" သင့်မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်အောင် ပြုလုပ်နိုင်သည့် လွယ်ကူသောနည်းလမ်းများ "

in myanmar •  7 years ago 

၁။ သင့် ဦးနှောက်မှတ်ဥာဏ်ကို အလုပ်ပေးပါ။
ဆွေးနွေးပွဲ meeting နှင့် presentation များပြီးသည့်အခါ feedback များကို စာရွက်အလွတ်တရွက်ပေါ်တွင်ချရေးပါ။ Feedback များသည် ဆွေးနွေးပွဲတခုလုံးအပေါ် သင်မြင်သည့်အနှစ်ချုပ်၊ အပြောင်းအလဲရလဒ်၊ မေးခွန်းစသည်တို့ ဖြစ်နိုင်သည်။
စိတ်ဝင်စားဖွယ်ရာရုပ်ရှင်ကြည့်ပြီးသည့်အခါ သို့ မဟုတ် စာအုပ်ဖတ်ပြီးသည့်အခါ ရုပ်ရှင်ထဲမှ၊ စာအုပ်ထဲမှ မည်သည့်အခန်း၊ မည်သည့်အကြောင်းအရာကို အကြိုက်ဆုံးဖြစ်သည်၊ မည်ကဲ့သို့ မြင်သည်ကို သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးပါ။
သူငယ်ချင်းအသစ်သို့ မဟုတ် လုပ်ဖော်ကိုင်ဖက်အသစ်များရရှိသည့်နေ့ တွင် ၎င်းတို့ ၏နာမည်ကို စိတ်ထဲတွင်ထပ်တလဲလဲရွတ်ဆိုကြည့်ပါ။
အထက်ပါအချက်များသည် လွယ်သည်ဟုထင်ရသော်လည်း လူအများစုမေ့လျော့နေကြသောအချက်များပင်ဖြစ်သည်။
၎င်း Brainstorming နှင့် repetation တို့ ကို နေ့ စဉ်လုပ်ဆောင်ခြင်းဖြင့် သင့်အနေဖြင့် အကြောင်းအရာတခုနှင့်ကြုံသည့်အချိန်တိုင်း " သိသည် သို့ သော် မေ့ နေသည် " ဆိုသည့် အဖြစ်ကို ကျော်လွှားနိုင်မည်ဖြစ်ပြီး မှတ်ဥာဏ်စွမ်းရည်တိုးတက်လာမည်ဖြစ်သည်။

၂။ ပုံမှန်မှ သွေဖည်ပါ။
ပုံမှန်သွားနေကြနေရာ၊ ပုံမှန်စားနေကြအစားအစာ၊ ပုံမှန်ပြောနေကျစကား၊ ပုံမှန်ပြုမူနေကြအပြုအမူများကို သတိထား၍ ပြောင်းလဲကြည့်ပါ။ ထို့ သို့ ပြောင်းလဲသည့်အခါ ဦးနှောက်သို့ impulse ဟုခေါ်သည့် လျှပ်စီးကြောင်းအသစ်များစီးဆင်းသဖြင့် ဦးနှောက်၏အလုပ်လုပ်နိင်စွမ်းပိုမိုကောင်းမွန်စေသည်။ သို့ သော် သင်ပြောင်းလဲမည့် အပြောင်းအလဲများသည် ကောင်းသောအပြောင်းအလဲများဖြစ်ရန်လိုအပ်သည်။

၃။ အကြောင်းအရာသစ်များကို လေ့လာပါ။
ဂစ်တာ၊ စန္ဒယား၊ တယောစသည့်တူရိယာတမျိုးမျိုး တီးခတ်တတ်အောင်သင်ယူပါ။
ဘာသာစကားအသစ်တမျိုး ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင် သင်ယူပါ။
၎င်းအချက်များသည် ဦးနှောက်၏ဖန်တီးနိုင်စွမ်းကို ပိုမိုကောင်းမွန်စေသဖြင့် သင်ယူနိုင်စွမ်းနှင့် ဖြတ်ထိုးဥာဏ်ကိုတိုးတက်စေရန် အထောက်အကူပြုသည်။

၎။ ကျန်းမာရေး လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပါ။
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းစသည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် သင်၏ဦးနှောက်သို့ သွေးရောက်ရှိလည်ပတ်မှုပိုမိုကောင်းမွန်စေသည်။ လူအများစုသည် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် အချိန်ကုန်သည်၊ ပင်ပန်းသည်ဟု ယူဆကြသည်။ သို့ သော် နေ့ စဉ် မိနစ်ပိုင်းခန့် အချိန်မျှ လေ့ကျင့်ခန်းများပြုလုပ်ရုံဖြင့် သင်၏နေ့ စဉ်ဘ၀ဖြတ်သန်းမှုတွင် မှတ်ဥာဏ်နှင့် အာရုံစူးစိုက်မှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်ကို သတိပြုသင့်သည်။

၅။ သင်ချစ်မြတ်နိုးသူများအတွက် အချိန်ပေးပါ။
သင်ချစ်မြတ်နိုးသည့် မိသားစု၊ သူငယ်ချင်း၊ ချစ်သူစသည်တို့ အတွက် နေ့ စဉ် အချိန်အနည်းငယ်စီ ခွဲဝေပေးပါ။ ၎င်းတို့ နှင့်တွေ့ ဆုံသည့်အခါ ဖုန်းပြောခြင်း၊ ဖုန်းဖြင့်အင်တာနက်သုံးခြင်း၊ သတင်းစာနှင့် ဂျာနယ်ဖတ်ခြင်းတို့ ကို ရှောင်ရှားပါ။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော စိတ်ပါလက်ပါစကားစမြည်ပြောပါ။ ထိုအပြုအမူများသည် သင့်ဦးနှောက်တွင် ဒိုပါမင်း ( dopamine ) နှင့် အန်ဒေါ်ဖင် ( endorphin ) ကဲ့သို့ သောဟော်မုန်းများကိုထွက်ရှိစေပြီး ဦးနှောက်ကိုပိုမိုလှုံ့ ဆော်ပေးနိုင်သည်။

၆။ ချောကလက်၊ ငါး၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပါ။
၎င်းတို့ သည် ဦးနှောက်၏လုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်စေသည်။ အထူးသဖြင့် ချောကလက်တွင် flavonols, anti-oxidant တို့ပါဝင်ပြီး ဦးနှောက်မှ ( ဒိုပါမင်း ) dopamine ထွက်စေသဖြင့် သင်ယူလေ့လာမှုစွမ်းရည်နှင့် မှတ်ဥာဏ်စွမ်းရည်ကို များစွာတိုးတက်စေသည်။

How to train your brain ကို ဘာသာပြန်ဆိုသည်။

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!