Myanmar Steemit မိသားစုများ မင်္ဂလာပါ။
လူသားတို့သည် မိမိတို့၏မိသားစုနှင့် ပတ်ဝန်းကျင်ကို နေ့စဉ်ဆေးရောင်များခြယ်နေကြသည်။ မိမိတို့၏ ရင်သွေးငယ်များ ကလေးသူငယ်များသည် အဖြူရောင်ပိတ်ကားတစ်ချပ်နှင့်တူပါ၏။ ဖြူစင်နုနယ်ပြီး အပြစ်ကင်းစင်၏။ အရောင်စွန်းထင်း လွယ်ကူ၏။ မိဘ လူကြီး ဆရာသမား များသည် ထိုအဖြူရောင်တို့ကို အရောင်ခြယ်ပေးသော အဓိကပုဂ္ဂိုလ်များပင် ဖြစ်ကြပါသည်။
မိမိတို့၏ရင်သွေးငယ်များကို ဘာအရောင်ခြယ်ပေးမလဲ။ ဘယ်လိုလှလှပပ ခြယ်ပေးမလဲ။ ဘယ်အရောင်နဲ့ ဘယ်အရောင် စပ်ဟပ်ပြီး တွဲလို့ ခြယ်ရမလဲ။ စဉ်းစားစရာပင် ဖြစ်လေသည်။
တချို့ကလေးများသည် အဖြူရောင်မှတစ်ဆင့် အနီရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာကြသည်။ တနည်းအားဖြင့် ထက်မြက်လာသည်။ စူးစမ်းစိတ် အလွန်များပြီး အရာရာကို ချက်ချင်းတုန့်ပြန့်တတ်သော သဘာဝ ရှိလာကြသည်။ ဆန့်ကျင်ဘက်အားဖြင့် တချို့ ကလေးများသည် အရာရာ လေးလေးပင်ပင် တုန့်ပြန် တတ်ကြသည်။ ကလေးအရွယ်မှာပင် အရွယ်နှင့်အားလျော်သော ငြင်းဆန်မှု ဖီဆန်မှုတို့ဖြင့် တုန့်ပြန်တတ်ကြသည်။ ဇီဇာအနဲငယ်ကြောင်ပြီး ဟိုဟာမစားဘူး၊ ဒါမစားဘူး ဖြစ်လာသည်။ စားနေကြ ကျွေးနေကြ အလေ့အထများအရသာ ကျွေးလို့ရတတ်သည်။ လက်ရွေးသည်၊ လူရွေးသည် စသည်ဖြင့် အရောင်တွေက ကလေးအရွယ်မှာ စပြီးကွဲပြားလာသည်။ ထိုအရောင်တို့နှင့် နေ့စဉ်သူမြင်တွေ့နေရသော လူကြီးမိဘ ပတ်ဝန်းကျင် စသည်တို့မှ အသံ၊ အမြင်အာရုံ၊ ဖြစ်စဉ်ဖြစ်ရပ်များ စသည်တို့မှ ရိုက်ခတ်လာသော အရောင်တွေ ပေါင်းစပ်မိလာကြပေသည်။
ဥပမာအားဖြင့် …
ကလေးငယ်၏ အမိအဘ နှစ်ပါးနှင့် ပတ်ဝန်းကျင် အသိုက်အ၀န်းသည် တည်ငြိမ်အေးဆေးပြီး၊ ပညာစရိုက် လွှမ်းမိုးနေခဲ့ပါက ထိုကလေး၏ အနာဂါတ်သည် လှပသော အရောင်အသွေး ဖြစ်လာမည်။ သူ၏ မူလအရောင် အသွေးနှင့် ပတ်ဝန်းကျင်၏ ကောင်းသောထပ်မံခြယ်မှုန်းပေးမှုအားဖြင့် ဆရာဝန်၊ အရာရှိ၊ မန်နေဂျာ၊ အလွန်တော်သော သချာင်္ပညာရှင်၊ အင်ဂျင်နီယာ၊ ထက်မြက်သော ရှေ့ဆောင်ဦးရွက်ပြုနိုင်သူတစ်ဦး စသည်ဖြင့် ဧကန်ဖြစ်လာပေမည်။
အကယ်၍ ကလေးသူငယ်၏ မိဘနှစ်ပါးနှင့် ပတ်ဝန်းကျင် အသိုက်အ၀န်းသည် မူးယစ်ရန်းကား ရန်ပွဲများ၊ ပြဿနာမျိုးစုံနှင့် ဗရုတ်သုတ်ခအခြေအနေများ၊ ဒေါသစရိုက်နှင့် ဒုစရိုက်မှုများ လွှမ်းမိုးနေခဲ့ပါမူ ယင်းကလေးငယ်၏ အနာဂတ် အရောင်အသွေးမှာ အမှောင်သွေးအဆင်ဖြင့် ဖြစ်လာပေတော့မည်။ အရွယ်ရောက်စပြုစဉ်မှာပင် ရန်ပွဲများ၊ လက်လွန် ခြေလွန် ပြဿနာများ၊ ထူပြောလာမည်။ ထို့နောက်တော့ ကလေးငယ်၏ ရှေ့ရေးသည် အရောင်မလှသော အမှောင်ညများစွာဖြင့်သာ ဘ၀ကိုဖြတ်သန်းရပေမည်။
တကယ်တော့ ကိုခြိုက်သည် အရောင်မလှသော အမှောင်ညများမှ ကြိုးစားဖောက်ထွက်နေရသူတစ်ဦးဖြစ်သည်။ ကိုခြိုက်ကိုယ်၌ အရောင်အသွေးမလှပသောဘ၀ ဖြစ်သည့်တိုင် ရင်သွေးတို့၏ အနာဂတ်ကိုမူ ကိုခြိုက်ကဲ့သို့ အကျည်းမတန်စေလို။ ဖြစ်နိုင်သမျှ ဆေးရောင်လှလှ ခြယ်ပေးလိုသည်သာ။ ကိုခြိုက်နည်းတူပင် များစွာသော မိဘတို့သည်လည်း ဆန္ဒဖြစ်ကြမည်ဟု ယုံကြည်မိပါသည်။
တစ်နေ့တွင် ကိုခြိုက်ဆိုင်ကို အသက်ဆယ့်လေးငါးနှစ်အရွယ် ကလေးငယ်တစ်ဦး မိတ္တူလာကူးသည်။ သူ့စာရွက်ကို စက်ထဲထည့် မိတ္တူဆွဲနေစဉ် သူက ကိုခြိုက်အား " အစ်ကိုကြီး စားပါဦးလား "ဟု ကျွေးသည်။ ဘာလဲ ကြည့်လိုက်တော့ ကွမ်းယာထုပ် ဖြစ်နေသည်။ ကိုခြိုက် စဉ်းစားလိုက်သည်။ ထို့နောက် "အေး စားမယ် ခဏနေဦး "ဟု ပြန်ပြောလိုက်သည်။
ကောင်လေး၏ ပါးစပ်တစ်ခုလုံး နီရဲနေအောင် ကွမ်းယာများဝါးထားသည်။ သူ့ကိုယ်သူလည်း အတော် စတိုင်ကျသည်။ ငါ အရမ်းဟော့သည် အထင်လေးရောက်နေပုံရ၏။ ကိုခြိုက် ကွမ်းအမြဲဝါးနေသည်ကို သူတွေ့သဖြင့် ကိုခြိုက်ကို ကွမ်းကျွေးခြင်းဖြစ်သည်။
ကျွန်တော်တို့ မြန်မာအများစုသည် အာခံတွင်း အနံ့အသက်ကင်းရန်သော်လည်းကောင်း ဆေးလိပ်ဖြတ်လို၍သော်လည်းကောင်း အစာစားပြီး ခံတွင်းချဉ်ပြေစေရန်အတွက်သော်လည်းကောင်း ကားမောင်းနေစဉ် အိပ်ငိုက်ပြေစေရန်အတွက်သော်လည်းကောင်း နည်း မျိုးစုံဖြင့် ကွမ်းယာကို စားသုံးကြသည်မှာ အစဉ်အလာတစ်ခုဖြစ်နေပေသည်။ အချို့အမျိုးသမီးများနှင့် ကလေးငယ်များပါ ကွမ်းစားသည့် အလေ့အထ ရှိနေကြသည်။ နေ့စဉ် ကွမ်းစားသူတစ်ယောက်အဖို့ နေ့စဉ် ကွမ်းယာဖိုး အနည်းဆုံး ကျပ် ၅၀၀ ခန့် ကုန်ကျနေပါသည်။ ထို့ပြင် ကွမ်းတံတွေးထွေးမိပါကလည်း မြို့ပြအလှအပကို ထိခိုက်ပေသည်။
ထိုထက်ဆိုးသည်မှာ " ခံတွင်းကင်ဆာ " ရောဂါကို ပိုက်ဆံပေးပြီး ၀ယ်ယူနေသလိုဖြစ်နေပါသည်။ ကွမ်းစားခြင်းဖြင့် မိမိအိမ်သုံးစရိတ်ထဲမှ လစဉ်အပိုကုန်ကျမည့်ငွေများကို မိသားစုအတွက် အကျိုးရှိမည့်နေရာတွင် အသုံးပြုပါက ပိုမိုကောင်းမွန်မည်ဖြစ်သလို ကွမ်းစား သူများ အတွက် ကား ၊ ရထားတို့ဖြင့် ခရီးသွားလာရာတွင် လည်းကောင်း ဧည့်ခံပွဲများ၊ အခမ်းအနားများ သွားလာရာတွင်လည်းကောင်း အခက်အခဲရှိပြီး အခြားသူများ အတွက်လည်း အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်နေရသည်။ အဆိုးဆုံးမှာ ကွမ်းယာစားသက် ရင့်လာသည်နှင့်အမျှ ခံတွင်း၌ ဖြစ်တတ်သော ကင်ဆာရောဂါအန္တရာယ် ဖြစ်ရန် ပိုမိုနီးစပ်လာပေမည်။ တစ်နေ့တာအတွင်း ကွမ်းယာစားသည့်အကြိမ် များလေလေ ၊ ကွမ်းယာစတင် စားသည့် အသက်အရွယ် ငယ်လေလေ ၊ ခံတွင်းထဲတွင် ငုံထားသည့်အချိန် ကြာလေလေ ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားရန် အန္တရာယ်များလေလေ ပင်ဖြစ်ပေသည်။
ကောင်လေး၏စာရွက်များကို မိတ္တူဆွဲပြီး ကိုခြိုက်သည် "လာ … ဒီကို "ဟု ကောင်လေးကို ဆိုင်အပြင်သို့ ခေါ်လိုက်သည်။ ကောင်လေးက အူကြောင်ကြောင်မျက်နှာလေးဖြင့် လိုက်လာသည်။ ကိုခြိုက်က သူမြင်သာအောင် ပါးစပ်ကို ဖွင့်ပြလိုက်သည်။ အောက်ခြေတွင် ဟာနေသော၊ ကျဲနေသောနေရာများကို မြင်အောင်ပြသည်။ အထပ်ထပ်သွားတိုက်သည့်တိုင်အောင် ချွတ်ရခက်သော ကွမ်းဂျိုးတို့ကိုလည်း သူမြင်အောင်ပြသည်။ သူက လန့်နေသောမျက်နှာနှင့် ကိုခြိုက်ကို အူကြောင်ကြောင်လေး ကြည့်နေ၏။
" ဘယ့်နှယ်တုန်း မြင်ပြီလား။ ညီလေး..ငါလည်း မင်းအရွယ်ထက်တောင်စောပြီး ဟောဒီ့ ကွမ်းယာတွေကို ၀ါးလာခဲ့တာပဲ။ ခုတော့ ငါမ၀ါးရကို မနေနိုင်တော့ဘူး။ အစ်ကိုက မ၀ါးရရင် နားထင်ကြောတွေ တင်းလာတယ်။ နောက် စိတ်တွေတိုလာတယ်။ မ၀ါးရရင် တစ်ခါတစ်ခါ စိတ်ဓာတ်အရမ်းကျတယ်။ ဖြတ်လို့လည်း မလွယ်ဘူးဖြစ်နေတယ်။ သွားတွေကလည်း ကျဲကုန်တယ်။ တစ်ခုခုစားလိုက်တာနဲ့ သွားကြားညှပ်တာက အရင်။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်ကွာ။ ဒါပေမယ့် ငါ ၀ါးနေတုန်းပဲကွ။ မနေနိုင်လို့ကို ၀ါးနေတာ။ မင်းကော အခု မ၀ါးရ မနေနိုင်ဖြစ်နေပြီလား။"
ကောင်လေးက ကြောင်အမ်းအမ်းဖြစ်ပြီး လန့်နေသောမျက်နှာနှင့်ပင် စကားမပြောနိုင်ပဲ ခေါင်းကိုသာ သွက်သွက်ခါရမ်းပြသည်။
" သြော် အေးအေး အစ်ကို့လို ဖြစ်ချင်ရင်တော့ ဆက်ဝါးပေါ့ကွာ။ အစ်ကို့တုန်းက အဲဒီလို မသိဘူးကွ။ ပြောပြမဲ့သူလဲမရှိဘူး။ အစ်ကို့အဘိုးကိုယ်တိုင်က သူ့အတွက် ကွမ်းယာယာခိုင်းပြီး အစ်ကို့ကို ကွမ်းယာအချို အစိမ့် စပြီး ကျွေးခဲ့တာ။ အဲဒီကနေ ခုချိန်ထိ အစ်ကိုဖြင့် ကွမ်းယာဝါးခြင်းဆိုတဲ့ ဒုက္ခတစ်ခု ပိုက်မိနေတာပါပဲ။ ကဲကဲ…ရော့ မင်းစာရွာတွေ၊ သွားတော့။"
