မျိုးဆက်​သစ်​တို့ရဲ့ပဲ့ကိုင်​ရှင်

in myanmar •  7 years ago 

မျိုးဆက်သစ်တို့ရဲ့ ပဲ့ကိုင် ရှင် image

လူငယ် တစ်ဦး တံခါးလာဖွင့်၏။ တချိန်က စည်ကားခဲ့ဟန် ရှိသော်လည်း ယခုအချိန် ပြုပြင် ဟန်မရှိ တော့သော ဖုန်အလိမ်းလိမ်း စားပွဲတစုံ က
နှင့် ဟင်းလင်းပြင် က ကြိုဆိုလျက်။
လူငယ်ဦးဆောင် ရာ အ ပေါ် ထပ်စီ အ ရောက်
ဒရင်းဘတ် ပေါ် တွင် လဲလျောင်းနေ သော အဖိုးအို တစ်ဦး ။ " အေးလာကြလာကြ " ထွက်ပေါ်လာသော အသံက တိပ်ခွေ ကက်ဆက်ထဲမှ
နောက်ပိုင်းCD ထဲမှ ကြားဖူးနေ သော အောင်မြင်သော အသံ။ အဖိုးအို ထံ မှ ထွက်ပေါ်လာတာပဲ။ ဒါဆို
ဒီ အဖိုးက ........... ။
ကျွန်တော် တို့ရဲ့ မျိုးဆက်သစ်တို့ရဲ့ အရှင် သခင်
ဆရာဦးအောင် သင်း ..... ' မင်းတို့ ကို ငါ ပြောမယ် ' ' ကောင်လေးတွေ ကောင် မ လေးတွေ '
အာလုပ်သံ အမြဲ ပြု ခေါ်လေ့ ရှိသော ဆရာ အောင် သင်း ။
လက်နှစ်ဘက်သည် အလိုလိုစုကာ ကြာဖူးသဖွယ်
ဖြစ်သွား၏ ။ မ ထေရ်မြတ်ကြီးတပါးရှေ့ ရောက် ဖိုးသူတော်ပမာ မြန်မာ စာအုပ်များ မှ ကြီးမှုးပြီး
အနယ်နယ် အတိုင်းတိုင်းမှ စာချစ်သူများကိုယ်စား
လာရောက် ကန်တော့ ကြောင်း ရှင်းပြရာ
"အေးကွာ ငါလည်းဒရင်းဘတ် ပေါ်မှာ လှဲနေတာ
ဆရာကြီးဆိုတဲ့ ပုံစံ မဟုတ်ပါဘူးကွာ ။
မထိုင်နိုင်တော့လို့ပါ ။ လူတွဲ ပါမှ လမ်းလျောက် နိုင်တော့ တယ် " အော် တချိန်က စာပေလူကြမ်းမင်းသား ကြီး ရှုမဝ မဂ္ဂဇင်းကြီး၏
မူကို ဖျက်၍ လက်ဖက် ရည်ဆိုင် စကားဝိုင်းမှ
ဆရာ့ စကားများကို ဆောင်းပါးရေးပေးပါရန် အ တောင်းခံရသူ ကြီး က တော့ ဇရာ ၏ ဝါးမြို ခြင်းခံရ ပေ ပြီ။ " ငါတို့ ဆရာတာရာ တို့ ဆိုတာ ဆရာကိုယ်တော်မှိုင်းပြောသလို အိုမင်းမစွမ်းတော့ဘူး အိုတော့ မင်း မစွမ်းတော့ဘူး။
ငါတို့ မစွမ်းတော့ မင်းတို့ စွမ်းရမယ် ။ ခု လို စေတနာသက်သက် စွမ်းရာလုပ်နေ တော့ ငါ အရမ်းဝမ်းသာတယ်ကွာ " လာပြီဒါ မှ ဆရာအောင် သင်း ။ " ခုလို E Book တွေ လုပ် facebook မှာ ဖြန့် တော့ အတိုင်းတိုင်းအပြည်ပြည်က လူ တွေ ဖတ်လို့ ရတာ အလွန်ကောင်း ဆရာသာဓု ခေါ်တယ် ကွာ " ဆရာ့မျက်လုံးတို့ သည် မှေးမှိန်နေရာ မှ တောက်ပလာ၏ ။
" ခုလိုဖြစ်ပါစေလို့ ဒို့ လုပ်ခဲ့ တာ မဟုတ်ဘူး
၈၈ ပြီးတော့ လူငယ် တွေ စာမသင် ရပဲ လမ်းဘေး ရောက် ကုန်မှာစိုးလို့ ငါ့ကိုငါ ပြန်မေးတယ်
အရင် က တော့ စာပေ ဝိဝါဒ တွေ အ ပေါ် အငြင်းပွားနေရာက ငါ ကျောင်းဆရာလေ ကွာ
အောင် သင်းမင်းဘာလုပ်မလဲ ။ အဲဒါနဲ့ မျိုးဆက်သစ်တို့ တိုးတက် ဖို့ ဆိုပြီးငါ ချတော့ တာပဲ "။
ဟုတ်ပါတယ် လေ ဆရာက ကျောင်းဆရာပါ
ခု သမ္မတ ကြီး သမ္မတကြီး ဦးသိန်းစိန် တို့ ဦးရွှေမန်းတို့ ဦးတင်အေး တို့ စတဲ့ DSA တွေ ဟာ ဆရာ့ တပည့်တွေပါ။
" ငါ က ကျောင်းဆရာလေ ။ နိုင် ငံရေးသမားလည်း မဟုတ်ဘူး ။ ဒါကြောင့် ငါနီးစပ် ရာ
