ဘယ်လိုရှေ့ဆက်မှာလဲ

in myanmar •  7 years ago 


မင်္ဂလာပါခင်ဗျာ၊ လတ်တလောဖြစ်ပေါ်နေတဲ့ တောရွာတွေရဲ့ သာသနာ့ အခြေနေ၊ ခေတ်အဆက်ဆက်ပြောင်းလဲလာတာတွေ့မြင်ရပါတယ်၊ အရင် ကျွန်တော်တို့ငယ်စဉ်အခါတုံးကဆိုရင်၊ ရွာတွေမှာဘုန်းကြီးကျောင်းတွေမှာ ကိုယ်ရင် ဦးဇင်းတွေတော်တော်များများ ကိုသင့်တယ်စွာဖူးတွေ့ရပါတယ်၊ အနည်းဆုံးကျောင်းတွေမှာ ရဟန်းသံဃာမရှိဆိုရင်တောင်မှ တစ်ဆယ်ကျော်လောက်တော့ အမြဲရှိပါတယ်၊ နောက်ပြီး ဘုန်းကြီးကျောင်းမှာနေကြတဲ့ ဘုန်းကြီးကျောင်းသားတွေကလည်းဘဲ တတ်သိနားလည်တဲ့အရွယ်ဆိုတော့ ဘုန်းကြီးကျောင်းမှာလိုအပ်ချက်တွေကိုလှုံလှုံလောက်လောက် ဖြည့်ဆဲပေးနိုင်ကြပါတယ်၊ ဒါအပြင် ဗုဒ္ဓစာပေတွေကိုလဲ့ အပြိုင်အဆိုင် လေ့လာသင်ကြားခွင့်တွေရရှိကြပါတယ်၊ ကျွန်တော်က ကျောင်းမှာနေပြီးကြီးလာတယ်ဆိုရင် မမှားနိုင်ဘူးဗျာ၊ အဲဒီအချိန်တုံးကဆိုရင် သက် ဆယ်ကျော် အရွယ်တောင် ဘုန်းကြီးကျောင်းသားထဲမှာ အငယ်ဆုံးဘဲလိုပြောပါရစေ၊ အထက်က ကြီးသူတွေ ခိုင်းသမျှကို မပျင်းမရိလုပ်ရတာပါဘဲ၊ မလုပ်ချင်ဘူးဆိုရင် အရိုက်ခံရအဆဲခံရပေါ့၊ လူကြီးတွေနဲ့နေရတော့ ဗဟုသုတတွေလဲ့ရတာပေါ့၊ ဒါကြောင်းမိုး ဟိုအရင်ကတည်းက အချို့လူကြီးတွေ ကျောင်းကြီးမှာနေပြီး ပညာတွေကို သင်ယူခဲ့ကြတယ်ဆိုတာမမှားနိုင်ဘူး ငြင်းဆန်နိုင်ပါဘူး၊ ဘာကြောင်းဆိုသော် ကျွန်တော်တို အရွယ်တုံးကတောင် ဘုန်းကြီးကျောင်းမှာ ပညာသင်နေကြတဲ့ လူတွေတော်တော်ရှိခဲ့လိုပါ၊ ဒီအကြောင်းတွေနဲ့ပတ်သတ်ပြီး စိတ်မကောင်းတစ်ခုဖြစ်ခဲ့ရပါတယ်၊ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ လပိုင်းလောက်က သတင်းတစ်ခုမှာတွေ့လိုက်ရပါတယ်၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကိုဖျက်သိမ်းရမယ်ဆိုတဲ့ သတင်းကြောင်းပါဘဲ၊ မလုပ်သင့်ပါဘူးထင်ပါတယ်၊ ခုခေတ်တချို့ကလေးတွေ်မှာ ပညာမသင်နိုင်လို့ ဘက ဘုန်းကြီးကျောင်းတွေမှာ ပညာသင်နေရတာအများကြီးရှိနေပါတယ်၊ တကယ်လို့ဘုန်းကြီ့းပညာသင်ကျောင်းတွေကို ဖျက်သိမ်းမယ်ဆိုရင် သူတို့ ပညာမသင်နိုင်တဲ့ ကလေးတွေကို လှုံလောက်တဲ့ထောက်ပံ့မှု့တွေပေးနိုင်ပြီးမှ ဖျက်သိမ်းမယ်ဆိုလည်း ဖျက်သိမ်းရပါလိမ့်မယ်၊

ခုအဓိကကျွန်တော်ပြောချင်တာက ကံမကောင်းစွာဖြင့် ခုခေတ်သာသနာ့ တကယ်ပျက်တုံးသွားပြီးလားဆိုတာပါဘဲ၊ ဟိုးအရင်က ဒီလောက်စဉ်ကားခဲ့တဲ့ ဘုန်းကြီးကျောင်းတွေမှာ ကိုယ်ရင်ဆိုတာမတွေ့ရတော့ဘူး၊ ကျွန်တော်တို့နယ်တွေမှာ တော်တော်များများ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းထိုင်ဘုန်းကြီးတပါးတည်းဘဲရှိတာတွေ့ရပါတယ်၊ ကျွန်တော်တို့နယ်မှာဆိုရင်ဗျာ ဘုန်းကြီးကျောင်းအတွက် ဆွမ်းဆက်ဖို့အတွက် အလဲ့ကျ ဆွမ်းအုပ်ဆိုတာရှိတယ်ဗျာ ကျောင်းမှာလှုံလှုံလောက်လောက်ရှိဖို့အတွက် အနည်းဆုံး ဆွမ်းအုပ် ငါးအုပ်လောတောရှိတယ်ဗျာ၊ အလဲ့ကျပေါ့နော် အဲလို အလဲ့ကျတဲ့သူတွေက မနက်အာရုံဆွမ်းအတွက် အစောကြီးထပြီးတော ဆွမ်းဆက်ကြတယ် ပြီးတော ကျောင်းကို ဆွမ်းပို့သွားကြတာပေါ့၊ ကျောင်းရောက်တော့ ကျောင်းမှာရှိတဲ့ကျောင်းသားတွေက ဆွမ်းအုပ်တွေကို ခူးခပ်ပြီး ဘုရားဆွမ်းတင်တယ် ဘုန်းကြီးကိုဆွမ်းကပ်ကြတယ်၊ ဒီလိုမျိုးပေါ့၊ ခုတော အရင်လိုမတွေ့ရတောဘူးဗျာ၊ ဘယ်လိုပြောင်းလဲသွားလည်ဆိုတော ကျောင်းသား ကိုယ်ရင်မရှိတဲ့အတွက် ဆွမ်းလာပို့တဲ့သူတွေကသာ ဆွမ်းခူးခပ်ပြီးလုပ်ပေးရတယ် နောက်တစ်ခုက အရင်ကဆိုရင် တန်းဆွမ်းဆိုပြီးရွာတွေ ဆွမ်းခံကြွကြတယ်လေ ခုတော့ မြို့လောက်ဘဲတွေ့ရပါတောတယ်၊ ရွာတွေမှာ မရှိတောဘူး၊ ဒီလိုမျိုးပေါ့ ကျွန်တော်ဘုန်းကြီးကျောင်းကို ရောက်တော့ စိတ်ထဲတစ်မျိုးခံစားမိတယ်၊ အော်!အရင်ကဆိုရင် ငါတို့နေတုံးက အရမ်းပျော်စရာကောင်းခဲ့တာ ခုတော့ ကိုယ်ရင် ကျောင်းသားတွေကို တွေ့ချင်မြင်ချင်ပါတယ်ဆိုရင်တောင် ရှာမတွေ့ရတောဘူး၊ မြို့ပေါ်မှာသာ ရဟန်းသံဃာတွေကိုဖူးတွေ့ခွင့်ရကြတာနော် ကျွန်တော်တို့နယ်တွေမှာဆို မတွေ့ရတောဘူးနော်၊ တချို့ရွာတွေမှာဗျာ ကျောင်းထိုင်ဖို့ ဦးဇင်တောင်မရှိဘူးအေးလောက်ထိ သာသနာ့ဆုတ်ယုတ်နေတာနော်၊ အချို့အဖိုးအဘောတွေဆိုရင် ဆွမ်းလောက်ချင်လိုက်ကြတာ၊ အလှူရှင်ရှိနေသော်လည်း အလှူခံမရှိဘူးဖြစ်နေတယ်၊ ဒါနဲ့စကားမစ် ဘုရားရှင်ဟောထားခဲ့တာရှိပါတယ်နော် မင်္ဂလသုတ် ပရိပ်တရားတော်မှာ ရဟန်းသံဃာပုဏ္ဏားတွေကို ဖူးမြင်ရတာလဲ့ မင်္ဂလာ တစ်ပါးဖြစ်တယ်နော်၊ ဒါကြောင်းတချို့အဖိုးအဘောတွေက မင်္ဂလာတရားလိုချင်ပေမဲ့ မရနိုင်ကြဘူး၊ ဒါပေမဲ့ဗျာ တချို့မြို့ပေါ်မှာသံဃာတွေရှိနေတဲ့နေရာတွေမှာ သံဃာတွေကိုစော်ကားပြောဆိုတာတွေတော်တော်များများရှိလာကြတယ်ဗျာ၊ တော်တော်ကိုစိတ်မကောင်းစရာတွေပါ၊ သံဃာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ၊ သံဃံဒိန္နံမဟဖလံ ဆိုပြီး ဘုရားဟောထားပါတယ်၊ သံဃာကိုရည်မှန်လှူတန်းမယ်ဆိုရင် အကျိုးများပါတယ်ဆိုပြီး ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မှုခဲ့ပါတယ်၊ လူဆိုတာ အယုတ်အလပ်အမြတ်ဆိုပြီးသုံးမျိုးရှိပါတယ်၊ ဒီလိုပါဘဲ ရဟန်းမှာလဲရှိမှာပါဘဲ၊ ဒီလိုမကောင်းတဲ့ရဟန်တွေရှိလို့လည်း သိက္ခာပုဒ်တွေကို ချမှတ်ထားခဲ့တာပေါ့၊ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါတုံးကတောင် ဒီလိုမျိုးမကောင်းတဲ့ရဟန်းဆိုတာရှိကြတာဘဲလေ၊ ပညတ်ထားတဲ့သိက္ခာပုဒ်တွေကို ချိုးဖျောက်ဖျက်စီးမယ်ဆိုရင် ပြုလုပ်တဲ့ရဟန်းမှာသာ အပြစ် အကုသိုလ်ဖြစ်နေမှာပါဘဲ၊ ဒါပေမဲ့ ရဟန်းကိုတော့ မစော်ကြား မဆဲဆိုပါနဲ့ ဘယ်သူမှ ဒုက္ခမရောက်ရဘူး ဒီလိုစော်ကားတဲ့သူမှာသာ မကောင်းကျိုးကိုခံစားရမှာပါ၊ တကယ်လို့မျးပဉ္စနန္ဒိယ ကံထိုက်သွားရင် ဘဝဆုံးရပါတော့မယ်၊ ယခုလက်ရှိဘဝမှာ သူအတိတ်က ပြုလုပ်ထားတဲ့ ကုသိုလ်အကျိုးပေးခွင့်ကိုခံစားရနေပြီးမဲ့ နောက်တမလွန်ဘဝမှာတော့ လူဘဝကိုပြန်လည်မရရှိနိုင်တော့ဘူး၊ ဒါကြောင်းမဖြစ်သင့်တာတွေမဖြစ်ရလေအောင် ဆန္ဒကို ကိုယ်ပိုင်အသိဉဏ်နဲ့ဆုံးဖြတ်ပါ၊

