သျှစ်သောင်းပုထိုးတော်မှ ဘီလူးရုပ်တုများ
ဤပုထိုးတော်အတွင်း အံ့မခန်းရုပ်စုံပြတိုက်ဖြစ်အောင် ပန်းတမော့ပညာရှင်တို့သည် ရုပ်လုံးရုပ်ကြွတို့ကို ရရှိဖန်တီးရမည့် နေရာအကျယ်အဝန်းအတွင်း၌ အကြောင်းအရာ ဇာတ်ကွက်စုံတို့ကို အပိုအလိုမရှိ ဖန်တီးနိုင်ခဲ့သည်ကိုတွေ့ရသလို ၂ ပေအကျယ်ရှိ ရုပ်လုံးရုပ်ကြွတို့သည် အကြောင်းအရာကို တစ်ချက်တည်းဖြင့် ထိထိမိမိဖော်ကျူးသိရှိနိုင်သည်ကိုတွေ့ရသည် ထုဆစ်ဖို့လိုအပ်သော သဲကျောက်များကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ရေလမ်းခရီးဖြင့်သယ်ဆောင်လာပြီး ထိုကျောက်များကို ထုဆစ်ရာ၌ ကျွဲနို့ဖြင့်စိမ်ပြီး လိုရာပုံသွင်း ထုဆစ်ခဲ့ကြကြောင်းသိရှိရပါသည်၊
ဘီလူးရုပ်တုတို့သည် သျှစ်သောင်းပုထိုးတော် အပြင်ဘက်ပတ်လမ်းရှိ အရံစေတီငယ်တို့ကြားတွင်လည်းကောင်း အတွင်းဘက်ရှိ စတုတ္တလိုဏ်ဂူတွင်လည်းကောင်း ဘီလူးရုပ်တုများကို အစောင့်အရှောက်အနေဖြင့် ထုဆစ်ထားမှု ဇာတ်တော်များတွင်ပါဝင်မှု ဟန်မူရာစုံဖြင့် တွေ့ရှိရပါသည်၊
ဘီလူးသည် ပါဠိဘာသာ ဘိရုမှဆင်းသက်လာသည် ယက္ခ၊ရက္ခသ၊ကုမ္ဘဏ္ဍ၊ရုတဟုလည်းကောင်း ပါဠိဘာသာဖြင့် အမည်ကွဲများတွေ့ရှိရပါသည်၊ဘီလူးဟုဆိုလိုက်လျှင် ကြမ်းတမ်းခက်ထန်သော ရုပ်ဆင်းဟု သိရှိနားလည်ထားကြသလို ကြောက်မက်ဖွယ်ကောင်းအောင် အချိုးမကျစွာ ခေါင်းကြီးကိုယ်သေး ဒိုင်းနှင့် သန်လျက် တင်းပုတ် ကြာပန်းတို့ကို ကိုင်ဆောင်ထားပြီး အသွင်အမျိုးမျိုးဖြင့်တွေ့ရှိရပါသည်၊ မုတ်ဆိတ်မွေး မျက်တက် ပါးစပ်တက် မုတ်ဆိတ်တက်တို့ပါဝင်ထုဆစ်ထားတာတွေ့ရပြီး ခြေထောက်ကို တပလ္လင်ခွေအနေထား ဆောင့်ကြောင့်ထိုင်အနေထား ခြေတစ်ဘက်အပေါ်တင် တစ်ဖက်ချ နောက်လှည့်ပြောင်းပြန်အနေထားများစွာကို တွေ့ရှိရသည်၊ မျက်နှာပုံသဏ္ဍန်ကို အတည့် ဦးမော့ အောက်စိုက် ဘေးတိုက် စုံလင်စွာဖြင့် မျက်နှာပေါက်ဆင်တူတာတွေ့ရှိရသည်၊ ဦးခေါင်းတွင် ဗောင်းကို ဆောင်းထားပြီး (အဆိုပါ ဗောင်းမှာ မြန်မာပြည်ရှိ ဘီးလူးရုပ်တု ဗောင်းများနှင့် ကွဲလွဲကြောင်းတွေ့ရသည်) ဆံပင်ပုံစံဖန်တီးထားသည့် ကနုတ်တို့မှာ တစ်ခုနှင့်တစ်ခုကွဲပြားသည် အဝတ်တန်ဆာစုံလွင်စွာမတွေ့ရပဲ ကိုယ်လုံးတီးဖြင့် ခါးပုံစံသဖွယ် နံငယ်ပိုင်းသာ အများစုဝတ်ဆင်ထားသည်၊ဘီလူးရုပ်တု အများဆုံးတွေ့ရသော စတုတ္တလိုဏ်ပတ်လမ်း အနောက်ဘက်ခြမ်းရှိ ဘီလူးရုပ်တုတစ်ခုတွင် အောက်ခံပလ္လင်သဖွယ် ကနုတ်များဖြင့်တန်ဆာဆင်ထားပြီး ပုဆိုးဝတ်ဆင်ထားတာတွေ့ရှိရသလို သျှစ်သောင်းဘုရားဆင်းတုတော်သို့ အဝင်ဝတွင် ဘီလူးရုပ်တုပ်ကို နတ်ဝတ်နတ်စားကဲ့သို့ ဆေးခြယ်ထားပြီး သံလျက်ထမ်းလျှက် အစောင့်အရှောက်သဘော ထုဆစ်ထားသည်ကိုတွေ့ရှိရပါသည်၊
ရခိုင်ရှိ ဘီလူးရုပ်တုများ၏ ထူးခြားသော သွင်ပြင်မှာ ထင်ရှားကြီးမားသော စွယ်သွားများပါရှိခြင်း ရှေ့သွားလေးချောင်းဘေးဘက်တွင် ကြီးမားသော စွယ်သွားများပါရှိသည်၊
ဘီလူးရုပ်တုယဉ်ကျေးမှုဟာ မြန်မာနိုင်ငံမှာ အေဒီ ၂ ရာစုလောက်မှာ ဗိသနိုးမြို့ဟောင်းမှာ စတွေ့တယ်ပြောရမယ် ရခိုင်မှာ အေဒီ ၅ ရာစုဟု ခန့်မှန်းကြတဲ့ မဟာမုနိကုန်းမှရုပ်တုတွေမှာ ယက္ခသေနာပတိ စာထိုးပါတဲ့ဘီလူးရုပ်ကို အစောဆုံးတွေ့ရတယ်၊
ဘီလူးဇာတ်လမ်းတွေကို ရာဇဝင်တွေ ဗုဒ္ဓဝင်တွေမှာ အများကြီးတွေ့ရတယ် ရခိုင်တွင် ဘီလူးဇာတ်တွေက အိန္ဒိယ ဝေသာလီပြည် ရာဇဝင်တွေနှင့်ရောထွေးနေ၏ မြန်မာနိုင်ငံမှာ ပုဂံခေတ် အနော်ရထာမင်းလက်ထက်တိုင် ဗျတ္တသည်ပုပ္ပါးအရပ်တွင် ဘီလူးမနဲ့ညား၏ မွေးဖွားလာသော သားနှစ်ဦးကို လူစပ်ဘီလူး ဟုဆိုသည် ကုန်းနေဘီလူး ရေနေဘီလူးဟုရာဇဝင်တွေမှာတွေ့ရသလို နတ်ပြည်၌နေသောဘီလူး လူ့ပြည်၌နေသောဘီလူးဟူ၍တွေ့ရပြန်သည်၊
တိုင်းပြည် မြို့ ရွာ နန်းတော် သာသနိကအဆောက်ဦးတွေမှာ ဘီလူးရုပ်တုကို အစောင့်အရှောက်အနေဖြင့် ထုလုပ်ထားရှိကြခြင်းသည် ဇောတိကသူဌေးဝထ္ထုမှလာ၏ သူဌေး၏တံတိုင်း ၇ ထပ်တွင် ပထမတံခါးမုခ်၌ ကောဠိလနတ်ဘီလူးအရန်တစ်ထောင်နှင့်စောင့်၏ ဒုတိယတံခါးမုခ်၌ ဥပ္ပလနတ်ဘီလူးသည်အရန်သုံးထောင်နှင့်စောင့်၏ တတိယတံခါးမုခ်၌ ဝဒီရနတ်ဘီလူးသည်အရန်သုံးထောင်နှင့်စောင့်၏ စတုတ္ထတံခါးမုဒ်၌ ဝဇီရဗာဟုနတ်ဘီလူးသည်အရန်ခြောက်ထောင်နှင့်စောင့်၏ ပဉ္စမတံခါးမုခ်၌ ကုဋဌနတ်ဘီလူးသည်အရန်ခြောက်ထောင်နှင့်စောင့်၏ သတ္တမတံခါးမုခ်၌ ဒီသာပါမောက္ခနတ်ဘီလူးသည်အရန်ခုနှစ်ထောင်နှင့်စောင့်၏ဟု မိမိ၏ နန်းတော် အဆောက်ဦး အိုးအိမ်များကိုကာကွယ်ရန် ဘီလူးများကို အစောင့်အရှောက်အနေဖြင့်ထားရှိခဲ့သည်၊
ကိုးကား_
ဒေါက်တာစောမြအောင်သျှစ်သောင်းပုထိုးတော်ကြီးမှ ဘီလူး
မဇင်ဝေဝေသျှစ်သောင်းပုထိုးတော်အတွင်းမှ ရုပ်လုံးရုပလေ့လာချက
Photos_Credit : Google