မိဘကျေးဇူးကိုဆပ်ရခြင်းကို လူတော်တော်များများကနားလည်ထားကြပါတယ်၊ သားသမီးအပေါ်မှာ မကောင်းတဲ့တဲ့မိဘတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ မိဘဟာမိဘပါပဲ မိဘမကောင်းဘူးဆိုပြီး မိဘ ကိုပြစ်မှားလို့မရပါဘူး၊ အဓိကတော့ ကျွန်တော်တို့ဟာမိဘကျေးဇူးကို ဆပ်ရမှာပါဘဲ ကျေးဇူးဆပ်တဲ့နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်၊ တရားဓမ္မဖြင့် ကျေးဇူးဆပ်နည်း၊ လောကီ အားဖြင့် အလုပ်အကျွေးပြုပြီးကျေးဇူးဆပ်နည်းပေါ့။
တကယ်မိဘကျေးဇူးကိုသိရှိနားလည်တဲ့သူတွေ အမွေခံသားသမီးတွေဖြစ်ချင်တဲ့သူတွေက မိဘကျေးဇူးကို ဆပ်ပြီးမှ သူတို့သွားရမဲ့လမ်းကို ဆက်လျှောက်ကြပါတယ်။
ဥပမာ တစ်ခုအနေနဲ့ ဘုရားရှင်ရဲ့ လက်ယာတော်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ဥပမာ ကြည့်ရုံဖြင့် သိသာထင်ရှားနိုင်ပါတယ်၊ အရှင်သာရိပုတ္တရာမေတော်မှာ သားသမီး (၇) ယောက်ရှိပါတယ်၊ အကုန်လုံးက ရဟန်တာ ရဟန်တာမ တွေပေါ့၊ သို့သော် သူမက အယူမှားပြီး နတ်ဗြဟ္မာတွေကိုသာ ယုံကြည်ပြီး ကိုကွယ်နေပါတောတယ်၊ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်မပြုမှီိ အလိုမှာ စဉ်းစားဆင်ခြင်းလိုက်ပါတယ်တဲ့ “ အော် ငါတို့ အမေမှလွဲလို့ မိသားစုံတွေအားလုံးက သံသရာကလွတ်မြောက်ကြောင်းဖြစ်တဲ့ တရားတော်တွေကို သိရှိနားလည်းထားကြပြီး၊ ငါတို့ရဲ့ အမေကတော့ ခုထိတောင် တကယ်အစစ်မှန် ရတနာသုံးပါးကို မသိနားမလည်းသေးဘူး၊ တကယ်လို့များ ငါသာ ယုံကြည်ခြင်းတရားကိုသာမဟောကြားခဲ့ဘူးဆိုရင် ငါတို့အမေဟာ သံသရာက မလွတ်မြောက်နိုင်တော့ဘူး၊ နောက်ပြီး ငါတို့လည်း အမွေခံထိုက်တဲ့သားသမီးတွေ မဖြစ်နိုင်ဘူး ဒါကြောင်း ငါတရားဟောဖို့သွားမှ အချင်ပြေလိမ့်မယ်ဆိုပြီး စဉ်းစားဆင်ခြင်းလိုက်ပါတယ်တဲ့။၊
အေးဒီအချိန်မှာ အရှင်သာရိပုတ္တရာမှာ သွေးအံရောဂါဝေဒနာကို ခံစားနေရတဲ့အချိန် ပရိနိဗ္ဗာန်ပြုရမဲ့အချိန်လေး နီးကပ်နေပါတယ်၊ သွေးအံတဲ့ရောဂါဖြင့် အမေနေတဲ့ တောအိမ်လေးကို မရမက အရောက်လာပြီး ရတနာသုံးပါးကို ယုံကြည်လာအောင် ကိုးကွယ်လာအောင် တရားဓမ္မဖြင့်ကျေးဇူးဆပ်ခဲ့ပါတယ်၊ မေတော် ရတနာသုံးပါးကို ယုံကြည်ခါပြီးမှ ပရိနိဗ္ဗာန်ပြုခဲ့တယ်လို့ ကမ်းဂန်အရသိရှိရပါတယ်၊ အေးဒါကြောင်း ပညာရှိသူတော်ကောင်းတို့သည် မိဘကို ကျေးဇူးဆပ်ပြီးမှ ရှေ့ဆက်လျှောက်တယ်ဆိုတာကို မိတ်ဆွေတို့လည်း ကြားဖူးကြပါလိမ့်မယ်၊ အတတ်နိုင်ဆုံးတော့ မိဘကျေးဇူးကို ဆပ်ကြရပါမယ်၊ တရားဟောပေးနိုင်မှမဟုတ်ဘူး၊ မိဘရှိစဉ် အလုပ်အကျွေးအားဖြင့်လည်း ကျေးဇူးဆပ်နိုင်ပါတယ်၊ သို့သော် သက်ရှိထင်ရှား မိဘနှစ်ပါးရှိတဲ့သူတွေလေ့ ရှိနိုင်သလို့ မရှိတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်၊ သက်ရှိထင်ရှားမရှိကြတဲ့သူတွေကတော့ မိဘကျေးဇူးဆပ်ပေးရမှာကြတော့ မိတ်ဆိုတို့ သိရှိပြီးတဲ့အတိုင်ပါဘဲ လှူမျှဝေခြင်းဖြင့်ကျေးဇူးဆပ်နိုင်ပါတယ်၊။ ဒါကြောင်းကျွန်တော်ရဲ့ ကျေးဇူးဆပ်ခြင်း ဆောင်းပါးလေးနဲ့ အတတ်နိုင်ဆုံးကျေးဇူးဆပ်ကြပါလို့ တိုက်တွန်းလိုက်ရခြင်းဖြစ်ပါတယ်။
သဗ္ဗညုတ ဉဏ်ရှင် မြတ်ဗုဒ္ဓတောင်မှ မိဘကျေးဇူးကို မဆပ်ဘဲ ပရိနိဗ္ဗာန်မပြုခဲ့ပါဘူး၊ လူတွေမေ့လဲ့မရှိတဲ့မေးခွန်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်၊ အေးဒါကတော့( မြတ်စွာဘုရား လူပြည်မှာ ဘုရာဖြစ်ပြီး ဘာကြောင်း အဘိဓမ္မာ (၇) ကျမ်းကို နတ်ပြည်မှာသာ ဟောခဲ့ရတာလေးဆိုတဲ့ မေးခွန်းတစ်ခုပါဘဲ) ဒီမေးခွန်းကတော့ မိဘကျေးဇူးဆပ်ပေးခြင်းအထောက်ထားတစ်ခုပါဘဲ၊ အဖြေကတော့ရှင်းပါတယ် ( လူပြည်မှာ မေတော်မရှိတဲ့အတွက်ကြောင်း မိဘကျေးဇူးကို ဆပ်ဖို့ရန် လူပြည်မှာတရားမဟောကြားဘဲ နတ်ပြည်မှာသာ ဟောကြားခဲ့ပါတယ်) အမေမရှိဘဲ လူပြည့်မှာ ကြီးပြင်းလာရပေမဲ့ သဗ္ဗဉဏ်တော်ကို ရပြီးနောက် မေတော်ရှိတဲ့နေရာကို ကြည့်ပြီးတော့ တရားဓမ္မဖြင့် ကျွန်တော်တို့ရဲ့ မြတ်ဗုဒ္ဓက မိဘကျေးဇူးကိုဆပ်ခဲ့ခြင်းအထောက်အထားတစ်ခုဆိုတာကိုပြောရင် ကျွန်တော်စကားကို ဒီမှာဘဲ နိဂုံးချုပ်အဆုံးသတ်လိုက်ရပါတယ်၊ မိတ်ဆွေတို့လည်း အသတ်နိုင်ဆုံး မိဘကျေးဇူးကို ဆပ်ပေးနိုင်ကြပါစေလို့……By lovingkindness.
photo form Google
Written by Konyi
MSC 037
ကြိုးစားဆဲပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားနိုင်ပါစေ အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘကျေးဇူးကြီးမားတယ်..
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်မဲ့သူ ဖြစ်အောင် ကြိုးစားနေပါတယ်😃😃
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖေ၊အမေဆိုတာခေါ်စရာရှိတာကိုက နည်းတဲ့ကုသိုလ်မဟုတ်ဘူး။
အသက်ရှိတုန်းတတ်နိုင်သလောက်ပြုစုကြစေချင်ပါတယ်။ကျတော်ဆိုအဖေမရှိတော့ဘူး။
ပြုစုချင်လည်းမရတော့ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖေမရှိတော့ပေမဲ့ ကုသိုလ်တွေနဲ့ကျေးဇူးဆပ်ရင် အမွေခံထိုက်တဲ့ သားသမီးတွေဖြစ်နိုင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆပ်မကုန်နိုင်သောကျေးဇူးတွေပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတယ် good။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 2.90 % upvote from @booster thanks to: @konyi.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်မိဘကျေးဇူးဆပ်ဖို့အတွက်ကြိုးစားနေဆဲပါ : )
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit