ဂုဏ်​တင့်​​ကြစေချင်​သည်​ ••••••••••••••••••••••••••••••••

in myanmar •  7 years ago  (edited)

image
တစ်​ချို့အမျိုးသမီး​တွေဟာ အပျိုးတုန်းက​တော့ လှလှပပဝတ်​စားဆင်​ယင်​လို့​ပေါ့။

ယောက်ျား​လည်း​ယူပြီး​ရော ခ​လေး​လည်း​မွေးပြီးတာနဲ့ အရင်​လိုလှလှပပ မဝတ်​ဆင်​​ကြတော့ပဲ ​ကပိုကရိုဝတ်​ဆင်​လို့ ဖြစ်​သလို​နေထိုင်​လိုက်​ကြတာ ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာ ​တွေ့ရပါတယ်​။

တကယ်​က ​ယောက်ျားယူပြီးလည်း ထိုက်​သင့်​​လျှောက်​ လူအမြင်​တင့်​​အောင်​ ဝတ်​ဆင်​​နေထိုင်​ရမှာ ဖြစ်​ပါတယ်​။

ဇနီးမယားတစ်​​ယောက်​ ​ယောက်ျား​ယူ ခ​လေး​မွေးပြီးတာနဲ့ ကပိုကရိုဖြစ်​သလို​ နေထိုင်​လိုက်​ခြင်းဟာ ပတ်​ဝန်းကျင်​အမြင်​နဲ့ကြည့်​မယ်​ဆိုရင်​ မိမိတို့ရဲ့ခင်​ပွန်းဂုဏ်​ကို နိမ်​ချရာ​ ရောက်​​နေ​စေတတ်​ပါတယ်​။

ဘယ်​လို​ကြောင့်​လဲဆိုရင်​..

မိမိရဲ့ ကပိုကရိုဝတ်​ဆင်​မှု့​ကြောင့်​ ​​သူ့ယောက်ျားဟာ မိသားစုကို​တောင်​ တင့်​​တောင်းတင့်​တယ်​ မထားနိုင်​တဲ့​ကောင်​ပါ​လေ။ ဒါ​ကြောင့်​လည်း ​သူမိန်းမ ကပိုကရိုဖြစ်​ပြီး မိသားစု ဝမ်းဝခါးလှ​အောင်​ မဆင်​ယင်​နိုင်​ဘူး​ ဖြစ်​နေတာ​ပေါ့လို့ မိမိရဲ့ခင်​ပွန်းသည်​ အ​ပေါ် အထင်​အမြင်​​သေးသွားတတ်​ကာ မိမိခင်​ပွန်းသည်​ကို ဂုဏ်​ငယ်​သွား​စေနိုင်​ပါတယ်​။
image
ယောက်ျား​ဖြစ်​သူဟာလည်း မိန်းမရပြီးမှ အရင်​လူပျိုဘဝကလို မဟုတ်​​တော့ဘဲ အမြဲတမ်း ညစ်​တီးညစ်​ပတ်​ ဝတ်​ဆင်​ပြီး ​နေထိုင်​​ခဲ့မယ်​ဆိုရင်​.. မိမိဇနီးမယားဂုဏ်​ကို ငြိုးငယ်​​စေပါတယ်​။

ပတ်​ဝန်းကျင်​အ​နေနဲ့ကြည့်​ရင်​..ဒီမိန်းမ အပျင်းထူလိုက်​တာ လင်​သားဖြစ်​သူ အဝတ်​စားကို​တောင်​ ​လျှော်​ဖွတ်​မီးပူတိုက်​​ပေးရမှာ အပျင်းထူလို့ သူ​ယောက်ျားကိုကြည့်​ပါလား အမြဲ​ဟောင်းနွမ်းစုတ်​ပြတ်​​နေရတာ​ပေါ့လို့ မိမိတို့ဇနီးမယားအ​ပေါ်ဘဲ ​အထင်​မြင်​​သေးသွား​စေတတ်​ပါတယ်​။

ဒါ​ကြောင့်​မို့လို့ ..မိမိတို့ဇနီး​မောင်​နှံ နှစ်​ဦးသားဟာ လောကဓံ​အဖုံဖုံကြောင့်​ လူပျိုအပျိုဘဝတုန်းကလို အဝတ်​​ကောင်း​အစားလှကြီး​တွေ မဝတ်​ဆင်​နိုင်​ရင်​​နေကြပါ။

ဖြစ်​သလို ဝတ်​စား ​နေထိုင်​တတ်​ခြင်းမျိုးကို​တော့ နှစ်​ဦးသား ဆင်​ခြင်​ကြကာ

ရှိတာ​လေးနဲ့ လှ​ပ​သေသပ်​အောင်​ဝတ်​ပြီး သန့်သန့်ရပ်ရပ်​​​​ နေထိုင်​ကြမှသာ ခင်​ပွန်း​ဂုဏ်​ကို ဇနီးက မြင့်​တင်​​ပေးရာ​ ရောက်​​သလို၊
ဇနီးဂုဏ်​ကိုလည်း ခင်ပွန်း​​က ​မြင့်​တင်​​ပေးရာ ​ရောက်​​စေမှာ ဖြစ်​ပါတယ်​။

ဇနီးသည်​ရဲ့ သန့်​ရှင်းတင့်​တယ်​ရွှင်​လန်း​နေမှု့တိုင်းဟာ ​ခင်​ပွန်းယောက်ျားရဲ့ ဂုဏ်​သိက္ခာဖြစ်​သလို၊

ခင်​ပွန်း​ယောက်ျားရဲ ကြည့်​​ကောင်းသပ်​ရပ်​စွာ ဝတ်​စားဆင်​ယင်​တတ်​ခြင်းသည်​လည်း ဇနီးမိန်းမတို့ရဲ့ ဂုဏ်​သိက္ခာဘဲ ဖြစ်​​ပါတယ်​။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi my name is Jerome. I am giving away 1.500 SBD for signing up to this ICO

After you have completed you will receive your reward

Congratulations! This post has been upvoted from the communal account, @minnowsupport, by Ko Shine from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.