ကျွန်တော်တို့ရွာရဲ့စီးပွားရေး

in myanmar •  7 years ago 

IMG20180112125546.jpg
မင်္ဂလာပါခင်ဗျာ… ကျွန်တော်တို့နယ်တွေမှာ အဓိကထားပြီးစီးပွားရေးလုပ်တာကတော့ လယ်လုပ်ငန်းပါဘဲ ကျွန်တော်တို့ မြန်မာမှာ အဓိကစားသုံးတာကတော့ ဆန်စပါးပါဘဲ၊ ဒိလိုပါဘဲ ဒီဆန်စပါးတွေကို ဖြစ်ထွန်းဖို့အတွက် တောင်သူလယ်သမားတွေက ကြိုးပန်းအားထုတ်ရတာပါဘဲ၊ ကျွန်တော်တို့နယ်မှာဆိုရင် တခြားစီးပွားရေးလုပ်ငန်တွေသိပ်မရှိပါဘူး၊ စပါးစိုက်ပျုးရေးကို အဓိကထားပြီး မိသားစုရဲ့ ဝမ်းရေးလုံးလောက်အောင် ရှာကန်ကြရပါတယ်၊ ဒါကြောင်းမို့လို့ ဒီစပါးတွေဖြစ်ထွန်းလာဖို့အတွက် တော်တော်ကို အားစိုက်ပျူးထောင်ပြုလုပ်ရပါတယ်၊ စပါးတစ်ပင်ဖြစ်လာဖို့အတွက် နံယုန်လကတည်းက စပြီးလယ်ယာ လုပ်ငန်းတွေကို စတင်ပြုလုပ်ရပါတယ်၊ ပိုက်ဆံရှိပြီး နည်းနည်းမိသားစု အားရှိတဲ့သူတွေမှာဆိုရင် ခေတ်ပေါ် စက်တွေကို အသုံးပြုနိုင်ကြပါတယ်၊ တချို့ ပိုက်ဆံမရှိဆင်းရဲ နွမ်းပါးတဲ့သူတွေမှာဆိုရင် ကျွဲနွားတွေကို အသုံးပြုပြီး လုပ်ကိုင်စားသောက်ကြရပါတယ်၊ သူတို့ကို အမှီပြုပြီး လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ပြီးနောက်၊ စပါးပျူးတွေကို စတင်စိုက်ပျူးကြပါတယ်၊ အဓိကထားစဉ်းစားတာကတော့ ဒီစပါးဘယ်လို ရှင်သန်ပြီး ဘယ်လိုအထွက်တိုးမလဲ ဆိုတာကို စိတ်ထဲအမြဲထားပြီးစဉ်းစားပြုလုပ်ရပါတယ်၊ ဘာဖြစ်လို့ဆိုသော် ဒီစပါးအထွက်တိုးမှ ကျွန်တော်တို့ရဲ့ မိသားစုဝမ်းရေးအချင်ပြေမှာမို့လို့ပါ၊ ။
IMG20180112130744.jpg
ကျွန်တော်တို့မှာ မိုးရာသီမှစပြီးပြုစုလာတာ ဆောင်းရာသီအထိပေါ့၊ ကောက်ရိုက်သိမ်းအချိန်းမှာဆိုရင်လေးဘဲ ကျွန်တော်တို့မှာ ချမ်းတာဘဲ စောင်ခြုံပြီးတော့ ဇိမ်နဲ့ အိပ်ယာမှာနေပြီးအိပ်နေလို့မရပါဘူး၊ မနက် လေးနာရီကတည်းက ထပြီးတလင်းသိမ်းရပါတယ်၊ မိတ်ဆွေတို့လေးဘဲ၊ တလင်းရိုက်သိမ်းတာကို တွေ့ဖူးမြင်ဖူးကြပါတယ်၊ ဒါပေမဲ့ တချို့မြို့မှာနေထိုင်တဲ့သူတွေက မြင်သော်မြင်ဖူးသော်လေး တိတိကျကျ မမြင်ဖူးကြတဲ့သူတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်၊ တချို့တောင်သူလယ်သမားတွေမှာ စက်နဲ့ တလင်းသိမ်တာတွေရှိကြပါတယ်၊ စက်နဲ့သုံးတာထက် ကျွဲနွားတွေနဲ့အသုံးပြုတာက ပိုပြီးစပါးကောင်းကောင်းရတာကိုတွေ့ရပါလိမ့်မယ်၊ တစ်ဖက်ကကြည့်မယ်ဆိုရင်လေးဘဲ၊ ကျွဲနွားတိရိစ္ဆာန်တွေကို ဒုက္ခ ပေးတာ ဖြစ်နိုင်ပါတယ်၊ တစ်ဖက်ကကြည့်မယ်ဆိုရင် ကျွဲနွားတိရိစ္ဆာန်တွေ တောင်သူလယ်သမားရဲ့ ကျေးဇူးရှင်ဆိုရင် မမှားနိုင်ပါဘူး။ ကြေနှုစရာတစ်ခုရှိပါတယ်ဗျာ အေးဒါကတော့ ကျွဲနွားတိရိစ္ဆာန်တွေနဲ့ အလုပ်လုပ်ပြီးတိုင်း သူတို့ကို ရေမှာရေးချိုးစေပြီး သူတို့ကို ဒူးထောက်တောင်းပန်ပြီး ( ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့သင်တို့အပေါ်မှာ၊ အပြစ်ကြီးအပြစ်ငယ်တွေရှိခဲ့ ကျွန်တော်တို့ကို နားလည်ခွင့်လွတ်ပေးကြပါဆိုပြီး သူတို့ကို ဝန်ချတောင်းပန်လဲ့ရှိကြပါတယ်၊။
