Dama knowledge reader

in myanmar •  7 years ago 

ဘုရားရိပ်ခိုလှုံဘေးရန်လုံ၊အသက်ရှည်ကာချမ်းသာရ..
ဒီနေ့သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါ
တော်နေ့မို့၊groupထဲမှသူငယ်ချင်းမိတ်ဆွေများအားလုံး၊မြတ်စွာဘုရားကိုအကြောင်းပြု၍ဘီလူးစား
ခံရမည့်ဘေးမှလွှတ်ကင်းသွားသော၊မြတ်စွာဘုရားရှင်ကယ်တင်စောင့်ရှောက်ခဲ့သည့်၊ဒီဃာဝုကုမာရကလေးငယ်ရဲ့ဇာတ်ကြောင်းကို၊ဗဟုသုတရ၍ကြည်ညိုသဒ္ဒါတရားပွားနိုင်စေရန်ရေးသားလ်ုက်ရပါတယ်ခင်ဗျာ။
မြတ်စွာဘုရားရှင်ဟာဒေသစာရီကြွချီကာ၊ဒီဃလင်္ကီကာဆိုတဲ့ရွာလေးတစ်ရွာမှာသီတင်းသုံးနေတော်မူစဉ်၊ဒီဃာဝုကုမာရကလေးငယ်အားကယ်တင်ရန်အကြောင်းပေါ်ပေါက်လာ၏။ထိုဒီဃလင်္ကီကာရွာမှစိတ်တူကိုယ်တူပုဏ္ဏား၂​ယောက်​သည်​ဘုရားသာသနာပြင်​ပမှာရ​သေ့ဝတ်​ဖြင့်​​ဝေဒပညာရပ်​ဖြစ်​​သော
လောကီမန္တာန်​အကျင့်​များပြင်းထန်​စွာကျင့်​ကြပါတယ်​။ဘယ်​​လောက်​အထိကျင့်​သလဲဆိုရင်​(၄၈)နှစ်
တောင်​ကြာ​အောင်​ကျင့်​ကြံ့အားထုတ်​ကြပါသည်​။
ထို​ခေတ်​ကဗြဟ္မဏပုဏ္ဏား​တေဟာငယ်​စဉ်​အချိန်​မှစ၍သတ်​သတ်​လွတ်​စားကာ၊​ဝေဒ​ဗေဒင်​ပညာရပ်
ဖြစ်​​သော​လောကီဂါထာမန္တာန်​၊လက္ခဏာပညာရပ်​များကို​လေ့လာဆည်းပူးကြ၏။မ​ကောင်းမှုများကိုမ
ပြုလုပ်​ကြပဲ၊ထို​ဝေဒပညာရပ်​များဖြင့်​အသက်​​မွေးမှု
ပြုကာ​နေထိုင်​ကြသည်​။အသက်​၄၀​ကျော်​၅၀အတွင်း​ရောက်​​သောအခါမှ၊အမျိုးအနွယ်​မပြတ်​​အောင်​ဟုဆိုကာ၊ရ​သေ့လူထွက်​၍အိမ်​ယာတည်​​ထောင်​မှု
ကြတဲ့အစဉ်​အလာရှိကြပါတယ်​။ဒီဃလင်္ကိကာရွာသားရ​သေ့ပုဏ္ဏား၂​ယောက်​လဲ(၄၈)နှစ်​ကြာ​​လောကီမန္တာန်​အကျင့်​များအားအပြင်းအထန်​ကျင့်​လာရာမှ၊တစ်​ဦး​သောရ​သေ့ပုဏ္ဏားဟာအမျိုးအနွယ်​မပြတ်​​အောင်​၊ပုဏ္ဏားများရဲ့​ရှေးအစဉ်​အလာဓ​လေ့အတိုင်းလူထွက်​ပီးအိမ်​ယာထူ​ထောင်​ရန်​အကြံဖြစ်​​ပေါ်လာ၏။ထို့​ကြောင့်​သူငယ်​ချင်းရ​သေ့အားခွင့်​ပန်​ပီးလျှင်​၊ရ​သေ့လူထွက်​၍သူတတ်​​မြောက်​ထား​သော​လောကီပညာအကျင့်​များအခ​ကြေး​ငွေဖြင့်​​ရောင်းချသင်​ကြား​ပေးပါသည်​။ခု​ခေတ်​အ​ခေါ်အရဆိုလျှင်​သင်​တန်းဖွင့်​၍၊​ဝေဒပညာရပ်​များအား​ငွေ​ကြေးတတ်​နိုင်​သူများအားအခ​ကြေး​ငွေယူ၍သင်​ကြားပို့ချ
