အပြုသဘောဆောင်ခြင်း

in myanmar •  6 years ago  (edited)

blue-mountains-blurred-background-cap-713070.jpg

Credit Image >>>

ဆုံးဖြတ်ချက်တွေ ကိုယ်စီနဲ့
ကမ်းမမြင်လမ်းမမြင် အမြင်အာရုံတွေနဲ့
လှော်တတ်ကို အားပြုရင်း
လေနှင်ရာရွက်လွင့်ခဲ့ပြီလေ …

ကိုယ့်ကိုယ်ကို
ဘဝက နေသားကျနေပါပြီလို့
ဖွင့်ဆိုထားပေမယ့်လည်း
ခန္ဓာကိုယ်မှာ ပေါက်တတ်နေတဲ့
ယားနာတွေလိုမျိုး ဟိုနားကုတ်လိုက်
ဒီနားကုတ်လိုက်ရနဲ့
ဟန်ချက်ကိုမညီညာပါဘူးဗျာ ။

ဘဝတွေ ဘဝတွေ …
ဘယ်လိုပုံစံမျိုးတွေနဲ့
ကွဲပြားခြားနားနေပါစေ
ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ့်စိတ်ဓာတ်ကိုတော့
ရိုက်ချိုးခံလို့တော့မဖြစ်ဘူး ။
ကံကြမ္မာအပြောင်းလဲတွေ
ဘယ်လောက်ပဲရှိရှိ အသေချာဆုံးကတော့
အဲ့ဒီလိုအခြေအနေဆိုးတွေက
ကိုယ့်ကိုလမ်းဆုံးရောက်သွားအောင်
တော့ မတွန်းပို့နိုင်ပါဘူး ။
သေချာစဉ်းစားကြည့်ရင်
ကိုယ့်ကိုလမ်းဆုံးရောက်စေနိုင်တာက
ကိုယ့်ရဲ့ အားငယ်မှု လက်လျှော့မှုတွေပဲလို့
ထင်မြင်မိပါတယ် ။
ထင်မြင်မိတယ်ဆိုလို့ ( ကိုယ်ကိုယ်တိုင်လည်း
အဲ့ဒီလိုလူစားမျိုး ဖြစ်နေရပါတယ် ) ။

back-view-boy-dirt-road-620334.jpg

Credit Image >>>

တစ်ချို့သော တစ်ချို့သော လူတွေ
ကိုယ့်ကိုယ်ကို " ရင့်ကျက်တည်ငြိမ်နေပါတယ်
အောင်မြင်နေပါပြီ " လို့ ပြောထွတ်တဲ့
စကားလုံးတွေကို တာဝန်ယူရတာ
အင်မတန်ကြီးမားတယ် ဆိုတာ
နားလည်စေချင်မိပါတယ် သို့သော်
တာဝန်ယူမှုအပြည့်ဝရှိတဲ့ လူတွေကတော့
လောကအလယ်မှာ တင့်တယ်ဂုဏ်ယူစရာ
အလွန်ကောင်းသလို
ခမ်းနားထည်ဝါတယ်လို့လည်း မြင်မိပါတယ် ။
ဒါဟာ ရှင်သန်ခြင်း ဘဝတွေရဲ့
အမှတ်တံဆိပ် တစ်ခုပေါ့ဗျာ ။

အောင်မြင်ကျော်ကြားခြင်း
ခမ်းနားထည်ဝါခြင်း ဆိုတာတွေ
ကျွန်တော်သေချာစွာ နားလည်မသိရှိပါဘူး ။
ကိုယ်၌ကလည်း အဲ့ဒီအရာတွေကို
ပိုင်ဆိုင်ထားခြင်းမျိုး မရှိပါဘူး ။

တကယ်တော့ ဘဝမှာ -
ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ
မျှော်လင့်ချက်တွေကို ဖျက်ဆီးတဲ့
တရားခံဟာ ကိုယ်ကိုယ်တိုင်ပါပဲ ။
ဒီတော့ အောင်မြင်မှုတွေ ခမ်းနားမှုတွေ
ပိုင်ဆိုင်ခွင့်ရမှာလည်း ကိုယ်ကိုယ်တိုင်ပဲ
ကြိုးစားအားထုတ်ရမယ်လို့
ကျွန်တော် ယူဆပါရစေ ။

adventure-arid-barren-878980.jpg

Credit Image >>>

ဘဝက အမြဲတမ်းတော့
အဆင်ပြေမှုတွေ ရှိမလာနိုင်ဘူးလေ
တစ်ခါတလေတော့ အခြေအနေဆိုးတွေ
ရှိလာမှာပဲ အဲ့ဒီတစ်ခါတလေကပဲ
ကျွန်တော်တို့တွေရဲ့ ဘဝတွေကို
အများကြီးပြောင်းလဲသွားစေတာပဲ မဟုတ်လား ။

ဟုတ်ပါပြီ - ဘဝမှာ
အဆင်ပြေတာတွေပဲရှိရှိ
အဆင်မပြေတာတွေပဲရှိရှိ
ကျွန်တော်တို့အားလုံးဟာ
လူ့လောကကြီးထဲကို ပင်ပင်ပန်းပန်းနဲ့
ရောက်ရှိလာရတာပါ ဒီတော့ တစ်နေ့တစ်နေ့
အဆင်မပြေတဲ့အကြောင်းတွေ
မသာယာတဲ့နေ့ရက်တွေ ဆုံးရှုံးလိုက်ရတဲ့
အခြေအနေတွေကို ထပ်တလဲလဲ
ခံစားငိုကြွေး တွေးတောမနေပါနဲ့ ။
မနေ့က ကိုယ်ရှင်သန်ခဲ့ရတဲ့ နေ့ရက်ထက်
ဒီနေ့ပိုသာလာအောင် နေချင်တဲ့စိတ်
ဖြစ်ချင်တဲ့ ဆန္ဒလေးတွေနဲ့
ဘဝကို တည်ဆောက်ပေးပါလို့
ကျွန်တော် ဆန္ဒပြုရင်း …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC . 259

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဒီနေ့ ဖတ်ရတဲ့စာတွေက တကယ့် အလန်းတွေပဲဗျာ။အားကျမိတယ်ဗျာ။

ရှေ့မှာ ဦးဆောင်ကြတဲ့ ကိုမြင့်တို့လို ဆရာ အကိုအမ
တွေကြောင့်သာ ညီလေးတို့ တွေးနိုင် ရေးနိုင်ခဲ့ရတာ
ပါလေ

တစ်နေ့ကို တစ် ရာခိုင်နှုန်း တိုးတတ်အောင် လုပ်ပါလေ

ညီလေး ကြိုးစားနေဆဲပေါ့ ကိုဟိန်း

စကားလုံးသုံးနှူန်းပုံက​တော့အရမ်း​ကောင်းပါတယ်​ရှင်​။

ဒီထက် ပိုကောင်းလာအောင် စွမ်းဆောင်ခွင့်ရပါရစေ
မအိရေ

ပိုပြီးကြံ့ခိုင်တဲ့လူတွေကပဲ ရှင်သန်နေမြဲပေါ့ဗျာ

ကြံ့ခိုင်ဖို့အတွက်တော့ အများကြီးသင်ယူလေ့လာ
ရမှာပေါ့လေ

ဖြစ်ချင်တဲ့ဆန္ဒသာရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်။

အဲ့ဒီဆန္ဒဆိုတာ ဖြစ်ပေါ်ဖို့ ညီလေးအတော်ကြိုးစား
နေရတယ် ဆိုပါတော့

Motivate ဖြစ်စေတဲ့ စာလေးပါ

အထောက်ကူဖြစ်သွားစေတော့ ကျွန်တော်ဝမ်းသာ
ပီတိဖြစ်ရပါတယ်

အရမ်းအားတက်စေတဲ့ အားပေးစကားလေးပါ
ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ပါဆရာမ သားလည်းဆရာမတို့ရဲ့ အားပေး
မှုတွေနဲ့ လျှောက်လှမ်းခွင့်ရတာ အရမ်းကို ကျေနပ်ပီ
တိ ဖြစ်ရပါတယ်

ကြိုးစားဆဲပါ​လေ

ဖိုက်တင်ပေါ့ဗျာ

တစ်​ကယ်​​ပြောတာ MSCထဲမှာ ဒီလိုအ​ရေးသားမျိုး ​ရေးနိုင်​တဲ့ ကိုညီ့ကို ​အားကျတယ်​ဗျ.

ကိုလင်းရေ ညီလေးရေးသော စာတွေက ကိုလင်းတို့
အတွက် အထောက်ကူဖြစ်သွားစေတာကိုက တန်ဖိုး
မြင့်လွန်းလှပါတယ် ကျေးဇူးပါဗျာ ကိုလင်း

ဘဝဆိုတာကိုယ်က အကောင်းအဆိုးတွေဒွန်တွဲနေတာပါ။ အားလုံးကောင်းနေရင် ဘဝမဟုတ်တော့ဘူး။ သေချာတာက နောက်နှစ်ပေါင်း ၁၀၀ ကျော် ရင်တို့တွေမရှိတော့ဘူး

မတည်မြဲခြင်းတရားက ဘဝဆိုရင် ညီလေးကတော့
နှစ်တွေ အကြာကြီးမမျှော်ကိုးချင်တော့ပါဘူး ရင်တုန်
ရလွန်းလို့ပါ ကိုကြီးစိုး

အရမ်းကို အားတက်စေတဲ့ စာစုလေးတွေပါပဲဗျာ

တွေးတော မျှော်ကိုးရခြင်းများ နပ်ပါပြီ ကိုကိုမိုးဟိန်း

ရှုံးနိမ့်မှုကို တမ်းတနေတာဟာ အောင်မြင်မှုကို မမြင်စေပါဘူး

မှန်လိုက်တာ ကိုကြီးစောရေ ကျွန်တော် အဲ့ဒီလိုအ
တွေးများနဲ့ ဖြတ်သန်းခဲ့ရဖူးတယ် ဆိုးလိုက်တဲ့ ဘဝ
တွေပေါ့

ကြိုးစား​နေရတုန်းပါ ကိုညီ😊

အတူတူပေါ့ ကိုအောင်ကြီးရာ

စကားအသုးံအနှုန်းက မိုက်စ် တယ်ဗျ😋

အခုလိုပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ခင်ဗျ

အားပေးခဲ့ပါတယ်

ဟုတ်ကဲ့ပါ ကိုကြီးသားပေါက်ရေ

ဟုတ်ကဲ့ ကိုညီထွန်းရေ မနေ့က ထက်ဒီနေ့ ပိုကောင်းအောင် ကြိုးစားနေပါတယ်ဗျာ။

စိတ်တူ ကိုယ်တူပေါ့ ဦးညီရေ

ရှေ့ဆက်ဖို့ပဲ အားတင်းနေပါတယ် ဘဒို

အားလုံးသော အတွေးမြင်များနှင့် ကျွန်တော်တို့ အတူတူ ရှေ့ဆက်ကြတာပေါ့ဗျာ ကိုကြီးစိုင်း

Congratulations @konyinyitun! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!