မန်ယူနှင့် ဂိုးသမားဒီဂီယာ စာချုပ်သစ်ချုပ်ဆိုမည်
မန်ယူဂိုးသမားဒီဂီယာဟာ အသင်းနဲ့ကာလရှည်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။ ဂိုးသမားဒီဂီယာအပေါ် ရီးရဲလ်ရဲ့စိတ်ဝင်စားမှုအေးစက်လာပြီဖြစ်ပြီး နွေအပြောင်းအရွှေ့ဈေးကွက်မှာ အခြားခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ကစားသမားတွေလည်းရှိပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ အယ်အေဂလက်ဆီအသင်းကို အီဗရာဟီမိုဗစ်ထွက်ခွာခဲ့မှုက မန်ယူအသင်းအနေနဲ့ငွေကြေးပိုမို သုံးစွဲနိုင်မှာဖြစ်ပြီး ဒီဂီယာကို တစ်ပတ်ပေါင်(၃၅၀၀၀၀)နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဒီဂီယာနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မန်ယူအသင်းမျှော်လင့်နေပြီး အခုလနှောင်းပိုင်းမှာ ဆွေးနွေးမှုတွေပြန်လည်ပြုလုပ်သွားမှာဖြစ်ပါတယ်။ မန်ယူအတွင်းလူတစ်ဦးက “ဒီပြဿနာကို ဖြေရှင်းဖို့ မန်ယူဆန္ဒရှိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဒီဂီယာရဲ့အနာဂတ်ကိုသိရဖို့ မန်ယူအသင်းအလိုရှိနေပါတယ်။ ဇလာတန်ထွက်ခွာသွားတဲ့အတွက် မန်ယူအနေနဲ့လစာငွေပိုသုံးနိုင်ပါပြီ။ မန်ယူဟာ ဒီဂီယာရဲ့ကိစ္စကိုအချိန်မဆွဲချင်ပါဘူး။ ဒီဂီယာ ဘယ်ကိုမှထွက်ခွာမှာမဟုတ်ဘူးဆိုတာကို ကမ္ဘာကိုပြသနိုင်ဖို့ ဆန္ဒရှိနေပါတယ်” လို့ The Sun ကိုပြောကြားခဲ့ပါတယ်။
ဘောလုံးပွဲမကြည့်လို့မသိပါသို့ပေမဲ့အားပေးနေတယ်နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit