ဂြိုလ်သားများ အကြောင်း တွေးမိတွေးရာ ( အပိုင်း - ၃ )steemCreated with Sketch.

in myanmar •  7 years ago  (edited)

ဟုတ်ကဲ့ ပိုင်း - ၂ မဖတ်ရသေးတဲ့မိတ်ဆွေများ
အောက်ကလင့်ကနေ ဝင်ဖတ်လို့ရပါတယ်ခင်ဗျာ။
https://steemit.com/steem/@kyawkyawnaing/yagi-lthaundefined-ae-kang-etymundefinedtyyaa-apong-2-2017822t143327814z

အပိုင်း ၃ မှာ ကျွန်တော် အလင်းအကြောင်း နည်းနည်းရှင်းပြချင်ပါတယ်။
အလင်းရဲ့ အမြန်နှုန်းလောက်မြန်တဲ့ စက်ပစ္စည်း ကျွန်တော်တို့တွေ
ခုလက်ရှိအချိန်ထိ မထွင်နိုင်သေးတာ အားလုံးအသိပါ။
အလင်းဟာ တစ်စက္ကန့်ကို မိုင်ပေါင်း 186000 သွားနိုင်ပါတယ်။
အလင်း အလျင်နဲ့သွားမယ်ဆိုရင် တစ်စက္ကန့်မှာ
ကမ္ဘာကို ၇ ပတ်ခွဲ ပတ်လို့ရပါတယ်။
နေရဲ့ အလင်းဟာ ကမ္ဘာပေါ်ကျရောက်ဖို့
၈.၃ မိနစ်ကြာပါတယ်။
အဲ့တာကြောာင့် ကျွန်တော်တို့ အခုလက်ရှိတွေ့နေတဲ့
နေရဲ့ အလင်းရောင်ဟာ လွန်ခဲ့တဲ့ ၈ မိနစ်က အလင်းရောင်ဖြစ်ပါတယ်။

image

အိုင်းစတိုင်းရဲ့ သီအိုရီအရ အလင်းရဲ့အလျင်နဲ့ လူတစ်ဦးက
ရွှေ့လျားနေမယ်ဆိုရင် သူ့ပတ်ဝန်းကျင်ကအချိန်တွေဟာ ရပ်တန့်နေမှာပါ။
အဲ့ဒီလူက အလင်းထက်မြန်တဲ့ အလျင်နဲ့ရွှေ့လျားနေရင်
သူ့ပတ်ဝန်းကျင်တွေက အချိန်တွေဟာ အနောက်ပြန်ဆုတ်နေပြီး
အလင်းရဲ့အလျင်နဲ့ရွှေ့လျားနေတဲ့သူဟာ အတိတ်ကိုပြန်သွားနေမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် အချိန်ခရီးသွားနေတာပါ။
ကျွန်တော်အထင် ဂြိုလ်သားတွေက
နောက်လာမဲ့ အနာဂတ်က လူသားတွေပါ။
သူတို့တွေ အချိန်ကို နောက်ပြန်ခရီးသွားပြီး
လူ့သမိုင်းအကြောင်းကို ပြန်လေ့လာတာ
ဒါမှမဟုတ် ကျွန်တော်တို့ လူသားတွေကြုံလာရမဲ့
ဘေးအန္တရာယ်ကို အကြောင်းလာကြားတာပါ။
နောက်အပိုင်းတွေမှာ ကျွန်တော် လေ့လာမိသလောက်
သက်သေတွေနဲ့ ပြန်ရှင်းပြပါမယ်။

image

အပိုင်း ၃ ကို ဒီနေရာမှာနားပါရစေခင်ဗျာ။

ရေးသားသူ Kyaw Kyaw Naing
Photos Credit To Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အောက်ဆုံးပုံက ဘာကိုဆိုလိုတာလဲဗျ

ကိုလိုနီခေတ်လောက်တုံးက
ဓာတ်ပုံမှတ်တမ်းတစ်ခုပါ ဆရာ။
ဟန်းဖုန်းကိုင်ထားတယ်လို့ ယူဆရတဲ့ပုံပါ။
အဲ့ခေတ်မှာတုံးက ဟန်းဖုန်းမပေါ်သေးဘူး။
အချိန်ခရီးသွားသူတစ်ဦးလို့ ဖတ်ဖူးလို့ပါ။

စာကတိုလွန်းတယ် တွေးမိတွေးရာဆိုတော့မပြောလိုတော့ပါဘူး၊ ဝေဖန်လောက်တဲ့အနေအထားမရှိလို့ပါ။ ကြိုးစားပါ။ Vote ခဲ့ပါတယ်။

ဟုတ် အဘ ချစ်တယ် အဘွား

အိုက်စ်

အစက တင်မဲ့ဟာ Save ဖို့မေ့သွားလို့
ကမန်းကတန်း ထရေးရတာ 😁😁

hi fri

Hote