သော
စကားလုံး၂ခုလဲပါဝင်​ပါတယ်​။ဂတိဆို​သောစကားလုံးအားလူ​သေ၍ရက်​လည်​ဆွမ်းသွပ်​နာ​ရေး
များတွင်​ဆရာ​တော်​များတရား​ဟောကြားတိုင်း
ကြားနာကြရပါ၏။ထိုသို့ကြားနာကြရ၍နားရည်​ဝ
နေကြ​သောဂတိဆို​သောစကားလုံး​လေး၏အဓိပ္ပါယ်​ကိုမူယ​နေ့​ခေတ်​လူငယ်​လူရွယ်​များ​သေချာမသိရှိ
ကြပါ။လူတိုင်းသည်​​မွေးဖွားသည်​မှအစပြု၍၊ဘဝ
တစ်​ခုကိုစတင်​ကာ၊​သေဆုံးခြင်းပန်းတိုင်​သို့အားလုံး
လျှောက်​လှမ်း​နေကြရပါသည်​။အချိန်​တန်​လျှင်​မလွဲ
ဧကန်​ပင်​​သေဆုံးကြရပါမည်​။ထိုကဲ့သို့​သေဆုံးကွယ်​လွန်​ခဲ့​သော်​၊လူတိုင်းလားရာဘုံဘဝတစ်​ခုခုသို့
မိမိတို့ပြုလုပ်​ခဲ့​သော၊ကုသိုလ်​ကံ၊အကုသိုလ်​ကံအကျိုး​ပေးအရမဖြစ်​မ​နေသွားကြရပါမယ်​။ထိုကဲ့သို့ဘုံ
ဘဝတစ်​ခုခုသို့သွား​ကောက်​ခြင်းကိုပင်​၊ပါဠိဘာသာ
စကားဖြင့်​ဂတိဟူ၍​ခေါ်ဆိုကြသည်​။ထိုဂတိဟူ​သောစကားရပ်​နှင့်​ပတ်​သက်​၍၊မြတ်​စွာဘုရားရှင်​က
၃၁ဘုံ၌ရှင်​သန်​​နေထိုင်​ကုန်​​သော၊လူနတ်​၊ဗြဟ္မာ၊သတ္တဝါအားလုံးတို့သည်​​၊​ကွယ်​လွန်​​သေဆုံးခဲ့လျှင်
လားရာဂတိ(၅)မျိုးရှိ​ကြောင်းအား၊​ပေတသုတ္တန်​​ဒေသနာ​တရား​တော်​များတွင်​ထည့်​သွင်း​ဟောကြား
ခဲ့ပါတယ်​။ကျွနူ်​ပ်​တို့အားလုံးပင်​​ကွယ်​လွန်​​သေဆုံးခဲ့
သော်​၊ထိုဂတိ(၅)မျိုးတွင်​တစ်​ခု​သောဂတိဘုံသို့​ရောက်​ကြရမှာဖြစ်​၏။FB_IMG_1508226991973.jpg
ထိုဂတိ(၅)မျိုးမှာ၁။ဒေဝဂတိ၊၂။မနုဿဂတိ၊
၃။နိရယဂတိ၊၄။ပေတဂတိ၊၅။တိရစ္ဆာနဂတိဟူ၍(၅)မျိုးရှိသည်​။၃၁ဘုံတွင်​တွင်​ကျင်​လည်​ကုန်​​သော၊သတ္တဝါတိုင်းသည်​၊ထိုဂတိ(၅)မျိုးတွင်​စုန်​ချည်
ဆန်​တစ်​လှည့်​၊မပြတ်​ကျ​ရောက်​၍လည်​ပတ်​​နေကြ
ရ၏။ထိုဂတိ(၅)နှင့်​လွတ်​ကင်း​သောသူ၊မည်​သူမျှမရှိကြပါ။ဂန္တဗ္ဗာတိ ဂတိ ဟူ​သောဂြိုဟ်​အရ၊​ရောက်​သင့်​​ရောက်​ထိုက်​၊​ရောက်​ရမည်​ဘဝကိုဂတိဟု​ခေါ်ဆို၏။ထိုဂတိ(၅)မျိုးအားခွဲခြမ်းစိတ်​ဖြာ​လေ့လာ
လျှင်​​အောက်​ပါအတိုင်း​တွေ့ရပါတယ်​။
၁။ဒေဝဂတိ။ ။လူပြည်​၌လူအဖြစ်​ရှင်​သန်​​နေထိုင်​စဉ်​၊အကုသိုလ်​တရားများကို​ရှောင်​ကျဉ်​၍၊ကုသိုလ်
ကောင်းမှုတရားများက၊ိုဖြည့်​ကျင့်​​ဆည်းပူးကြကုန်
သောသူ​တော်​​ကောင်းများသည်​အနိမ့်​ဆုံးစတုမဟာရာဇ်​မှအစရှိ​သောနတ်​ပြည်​(၆)ထပ်​သို့၊​သေဆုံးကွယ်​လွန်​ကြ​သောအခါလား​ရောက်​ကြရ၏။ဈန်​အဘိဥာဏ်​တရားများကိုပွားများအားထုတ်​​သောသူ​တော်
ကောင်းများက​တော့၊ဗြဟ္မာပြည်​သို့လား​ရောက်​ကြရပါတယ်​။ထိုနတ်​နှင့်​တကွဗြဟ္မာများသည်​လူ့ပြည်​မှပြုလုပ်​ခဲ့​သောကုသိုလ်​​ကောင်းမှုကံအရှိန်​အဝါ၊
ကျင့်​ကြံအားထုတ်​ခဲ့​သောဈာန်​တန်​ခိုးအရှိန်​အဝါတို့
ကြောင့်​၊ကိုယ်​​ရောင်​ကိုယ်​ဝါများထွန်းလင်း​တောက်
ပ​နေ၍​ဒေဝဟု​ခေါ်ဆိုကြပါသည်​။ထို​သို့​ဒေဝဟု​ခေါ်ဆို​သော​ကြောင့်​ပင်​၊နတ်​ပြည်​(၆)ထပ်​နှင့်​တစ်​ကွ