ပေးခြင်းဖြစ်​၏။ထိုကဲ့သို့အသပြာယူ​သင်​ကြားရာမှ
ငွေအသပြာ၁၀၀ရ​သောအခါ၊၎င်းအသပြာ၁၀၀အားအရင်းအနှီးပြု၍အ​ရောင်းအဝယ်​လုပ်​ရာမှ၊ကြီးပွားချမ်းသာလာကာ၊သင့်​​တော်​​လျောက်​ပတ်​​သောမိန်းမတစ်​​ယောက်​ကိုယူပီးအိမ်​ရာထူ​ထောင်​​နေထိုင်​ပါတယ်​။များမကြာမီအချိန်​မှာသားတစ်​​ယောက်​ထွန်း
ကာလာ​သောအခါ၊ရ​သေ့ဘဝတုန်းကတရားကျင့်
ဖက်​ဖြစ်​​သောသူငယ်​ချင်းရ​သေ့အား၊မ​တွေ့မြင်​ရတာကြာပြီဖြစ်​၍၊သားဦး​လေးအားလည်းပြရင်းလှူ
ဖွယ်​ပစ္စည်းများလှူဒါန်းဖို့သွား​တွေ့ရန်​အကြံဖြစ်​၏။
ထို့​ကြောင့်​အမျိုးသမီးအားတိုင်​ပင်​ပီးလျှင်​လှူဖွယ်
ပစ္စည်းများယူ​ဆောင်​ကာ၊သား​လေးအားချီပိုး၍သူ
ငယ်​ချင်းရ​သေ့ဖြစ်​သူထံဖူး​မြော်​ကန်​​တော့ရန်​သွား
ကြပါတယ်​။FB_IMG_1507205727535.jpg
ရ​သေ့ကြီး၏​ကျောင်းသို့​ရောက်​​လျှင်​​ပျော်​ရွှင်​စွာဖြင့်​မိသားစု၃ဦးလုံး၊ရ​သေ့ကြီးကိုကန်​​တော့ကြ၏။မိဘ၂ပါးကဦးစွာကန်​​တော့​သောအခါ"ဒီဃာယု​ကော​ဟောထ"မင်းတို့​လင်​မယားအသက်​ရှည်​ပါ​စေဟုဆု​ပေးပါတယ်​။ထို့​နောက်​ဖခင်​ပုဏ္ဏားကရင်​ခွင်​ထဲမှသားငယ်​အားလက်​အုပ်​ချီ​စေပြီးကန်​​တော့ခိုင်း
သောအခါမှာ​တော့၊ရ​သေ့ကြီးဟာမျက်​နှာမ​ကောင်း
ဖြစ်​ကာ၊ဘာဆုမှမ​ပေးပဲတိတ်​တိတ်​​နေ၏။ထိုအခါဖခင်​ပုဏ္ဏားကတပည့်​​တော်​တို့လင်​မယားကန်​​တော့စဉ်​က၊အသက်​ရှည်​ပါ​စေဟုဆု​ပေးပီး၊သားငယ်​ကန်
တော့​သောအခါမှမည်​သည့်​အတွက်​​ကြောင့်​ဆုမ​ပေးရပါသလဲဘုရားဟု​လျှောက်​၏။ရ​သေ့ကြီးလည်းမည်​သည့်​စကားမှမပြန်​ပဲတိတ်​တိတ်​​နေ​သောအခါ၊
ဖခင်​ပုဏ္ဏာလည်းစဉ်းစားပါတယ်​။အ​ကြောင်းတစ်​ခုခုရှိလို့သာ၊ရ​သေ့ကြီးသည်​စကားမပြန်​ပဲတိတ်​တိ​တ်
နေခြင်းဖြစ်​၏။ထို့​ကြောင့်​အရှင်​ရ​သေ့တပည့်​​တော်​၏သားငယ်​အားဆုမ​ပေးသည့်​အ​ကြောင်းအားသနားဂရုဏာထား၍တပည့်​​တော်​အား​ပြောပြပါဘုရားဟုအတင်း​လျှောက်​ထားလျှင်​၊ဒကာသင့်​သားမှာအသက်​ရှည့်​မယ့်​ကံမပါ၍ဆုမ​ပေးခြင်းဖြစ်​သည်​။
ရှေ့ခုနှစ်​ရက်​သာအသက်​ရှည်​​တော့မည်​ဖြစ်​၍၊ငါဆုမ​ပေးခြင်းဖြစ်​သည်​ဟု၊စိတ်​မ​ကောင်းစွာဖြင့်​​ပြော
ကြားပါတယ်​။ဖခင်​ပုဏ္ဏားလင်​မယားလဲသား​လေးအားအလွန်​ချစ်​ခင်​သည်​ဖြစ်​၍၊​ဆောက်​တည်​ရာမရ
ဖြစ်​ကာ၊ရ​သေ့ကြီးအားတပည့်​​တော်​တို့သား​လေး၏အသက်​အားကယ်​တင်​မ​ပေးနိုင်​ဘူးလားဘုရားဟုငိုယို​တောင်းပန်​ကြ၏။ထိုကဲ့သို့​တောင်းပန်
ရခြင်းမှာမြတ်​စွာဘုရားလက်​ထက်​​တော်​အခါက
ရ​သေ့များသည်​များ​သောအားဖြင့်​ဈာန်​အဘ်​ဥာဏ်​ရတန်​ခိုးရှိ​သောရ​သေ့များဖြစ်​ဖြစ်​ကြသည်​။မ​ကောင်းမှုအားလုံးဝမပြုပဲ၊​တော​တောင်​ဇနပိုဒ်​များတွင်​​နေထိုင်​ကာသီလဖြူစင်​စွာဖြင်​ကျင့်​ကြံအားထုတ်​ကြ​သောသူ​တော်​စင်​ပုဂ္ဂိုလ်​များဖြစ်​ကြပါတယ်​။ထို့အ​ကြောင်း
နဲ့ပတ်​သက်​၍ညီ​တော်​အာနန္ဒာမ​ထေရ်​ကမြတ်​စွာဘုရားရှင်​အား၊အရှင်​ဘုရားထိုရ​သေ့များသည်​အယူလွဲ၍​လောကပညာရပ်​များကိုပြင်းထန်​စွာကျင့်​ကြ၏
ထိုသို့တစ်​သက်​လုံး​ကောင်းမွန်​စွာကျင့်​လာပီးမှ၊အသက်​ကြီးလာ​သောအခါ၊တစ်​ဖန်​လူထွက်​၍အိမ်​ယာ
ထူ​ထောင်​ကြပြန်​ပါတယ်​။၎င်းတို့အယူအကျင့်​များသည့်​လွဲမှား​နေသည့်​အတွက်​၊ရိုး၂လူသာမန်​အရပ်​သားများအခန်​မသင့်​၍ပြစ်​မှား​စော်​ကားမိလျှင်​၊အပြစ်​ရှိမရှိ​မေးမြန်း​လျှောက်​ထားရာတွင်​၊မြတ်​စွာဘုရား
ရှင်​ကအယူလွဲမှားသည်​မှလွဲ၍၊ထိုရ​သေ့များသည်​မ​ကောင်းမှုကိုမလုပ်​ကြပဲ၊​ကောင်းမွန်​စွာ​နေထိုင်
ကျင့်​ကြံသူများဖြစ်​ပီး၊သီလတရားဖြူစင်​​သော​ကြောင့်​၊၎င်းရ​သေ့များကိုလူသာမန်​အရပ်​သားများပြစ်​မှား
စော်​ကားလျှင်​အပြစ်​ဖြစ်​ပါသည်​ဟုမိန့်​ကြားပါတယ်​။
လောကမှာမ​ထေမဲ့မြင်​၊မ​လေးမစားမလုပ်​သင့်​သည့်​အရာ၎မျိုးရှီ​ကြောင်းဆက်​လက်​မိန့်​ကြား​တော်​မူပါတယ်​။ထို၎မျိုးမှာမီး၊မင်း(ရှင်​ဘုရင်​)၊​မြွေ၊ရ​သေ့ ရဟန်းတို့ဖြစ်​၏ဟူ၍မြတိစွာဘုရားရှင်​ကမိန်​ကြားခဲ့
ပါသည်​။ဖခင်​ပုဏ္ဏားလင်​မယားရဲ့​လျှောက်​ထားချက်​ကိုကြားတဲ့အခါ၊ရ​သေ့ကြီးကငါသိသည့်​အတတ်​ပညာနဲ့အသက်​အန္တာရယ်​ကျ​ရောက်​အ​ကြောင်းသာ
သိနိုင်​ပါတယ်​။ကယ်​​တော့မကယ်​တင်​နိုင်​ပါဘူး။ဂေါတမမြတ်​စွာဘုရားဆီးသာသွား​ရောက်​​လျှောက်​ထားကြည့်​ပါဟုလမ်းညွန်​မိန့်​ကြား၏။ပုဏ္ဏားလင်​မယားလည်းသား​ငယ်​အတွက်​စိုးရိမ်​​သောကကြီးစွာ
ဖြင့်​၊မြတ်​စွာဘုရားထံကိုအမြန်​သွားကြပါတယ်​။
မြတ်​စွာဘုရား​ရှေ့​မှောက်​​ရောက်​​သောအခါ၊ပုဏ္ဏားမိသားစုရှိခိုးကန်​​တော့ကြလျှင်​၊ဘုရားရှင်​သည်​ရ​သေ့ကြီးဆု​ပေးသည့်​အတိုင်း၊သားငယ်​အလှည့်​တွင်
ဆုမ​ပေးပဲဆိတ်​ဆိတ်​​နေ၏။ပုဏ္ဏားက​မေး​လျှောက်​​သောအခါအန္တာရယ်​ကျ​ရောက်​မည့်​အ​ကြောင်းအားမိန့်​ကြားပါသည်​။ထိုအခါပုဏ္ဏားလည်းသား
ငယ်​​လေး၏အသက်​အားကယ်​တင်​​ပေးပါရန်​​လျှောက်​ထား​သောအခါ၊ငါဘုရားစီမံသလိုသာလုပ်​မည်​ဆိုလျှင်​၊သင့်​သားငယ်​အသက်​ချမ်းသာရာရမည်​ဟု
အာမခံမိန့်​ကြား​တော်​မူပါတယ်​။ပုဏ္ဏားလည်းဝမ်း
မြောက်​ဝမ်းသာဖြစ်​ကာ၊အရှင်​ဘုရားမိန့်​ကြားစီစဉ်
ခိုင်းသည့်​အတိုင်း၊လိုက်​နာ​ဆောင်​ရွက်​ပါမည်​ဘုရားဟု​လျှောက်​ထား၏။FB_IMG_1507205309410.jpg
မတ်​စွာဘုရားရှင်​က​ဆောင်​ရွက်​ရမည့်​အချက်​အလက်​များအားမိန့်​ကြား​တော်​မူပာတယ်​။ရှေးဦးစွာပုဏ္ဏားရဲ့အိမ်​​ရှေ့မှာမဏ္ဍပ်​​ဆောက်​လုပ်​​စေသည်​။ထိုမဏ္ဍပ်​ရဲ့အလယ်​မှာထိုင်​ခုံများအား၊စက်​ဝိုင်းပုံရှစ်​ခုတစ်​ဝိုင်း၊၎င်းရှစ်​ခု၏အပြင်​မှတဖန်​​နောက်​ထပ်​စက်​ဝိုင်းပုံစံဆယ်​​ခြောက်​ခုတစ်​ဝိုင်းထပ်​ဝိုင်း​စေ၏။
၎င်းထိုင်​ခုံများတွင်​ဘုရားရှင်​၏တပည့်​သာဝက
ရဟန္တာမ​ထေရ်​ကြီးများထိုင်​၍၊ပရိတ်​တရား​တော်​များကိုခုနှစ်​ရက်​ဆက်​တိုက်​၊​နေ့ညမပြတ်​ရွတ်​ဖတ်​ပူ​ဇော်​​ပေးလျှင်​၊က​လေးငယ်​၏အသက်​အန္တာရယ်​မကျ​ရောက်​နိုင်​​တော့ပါဟုမြတ်​စွာဘုရားရှင်​သည်
မိန့်​ကြား​တော်​​မူပါတယ်​။ပုဏ္ဏားလည်းအိမ်​သို့ပြန်​၍
မြတ်​စွာဘုရားမိန့်​ကြားသည့်​အတိုင်းစီစဉ်​​ဆောင်​ရွက်​ပြီးလျှင်​၊မြတ်​စွာဘုရားရှင်​ထံသွားကာရို​သေစွာဖြင့်​ပရိတ်​ရွတ်​ဖတ်​​တော်​မူမည့်​၊ရဟန္တာမ​ထေရ်​မြတ်​များအားပင့်​ဖိတ်​​လျှောက်​ထား၏။FB_IMG_1507195612910.jpg
ဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီးသည်​ရဟန္တာမ​ထေ
