ဂိမ်းဆော့ခြင်း၏ အကျိုးရလဒ်များနှင့် ဆင်ခြင်စရာများsteemCreated with Sketch.

in myanmar •  7 years ago 

ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ဗျာ။ လူတစ်ယောက်နဲ့တစ်ယောက်က မတူကြဘူး။
အချို့လူတွေကျတော့ ဂိမ်းဆော့တဲ့သူတွေဟာ အလုပ်မရှိ အကိုင်မရှိပဲ
အားအားယားယား အချိန်ဖြုန်းနေတဲ့သူတွေပါကွာ လို့ပြောကြလိမ့်မယ်။
ခုခေတ်လူကြီးပိုင်းတွေမှာလဲ တော်တော်များများက ဂိမ်းဆော့ရင်
မျက်လုံးထိခိုက်တယ် အာရုံကြောထိခိုက်တယ်ဆိုတာတွေ ပြောကြမှာပါ။
ဒါပေမဲ့ ဂိမ်းဆော့တယ်ဆိုတာ လူတစ်ယောက်ရဲ့ ဦးနှောက်ကို အတွေးတစ်ခုထဲမှာ
တွေဝေမနေအောင် အထောက်အကူပြုပါတယ်။ အာရုံလွဲလိုက်တာမျိုးပါ။
အချို့လူတွေ အသက်ကြီးလာလေ ပူပင်မှုများလာလေလေ ဖြစ်တတ်ပါတယ်။
သူတို့အသက်ကြီးလာတာကို သူတို့တွေ လန့်လာကြတယ်။
အခြားလူကို ပြောပြရင်လဲ အခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာဆိုးလို့ မပြောပြဘူး။
အဲ့မှာသူတို့ ဦးနှောက်က ဒီအတွေးထဲမှာပဲ တွေဝေနေပြီး ရုန်းမထွက်နိုင်တော့ပဲ
အချို့က သူငယ်ပြန်တာတွေ ၊ အချို့ကလဲ အတိတ်မေ့တာတွေ ဖြစ်ကုန်ကြပါတယ်။
သူ့ရဲ့ မသိစိတ်က ကြောက်စိတ်ကို မေ့ခိုင်းလိုက်တာပါ။ အဲ့ဒီလူသာ တွေဝေနေတဲ့အချိန်အစပိုင်းမှာ
ဂိမ်းကို အာရုံလွဲပြီး ဆော့ပေးနိုင်ရင် ခုလိုဖြစ်တာမျိုးကို ရှောင်ရှားနိုင်မှာပါ။
အထူးသဖြင့် ဥာဏ်စမ်းဂိမ်းတွေ ဆော့ပေးရင် ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးနေသလို
အကျိုးသက်ရောက်ပြီး အထက်ကပြောခဲ့သလို သူငယ်ပြန်တာ ၊ အတိတ်မေ့တာတွေကို
တော်တော်များများ လျော့ကျပေးနိုင်ပါတယ်။

ဂိမ်းကို ဆွဲဆွဲမြဲမြဲ ဆော့တဲ့သူကိုသွားမေးရင် ဂိမ်းဆော့ဖို့ပဲ
သူအမေ သူ့ကိုမွေးဖွားလာသလိုလိုနဲ့ Game is My Life ( ဂိမ်းဟာ ကျွန်တော့်ဘဝ ) လို့ပြောပါလိမ့်မယ်။
သူ့အတွက်က ဂိမ်းမှာပဲ အချိန်ကုန်နေမယ် ဂိမ်းအတွက်ပဲ ငွေကြေးကုန်ကျနေပါမယ်။
ဒါမဲ့ သူ့ကိုဂိမ်းပဲဆော့နေတယ်လို့ အထင်သေးလို့မရဘူး။
Game ဆော့တယ်ဆိုပေမဲ့လဲ အချို့တွေ တကယ့် ကျွမ်းကျင်အဆင့်ရောက်ပြီး
နိုင်ငံတကာ ထိုးဖောက်သွားပြီး ဝင်ငွေရတာမျိုးလဲ အများကြီးရှိပါတယ်။
အချို့ဆိုရင်လဲ ဂိမ်းကို ကြေးစားလုပ်ပြီးဆော့တာမျိုးလဲရှိပါတယ်။
အချို့ကျတော့လဲ ဂိမ်းကို ရေရေရာရာ မဆော့တတ်ပဲနဲ့ သူ့ပင်ကိုပါရမီပါလို့
ဂိမ်းအားနည်းချက်တွေ ဂိမ်းအားသာချက်တွေကို ရှာနိုင်လို့ အကြံပေးအနေနဲ့
ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အခကြေးပေးပြီး ခေါ်ယူတာတွေလဲ မကြာခဏ ဖတ်နေရပါတယ်။
အခုခေတ်မှာ ဂိမ်းဆိုတာလဲ အပြိုင်အဆိုင်တွေဖြစ်လာတော့
ကုမ္ပဏီတွေမှာလဲ သူ့တို့အတွက်အားသာချက်နဲ့ အကြံကောင်းရဖို့အတွက်
ဂိမ်းမဆော့တတ် ဂိမ်းအကြောင်းနားမလည်တဲ့သူတွေကိုတောင်
ဇာတ်လမ်းသဘောမျိုး ဖန်တီးဖို့ သီးသန့်ကိုလိုက်ရှာတာမျိုးတွေလဲရှိပါတယ်။

အခုရေပန်းစားနေတဲ့ Dota 2 ဆိုတဲ့ဂိမ်းမှာ ပါဝင်ဆော့ကစားနေသူတွေဟာလဲ
ခေတ်လူငယ်တွေကစ ကျွန်တော် ၉ တန်းကျောင်းဆရာရဲ့ ညီတောင်
ဂိမ်းဆိုင်ဖွင့်ရင် ကျွန်တော်တို့နဲ့ လိုက်ဆော့နေတဲ့အထိကို ဆော့နေကြတာပါ။
နောက်တစ်ခုက ဒီလိုမျိုး Multi-Player ( လူအများဆော့တဲ့ဂိမ်း) ကျတော့
ဂိမ်းဆော့တာအပြင် ဦးနှောက်ဖြတ်ထိုးဥာဏ်နဲ့ အချင်းချင်း စည်းရုံးဖို့အတွက်
အထောက်အကူရနိုင်ပါတယ်။ ဥပမာ - ၅ ယောက် နဲ့ ၅ ယောက် ဆော့ကြတယ်ဗျာ
တစ်ဘက်က ၅ ယောက်နဲ့ ကိုယ့်တစ်ယောက် တွေ့ကြတယ်ဆိုပါဆို့။
အဲ့အချိန်မှာဆိုရင် ကိုယ့်ဘက်က နိုင်နိုင်လား မနိုင်နိုင်ဘူးလား စဉ်းစားရပြီ
သေချာတာကတော့ ဟိုဘက်က လူအင်အားပိုများနေတာပဲ။ ဒါပေမဲ့
သူတို့ဘက်က လူညီကြလား တစ်ယောက်ကို တစ်ယောက် ကူနိုင်ကြလား
ကြည့်ပေးနိုင်ကြလားဆိုတာ အကဲခတ်ပြီး အဆင်ပြေရင်ပြေသလို
အနောက်ဆုံးကျန်ခဲ့တဲ့ တစ်ယောက်ကို တိတ်တိတ်လေး ခြုံခိုရှင်းလိုက်လို့ရတယ်။
တကယ်လို့ သူတို့ဘက်က လူညီခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ ?
ဒီနေရာမှာကျတော့ အထက်က ပြောသလို စည်းရုံးဖို့လိုလာပြီ
ကိုယ်တွေ့တဲ့နေရာကနေ အသာလေးပုံးနေပြီး ကိုယ့်အဖွဲ့သားတွေကို
အချက်ပြခေါ်ပြီး အဲ့လူတွေကို ဝိုင်းထားပြီး သူတို့ဘက်က အစွမ်းဆုံးကောင်ကို
အရင်ဆုံး ဝိုင်းသမပြီးရင် ကျန်တဲ့သူကိုရှင်းဖို့ အများကြီးလွယ်သွားပါပြီ။
ဒီစည်းရုံးခြင်းနဲ့ ဖြတ်ထိုးဥာဏ်ဆိုတာ ဂိမ်းထဲမှာတင် မဟုတ်ပဲ
လက်တွေ့ဘဝမှာလဲ အများကြီး အထောက်အကူ ပြုလာနိုင်ပါတယ်။

ဒါပေမဲ့ ဂိမ်းဆော့တယ်ဆိုတာလဲ အရမ်းကြီး မစွဲလန်းမိဖို့တော့ လိုတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် ဖုန်းတစ်လုံး Power Bank တစ်လုံးနဲ့
တစ်နေကုန် နေ့ည မနား လ္ဘက်ရည်ဆိုင်ထိုင်တဲ့ချိန်တွေပါ တစ်နေကုန်ထိုင်ဆော့နေတာ။
အခုသူ့ရဲ့ ခါးက ပြဿနာတက်လာတော့ ကုတင်ပေါ်လှဲသွားပါပြီ။
သူ့အသက်က အခုမှ ၂၀ ကျော်ကျော်ပဲရှိသေးတာပါ။
အသက်မပြည့ှ်ရင်လဲ ဂိမ်းတွေအလွန်အကျွံ မဆော့စေပါဘူး။
အရင်ဆုံး ပညာရေးပိုင်းကို အလေးထားပြီး သင်ယူစေချင်ပါတယ်။
နောက်တစ်ချက်က ဂိမ်းဆော့တာ ဂိမ်းဆိုင်မှာဆော့တာထက်
အိမ်မှာဆော့တာကပို အန္တရာယ်ကင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ
ငယ်ငယ်တုံးက ဂိမ်းဆိုင်ကလူတွေနဲ့ ပေါင်းတာများပြီး လောင်းကစားအပါအဝင်
ဆေးလိပ်၊ ကွမ်း ၊ အရက်တွေ သောက်တတ်လာတာပါ။
မီးလာရင် ဂိမ်းဆော့တယ် မီးမလာတဲ့ချိန်ကျတော့ ဆိုင်ရှင်က အခြားဆိုင်သွားမှာဆိုးလို့
အရက်တွေ ဘီယာတွေနဲ့ ဖဲထိုင်ရိုက်ရင်းကနေ စလာခဲ့တာပါ။

မိတ်ဆွေတို့လဲ ဂိမ်းဆော့ရင် အရမ်းမစွဲလန်းပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။
မိသားစုအတွက် အချိန်နည်းနည်းလေးပိုပေးကြပါ။ ကျွန်တော်သူငယ်ချင်းတစ်ယောက်လည်း
ဂိမ်းဆော့နေတဲ့အချိန် သူ့အဖေဆုံးသွားတာ နောက်တစ်ရက်မနက်မှ သူသိရတယ်။
သူ့အဖေ ကျန်းမာရေးမကောင်းမှန်းသိပေမဲ့ တစ်ပွဲလောက်ဆော့မယ်ဆိုပြီး ဂိမ်းဆိုင်သွားလိုက်တာ
အရှိန်ကောင်းပြီး ညလုံးပေါက်ဖြစ်သွားတော့ သူ့အဖေအသက်တောင် မမှီလိုက်နိုင်ဘူး။
သူ့အဖေမဆုံးခင် သူ့ကိုတွေ့ချင်နေတာ သူ့အစ်ကိုက ယာဉ်တိုက်မှုဖြစ်ပြီး ခြေထောက်ကျိုးနေတော့
သူ့ကိုလာမခေါ်နိုင်ဘူး။ သူ့အမေကလဲ သားကြီးက ခြေထောက်ကျိုးပြီး ခင်ပွန်းက ကွယ်လွန်တော့
ငိုနေရုံကလွဲပြီး ဘာမှကို မလုပ်နိုင်တော့ဘူး။ ဒါတွေကတော့ ကျွန်တော်တွေ့ဖူးခဲ့တဲ့
ဂိမ်းကိုဆွဲဆွဲလန်းလန်းဆော့တဲ့ ဆိုးကျိုးတွေပေါ့ဗျာ။

လောကကြီးမှာ အကောင်းနဲ့ အဆိုးဆိုတာ အမြဲယှဉ်တွဲနေပါတယ်။
အားလုံးပဲ ဒီစာကိုဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေလို့
စေတနာရှေ့ထားပြီး အကြံပြုလိုက်ပါတယ်ခင်ဗျာ။

Written By Kyaw Kyaw Naing

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တော်​တယ်​ကိုကြီး အား​ပေး​နေတယ်

ကြိုးစားဆဲပါ ညီ ကျေးဇူးတင်ပါတယ်

တကယ်ကောင်းတယ် Bro

နောက်လ ပြိုင်ပွဲဝင်လိုက်ရ 😁😁

ဟားး နာတော့ ဆော့မိရင် ထမင်းမေ့ဟင်းမေ့ပဲ

အက်တာ Gamer ဟုတ်တော့ပု
ဂိမ်းဂျိုးဖြစ်သွားပြီ 😝😝