IMG20180112125559.jpg
ကျွန်တော်တို့နယ်တွေက မြစ်တွေနဲ့နီးတော့၊ ရေးကြီးလာရင် ရေးတွေရွာထဲထိရေးတွေတက်တာပေါ့၊ နောက်ပြီးတော့ တစ်ရွာလုံးက လယ်ယာတွေနဲ့ဘဲ သက်မွေးဝမ်းကျောင်းလုပ်ကြတာဆိုတော့၊ ကျွဲနွားတွေအစာစားဖို့မြေလွတ်သိပ်မရှိဘူး၊ အဲဒါကြောင်း တလင်းပွဲပြီးတာနဲ့ မိုးရာသီရောက်လာရင် ကျွဲနွားအစာမငပ်ရအောင် ကောက်ရိုးပုံအဖြစ်ဖန်တီးထားခြင်းဖြစ်ပါတယ်၊ မိုးရာသီ ရောက်တိုင်း လယ်ထွန်ချိန်မှာ၊ ကျွဲနွားတွေကို ကောက်ရိုးကို အစာအဖြစ်ကျွေးမွေးကြပါတယ်၊ မိတ်ဆွေတိုလေးဘဲ ကျွန်တော်တို့နယ်တွေကို အလည်အဖြစ်လာခဲ့မယ်ဆိုရင်၊ ရွာကိုမရောက်ခင် ပထမဆုံး ကောက်ရိုးပုံကိုဘဲ တွေ့မြင်ရပါလိမ့်မယ်၊ ကျွန်တော်ပြောခဲ့ပြီးအတိုင်း ပိုက်ဆံရှိပြီး ခေတ်ပေါ်စက်တွေကို ဝယ်သုံးကြတဲ့သူတွေ့မှာဆိုရင်၊ ကောက်ရိုးပုံစရာမလိုသလို့၊ ပုံဖို့အတွက်လေးဘဲ ကောက်ရိုးကောင်းကောင်းမရရှိနိုင်ကြဘူး၊ ဘာဖြစ်လို့ဆိုတော့၊ စက်တစ်လုံးရဲ့ လုပ်ဆောင်ချက်က ကျွဲနွားတွေနဲ့ လုပ်ဆောင်ချက်မတူညီမှုကြောင်းဘဲဖြစ်ပါတယ်၊ မှန်မှန်ရရ ရွာတွေမှာ၊ တစ်မိသားစုက တစ်မိသားစုကို စားစရာဟင်းငါးတွေကို ပေးကမ်းစားသောက်တတ်တဲ့အလေ့အထတွေပါ၊ ကျွန်တော်တို့မိသားစုမှာ ဟင်းငါးတွေရလာတယ်ဆိုရင် အနီးနားမှာရှိတဲ့ အိမ်နီးနားက လူတွေကို ပေးကမ်းကြပါတယ်၊ သူတို့တွေကလေးဘဲ သူတိုမှာ ရရှိလာတယ်ဆိုရင်၊ ပေးကမ်းကြပါတယ်၊ ကျွန်တော်အမြင်ဖြင့်ကျေနပ်မိပါတယ်၊ ကျွန်တော်တို့လေးဘဲ အိမ်းမှာ ငါးဟင်းမရှိဘူးဆိုရင် ပန်းကန်မှာ ထမင်းဖြူသပ်သပ်ထဲ့ပြီးတော့ ငါးဟင်းရှိတဲ့ အနီးနားကတစ်အိမ်ကို၊ သွားစားတတ်တဲ့အလေ့ထတွေရှိပါတယ်၊ နောက်တစ်ခုက သူငယ်ချင်းတွေဆိုရင်လေးဘဲ၊ အိမ်းမှာ မိသားစုတွေနဲ့ ကျွန်တော်ထမင်းစားနေသည်ဖြစ်စေ၊ သူတို့ဆာလာရင်တစ်ခါတည်း ဝင်စားလိုက်တာဘဲ၊ မိသားစုတွေကလေးဘဲ ခင်ခင်မင်းမင်းပါဘဲ ဘယ်ချိန်လာလာ၊ ဘယ်ချိန်စားစား အမြဲတမ်းကြေ်ဖြူးကြပါတယ်၊ ဒါဟာတွေကလေးဘဲ ပျော်ရွှင်ကြေနှုစရာတစ်ခုလို့မြင်မိပါတယ်၊၊ ခုလိုအချိန်ပေးပြီးဖတ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်၊ တောသားတွေ ခင်မင်ပြူငှာမှု့တွေကို ကိုယ်တိုင်ခံစားကြည့်ချင်တယ်ဆိုရင်၊ အလည်လာဖို့ဖိတ်ခေါ်ပါတယ်၊ STEEMIT FRIENDS..