မြတ်​ကြီးများအား​စေလွှတ်​၍၊ထိုစက်​ဝိုင်းပုံဝိုင်းထား​သောထိုင်​ခုံများတွင်​ထိုင်​​စေကာ၊က​လေးငယ်​အားသံဃာ​တော်​များထိုင်​​နေ​သောစက်​ဝိုင်း၏အလယ်​ထဲတွင်​​နေ​စေပီးလျှင်​၊ခုနှစ်​ရက်​တိုင်​တိုင်​ပရိတ်​တရား​တော်​များအားရွတ်​ဖတ်​ပူ​ဇော်​​စေပါတယ်​။
ထိုက​လေး၌ကျ​ရောက်​မည့်​အသက်​အန္တာရယ်​အ​ကြောင်းရင်းသည်​ကား၊အဝရုဒ္ဓအမည်​ရတဲ့နတ်​ဘီလူးတစ်​​ယောက်​ဟာ"​ဝေဿဝဏ်​"နတ်​မင်းကြီးအား(၁၂)နှစ်​တိုင်​တိုင်​ပြုစုလုပ်​​ကျွေးခဲ့တာ​ကြောင့်​၊နတ်​မင်းကြီးကိုယ်​တိုင်​ပုဏ္ဏားလင်​မယား၏သားငယ်​အား၊စား​ခွင့်​ပြုထားသည့်​ခွင့်​ပြုချက်​ကိုဆုလာဘ်​အ​နေနဲ့ရရှိထား​သော​ကြောင့်​၊အဝရုဒ္ဓဘီလူးလည်းခုနှစ်​ရက်​ပြည့်​​မြောက်​လျှင်​က​လေးငယ်​အားစားခွင့်​ရမည်​ဖြစ်​​သဖြင့်​၊ခုနှစ်​ရက်​ပြည့်​မည့်​အချိန်​အား​စောင့်​ဆိုင်းလျက်​ရှိပါတယ်​။ခုနှစ်​ရက်​တိုင်​တိုင်​ရဟန္တာမ​ထေရ်​ရှင်​မြတ်​များက​လေးငယ်​အားဝန်းရံလျက်​ပရိတ်​​ဒေသနာတရား​တော်​များအားရွတ်​ပွားပူ​ဇော်​၍၊
ခုနှစ်​ရက်​ပြည့်​​မြောက်​သည့်​နံနက်​တွင်​မြတ်​စွာဘုရားကိုယ်​​တော်​တိုင်​အလှူမဏ္ဍပ်​သို့၊​ရေစက်​ချတရား
ဟောကြားရန်​ကြွချီ​တော်​မူလာ၏။ထိုကဲ့သို့မြတ်​စွာ
ဘုရားရှင်​ကိုယ်​​တော်​တိုင်​တရား​ဟောရန်​ကြွချီ​တော်
မူလာ​သောအခါ၊တန်​ခိုးကြီးမား​သောနတ်​မင်းကြီးများကိုယ်​တိုင်​စု​ဝေး၍၊တရားနာကြားကြရန်​အတွက်
ပုဏ္ဏားလင်​မယားအိမ်​သို့ဆင်းသက်​လာကြပါတယ်​။ထိုအခါမှာတန်​ခိုးနိမ့်​​သောနတ်​များသည်​၊တန်​ခိုး
ကြီးမား​သောနတ်​မင်းကြီးများကြွလာ၍၊​နောက်​ကိုဆုတ်​ကာ​နေရာဖယ်​​ပေးရ၏။ထိုသို့​နောက်​ဆုတ်​​ပေးရ​သောနတ်​များတွင်​အဝရုဒ္ဓနတ်​ဘီလူးလဲပါဝင်​ကာ၊ပုဏ္ဏားအိမ်​နှင့်​၁၂ယူဇနာကွာ​ဝေးတဲ့အရပ်​ထိ
နောက်​ဆုတ်​​နေ​ပေးရပါသည်​။အဝရုဒ္ဓဘီလူးလည်း
ခုနှစ်​ရက်​ပြည့်​​မြောက်​ပြီဖြစ်​၍၊စာခွင့်​ရထား​သော
‌ပုဏ္ဏာသားငယ်​အားစားရန်​အတွက်​၊အနားသို့မချဉ်းကပ်​နိုင်​ပဲ(၁၂)ယူဇနာအကွာအ​ဝေးထိ​နောက်​ဆုတ်
စောင့်​​နေရသဖြင့်​၊စားခွင့်​မရ​တော့ပါဘူး။"​ဝေဿဝဏ်​"နတ်​မင်းကြီး၏စားခွင့်​အမိန့်​မှာလည်းခုနှစ်​ရက်
ကျော်​လွန်​သွားလျှင်​စားခွင့်​မရှီ​တော့​ချေ။ထိုခုနှစ်​ရက်​ပြည့်​​မြောက်​​သော​နေ့မှာဘုရားရှင်​ကိုယ်​​တော်
တိုင်​ကြွ၍တစ်​​နေ့၊တစ်​ညလုံးပရိတ်​တရား​တော်​များအားရွတ်​ဖတ်​​ပေး​တော်​မူ၏။ခုနှစ်​ရက်​လွန်​၍ရှစ်​ရက်​​မြောက်​​သောမနက်​တွင်​ပုဏ္ဏားလင်​မယားဟာက​လေးငယ်​ကို​ခေါ်ယူ​၍၊ဘုရားရှင်​​ရှေ့​မှောက်​မှာ
လက်​အုပ်​ချီပီးရှိခိုးကန်​​တော့ခိုင်းသည့်​အခါတွင်​၊
မြတ်​စွာဘုရားရှင်​ကဒီဃာယု​ကော​ဟောတိ´´ အသက်​ရှည်​သည်​ဖြစ်​ပါ​စေလို့ဆု​ပေးလိုက်​ပါသည်​။ ထိုအခါပုဏ္ဏာလင်​မယားကသားငယ်​၏အသက်​အန္တာရယ်​အားစိတ်​မချ​သေး၍၊အသက်​ဘယ်​​လောက်​ရှည်​ပါမလဲမြတ်​စွာဘုရားဟု​လျှောက်​ထား​သောအခါ၊အသက်​၁၂၀ရှည်​လိမ့်​မယ်​ဟုမိန့်​ကြား​တော်​မူပါတယ်​။ဘုရားရှင်​ကအသက်​၁၂၀ရှည်​မည်​ဟုမိန့်​ ကြားသည်​ကိုအ​ကြောင်​ပြု၍၊က​လေးငယ်​ဟာအာယုဝဏ´´သတိုးသားဟုအမည်​တွင်​​ခေါ်ဆိုကြ၏။မြတ်​စွာဘုရားအားအ​ကြောင်းပြု၍သာထိုက​လေးငယ်​သည်​အသက်​ရှင်​ရခြင်းဖြစ်​သည်​။ဝေဒပညာအားတဖက်​ကမ်းခတ်​တတ်​ကျွမ်း၍၊ဈာန်​အဘိဥာဏ်​ရထား​သောရ​သေ့ကြီးသည်​လည်းမကယ်​တင်​နိုင်​​ကြောင်း​တွေ့ရ၏။ထို့​ကြောင့်​​လောကတွင်​အမြတ်​ဆုံးဖြစ်​​သောဘုရား၊တရား၊သံဃာအစရှိတဲ့
ရတနာမြတ်​သုံးပါးတို့အားယုံကြည်​ဆည်းကပ်​ကိုး
ကွယ်​သူအ​ပေါင်းတို့အား​ဘေးအန္တာရယ်​တို့သည်
မဖျက်​စီးနိုင်​​ကြောင်း၊ကြည်​ညိုသဒ္ဒါပွားများနိုင်​ရန်
ရေးသားတင်​ပြလိုက်​ရပါတယ်​ခင်​ဗျာ။
ကျမ်းကိုး=ဓမ္မပဒ၊သဟဿဝဂ်​လာ၊ဒီဃာဝုကုမာရ
ဇာတ်
Photo-google
Myanmar steemit groupမှအက်​ဒမင်​များနဲ့တစ်​ကွအဖွဲ့သားမိတ်​​ဆွေအ​ပေါင်းအား၊သီတင်းကျွတ်​လပြည့်​အဘိဓမ္မာအခါ​တော်​​နေ့မှာ​ဘေးရန်​အ​ပေါင်း
ဝေးကွာ​ညောင်း၍၊မိမိတိုလိုရာဆန္ဒများပြည့်​ဝကြပီး
ကျန်းမာရွှင်​လန်းပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
written by komoewai.
@komoewai.FB_IMG_1507204826694.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

