😍 မကြာမှီ ဖြန့်ချီမည် 😍
ဒီစာအုပ်လေး ရေးဖြစ်တာ
ခုဆိုရင် ၂ နှစ်လောက်ရှိပါပြီ။
ဒီလမကုန်ခင် ထွက်ရှိပါမယ်ခင်ဗျာ။
ရေကြောင်းလောကမှာလိုအပ်တဲ့
ကွက်လပ်လေးတွေကို ရှာကြံပြီး ဖြည့်စွပ်ယုံ
မျှဝေရေးသားခြင်းဖြစ်ပါတယ်ခင်ဗျာ။
ယ္ခု ဒုတိယ စာအုပ်လေးရဲ့ ထူးခြားချက်က
Thesis ပုံစံလေးနဲ့ ပြုစုထားပါတယ်ခင်ဗျာ။
ဟင်းစားမဟုတ်သည့် ကွန်ချက်စာအုပ်တစ်အုပ်ပါ၊
ကျွန်တော်ကိုယ်တိုင်က သင်္ဘောသားတစ်ဦးဖြစ်လို့
သင်္ဘောပေါ်က ဘဝတွေအတွက်
ကိုယ်ချင်းစာမိတာဖြစ်လို့ ကျွန်တော်ကြုံတွေခဲ့ဖူးတဲ့
အခက်အခဲတွေကို လူသစ် ညီအစ်ကိုတွေ
အနေနဲ့ အခက်အခဲမရှိ လွယ်ကူစွာ လုပ်စေဖို့
ရည်ရွယ်ပြီးမျှဝေထားတဲ့ စာအုပ်လေးပါ။
ပထမစာအုပ်ဖြစ်တဲ့
ရေကြောင်းအင်ဂျင်နီယာလက်စွဲ စာအုပ်လေးကို
၃ ကြိမ်တိုင်တိုင် စုစုပေါင်း
အုပ်ရေ ၃၀၀၀ ပုံနှိပ်ဖြစ်ခဲ့ပါတယ်ခင်ဗျာ။
အချို့အမြင်မှာတော့ ရောင်းကောင်းတယ်ပေါ့။
ရောင်းအားဆိုတာ Supply & Demand
အပေါ်မှာ အခြေခံတာပါ။
ရေကြောင်းလောကသားတွေ အားပေးမှုကြောင့်ဆို
ပိုပြီးမှန်ကန်ပါလိမ့်မယ်ခင်ဗျာ။
ဘာပဲလုပ်လုပ် စေတနာအပြည့်ထည့်ပြီး
အမြဲလုပ်ခဲ့ပါတယ်။ ခု စာအုပ်ထဲမှာ အရင်ကထက်
လျှပ်စစ်အကြောင်းအရာတွေ ပိုများပါတယ်။
ဒီ့အပြင် အဲယားကွန်း ရေခဲသေတ္တာအကြောင်းတွေ
ဘွိုင်လာအကြောင်းတွေနဲ့ Electronic အကြောင်းတွေ အများအပြားထည့်ပေးထားပါတယ်။
စာမျက်နှာအားဖြင့် ၃၀၀ကျော်ပါတယ်။
စက္ကူဈေးမြင့်မားလွန်းတာကြောင့်
စာမျက်နှာ ရှော့ချတဲ့အနေနဲ့ ခေါင်းစဉ်တွေကို
စာမျက်နှာ အလွတ်နေရာမချန်ပဲ စာဖတ်သူများ
အဆင်ပြေစေဖို့ ကြိုးစားပြီးဖွဲ့စည်းပေးတဲ့
တည်းဖြတ်ပြီး ဒီဇိုင်းကူညီသူ ကိုအောင်မျိးနိုင် နှင့်
စီစဉ်သူ အစ်မ မခိုင်မာတို့ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ စာအုပ်ဖြစ်မြောက်ရေး ထုတ်ဝေပေးသူ
ဆရာဦးကျော်ကျော်လှိုင် (SMART) ကိုလည်း
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
စာအုပ်လေးကို အမှာစာရေးသားပေးသူကတော့
မကြာမှီ စာအုပ်ထွက်ရှိတဲ့အချိန်မှာ သိရှိရမှာပါ။
စောင့်မျှော်အားပေးနေသော ကျွန်တော့်ရဲ့
စာဖတ်ပရိတ်သတ် မိတ်ဆွေ ညီအစ်ကိုများကို
ဤနေရာမှ ကျေးဇူးတင်ရှိပါရစေခင်ဗျာ။
သင်္ဘောသားတင်မကပဲ
ကုန်းပေါ်က အင်ဂျင်နီယာ ညီအစ်ကိုများ
ဗဟုသုတရရှိစေဖို့ ဖတ်ရှုနိုင်ရန်
ကြိုးစားရေးသားထားပါတယ်ခင်ဗျာ။
BOILER တို့ AIRCOND တို့ COMPRESSOR တို့
ENGINE တို့ဆိုတာ ကုန်းပေါ်မှာပါ လုပ်ကိုင်ကြတဲ့
ပစ္စည်းတွေဖြစ်လို့ အဆင်ပြေမယ်ဆိုတာ .......
စာအုပ်ဖြစ်မြောက်ရေးအတွက် အစစရာရာ
အကူအညီပေးခဲ့ကြသော ဆရာသမားများနဲ့တကွ
မိတ်ဆွေ ညီအစ်ကိုများအားလုံးကိုလည်း
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
မေတ္တာဖြင့်
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
👍 👍
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit