အလင်းတစ်စက်

in myanmar •  6 years ago  (edited)

man-person-silhouette-101520.jpg

Credit Image >>>

သံချေးတတ်နေသော ဦးနှောက်များနှင့်
အလှပတွေဝေဝေဆာဆာမရှိသော
ကျွန်တော့်ရဲ့အတွေးခေါ်များကို
ဘယ်သူတစ်ဦးကများ
လက်ခုပ်သြဘာသံတွေ ချီးမြှောက်နေမလည်း ။

တစ်ကယ်တော့ကျွန်တော်က -
လူတွေရဲ့ လှောင်ရီ ရယ်မော ရှုတ်ချတတ်တဲ့
ခြံဝန်းထဲမှာ နေရာဦးထားပြီးပြီလေ ။

ကျွန်တော်ထင်မြင်မိတယ်ဗျ…
" လူတွေက ကိုယ်ကအသုံးမကျလေလေ
သူများကို ပိုပြီးအပြစ်မြင်တတ်သလိုပါ " ပဲ ။
ကျွန်တော် …
လောကကြီးကို အပြစ်မြင်ခဲ့ဖူးတယ် ။
လူတွေကိုလည်း အပြစ်မြင်ခဲ့ဖူးတယ် ။
နောက်ဆုံး ကိုယ်ရပ်တည်နေရတဲ့
ဘဝတွေကို အပြစ်မြင်ခဲ့ဖူးတယ် ။
ကဲ - ဘယ်လောက်များ
ကိုယ်ကအသုံးမကျတဲ့ လူသားဖြစ်နေပါလိမ့် ။

clouds-field-man-107607.jpg

Credit Image >>>

ဖြစ်တည်နေတဲ့စိတ်နဲ့
ရပ်တည်နေရတဲ့ဘဝ အများပြောသလို
' ဆန္ဒနဲ့ဘဝ ' တစ်ထပ်တည်းကျနိုင်ဖို့
အတော်မလွယ်ကူလှတဲ့ လူသားကမ္ဘာမှာ -
" မဇ္ဈိမပဋိပဒါ " ဆိုတဲ့ဘုရားဟောလမ်းစဉ်တွေနဲ့
ကျွန်တော်တို့တွေ ဘဝကို
အလင်းဆောင်ကျဉ်းသင့်ပါပြီလေ ။
တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ
အလင်းတစ်ခုအောက်မှာရှိနေခဲ့ပေမယ့်
အမှောင်ကမ္ဘာထဲမှာ တိုးဝှေ့နေချင်ကြတဲ့
မျက်ကန်းတစ္ဆေတွေပါလား ။

ကိုယ့်ကိုယ်ကိုပြန်ပြီး ဆန်းစစ်ကြည့်ဖြစ်ခဲ့ပါတယ်
( ရိုးရှင်းသော အတွေးများနှင့်ပေါ့ )
တရားသဘောဆိုတာ
သဘောတရားလေး ရှိလာတတ်မှ
အဆင်ပြေနိုင်မှာပါ အဲ့ဒီသဘောတရားလေးကို
နားလည်တတ်ကျွမ်းခွင့်ရဖို့
ဘဝရဲ့ ဖြစ်စဉ်မျိုးစုံတွေကို ကျွန်တော်တို့တွေ
မလွဲမသွေ လက်ခံကျင့်သုံးနေရမှာပါလား ။

alone-beach-freedom-103889.jpg

Credit Image

ဘယ်တော့မှ ပြည့်ဝသွားလေခြင်းမရှိ
ဆာလောင်ငတ်မွတ်နေသော ရမ္မက်များနှင့်
လိုအပ်မှုတွေ အမြဲတမ်းရှိနေတတ်တဲ့
' လောဘ ' သားကောင်တွေ ။
အရာရာမှာ တစ်ကောင်ဘွား ဖြစ်ချင်တဲ့
' ဒေါသ ' သားကောင်တွေ ။
အမှားအမှန် မခွဲခြားတတ်တဲ့ပညာရပ်
ရှိလေသော ' မောဟ 'သားကောင်တွေ ။
ဘယ်သခင်ရဲ့ ကျေးကျွန်များ ဖြစ်မှာပါလိမ့်လို့
ကျွန်တော် တွေးတောဖြစ်ခဲ့ပါတယ် ။

forest-man-outdoors-178996.jpg

Credit Image >>>

" ကျုပ်က - ကယ်တင်ရှင်ကြီးတော့မဟုတ်ပါဘူး
သို့ပေမယ့် …
ကယ်တင်ချင်တဲ့စိတ်ကလေးတော့ ရှိပါတယ် ။
ဥာဏ်စွမ်းအား ကောင်းလွန်းသောလူသားတွေ
အမှောင်ကမ္ဘာမှ ခြေတစ်လှမ်းလေပဲ
နောက်ဆုတ်ကြည့်လိုက်ပါ
ပြီးပြည့်စုံသော " အလင်းရောင် " တစ်ခုက
ကြိုဆိုနေပါတယ် ။ ကျုပ်ကတော့ -
အမှောင်ကမ္ဘာထဲမှာ နစ်မြုစ်နေဆဲပေါ့ "

မှတ်ချက် = ကျွန်တော်၏ မညီညာသော
အတွေးများသာ ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC. 259

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မညီညာ​သောအ​တွေး​တွေက​နေဖတ်​လို့​ကောင်းတဲ့ကဗျာတစ်​ပုဒ်​ဖြစ်​လာတာပါဘဲ....good

ကဗျာရယ်တော့ မဟုတ်ပါဘူး အတွေးစာစုများရယ်
ပေါ့ဗျာ

သူလေးခုထိ ညီညီညာညာ မတွေးသေးဘူး ။

ကြိုးစားနေဆဲပေါ့ ကိုဒိုရေ

လောဘ ဒေါသ မောဟ မီးသုံးပါး လောင်မြိုက်လို့ကတော့ သံသရာဝဋ်ဆင်းရဲ ကျရောက်နေမှာပါပဲ

အမှန်တရားများ ဖုံးကွယ်လို့ မရဘူးပေါ့ဗျာ

မျှော်လင့်စရာအလင်းတချက်

ထင်မြင်မှုများကို လေးစားရပါသည်ခင်ဗျ

အ‌မှောင်‌ကမ္ဘာမှ ‌ရှေ့တစ်‌လှမ်းတိုးရင်‌ ဘယ်‌‌ရောက်‌မလဲညီ။သံ‌ချေးမတက်‌ပါဘူးကွာ အ‌ပွေးတတ်‌တာပါ။

အင်း ကိုကြီးမဟော်က ဖြည့်နိုင်စွမ်းပိုကောင်းလှပါ
သည်ဗျ

ကျွန်​​တော်​နဲ့လိုင်းပူးလို့ ရပြီ အဟီးးး

လိုင်းပူးရင်တော့ ရှော့တော့မဖြစ်ပါစေနဲ့ ကိုကြီးယုဇန
ရေ

မညီညာတဲ့ အတွေးထဲကနေ ဒဿ နလေးတစ်ချို့တွေ့လိုက်ရပါတယ်

ရေးရကျိုး အားရှိလှပါပြီ မစုရေ

အရေးအသားတွေ စကားလုံးတွေက မိုက်ပါ့ဗျာ

အကောင်းဆုံတော့ ကြိုးစားနေဆဲပေါ့ ညီရေ

စကားလုံး​တွေက​ပြောင်​​မြောက်​ပါ့။

အကောင်းဆုံးတော့ ကြိုးစားလိုက်တာပဲ မအိ

စဉ်းစားမနေပါနဲ့ ကိုညီ ဒိုဇာနဲ့ ထိုးညှိပလိုက်ပါလား မြန်မြန်ညီသွားမယ် ☺☺☺

မလုပ်ပါနဲ့ လေးစိုးရေ အခြေနေက ယိုင်နဲ့နေရလို့ပါ
ခင်ဗျ

မိုက်​တယ်​ဗျာ ☺

အရမ်းကြီးတော့ မမိုက်ရဲပါဘူး ခင်ဗျ

သံချေးတက်နေတာတွေ တိုက်ချွတ်လိုက်ရင်
ပြောက်လက်လာပါလိမ့်မယ်

တိုက်ချွတ်ဖို့အတွက် ဆေးလိုအပ်နေတာပေါ့ဗျာ

ကောင်းပါ့ ကိုညီရေ ကဗျာမပီ စာမညီပေမဲ့လည်း မော်ဒန်အတွေးလေးတွေကလည်း ဆွဲဆောင်မှုရှိလှပါပေတယ်

ဆရာတော်ဘုရားရဲ့ ချီးမွမ်းမှုလောက်တော့ မကောင်းသေးရပါဘူး ဘုရား

အရေးအသားတွေ အားကျပါဘိ

အားပေးမှုတွေကိုလည်း လေးစားနေရပါသည် ခင်ဗျ

သဘောတရားလေးတွေနဲ့ ကျွမ်းဝင်ရမယ့် တာဝန်ကြီးကလည်း မသေးဘူးဗျို့ 

မှန်တာပေါ့ဗျာ

အရေးအသားကတော့ရှယ်ပဲဗျာ

နို့စိမ်းလေး နှစ်ပေါက်လောက် ပေါက်လိုက်တာပါ
ဟိဟိ

ကောင်းသောလောဘနဲ့ မကောင်းသောလောဘတွေ ရှိကြပါတယ်။

ခွဲခြား သိမြင်နိုင်လေ ကောင်းပါလေပေါ့ဗျာ