Myanmar Religion Knowledge

in myanmar •  7 years ago  (edited)

မြတ်​စွာဘုရား​ဟောကြားဓုတင်​အကျင့်​မြတ်​(၁၃)ပါးအပိုင်း၂
မင်္ဂလာရှိ​သောနံနက်​ခင်း​လေးမှာသူငယ်​ချင်​မိတ်​​ဆွေများအားလုံးပဲမင်္ဂလာပါခင်​ဗျာ။မ​နေ့က​ရေးသားခဲ့​သောမြတ်​စွာဘုရာ​ဟောကြားဓုတင်​(၁၃)ပါ´းအ​ကြောင်း​လေးအားယခုအပိုင်း(၂)တွင်​ဆက်​လက်​​ရေးသားတင်​ပြ​ပေးမှာဖြစ်​ပါတယ်​။ဓုတင်​အကျင့်​မြတ်​(၁၃)ပါးရဲတစ်​ခုချင်းအနက်​အဓိပ္ပါယ်​မှာ- ၁။ ။ပံသုကူလိကင်္ဂဓုတင်​-ပံသုကုလိကင်္ဂ´´၏အနက်​အဓိပ္ပါယ်​မှာပံသုဆိုသည်​ကား​မြေမှုန်​ကိုပါဠိဘာသာစကားဖြင့်​​ခေါ်ဆိုခြင်းဖြစ်​၏။ပံသုကူလိက´´ဆိုသည်​မှာ​မြေမှုန်​​မြေကြီး​ပေါ်တဇွင်​ကျ​ရောက်​​နေ​သောအရာကိုဆိုလိုပါသည်​။အဓိပ္ပါယ်​မှာလမ်းခရီး၊အမှိုက်​ပုံ၊သုဿန်​သင်းချိုင်း၊တံမြက်​​ချေးစုအစရှိ​သော​မြေ​ပေါသို့စွန့်ုပစ်​ထား​သောအဝတ်​အထည်​ကိုပံသုကူလ´ဟုလည်း​ကောင်း၊သုဿန်​သင်းချိုင်းကုန်း၊လူအများစွန့်​ပြစ်​​သောအမှိုက်​ပုံစသည်​တို့သည်​စက်​ဆုပ်​ရွံ့ရှာဖွယ်​ရှိ၍ထိုအရပ်​၌စွန့်​ပြစ်​​သောအဝတ်​အထည်​ကိုပံသုကူလဟု​ခေါ်ပါတယ်​။၎င်းပံသုကူသင်္ကန်း´´ကို​ဆောင်​​သောရဟန်းအားပံသုကူလိက´´ပံသုကူရဟန်းဟု​ခေါ်ဆိုပါသည်​။ပံသုကူလိက´´ဓုတင်​ကို​ဆောင်​​သောရဟန်းသည်​ဒကာ၊ဒကာမများကပ်​လှူ​သောသင်္ကန်းကိုမဝတ်​ရုံမသုံ​ဆောင်​ပဲအမှိုက်​ပုံလမ်းဆုံလမ်းခွများတွင်​လူတို့အသုံးမပြု၍စွန့်​ပြစ်​ထား​သောအဝတ်​အစအ​ဟောင်းများ၊သုဿန်​သင်းချိုင်းကုန်းများတွင်​လူ​သေ​ကောင်​မှအဝတ်​အစများအား​ကောက်​ယူ၍​လျှော်​ဖွပ်​​ဆေး​ကြောပီးလျှင်​သစ်​​ခေါက်​ပြုတ်​​ကေဖြင့်​စိမ်​ခါ၊သင်္ကန်​အ​ရောင်​ဖြစ်​​အောင်​ပြု၍ချုပ်​လုပ်​ပြီးသင်္ကန်းအဖြစ်​ဝတ်​ရုံသုံး​ဆောင်​ကာ​ကျင့်​သုံး​နေထိုင်​ရပါသည်​။ထိုကဲသို့ကျင့်​သုံး​နေထိုင်​​သောရဟန်းအားပံသုကူရဟန်း´´ဟု​ခေါ်ဆိုပါသည်​။ထိုကဲ့သို့ပံသုကူလိကဓုတင်​´´ကို​ဆောင်​သဖြင့်​အလိုရမက်​နည်းပါးကားသည်းခံ​ရောင့်​ရဲတင်းတိမ်​စွာ​နေထိုင်​သဖြင့်​ပံသုကူလိကင်္ဂဓုတင်​´´သည်​မြတ်​​သောအကျင့်​မြတ်​ဓုတင်​တစ်​ပါးဖြစ်​ပါသည်​။ imageအမှတ်​(၂)-​တေစီဝရိကင်္ဂဓုတင်​။ ။တေစီဝရိကင်္ဂဓုတင်​´သည်​ဒုကုဋိ၊ကိုယ်​ဝတ်​အ​ပေါ်ရုံဧကသီ၊သင်းပိုင်​(၃)ထည်​​သောသင်္ကန်းကိုဆိုလိုပါသည်​။တေစီဝရိကင်္ဂဓုတင်​´´ကို​ဆောင်​​သောရဟန်းသည်​သင်္ကန်းအပိုမထားရှိပဲ၊ကိုယ်​​ပေါ်၌ဝတ်​ရုံဆင်​မြန်းထား​သောကိုယ်​ရုံဧကသီ၊သင်းပိုင်​နှင့်​တစ်​ကွပခုံး​ပေါ်တွင်​တင်​ထား​သောဒုကုဋိစ​သောသင်္ကန်းတစ်​စုံကိုသာ​ဆောင်​​သော​ကြောင့်​``​တေစီဝရိကင်္ဂ´´ဓုတင်​​ဆောင်​ရဟန်းဟု​ခေါ်ပါသည်​။ထိုကဲ့သို့တစ်​စုံထဲ​သောသင်္ကန်းကိုသာသုံး​ဆောင်​သဖြင်​၊အပိုသိမ်းဆည်းရ​သောဒုက္ခ၊​ပျောက်​ဆုံးပျက်​စီးမှာပူပင်​ရ​သော​ဝန်​တာများမရှိ​တော့ပဲ၊အလို​လောဘနည်းပါးခါရဟန်းတရားကို​ကောင်းမွန်​​အေးချမ်းစွာအားထုတ်​နိုင်​သဖြင့်​မြတ်​​သောဓုတင်​အကျင့်​ပင်​ဖြစ်​ပါသည်​။ကျန်​ရှိ​နေ​သေး​သောအ​ကြောင်းအရာများအား​နောက်​အပိုင်းများတွင်​ဆက်​လက်​​ရေးသာတင်​ပြ​ပေးပါမည်​ခင်​ဗျာ။စာရှုသူမိတ်​​ဆွေအ​ပေါင်းကိုယ်​စိတ်​နှစ်​ဖြာ​ဘေးရန်​ကွာ၍၊လိုရာဆန္ဒပြည့်​စုံကြပါ​စေ။
Photo-google
Writing by@komoewai

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good

Very impressive, bro

Nice post