thank for sharing

ကျေးဇူးပါခင်​ဗျာ

Good postပါအကို့​ရေ

Thank,bro

this is really nice from you i like it

Thank,bro

ပေးတဲ့ဆုပြည့်ပါရစေဗျာ ကိုမိုးဝေလည်းကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်ခင်ဗျား

ကျေးဇူးပါbro

Nice post ပါ bro

Thank,bro

  ·  7 years ago (edited)

သာဓုပါဗျာ

ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ
....
ပိုစ့်​တင်​သူကိုမိုး​ဝေလည်းကျန်းမားထီ​ပေါက်​နိဗ္ဗာန်​​ရောင်​ပါ​စေ ။
.....
ကျ​နော်​လည်း လစဉ်​ လစဉ်​ ထီ​ဆုကြီးပေါက်​၍နှစ်​လုံးထီ​လည်း
နေ့တိုင်း​ပေါက်​ရပါလို၏။

😁😁😁😁😁

😳😳😱😱

ပျေိာ်ရွှင်ကျန်းမာဘေးဘယာ ကင်းကွာနိုင်ပါစေဗျာ

ကျေးဇူးပါbro​ရေ

Culture of India and Mayamar resembles same to same.

No, Myanmar Buddha's Dhammapada History.

Not same the culture with india.
..