ကောင်လေးသည် ကိုခြိုက်လက်မှစာရွက်များကို အလျင်အမြန်ယူကာ သူစီးလာသော စက်ဘီးလေးကို ဒေါက် ခပ်သွက်သွက်ဖြုတ်ပြီး နင်းထွက်သွားတော့၏။
နောင်တွင် ထိုကလေး၏ ဖခင်ဖြစ်သူသည် ကိုခြိုက်အား သူ့သားငယ်ကို ဆိုဆုံးမပေးသည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း အချိန်အတော်ကြာအောင် ..ဆွေးနွေးပြောဆိုသွား၏။ ရိုက်သည့်နှက်သည့်တိုင် ခိုးဝှက်ပြီး စားမြဲစားနေသဖြင့် ဒေါသ အင်မတန်ထွက်ရကြောင်း၊ ယခုမူ ကိုခြိုက်သွားများ ကျဲကုန် အရုပ်ဆိုးကုန်သည်ကို မြင်ရသဖြင့် သူ့ဘာသာသူပင် မစားတော့ကြောင်း၊ ထို့အတွက် အလွန် ကျေးဇူးတင်မိပါကြောင်း၊ စေတနာကိုလည်း နားလည်မိပါကြောင်း အက်ကြောင်းများ ထပ်အောင် ပြောပြသွားခဲ့ပါသည်။
အမှန်တော့ ကိုခြိုက်သည် မိမိ၏ ခံတွင်းနှင့် သွားချွတ်ယွင်းချက်ကို အခြားသူတစ်ဦးကို ပြသရန် ရှက်ရွံမိပါသည်။ သို့သော် ယခုကိစ္စတွင်မူ တစ်ထိုင်တည်းနှင့် ကိစ္စအပြတ်ဖြတ်ရန် စဉ်းစားမိသဖြင့် ထိုကလေးကို ယခုကဲ့သို့ ဥပမာဖြင့် သွန်သင်လိုက်ရခြင်း ဖြစ်လေသည်။ တနည်းအားဖြင့် ကိုခြိုက်တွင် စွန်းထင်နေသော အရောင်ဆိုး အချို့ကို ထိုကလေးတွင် နောင်သောအခါ စွန်းမည်စိုးသောကြောင့်ပါပေ။
ကလေးသူငယ် လူငယ်လူရွယ်တို့ဟူသည်မှာ အရောင်စွန်းထင်းရန် လွယ်ကူလွန်းလှသော အဖြူရောင်လေးများ ဖြစ်ကြ၏။ ထိုအရောင်လေးတို့ကို သူတို့၏ ပတ်ဝန်းကျင်မှ အရောင်ထပ်မံ ခြယ်မှုန်းပေးနေကြ၏။
မိတ်ဆွေ . . .သင့်အရောင်တွေက မလှပရင် အဖြူရောင်လေးတွေကို မစွန်းသွားပါစေနဲ့။ အထူးသဖြင့် မလှပတဲ့ သင့်အရောင်တွေကို ကလေးငယ်တွေက လှတယ်လို့ အထင်မရောက်သွားပါစေနဲ့။ အမှန်တစ်ကယ် အရုပ်ဆိုးအကျည်းတန်ကြောင်း သူတို့သိအောင် ပြောပြပေးဖို့ သတိရပါစေ။
ဘာပဲ လုပ်လုပ်ပါ
သတိထားတတ်မယ်ဆိုရင်ဖြင့်
သူ့အနီးနားမှာ အဖြူရောင်လေးတွေ
ကိုယ့်အနီးနားမှာ အဖြူရောင်လေးတွေ
ပတ်ဝန်းကျင်မှာ အဖြူရောင်လေးတွေ
ကျွန်တော်တို့တွေ ဆေးရောင်လှလှခြယ်ကြပါစို့လား……။
@kyawhlaing
MSC - 015
Photos credit: google Images
Very good post !
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks

ဟဲဟဲ....

ဝါးတော့ပါဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုဟု ကောင်းတယ် ၀ါးနဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆေးရောင်လှလှခြယ်ကြရအောင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကြိုးစားကြတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံကြီးတေကြောက်တယ် 😖
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာပေးမို့လို့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
so good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks

အရေးအသားတော့တကယ်ကောင်းတယ်😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကွမ်းဖြတ်လိုက်တယ် ဆေးလိပ်စွဲသွားတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တူတူပဲဗျာ ကွမ်းတော့စားတော့ဘူး ဆေးလိပ်ခဲတယ် :-P
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ျွတ်ဆင်ကြီတွေ ...ကြာက်ကြာက်ကြာက်
😲😲😲

တကယ်ကြောက်စရာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြောက်စရာကြီး 😷
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့

ဟုတေ vote ပေး p memt ဖို့ရာ တူ့ညက်နာကျိကြည့် p ပေးရဲတော့ပုစ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်လိုက်တာဗျာ ဗဟုသုတရရပါတဟ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ပေးတာကျေးဇူးတင်ပါတယ် Bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ျွတ်ဆင်ကြီတွေ ...ကြာက်ကြာက်ကြာက်
😲😲😲
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတယ် ပုံကလွဲလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံလေးတွေလဲကောင်းပါတယ်ကွာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ

အားလုံးကိုဖြူစေရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်

Nice post bro

ပုံတွေကြည့်ပြီးကြောက်လိုက်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝုတ်ဒေ ကြောက်စာကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းလိုက်တာ

ဗြဲ . . . အချို့ပုံတွေ ကျော်ဖတ်လိုက်ရတယ် . .
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗြဲ ကွမ်းဂျိုးကပ်နေပီလား :-P
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာပေးကောင်းပ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်ခင်ဗျား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Kျန်း MာေYး အ Tွက် postေLး Pါ Lား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုဟု

ကွမိးမစားနကိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စားဘူးရယ်

ပုံတွေကအလန်း ကြောက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြောက်ရင်စားနဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you @kyawhlaing for promoting this post together with https://steemit.com/budget/@jerrybanfield/introducing-steem-budget-proposals