Writing by Konyi
MSC 037

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ချစ်​စရာအမူအကျင့်​​လေး သတ္တဝါ​လေး​တွေရဲ့​ကျေးဇူးကလည်းအလွန်​အမင်​ကြီးလှပါတယ်​​ဗျာ ​ကျေးဇူးရှင်​ဆိုည်းမမှားဘူး

ဟုတ်ပါတယ်အကို ကျေးဇူးပါ

ဖတ်လို့ကောင်းပါတယ် အစ်ကို

ဟုတ်ကဲ့ပါ အကို ခုလိုပြောပေးတာအရမ်းကျေနပ်မိပါတယ်

တလင်းပွဲယာလား

ဟုတ်ကဲ့ပါ တလင်းပွဲနာ သိပ်မကြာသေးဘူး

ဘယ်ရွာလဲ ကိုညီ...

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာပါအကို

ကြားတော့ ကြားဖူးဘူး
စမ်းတမ်း မှန်းတမ်း ရမ်းတမ်း လည်လာခဲ့မယ်
ဟိဟိ

Welcome bro လာစေချင်ပါတယ်

တောဓလေ့က ချစ်စရာပါ

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါ bro

ကြည်နူးစရာ တောဓလေ့လေးတွေပါ

ခုလို အားပေးစကားတွေပြောပေးကြတာ ကျေးဇူးတင်မိပါတယ်

အလည်လာချင်ပါတယ်။
အားပေးပါတယ် ဆက်ရေးပါ

ခုလိုပြောပေးတာ ကျေးဇူးတင်မိပါတယ်အကို

ကြည်နူးစရာဓလေ့တောရွာပေါ့ဗျာ

ဟုတ်ကဲ့ပါဗျာ တကယ်ပျော်စရာကောင်းတယ်

အကို့စာဖတ်ပြီး မရောက်တာကြာတဲ့ရွာကိုလွမ်းလာတယ်ဗျာ။

မြန်မြန် အချင်ပြေပြီးး အမြန်ဆုံးရွာကိုပြန်နိုင်ပါစေလို့ ဆန္ဒပြုပါရစေ

ကျွန်တော့်ရွာကိုတောင်လွမ်းလာတယ်

ဟုတ်ကဲ့အကို ရွာကိုအလည်လာရင့်နဲ့ကျနော်တို့ရွာကိုပါတစ်ခါတည်းအလည်လာခဲ့ပါလား

အားပေးနေပါတယ်

ကျေးဇူးပါအကို fighting

တောရပ်ဌာနေ အဲဒီကစ လူဖြစ်ရတဲ့ ကိုယ့်ဘဝအခြေ...

ဒါဆိုငါတို့ steem မှာလေးဘဲ အကုန်နီးပါး ရွာတွေကများ အများရှိနေလားလို့ဗျာ

ရွာကအလုပ်​ကိုပြန်​လုပ်​​တော့မယ်​ဗျို့

အေးဒါပိုအကျိုးများတယ် အကို သွားလုပ် သွားလုပ် အားပေးနေတယ်

နိုင်ငံရဲ့ စပါးကျီဖြစ်နေတာ ဂုဏ်ယူလိုက်စမ်းပါ ဘရို

ဟုတ်ကဲ့ပါဗျာ ဂုဏ်ယူနေပါတယ်

စက်မှုထွန်းကားတာလည်းကောင်းတော့ကောင်း မကောင်းတော့မကောင်း
ဘယ်လိုပြောရမှန်းမသိတော့ပါဘူးဗျာ
စက်မှုစွမ်းအားနဲ့က မြန်မြန်ဆန်ဆန်တော့ပြီးတာပေါ့

ဟုတ်ကဲ့ပါ အကို ကိုမိုးဇော် ကျေးဇူးပါနော်

ရခိုင်ပါလား ဂိုးဂိုး ။ ကိုယ့်ပြည်ကိုလွမ်းရေ.....

ဟုတ်ပါရေ အကို အကိုပါယော