ကိုယ့်စိတ်ရှင်းလျှင် လင်းစေမည်

in myanmar •  7 years ago  (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

Hello မင်္ဂလာပါ steemitပေါ်မှ မိတ်ဆွေ သူငယ်ချင်းအပေါင်းတို့ရေ။

ဒီတစ်ကြိမ်မှာတော့ စိတ်စေတနာနဲ့ ကလေးငယ်တို့ရဲ့စိတ်ထားအကြောင်းလေးကိုရေးပြပေးချင်ပါတယ်ဗျာ။ကျတော်တို့တတွေဟာ စာရေးဆရာတွေ မဟုတ်ကြပေမယ့် စရေးတာမဟုတ်လေတော့ စာရေးတဲ့လူတစ်ဦးဖြစ်လို့နေပြီပေါ့ဗျာ။ ဒီတော့ ဟိုနည်းနည်း ဒီနည်းနည်း ထွေရာတွေလည်းရေးတက်ခဲ့ကြပြီပေါ့ဗျာ။ ကျနော်ရေးချင်တဲ့ စိတ်စေတနာဆိုတာကိုပြောဖို့ကြတော့ ကလေးငယ်လေးတွေ ဘဝဖြစ်တည်လာမှုတွေနဲ့ယှဉ်ပြီး ပြောပြချင်လို့ ကလေးငယ်တို့ရဲ့စိတ်ထားအကြောင်းလေးနဲ့ ဆက်စပ်ရေးပြရခြင်းဖြစ်ပါတယ်။

image

Credit image source


လောကကြီးရဲ့သဘာဝတရားတွေအရ လူသားတွေဟာ လက်တွေ့ဖြစ်တည်လာမှုအကြောင်းတရားတွေကိုကြည့်ရှုခဲ့ကြပြီး အကျိုးတရားတွေကိုခံစားလာနိုင်ကြစေဖို့ လူသားတွေကပဲ ဖန်တီးခဲ့ကြတဲ့ သတ်မှက်ခဲ့ကြတဲ့ စကားအသုံးအနှုန်းတွေဟာ ယခုလက်တွေ့လောကကြီးထဲမှာ အကျိုးရှိစွာအသုံးပြုလာနိုင်ကြပါတယ်။ အဲ့ဒီစကားတွေထဲကမှ ကလေးနဲ့ခွေး သိပ်အရောတဝင်မနေဖို့ လူကြီးသူမတွေရဲ့ပြောဆိုဆုံးမစကားလေးကိုလည်း ပြန်လည်ကြားယောင်မိနေပါတယ်။ ကလေးနဲ့ခွေးကို ဘာလို့သိပ်အရောတဝင်မနေစေချင်လည်းဆိုတာ ကိုယ်တိုင် ကလေးတစ်ဦးကို ချစ်တက်တဲ့စိတ်၊ခွေးလေးတွေကို ချစ်တက်တဲ့စိတ်ရှိသူဆိုရင်သိနိုင်ပါတယ်။ တချို့ဆိုရင် ခွေးလေးတွေကိုအတော်လေးကိုတယုတယနဲ့ မွေးကြပါတယ်။ လုံးဝကြီးမချစ်ရဘူးမဟုတ်ပါဘူး ဆုံးမသွန်သင်ရင်းနဲ့ကို အများကြီးချစ်လို့ရပါတယ်။ ဥပမာ ကလေးတစ်ယောက်ကိုချစ်ရင် ကလေးကို အခွင့်အရေးအားလုံးမပေးပဲ ဒီတိုင်းပျော်ရွှင်ပါစေ။ ကိုယ့်ကို အသည်းယားလာအောင်သွားပြီးမစနဲ့ စိတ်ဆိုးအောင်သွားပြီးမလုပ်နဲ့။ ကိုယ်ကချစ်လို့ သူကို စတာတွေစိတ်ဆိုးတာတွေလုပ်ရင် ကလေးငယ်လေးတွေဆိုတာ လူကြီးတွေလိုစဉ်းစားပြီးမှ တစ်ခါတည်း အရောက်ပို့တာမဟုတ်ပါဘူး။(နတ်ပြည်ထိ😁😁)
ကလေးငယ်ဆိုတာ သူတို့စိတ်ထဲရှိရင် ရှိတဲ့အတိုင်းလုပ်တက်တာပါ။ ကိုယ့်ကိုအသည်းယားလာလို့ စိတ်ဆိုးလာလို့ရှိရင် တွေ့တဲ့ အရာဝတ္ထုပစ္စည်းတွေနဲ့ကိုင်ပေါက်တက်ပါတယ်။ အဲ့ဒီလိုကိုင်ပေါက်လို့ တချို့ဆို ခေါင်းပေါက်ပြီး သွေးထွက်သံယိုတွေပါဖြစ်ကြရပါတယ်။ အဲ့ဒီလိုမဖြစ်ရလေအောင် ကိုယ့်ဘက်ကနေ ဆင်ဆင်ခြင်ခြင်နေကြရပါမယ်။
အဲ့ဒီလို ကလေးငယ်တွေကို မစပဲ၊ မနောက်ပဲနဲ့ ကိုယ့်ကို အန္တရာယ်ဖြစ်လာစေခဲ့ရင် အကြမ်းပတမ်းနဲ့မဆုံးမပဲ အချိုသာဆုံးနည်းဖြစ်တဲ့ ကြိမ်လုံးနဲ့အချက်ငါးဆယ်လောက်ရိုက်ပြီး အဲ့ဒီလိုမလုပ်သင့်ကြောင်း ဆိုဆုံးမရပါမယ်။(တကယ်မရိုက်ကြနဲ့နော်😁😁)

image

Credit image Source


ငယ်ရွယ်စဉ်ကတည်းက မဆုံးမရင် အသက်ကြီးလာရင် ဆုံးမလို့မရတော့ပါဘူး။ ဆုံးမလို့ မလွယ်ကူတာမဟုတ်ပါဘူး။ ဆုံးမသွန်သင်လို့ကိုမရတော့တာပါ။ ကျတော် မျက်မြင်ကိုယ်တွေ့ကြုံဖူးခဲ့တာလေးတွေရှိနေလို့လည်းပြောပြရခြင်းပါ။ နောက်ပြီး တချို့ကလေးတွေဟာ လူကြီးတွေရဲ့ မဆုံးမပဲလွှတ်ထားမှုတွေကြောင့် မဖြစ်သင့်တာတွေဖြစ်လာရပါတယ်။ ဟိုတလောကဆို ကျတော်တို့ရွာထဲကပါပဲ ဘိုးဘွားမိဘတွေရဲ့အလိုလိုက်အကြိုက်ဆောင်ပြီးအချစ်မှားခြင်းခံရတဲ့ကလေးလေးတစ်ယောက် သူ့ဦးလေးခေါင်းကိုမူလီချောင်းနဲ့ရိုက်လိုက်လို့ ခေါင်းပေါက်သွားခဲ့ရပါတယ်။ ဖြစ်ပုံက ကလေးက အိမ်ထဲတနေရာကနေမူလီချောင်းတစ်ခုတွေ့လို့ ကလေးကကောက်ပြီး ဟိုနေရာတောက်တောက်တောက်နဲ့ရိုက် ဒီနေရာ တောက်တောက်တောက်နဲ့ရိုက်လုပ်ရင်း အိမ်ထဲမွှေနေတာပါ။ ကလေးကဆော့နေတာဆိုတော့လွှတ်ထားလိုက်ကြတယ်ထင်ပါတယ်။ အဲ့ဒီမှာ ကလေးရဲ့ဦးလေးက သတင်းစာဖတ်နေတာပါ။ ကလေးက အနားနားရောက်လာတဲ့အထိ သတင်းစာဖတ်နေတာမပြတ်ပါဘူး။ အနောက်ကနေမူလူချောင်းနဲ့ ဦးခေါင်းကို တောက်တောက်တောက်လုပ်ခြင်းခံရမှပဲ သတင်းစာဖတ်တာရပ်သွားပါတော့တယ်။ ခေါင်းပေါက်သွားတာကိုး😁😁။
ကလေးငယ်ကိုင်ဆောင်ထားတာ မူလီချောင်းမို့လို့ပေါ့ အနီးနားက သံတူရွင်းအချွန်နဲ့သာဦးခေါင်းကိုထိုးလိုက်လို့က မတွေးရဲစရာပါ။ ကလေးက သံတူရွင်းအချွန်ကို မမနိုင်လို့သာတော်သေးတာပါ။

ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ဆုံးမသွန်သင်ခဲ့မယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာတဲ့အခါအသိအမြင်ကောင်းတွေရရှိလာမှာဖြစ်လို့ စေတနာကောင်း စိတ်ထားကောင်းတွေဖြစ်လာရမှာပါ။
ကျတော် ယခင်နေခဲ့ဖူးတဲ့ရွာလေးက ကောင်လေးတစ်ဦးဆိုရင် အသက်အရွယ်အားဖြင့် 15နှစ်လောက်ပဲရှိအုံးမည်ထင်ပါတယ်။ သူ့ရဲ့အသိက အားနည်းတဲ့သူတွေ၊ လူကြီးသူမတွေကို ကူညီဖို့အသိရှိတယ်၊
ကိုယ့်ထက်အသက်ကြီသူးတွေစကားပြောနေရင် သူတို့တတွေရဲ့အရှေ့ကနေဖြတ်သွားဖြတ်လာသိပ်မလုပ်ပါဘူး။ မဖြစ်မနေသွားလာရမယ်ဆိုရင်လည်း လက်လေးနှစ်ဖက်ကိုပိုက်လို့ ခါးကိုရှေ့သို့ဦးညွတ်ပြီးမှဖြတ်သွားလေ့ရှိပါတယ်။

သူဟာငယ်ရွယ်ပေမယ့် အသိသတိ တော်တော်ရှိနေတယ်လို့ပြောလို့ရပါတယ်။ လမ်းသွားရင် ဆူးညောင့်ခလုပ်တွေကိုတွေ့ရင်ရှင်းလင်းပေးသွားတက်ပါတယ်။ ဒီအကျင့်တွေကိုတော့ သူ့ရဲ့အဖိုးဖြစ်သူဆီက သင်ကြား သိမြင်နေတာလို့ကျတော်ထင်ပါတယ်။ သူ့ရဲ့အဖိုးဟာဆိုရင် ကျေးရွာမှာရှိတဲ့လူအများရဲ့ ယုံကြည်လေးစားခြင်းကိုခံရသူတစ်ဦးလည်းဖြစ်နေလို့ အခုလိုထင်မြင်ရခြင်းပါ။ သူ့ကသူ နဂိုကတည်းက စိတ်ထားကောင်းနေတာလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲပြောပြော စိတ်ထားနှလုံးသားကောင်းရှိတဲ့သူတစ်ဦးဟာ သူ့ဘဝမှာ စိတ်ညစ်စရာနည်းရမယ်လို့ထင်ပါတယ်။ သူ့ရဲ့ဘဝနေဝင်ချိန်ဟာလည်း လှပနေမှာပါ။ ဒါကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပြောချင်တာက သူတပါးကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်ဘက်က စိတ်ဆိုးဒေါသမဖြစ်ကြပါနဲ့။ သူ့စိတ်ဓာတ်မကောင်းရင် သူ့ကသူခံပါလိမ့်မယ် ကိုယ်က စိတ်ခံစားချက်တွေလိုက်ပြီးထားမနေပါနဲ့။ ကိုယ်ကစိတ်ထဲတွေးပြီး ခံစားနေရင် ကိုယ်ပဲဒုက္ခရောက်ပါတယ်။ သူမကောင်းရင်နေပါစေ ကိုယ်ကောင်းအောင်သာနေပါပေါ့ဗျာ။ ဟုတ်ဘူးလား။

image

Credit image source


ကျတော်လည်း အချိန်မရတာနဲ့ postလေးကိုဒီနေရာတင်ပဲ အဆုံးသတ်လိုက်ပါတယ်ဗျာနော်။

ဖတ်ရှုပေးသုအားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ၊ အဆင်လည်းပြေကြပါစေဗျာ။

@komoezaw

MSC-030

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကလေးတွေကို စိတ်ဆိုးလာအောင် မစသင့်ပါဘူး။ လူကြီးတွေကိုမထီမဲ့မြင်ပြုတတ်ပါတယ်။

ဟုတ်တယ်broရေ သတိပြုရမယ့်အချက်ပဲဗျ

ဆုံးမသင့်တာကတော့ ဆုံးမရမာပေါ့ ကိုမိုးဇော်ရေ..စည်းကမ်းဆိုတာ ငယ်ကနဲက မလုပ်ခဲ့ရင်ကြီးရင် ဒုက္ခရောက်ရော😁

ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သင့်တော်တဲ့ စည်းကမ်းလေးတွေ ချမှတ်ပေး သင်ပေးလေ့ကျင့်ပေးထားမှသာ အရွယ်ရောက်လာတဲ့အခါ ပညာသင်ခြင်း နှင့် လူနေမှုဘ၀ နေထိုင်မှုကိုပါ ပူးတွဲသင်ကြားပေးလာခဲ့ရင် အဆင်ပြေပြေဘ၀လေးတွေ တည်ဆောက်သွားနိုင်ပါလိမ့်မယ်။