တစ် ယောက်ရရ ငါကယ်မယ်လို့ လုပ်တာ။
အချို့ က မျိုးဆက်သစ် ဆိုတော့ ငါကိုရီကျသေးတာ။
ငါ ဆရာလေ တစ်ပိဿာ နိုင် ရင် တစ်ပိဿာ ထမ်းမယ် ။ ဒီလိုချတာ ။ ဒါပေမယ့် ဒါကို မင်းတို့ လူငယ်တွေနားလည်တယ် ။"
ဟုတ်ပါတယ် ဆရာ အ ခွေ ကိုနာရတဲ့ အချိန်က
ဆယ်တန်းအောင်ပြီးစ လမ်းပျောက်နေချိန်
" ကောင် လေးတွေ ကောင် မ လေးတွေ ငါပြောမယ် ပညာဟာ အာဏာ အောက်ရောက်နေတာဟာ ခေတ် မ ကောင်းသေးလို့ ပဲ ။ တချိန်ချိန်မှာ ပညာဟာ ထိပ်ဆုံးမှာရှိရမယ် " မှန် ပ ဆရာ ရေ ဆရာပြောသလို ပညာနေမင်း ဟာ ခုတော့ စထွက်လာပြီဆရာ ။ အဲဒိ ပညာနေမင်းကြီး
အထွန်းလင်းဆုံးအချိန် မှာလည်း ဆရာကိုရှိစေချင် ပါတယ် ။ ခု ( ၈၇ )နှစ်ဆိုတဲ့
အသက်ကိုလည်းနောက်ပြန်ဆုတ်စေချင်
ပါတယ်။
" မင်းတို့ ဒီလို နိုင် ရာလုပ်ကြတာ ဆရာ အလွန်ဝမ်းသာတယ်။ ခေတ် နဲ့ အညီ မတီထွင် နိုင်တောင် ထွင် သမျှ အသုံးချ နိုင် ရမယ် ။
ခုလို internet ပေါ် စာအုပ်တွေ ဖတ်နိုင်အောင် လုပ်ပေးတာ ဆရာ သိပ် သာဓု ခေါ်တယ် "
ဟုတ်ပါတယ် ဆရာ ဟောပြောပွဲ တိုင်းပြော လေ့ရှိ တာ က " ဆရာထက် တပည့်လက်စောင်းထက် ရမယ်တဲ့ " လေ။
" ဆရာခု ကျေးလက်က ဘုန်းကြီးတွေ အတွက်
စာတွေ ရေးနေ တယ်။ ဒို့ လူမျိုး က တောင်ပေါ် ဘုရားတည်ဖို့ လောက် စိတ်ကူးတော့ တောင်အောက်
ဘာသာခြားဖြစ်တာပေါ့ ။ ဒါကြောင့် ကျေးလက် တွေ နယ်တွေ မှာ ဘုန်းတော်ကြီး တွေ နှိုးကြားဖို့
သာသနာပြု မူကြို ဆို တာ ရေးနေ တယ် "
ဟာ အသက် ရှစ်ဆယ် ကျော် ကိုးဆယ် နီးပါးကြီးက ခေတ်ကို မ မေ့ ပါလား။ ဇရာ က ဆရာ့ ကို ဝါးမြို နေ ပြီ ထင် တာ ဆရာ လက်နက် မချပါလား
" ဆရာ လက်က မ ရေးနိုင် တော့ လို့ ဆရာနှုတ် က ပြောတာ ကို လိုက်ရေးခိုင်း ရတယ် "
ဆရာ ရေ ကြည် ညိုလို့ မဆုံး ဦးချ လို့ မဆုံးပါဆရာ။
ကဲ ဆရာ ကို ကန်တော့ တော့ ဆရာ ပေးတဲ့ ဆု ကို ကြည့်ပါ " မင်းတို့ တ တွေ ကို အထူးမှာချင် တာ က အာဏာ မမက်ပါနဲ့ ။ သြဇာမက်ကြပါ။
အာဏာ ကို လူတကာမက်တယ် ဒါပေမယ့်ရန်သူများတယ် ။
သြဇာကို ရ အောင် လူတိုင်းမစွမ်းဆောင်နိုင် ဘူး။
ဒါပေမယ့် မင်းတို့ သြဇာကြီးမားအောင် ကြိုးပမ်းကြပါ " တဲ့ ။

မှတ်ချက်။ ။ မြန်မာစာအုပ်များ ၏ ဖန်တီးရှင် များ
အလှုရှင် များ စာဖတ်သူများအား အထူးကျေးဇူးတင် ပါသည်။
ကျွန်တော်တို့ ကန်တော့ နေချိန်တွင် လေးဘာသာဂုဏ်ထူးရှင် သားအမိ ဆရာကို ပန်းသီးလေးဖြင့်လာ ကန်တော့ ပါတယ်။
မုဆိုးမ သားအမိ ဆရာ စာတွေ ကြောင့် အားမာန်တွေ
တင်းရင်း အောင်မြင် ခဲ့ လို့ လာကန်တော့ ပါသည်တဲ့။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @kuekue! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @kuekue! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!