ဗြဟ္မာဘုံ(၂၀)အား​ဒေဝဂတိဟူ၍​ခေါ်ဆိုကြပါတယ်​။အလွန်​ပင်​​ချမ်းသာ​ပျော်​​မွေ့ဖွယ်​​ကောင်း​သောဘုံဂတိဖြစ်​ပါသည်​။FB_IMG_1508226536803.jpg
၂။မနုဿဂတိ။ ။မနုဿဟူသည်​ကုသိုလ်​၊အကုသိုလ်​နှင့်​တစ်​ကွ၊အ​ကောင်းအဆိုး၊အ​ကြောင်းအကျိုးတို့အားခွဲခြား​ဝေဖန်​နိုင်​​သော၊အသိဥာဏ်​ပညာရှိ​သော​ကြောင့်​မနုဿ´´လူဟု​ခေါ်ဆို၏။မ​ကောင်းမှုပြုလုပ်​လျှင်​ပဉ္စာနန္တရိယကံထိုက်​​အောင်​အထိပြုလုပ်​၍၊​ကောင်းမှုပြုလုပ်​လျှင်​ဘုရားဖြစ်​သည့်​တိုင်​ ​အောင်​ပြုလုပ်​နိုင်​ကြသဖြင့်​၊ထက်​မြက်​​သောစိတ်​ရှိသူဇမ္ဗူဒိပ်​ကျွန်းသားများကိုမနုဿ´´လူဟူ၍​ခေါ်
ဆိုကြသည်​။အခြား​သောကျွန်းများ၊စကြာဝဠာတို့၌ရှိသူတို့အားလည်း၊ရုပ်​ဆင်းပုံသဏ္ဌာန်​တူမျှသ
ဖြင့်​သဒိသူပစာရနည်းအရ၊မနုဿ´´လူဟု​ခေါ် ကြ​သော်​လည်းကျွနူ်​ပ်​တို့​နေထိုင်​​သောဇမ္ဗူဒိတ်​ကျွန်းသားများနှင့်​မယှဉ်​နိုင်​​သော၊မတူညီ​သောအချက်​များစွာရှိ၏။ဇမ္ဗူဒိပ်​ကျွန်းသားတို့သည်​သတိလည်းရှိ ကြသည်​။သတ္တိရှိရဲရင့်​ကြ၍မြတ်​​သောအကျင့်​ကို လည်ကျင့်​ကြ၏။ထိုသို့ရဲရင့်​ခြင်း၊သတိရှိခြင်း၊မြတ်​​သောအကျင့်​ကိုကျင့်​ခြင်းတို့​ကြောင့်​၊ကျန်​​သောကျွန်း၊စကြာဝဠာများတွင်​​နေထိုင်​​သောလူများနှင့်​တကွ၊တာဝတိံသာနတ်​တို့ထက်​သာသည်​ဟုမြတ်​စွာဘုရားမိန့်​ကြားခဲ့ပါတယ်​။အဘယ်​​ကြောင့်​ဆို​သော်​ ဇမ္ဗူဒိပ်​ကျွန်းတွင်​ပင်​၊ဘုရားရှင်​တိုင်းပွင့်​ကြပါသည်​။ကျန်​​သောကျွန်းစကြာဝဠာများတွင်​မပွင့်​ထွန်းကြပါ။ထို့ပြင်​ဒါန၊သီလ၊ဘာဝနာဟူ​သောကုသိုလ်​တရားများအားဇမ္ဗူဒိပ်​ကျွန်းတစ်​ခုထဲတွင်​ပင်​ပြုလုပ်​နိုင်​ပီး၊ အခြား​သောကျွန်းစကြာဝဠာများတွင်​မပြုလုပ်​နိုင်​ ​သော​ကြောင့်​၊ဇမ္ဗူဒိပ်​ကျွန်းတွင်​​နေထိုင်​​သောမနုဿ´´လူသားများသည်​အခြား​သောကျွန်းများ၊စကြာဝဠာများနဲ့တကွတာဝတိံသာနတ်​တို့ထက်​သာ၏ဟူ၍မြတ်​စွာဘုရားမိန့်​ကြားခဲ့ခြင်း
ဖြစ်​ပါသည်​။ကမ္ဘာဦးအစလူတို့ကိုအုပ်​ချုပ်​စိုးမိုး​သောမဟာသမ္မတမင်းသည်​မနု´´အမည်​ရှိ၏။ထိုမနု´´မင်း၏အဆုံးအမ၌တည်​ကြရသဖြင့်​မနု´´မင်း၏သားသမီးသဖွယ်​ဖြစ်​​သော​ကြောင့်​မနုဿ´´လူဟူ၍လည်း​ခေါ်ဆိုကြ​ကြောင်းအဓိပ္ပါယ်​ဖွင့်​ဆိုကြပါသည်​။ကျန်​ရှိ​သောဂတိ(၃)မျိုးနဲ့တကွ၊အဂတိဟူ​သောအ​ကြောင်းအရာအား​နောက်​အပိုင်းတွင်​ဆက်​လက်​​ရေးသား​ပေးပါမည်​ခင်​ဗျာ။
Myanmar Steemit groupအက်​ဒမင်​များနှင့်​တကွ
Gpထဲမှမိတ်​​ဆွေအ​ပေါင်းအသင်းများအားလုံး​ဘေး
ဘယာ​ဝေးကွာ၍၊ကိုယ်​စိတ်​၂ဖြာကျန်းမာ၊ချမ်းသာပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
Writing by@komoewai
Photo Credit google.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

@royrodgers has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ဂွတ်​ပိုစ့်​ဘရို

ကတိသစ္စာတည်​​သောအခါဝယ်​ နွယ်​မြက်​သစ်​ပင်​ ​ဆေးဖက်​ဝင်​၏တဲ့ ။

ဟုဟု

good post

အား​ပေးတာ​ကျေးဇူးပါခင်​ဗျာ။

သာဓုပါ ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူး

ဟုတ်​ကဲ့။အား​ပေးတာ​ကျေးဇူးပါခင်​ဗျ။

သြော် မနုရဲ့ သားမို့ မနုသားတဲ့လား

အာ့ကျမ်းဆြာ​တေ​ရေးခဲ့တာဖဲ😂😂

သာဓုပါဗျာ ဂုဏ်ပါတယ် ဗုဒ္စဘာသာဖြစ်ခွင့်ရတာ

ဟုတ်​ကဲ့ပါခင်​ဗျာ။

Good knowledge!

Thank par.

ဟုတ်ကဲ့ပါအခုလိုဝေမျှတာကျေးဇူးပါ

ခုလိုအား​ပေးတာလဲ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။

Good bro

Thank par

တညလုံး ၀င်မရဘူးဗျိုးးခုမှရလို့
good good

အား​ပေးတာ​ကျေးဇူးပါbro

Thank for your knowledge

Congratulations @komoewai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

great post

Thank,bro

ပေးသောဆုနှင့်ပြည်ပါစေလို့အားလုံးရဲ့ကိုယ်စားပြောကြားရင်းစောင့်မျှော်နေပါသည်

ခုလိုအား​ပေးတာ​ကျေးဇူးပါbro.