မည်သို့ပင်ပြောပြော ကလေးများအတွက် လက်ဦးဆရာဟာ မိဘနှစ်ပါးပါပဲ မိဘ၂ပါးက သွန်သင်ဆုံးမ စည်းကမ်းချမှတ် လေ့ကျင့်သင်ကြားပေးမှု အားနည်းရင် အဲဒီကလေးရဲ့ ရှေ့အနာဂါတ်ဟာ မှုန်ဝါးဝါးဖြစ်နေမှာပါ။

ဟုတ်တယ် ကွီးရွှေရေ
အလေ့အကျင့်ရှိပါမှ ကလေးငယ်လေးတွေလည်း လမ်းမှန်ကြရမှာ။

အမှန်အကန် ချစ်တတ်ဖို့လိုပါတယ်ကိုမိုးဇော်ရေ မိဘ ဘိုးဘွားများက ကလေးတွေကို မချစ်တတ်ကြတော့ နှစ်သတ်သလိုဖြစ်ကုန်တာပေါ့

ဟုတ်ကိုစိုး
ချစ်တာတော့ကောင်းပါတယ် နှစ်သလိုဖြစ်ဖြစ်နေတာကဆိုးတာ

မူလီ နေရာမှာ ဘလိတ်ဓား လေးဆိုရင်ကော။လေးလဲမလေးပူးလေ 😛။

အဲ့ကလေး အရင်ရှမှာ

😁😁😂

အေး
ညီပြောမှပဲ လူကြီးနားရွက်ပါပြတ်မယ်😂😂😂

ခေါင်း​ပေါက်​မှပဲ သတင်းစာဖတ်​တာရပ်​​တော့တယ်​ က​လေး​ဆော့​နေတာကြ မဆုံးမပဲကိုး နဲ​တောင်​နဲ​သေးတယ်​ ​ခေါင်း​ပေါက်​တာ ဟီး

ဟုတ်ဆို 😂😂😂
သတင်းစာနေ့စဉ်ဖတ်ရှုပါ
သတင်းထူးပါလျှသ်ပြောပါလားတဲ့

သူ့ခေါင်းပေါက်သွားတော့ သတင်းထူးပြီလေ😂😂

သူတော်ကောင်းလေး ဖြစ်စေချင် စိတိထားလှဖို့ပြင် ဟီး ကဗျာထဲက စာသားပါ ။

ဘာပဲဖြစ်ဖြစ် စိတ်ထားလှဖို့လိုတာတော့အမှန်ပါပဲဒိုမီရာ

အကောင်းဆုံးကတော့ ငယ်ငယ်ကတည်းက လိုချင်တဲ့ပုံသွင်းထားရင်ကောင်းပါတယ် ကြီးလာမှဆိုရင် မလွယ်တော့ပါဘူး

ကြီးလာမှဆိုရင် မလွယ်တော့ဘူး ကိုသန့်ဇင်ရေ
အမှန်ပဲဗျ

ကိုယ်မိုးငယ်ငယ်က ရုပ်လားဗျာ့ 😁😁

  ·  7 years ago (edited)

ဟားးး
ဟုတ်ရပါဘူးဗျ😁😁😁

ကလေးဆိုတာ စူစမ်းတတ်တဲ့ အရွယ်မှာ
စူးစမ်း ဆော့ကစာတက်လို့ ဟီးးး
ဖြစ်တက်ပါတယ်လို့
ပြောပရစေ

ဟုတ် ဖြစ်တော့ဖြစ်တက်ပါတယ် ခေါင်းပေါက်သွားတာတော့ အမှက်တရဖြစ်သွားတာပေါ့😁😁

သားကို ငယ်စဉ်အခါကမဆုံးမခဲ့ရင် ကြီးသောအခါ ကျားလို ဖြစ်သွားမယ်တဲ့။ သမီးကိုငယ်စဉ်အခါက မဆုံးမခဲ့ရင်ကြီးသောအခါ မီးလိုပူလောင်ရမယ်လို့တောင် အဆိုရှိတယ်မဟုတ်လား ကိုမိုးရေ။

ဟုတ်တာပေါ့ကိုထွေးရာ
ကျားနဲ့မီး
အားနဲ့ထီးပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by KoMoeZaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

  ·  7 years ago (edited)

Thanks.

