ကိုယ်ပိုင်အချိန်

in myanmar •  7 years ago 

မိမိကိုယ်ကိုယ် လွတ်လပ်စွာနေပါ။
မိမိကိုယ်ကိုယ် အားကိုးပါ။
မိမိ အချိန်ကို မိမိဘဝအတွက်သုံးဖို့ချန်ထားပါ။
ကိုယ့်အချိန်ကို သူများကိုပေးလိုက်ခြင်းဟာ
မိမိ သဘောထား၊ မိမိအတွေးအခေါ်၊ မိမိအယူအဆ၊
မိမိဆုံးဖြတ်ချက်တွေ ရှိသလိုလုပ်လို့မရတော့ပဲ
သူများတွေရဲ့ ဆန္ဒအတိုင်းလုပ်ပေးနေရတဲ့သူဖြစ်သွားပါပြီ။
မိမိပိုင်ဆိုင်တဲ့အချိန်တွေဟာ မိမိပိုင်ပေမဲ့
သူတစ်ပါးအတွက်အသုံးချနေရပါပြီ။
အဲ့အချိန် မိမိရည်မှန်းချက် မိမိအတွေးအခေါ်တွေကို
မိမိဘဝအတွက် အချည်းနှီးဖြစ်သွားပါပြီ။
ဒုက္ခရောက်တဲ့သူတွေကူညီတာ မပြောလိုပါဘူး။
အချို့သူတွေက သူတို့လိုအပ်တဲ့ချိန် အကူညီတောင်းပြီး
မိမိ လိုအပ်နေချိန် လှည့်မကြည့်ပဲ ရှောင်ပြေးတတ်ကြပါတယ်။

image

သင့်အချိန်ကို သူများအတွက်သုံးနေတယ်ဆိုတာ
တိရစ္ဆာန်ဥယျာဉ်မှာ နေနေတဲ့တိရစ္ဆာန်နဲ့တူနေပါတယ်။
ဥပမာ အနေနဲ့ ကျားတစ်ကောင်ပေါ့ဗျာ။
စားဖို့သောက်ဖို့သာ မိမိအတွက်လုံလောက်နေတယ်။
ဒါတောင် ဥယျာဉ်မူးက သူပိုက်ဆံရဖို့အတွက်
ကျားကိုလိုလို့ အသုံးချပြီး အစာကျွေးထားတာနော်။
သူသဘာဝအတိုင်း တောတွေထဲမှာပြေးလွှားလို့မရတော့ဘူး
သူရဲ့အတိုင်းအဝိုင်း ကျားအဖော်တွေနဲ့မပျော်ရတော့ဘူး
သစ်ပင်ပေါ်တွေတက်ပြီးဆော့ကစားလို့မရတော့ဘူး။
သူ့မှာ အဲ့ဒီဥယျာဉ်မှူးအတွက် လှောင်အိမ်ထဲမှာ
သူ့ဘဝနဲ့ အချိန်ကိုစွန့်လိုက်ရပြီ။
သူစားချင်တာစားလို့မရတော့ဘူး ဥယျာဉ်မှူးကျွေးတာပဲစားရတော့တယ်။
သူ့သဘာဝအတိုင်း စားချင်တဲ့ချိန်တောင်းစားလို့မရတော့ဘူး
သူစားဖို့အတွက်က ဥယျာဉ်မှူးကျွေးမှသူစားရတော့တယ်။

ဒါကြောင့် မိမိအတွက်သာ မိမိအသက်ရှင်နေပါ
တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။
အခက်အခဲရှိတဲ့သူကို ကူညီချင်ရင် စေတနာနဲ့ကူညီပါ
မိမိဘဝနဲ့ အချိန်ကို အများကြီးမနစ်လိုက်ပါနဲ့မိတ်ဆွေ။
လူတိုင်းဟာ သစ်ပင်တွေလိုမဟုတ်ပါဘူး
သစ်ပင်တွေကမှ ကိုယ်စိုက်တဲ့အပင်ရဲ့ အသီးစားရသေးတယ်။
အချို့သောလူတွေက ကိုယ်ပေးဆပ်ခဲ့သလောက်
သူတို့ဘက်က အကောင်းမမြင်ပေးကြပါဘူး။
"လူ၏အကြိုက် ၁၀ ခါလိုက်
မလိုက်ခဲ့သည်တစ်ခါရှိသော်
ကြီးစွာရန်သူဖြစ်လေ၏ " တဲ့။
ဖတ်ဖူးခဲ့တဲ့ စာဆိုလေးပါ။

ရေးသားသူ Kyaw Kyaw Naing

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!