ဒီလိုရဟန်းသံဃာတွေ လျှာ့နည်းလာရတာက နည်းပညာကြောင်းဖြစ်နေသလို၊ တကာတကာမတွေ့ ထောက်ပံ့ပြောဆိုမှု့ အားပေးမူ့တွေ မရှိလို လျှော့နည်းလာရခြင်းဖြစ်တယ်လို့ထင်မြင်မိပါတယ်၊ နည်းပညာကြောင်းလူတွေက အမြင်ကျယ်လာသလို အဆက်သွယ်ပိုင်ဆိုင်ရာတွေကလည်းဘဲ၊ မြန်ဆန်ကောင်းမွန်နေတယ်ဆိုတော့ ရဟန်းသံဃာတွေအတွက် သာသနာမှာ့ရပ်တည်နိုင်ဖို့ခက်ခဲ့လာနေတယ်ထင်မြင်မိပါတယ်၊ ဒါကြောင်းရှေ့ဘယ်လိုကာကွယ်နိုင်မလဲစဉ်းစားရင့်တွေးမိနေတာလေးကို ခုလိုရေးပြလိုက်ရခြင်းဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်၊။
photo from Google
Written by Konyi
MSC 037

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘာသာ သာသနာ အဒွန့်ရှည်တည်တံ့ဖို့
ရဟန်းသံဃာကောင်းတွေရှိနေဖို့လိုအပ်ပါတယ်ဗျာ။
ဘုန်းတော်ကြီး စာသင်ကျောင်းတွေ ပိတ်ပြီး ပညာရေးတိုးတက်စေဖို့နည်းလမ်းသစ်တွေချရင်တော့ အဆင်ပြေမှာပါ။
နည်းလမ်းအသစ်မချပဲ နည်းလမ်းကောင်း နည်းလမ်းဟောင်းကိုစွန့်ရင်တော့ ပညာမသင်နိုင်တဲ့သူတွေ အခက်ပိုတွေ့ကြရတော့မှာပေါ့။

ခုလိုပြောပေးတာ ကျေးဇူးပါအကိုမိုး

တစ်ချို့ဘုန်းကြီး ကိုယ်ရင်များကတော့ အင်တာနက်သုံးရတာ ပျော်မွေ့နေလေ့ရှိတတ်ပါတယ်

ဗုဓ္ဒဘာသာ အဒွန့်ရှည်ဖို့ ဆရာတကာ ဝိုင်းဝန်းဖြေရှင်းနိုင်ကြမှ တော်ပေလိမ့်မယ် ကိုညီ။

ဟုတ်မှန်ပါတယ် အကိုထွေး

ဟုတ်ပါတယ်ခင်ဗျာ ရှေးထုံးဆိုတာမပယ်သင့်ပါဘူး

ဗုဒ္ဓဘာသာ သာသနာကိုအဓွန့်ရှည်တည်တံ့အောင်
စစ်မှန်တဲ့ဘုရားသားတော်ရဟန်းသံဃာတွေကဦးဆောင်ထိန်းသိမ်းမှရပါမယ်ဗျာ
ခုဆြိ အတုအယောင်သံဃာတွေကြောင့် ဒါယိကာ ဒါယိကာမတွေ အကုသိုလ်များရသည်သာမဟုတ်
ဗုဒ္ဓဘာသာတောင်နာမည်ကျဆင်းရပါတယ်

ကျွန်တော်ကိုတွေ့လေးပါ ရွာတသ်ရွာမှာဆိုရင်
ကျောင်းထိုင်တဲ့ဘုန်းကြီး ၃နှစ်လောက်စုမိဆောင်းမိတဲ့အခါလူထွက်ပြီးမိန်းမကောက်ယူပြီးရွာကနေထွက်ပြေးတယ်
ဒီလိုနဲ့တစ်ပါးပြီးတစ်ပါး ၃ ပါးစဉ်ဆက်မပြတ်အဲ့လိုချည်းပဲဆိုတော့ ဘယ်ဒါယိကာ ဒါယိကာမကမှ မလှူမတန်းတော့ဘူးဗျာ ဘုန်းကြီးကျောင်းလည်းတိတ်ဆိတ်သွားပါလေရော

မှန်ပါပေတယ်အကိုစိုး ဒါပေမဲ့ အတုယောင်သံဃာတွေရှိသလို အစစ်မှန်သံဃာတွေလဲ့ရှိပါတယ် တကယ်လိုများ အကိုစိုးပြောတဲ့ရွာမှာ အစစ်မှန် သံဃာတပါးရောက်ရှိခဲ့မယ်ဆိုရင်....? အရင်သံဃာလိုဘဲ အထင်ဖြင့်မလှူတန်းပေးမှာကို စိုးရိမ်မိပါတယ် ခုလိုပြောပြပေးတာ ကျေးဇူးပါနော် ကိုစိုး

ကျ​တော်​တို့ဘက်​လည်း ထိုနည်းတူစွာပါပဲဗျာ

ဟုတ်ပါတယ် bro ကျေးဇူးပါနော်

ဘုရားသာသနာကို ဘုရားသားတော်တွေပဲ ကာကွယ်နိုင်ပါလိမ့်မယ်

ဟုတ်အကိုမှန်ပါတယ် တကာ တကာမတွေကလည်းဘဲ လိုအပ်မယ်ထင်ပါတယ် bro ကျေးဇူးနော်

ဆရာ တကာ ညီမှသာ ရေရှည်တည်တံ့မှာပါ စာပိုဒ်ကလေးတွေခွဲပေးစေချင်တယ် စာပိုဒ်တွေရှည်နေသလိုထင်ရပါတယ်

ဟုတ်ကဲ့ပါအကို ကျေးဇူးပါ

နောက်မျိုးဆက်သစ်တွေလက်ထက်မှာ သာသနာအတွက် ရင်လေးမိပါတယ်

ဟုတ်bro နောက်အတွက် စဉ်းစားပြီးရေးကြည့်တာ

Good post.DQmNsZAckGSfAqqg1i8mEhzg3Zd8utHXUdkkz76kFYCDQH9.gif

စစ်မှန်တဲ့သံဃာတွေ ကျန်ခဲ့ပါလိမ့်မယ်ဗျာ

ဟုတ်အကိုစောကျေးဇူးနော်

သာသနာနေလိုလ လို ထွန်းလင်းဖို့ဆိုတာ သံဃာတွေနဲ့အများကြီးဆိုင်နေပါတယ်

ဟုတ်အကို သံဃာမရှိရင်သာသနာ့မရှိသလို တကာ တကာမတွေမရှိရင်လဲ့ သံဃာမရှိနိုင်ဘူး ဒါကြောင့်...? ကျေးဇူးနော်အကို

မြန်မာတိုင်းမှာတာဝန်ရှိပါတယ် Bro ရေ

နည်းပညာရဲ့တိုးတက်မှုကိုတော့ထိန်းချုပ်နိုင်မှာမဟုတ်လို့
ခေတ်မှီနည်းပညာကိုပဲအသုံးချပြီး
သာသနာတော်အတွက်အကျိုးရှိတဲ့နေရာတွေမှာ
သုံးနိုင်လာအောင် ပညာရှင်တွေများစွာလိုအပ်ပါသည်

တကယ်ဟုတ်ပါတယ်bro ခုလိုပညာရှိစကားကိုကြားသိရတာ ဝမ်းသာမိပါတယ်