ကိုမိုးဇော် မန့်ဖို့များမေ့နေတာလား သူများတွေကိုတော့ ကိုယ်စားမန့်ပေးထားတယ်

ဒီလိုပါပဲbroရာ

Credit image source ဆိုတာ ဘယ်လိုလုပ်ရတာလဲ အကို

imageရဲ့မူရင်းlinkအထိသွားပြီး linkယူရတာ ညီရ
ပြီးတော့မှ creditပေါ့။
Credit google image ဆိုတာက မလုပ်နဲ့
အဲ့လိုလုပ်တာက မှားနေတယ်လို့ steemitကဆိုထားတယ် ညီရေ

ရွံ့ဆိုတာ ​ပျော့တုန်းပဲ​ ပုံစံသွင်းလို့​ကောင်းတာ က​လေး​တွေကိုလည်း ငယ်​စဉ်​ကတည်းက လိမ္မာယဉ်​​ကျေး​အောင်​ ပုံစံသွင်းမှ​ကောင်းပါတယ်

ဟုတ်ပါတယ်ကိုလင်းရေ
ကလေးဘဝကတည်းက ပြုစု ပြိုးထောင်ပါမှ သားကောင်း သမီးကောင်းတွေဖြစ်လာကြရမှာ။

ကလေးတွေကို နားလည်ပေးရပါမယ် ... သူတို့လိုအင်ကို သိအောင် ကြိုးစားပြီးမှ မကောင်းမြစ်တား ကောင်းရာညွှန်ပေးရတာပါ

ဟုတ်ကိုစော
မကောင်းမြစ်တား
ကာင်းရာညွှန်လတ်
အတက်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင်
ဖခင်မိတို့တာ....ဆိုတာ
တစ်ကယ်ထိရောက်တဲ့ ကျင့်ဝတ်အလင်္ကာ ကဗျာလေးပါပဲ။

ကလေးတွေရဲ့အနာဂတ်ကိုပုံဖော်ရတာ
တကယ်အရေးပါတယ်

ဟုတ်ပါတယ်
လူကြီးမိဘတွေမှာ တာဝန်ရှိတယ်
အကိုတို့ပတ်ဝန်းကျင်တွေမှာတော့
ဆုံးမသွန်သင်လို့မရတာတွေအများကြီးဖြစ်နေရပါပြီကွာ။

မှန် သပေါ့ ဗျာ။

ဟုတ်ကိုဒွန် ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ဗျာ😍😍

ခွေးလေးချစ်တော့ ပါးနားယက် လူလေးချစ်တော့ ခေါင်းပေါ်တက် ခခ်ခခ်

တင်ပါ့ဘုရား အဲ့ဒါ အမှန်ပဲပေါ့ ဟီး😁😁

အိမ်​မှာလည်းတူမ​လေးရှိ​နေဘူးသူ့စိတ်​အ​ခြေအ​နေ​လေး​တွေ​တော့နဲနဲအကဲခက်​​နေရပြီတစ်​စိတ်​ရှိရင်​ငိုဖို့ပဲ​​ချောင်း​နေတာ ဟီးဟီးညီ​တော့ဘဝကိုတတ်​နိုင်​သ​လောက်​​ပျော်​​အောင်​​နေတယ်​လူလူချင်းလဲအမုန်းမပွားဘူး​ဗျအာ့​တော့အမြဲပြုံ​တေနာဟီး

အမြဲပျော်အောင်နေတက်တာကောင်းတာပေါ့ညီရာ
ကလေးကိုတော့ ဂရုစိုက်အုံးနော်
ငိုတယ်ဆိုပြီး ပစ်ထားနဲ့ သတ္တိရှိအောင်သင်ကြားပေး
သတ္တိကို အဆိုးဘက်ရောက်တဲ့ပုံစံမျိုးတော့မသင်နဲ့နော်
ကလေးဆိုတာ အတုမြင်အတက်သင် မြန်တယ်။

မိဘတွေအတွက်
တစ်ချိန်မှာ
သားယောက်ျားလေးကနေ အားဖြစ်ဖို့
သမီးမိန်းကလေးက ထီးဖြစ်ဖို့
ငယ်ရွယ်နုနယ်စဉ်မှာပဲ
နည်းလမ်းမှန်မှန်နဲ့ လိုရာပုံသွင်းယူကြရမှာပါဗျာ

အမှန်ပါပဲbroရေ
ဆုံးမသွန်သင်တက်ဖို့ပဲလိုအပ်တာ

ဟုတ်တယ် ကိုမိုးဇော်ရေ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အရေးကြီးဆုံးက စိတ်ရှည်ရတာဘဲ ဒေါသနဲ့ ပြုမူလိုက်တာနဲ့ သူတို့လည်း အဲ့လိုဘဲ တုံ့ပြန်တက်တာကြောင့် သတိအရမ်းထားနေရတယ်

ယနေ့လူငယ် နောင်ဝယ်လူကြီး Bro

လူငယ်တွေလည်း လူကြီးတွေဖြစ်လာကြပြီ😁😁