ချစ်ခြင်းတွေ အလှသီကုံးဖို့
ကဗျာဆန်တဲ့လက်တွေ ကျွန်တော့်မှာမရှိ ။
ယောင်ဝါးဝါးနဲ့ ဖြစ်တည်တဲ့ စိတ်ကိုက
အညတရလူသားအဖြစ် တန်ပါတယ် ။
ငှက်ဆိုးတစ်ကောင်ရဲ့အော်သံကိုမှ
သာယာနေမိတဲ့ လူစား ။
ဘဝပျက်တဲ့ ပုံရိပ်ကိုမှ
ကြိုက်နှစ်သက်မိတဲ့ လူစား ။
ရွေးချယ်ခွင့်မရှိတဲ့ လမ်းတွေကိုမှ
လျှောက်လှမ်းချင်မိတဲ့ လူစား ။
အဲ့ဒီလို … အဲ့ဒီလိုနဲ့ …
ဂုဏ်ပကာသနတွေ
ကျွန်တော့်ကို လာမချပြပါနဲ့ ။
မေတ္တာတရားတွေ
ကျွန်တော့်ကို လားမပေးပါနဲ့ ။
ဥပေက္ခာတရားတွေ
ကျွန်တော့်ကို မဆောင်ကြည်းပါနဲ့ ။
Credit Image >>>(https://www.pexels.com)
ကမ္ဘာမြေရဲ့အဆုံးထိ
မြင်နိုင်တဲ့ မျက်ဝန်းတွေကို
ကျွန်တော်မြတ်နိုးနေပါတယ် ။
ဘာကြောင့်လည်း …
လေတိုက်ရင် လွင့်ပါသွားတယ်ဆိုတဲ့
စိတ်ဓာတ်တွေကို
ကျွန်တော်မျှော်နေတယ်လေ…
ကျွန်တော်က…
' အန္ဓဗာလ ' ပေါ့ ။
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259
အန္ဓ
အမိဝမ်းကကျွတ်
ကျယ်ပြောတဲ့လူ့လောက
ဥပါဒါဏ်မှုကြောင့်ငါရောက်ခဲ့။
အသိမဲ့စွာရောက်လာ
ဗလာပညာနဲ့ပေါ့။
ဗာလ
လောက သောကပွေလိုက်ပုံ
အစုံစုံပေမဲ့
ဖြေရှင်းရန်နည်းရှိ
မသိ.. မသိ.. ငါမသိ။
သိစေမဲ့ပညာ
အဖြာဖြာရှိနေခဲ့။
သို့သော်လည်းငါ့သိဖို့မကြိုးစား
ပေါ်လာတဲ့လမ်းကြောင်းမှာ
ကြုံသလိုလျှောက်လှမ်းရုံပ။
များပြားတဲ့ သိပညာ
သင်နေလဲအချိန်ကုန် ကာလရှည်
ငါ့အပေါ်တွေပဲ့တော့မယ်
ငါသိသလိုငါလုပ်
ဒုက္ခလည်းခံ၊ သုခဆိုစံရုံပေါ့
ထွက်လာကတည်းက
အန္ဓ
ငါဗာလ အမှောင်ကြိုက်တာ
လူမိုက်လို့ဆိုကြပါစေ
သက်သာနေရင်ပြီးတာပဲပေါ့။ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာ့ရဲ့ ရှင်းပြပေးမှု အတိုင်းမသိ ပြည့်စုံလွန်းလှပါ၏
ဆရာ ကျေးဇူးအထူးတင်ရပါတယ်ဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit