Philosophy Writing Knowledge

in myanmar •  7 years ago 

လူနှင့်​တာဝန်​ဝတ္တရားများအပိုင်း(၂)
မင်္ဂလာရှိ​သောနံနက်​ခင်း​လေးမှာသူငယ်​ချင်းမိတ်​​ဆွေများအားလုံးပဲမင်္ဂလာပါခင်​ဗျာ။မ​နေ့က​ရေးသားတင်​ပြ​ပေးခဲ့​သောလူနှင့်​တာဝန်​ဝတ္တရား´´များအပိုင်း(၂)ကိုယခုဆက်​လက်​၍​ရေးသားတင်​ပြ​ပေးသွားမှာဖြစ်​ပါတယ်​။တာဝန်​´´ဟူ​သောစကားရပ်​သည်​အဓိပါယ်​​လေးနက်​၍ကြီးမားပီး၊ဝတ္တရား´´ဟူ​သောစကားရပ်​မှာ​တော့ဝန်​တာမကြီးပုံကိုမ​နေ့က​ဆောင်းပါးတွင်​အကြမ်းဖျင်း​ရေးသားခဲ့ပြီးဖြစ်​ပါသည်​။လူမှု​ရေးကိစ္စ၊လူမျိုး​ရေးကိစ္စများသည်​ဝတ္တရားများဖြစ်​ပါသည်​။သမိုင်း​ပေးတာဝန်​၊ဘဝ​ပေးတာဝန်​ဟူ​သောတာဝန်​များသည်​လည်းဝတ္တရား´´များသာဖြစ်​ပါသည်​။မူလမဖြစ်​မ​နေ၊လွှဲ​ရှောင်​၍မရပဲလုပ်​ကိုင်​ရမည့်​တာဝန်​များမဟုတ်​ပါ။ဥပမာလူမှု​ရေးဆိုလျှင်​အရပ်​ထဲတွင်​သာ​ရေးနာ​ရေးများ၊အလှူမင်္ဂလာ​ဆောင်​များတွင်​ဝိုင်းဝန်​​ဆောင်​ရွက်​ရန်​တာဝန်​ဝတ္တရားများရှိပါသည်​။သို့​သော်​ထိုတာဝန်​ဝတ္တရား´´များသည်​မလုပ်​ကိုင်​ချင်​လျှင်​​ရှောင်​လွှဲ​နေလို့ရပါသည်​။ထိုဝတ္တရားများသည်​မိမိတို့စိတ်​​ပေါ်တွင်​သာမူတည်​ပါသည်​။လုပ်​​ပေးချင်​လျှင်​လုပ်​​ပေး၍ရသလို၊မလုပ်​ချင်​လျှင်​လဲအ​ကြောင်းတစ်​ခုခုပြ၍​ရှောင်​လွှဲခါ​နေလို့ရသည့်​ဝတ္တရားများသာဖြစ်​ပါသည်​။မူလမဖြစ်​မ​နေလုပ်​ရမည့်​တာဝန်​´´များမဟုတ်​​ပေ။သို့ရာတွင်​တာဝန်​သိသူမှာတာဝန်​ရှိသည်​ဟူ​သောစကားအတိုင်း၊အ​သေအချာစဉ်းစားကြည့်​ပြန်​လျှင်​တာဝန်​´´ဟူသည်​ပင်​ဝတ္တရားဖြစ်​​နေတာကို​တွေ့ရပါသည်​။ imageထိုတာဝန်​´´ဟုဆိုရာတွင်​မူလတာဝန်​မဟုတ်​ပဲ၊မိမိတို့အသိစိတ်​ဓာတ်​အရ​ဆောင်​ရွက်​ရမည့်​ကိစ္စမျိုး​တေကိုဆိုလိုခြင်းဖြစ်​၏။ဥပမာတာဝန်​သိပြည်​သူတစ်​ဦး၏သတင်း​ပေးချက်​အရ´´ဆို​သောစကားရပ်​အားသတင်းစာများ၊ရုပ်​သံများတွင်​မြင်​ဖူး​တွေ့ဖူးကြမည်​ဖြစ်​ပါတယ်​။၎င်းတာဝန်​သိပြည်​သူတစ်​ဦး၏သတင်း​ပေးချက်​အရဟုဆိုရာမျိုးတွင်​၊သူသတင်းမ​ပေးလျှင်​ဘာမှမဖြစ်​၊သူ၏ပင်​မတာဝန်​မဟုတ်​​သော်​လည်းသူ၏စိတ်​ဓာတ်​အရအများအကျိုးအတွက်​ဒုစရိုက်​မှုများ​လျော့နည်းပ​ပျောက်​​အောင်​သတင်း​ပေးခြင်းပင်​ဖြစ်​သည်​။ထို​ကြောင့်​ဤ​နေရာ၌တာဝန်​သိသူမှာသာတာဝန်​ရှိသည်​´´သုံးသပ်​ဆင်​ခြင်​မိပါတယ်​။တစ်​ချို့ဝတ္တရားဟုယူဆ၍ရ​သော​ရှောင်​လွှဲ၍ရ​သောကိစ္စ​လေး​တေလဲရှိပါတယ်​။ထိုကိစ္စများကိုမသိချင်​​ယောင်​​ဆောင်​ပြီး​ခေါင်း​ရှောင်​၍​နေခဲ့လျှင်​တာဝန်​မဲ့ရာကျပါသည်​။တာဝန်​မသိရာ​​ရောက်​ပြီးသတင်းပို့သင့်​သည့်​ကိစ္စကိုသတင်းမပို့လျှင်​သတင်းထိန်​ချန်​မှုလည်းဖြစ်​နိုပါတယ်​။တာဝန်​ဟုဆိုရာတွင်​တာနှင့်​ဝန်​ကိုတစ်​ခုစီခွဲခြမ်း၍အဓိပ္ပါယ်​ဖွင့်​ကြည့်​မိပါသည်​။ကားလမ်း​ဘေးများမှာတာကျင်း၊တာချိုင့်​ဟူ၍ရှိပါသည်​။ကားလမ်းများ​ဖောက်​လုပ်​​သောအခါတွင်​​မြေကြီးများတူး၍လမ်းဖြစ်​​အောင်​ဖို့​သော​ကြောင့်​၊ထိုတူး​သော​နေရာများသည်​တွင်းချိုင်းများဖြစ်​ပြီးကျန်​ခဲ့ကာတယ်​။ယခင်​ကကားလမ်းများ​ဖောက်​ရာတွင်​ထိုလမ်းနှင့်​အနီးတစ်​ဝိုက်​ရွာများကလုပ်​အား​ပေးလုပ်​ကိုင်​ကြရပါသည်​။ကိုယ့်​တာဝန်​နှင်​ကိုယ်​တူးရမည့်​​မြေအကျယ်​​နေကာသတ်​မှတ်ခွဲတမ်းချမှတ်​ပြီးတာဝန်​​ကျေ​အောင်​တူး၍ကားလမ်းအား​မြေဖို့ကြရပါသည်​။ဝန်​´´ဆိုသည်​က​တော့ဝန်​ထုပ်​ဝန်​ပိုး၊ဝန်​စည်​စလယ်​ဟုဆိုသဖြင့်​​အ​လေးချိန်​အ​နေအထား၊အထုပ်​အပိုးများပင်​ဖြစ်​၏။နိုင်​ငံ​တော်​တာဝန်​၊တိုင်းပြည်​တာဝန်​၊မိသားစုတာဝန်​၊အမျိုးသား​ရေးတာဝန်​၊သာသနာ့တာဝန်​အစရှိသဖြင့်​တာဝန်​အသီးသီးရှိကြပါတယ်​။တာဝန်​´´နှင့်​ဆက်​စပ်​၍တာဝန်​၊တာဝန်​သိစိတ်​၊တာဝန်​ယူနိုင်​စွမ်း၊တာဝန်​ယူတတ်​မှု၊တာဝန်​​ကျေပွန်​မှု၊တာဝန်​ပြီး​မြောက်​မှုဟူ၍တာဝန်´´နှင့်​ပတ်​သက်​၍အခန်းကဏ္ဍများစွာရှိ၏။ ![image](https://img.esteem.ws/6agq929eg1.jpg)တာဝန်​ဟူ​သောစကားသည်​ကျွန်​ပ်​တို့နှင်​မည်​သည့်​အရွယ်​မှစ၍ပတ်​သက်​လာကာအကြုံးဝင်​သနည်းမူ​ကျောင်းသားအရွယ်​မှစပြီးတာဝန်​များပခုံး​ပေါ်သို့​ရောက်​လာပါ​တော့၏။ကျောင်းသားအရွယ်​တွင်​စာသင်​၊စာကျက်​၊စာ​မေးပွဲ​အောင်​​အောင်​​ဖြေဆိုရမည့်​တာဝ်​များရှိလာပါသည်​။ယခင်​လို​ကျောင်းမ​နေခင်​အရွယ်​စားလိုက်​၊အိပ်​လိုက်​၊ကစားလိုက်​လုပ်​​နေရုံနှင့်​မရနိုင်​​တော့ပါ။နောက်​အပိုင်းများတွင်​ဆက်​လက်​၍တာဝန်​နှင့်​ဝတ္တရားများ´´အ​ကြောင်းအားဆက်​လက်​​ရေးသားတင်​ပြ​ပေးပါမည်​ခင်​ဗျာ။မိတ်​​ဆွေအားလုံးကျန်းမာချမ်းသာပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​။
Photo-google
Writing by@komoewai

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!