လွမ်းစရာပန်းချီကားတစ်ချပ်

in myanmar •  7 years ago 

လက်ခုပ်သံတစ်ဖြောင်းဖြောင်း..
လက်ခေါက်သံတရွှီရွှီနှင့်
ဂိုး..ဂိုး..ဂိုး ဟူသောအသံများဆူညံနေသည်.....
အထက်တန်းကျောင်းတစ်ခုဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အားကစားပြိုင်ပွဲတွေကျင်းပနေကြပြီဖြစ်သည်။


image
မှတ်မိကြရဲ့လား????
ပျော်စရာ ကလေးဘဝ
ရိုးရှင်းတဲ့ စိတ်ထားလေးတွေ...
အပေါင်းအသင်းတွေနဲ့
ဟိုးအတိတ်ကစာသင်ခန်းများဆီသို့....


ကျနော်ကောင်းကောင်းမှတ်မိသည်... တစ်ချိန်က ကျောင်းတွင်းအားကစားပွဲတော်.....


ကျနော်တို့ စာသင်ခန်းလေး ရုတ်တရက်တိတ်ဆိတ်သွားသည်။
"ဆရာမ ခနလောက်ခွင့်ပြုပါ''
ကာယဆရာကြီးက တခါးပေါက်မှ ခွင့်တောင်းလိုက်သည်။ဆရာမလည်း စာစစ်နေသောဘောပင်ကို ခနချ၍
'' ရပါတယ်ဆရာ...'' ဆရာကြီးသည် လက်ထဲမှ စာအုပ်တစ်အုပ်ကို စားပွဲခုံပေါ်တင်လိုက်ပြီး
" ကဲ...အားလုံးခနလောက် နားထောင်ကြ'' ကျနော်တို့တစ်တန်းလုံး ဘာပါလိမ့်ဟူသော မျှော်လင့်ချက်မျက်လုံးအစုံဖြင့် ။
"မင်းတို့လည်း စာတွေလုပ်လာရတာ ငြီးငွေ့နေရောပေါ့..
ဒီတော့...ကျောင်းအုပ်ကြီးရဲ့ညွှန်ကြားချက်အတိုင်း ကျောင်းတွင်းအားကစားပွဲလေးလုပ်မယ်ကွာ''
"ဟေး..ဟေး.. ဟေး''အားလုံးတီးလုံးတိုက်ထားသည့်အလား သံပြိုင်အော်လိုက်ကြသည်...
ဆူညံသွားတော့သည်..

"ဟိတ်..ဟိတ်..ဆရာပြောတာနားထောင်လေ...နင်တို့ကတော့''ဆရာမက ငေါက်လိုမှ မီးခဲရေနဲ့ပတ်လိုက်သလိုပင်...
ဆရာကြီးက အားလုံးငြိမ်သွားကာမှ ပြိုင်ပွဲတွေအနေနဲ့ ဘောလုံးပြိုင်ပွဲ..ခြင်းလုံး၊ဘော်လီဘော၊ပြေး.ခုန်.ပစ်၊ထုပ်စည်းထိုး...စသည့်အားအစားပြိုင်ပွဲများ ပြောပြသည်။
"ကဲ..ဘယ်သူတွေ ဝင်ပြိုင်မလဲ...ပြိုင်မယ်သူတွေမုန့်စားကျောင်းဆင်းရင် ဆရာ့ဆီ စာရင်းလာပေးကြ'' ပြောရင်းစာအုပ်ကို ကိုင်ရင်း ''ဆရာမ ခွင့်ပြုပါအုံး'' နောက်စာသင်ခန်းတစ်ခုဆီသို့ဦတည်၍ထွက်ခွာသွားသည်...ကျွန်တော်တို့တစ်တန်းလုံး ကြွက်စိ ကြွက်စိ ဖြင့်...
"ဒေါင်...ဒေါင်''
မုန်းစာကျောင်း အနားပေးပြီ...ကျောင်းသား၊ကျောင်းသူများ သူထက်ငှါ စာသင်ခန်းမှ ထွက်လာကြသည်။
image


"ဟေ့ကောင် ...မင်းကလည်းရှာလိုက်ရတာ။တို့အဖွဲ့စာရင်းသွားပေးကြစို့။လူကလည်းပြည့်ပီဟ..''
ပေါသွပ်၏အော်သံကြောင့် ကျွန်တော်မုန့်တီသုပ်စားနေရာမှ'' အေးပါဟ..ဆရာကြီးက ထွက်မပြေးပါဘူး..ခနလေး..ဆက်စားလိုက်အုံးမယ်..''
ကျွန်တော့်စကားပင် အဆုံးမသတ်လိုက်ပေ..
ကိုယ်တော်ချောတို့သုံးယောက် တစ်ဇွန်းစီ အားပေးလိုက်ကြသည်။
မှန်သည်။ ကျွန်တော်၏ လတ်လတ်ဆက်ဆက် မှာပြီးကာစ မုန့်တီပွဲ ပြောင်သွားလေပြီ..
ထူးဆန်းသည်တော့မဟုတ်ပါ... တွေးမိတိုင်းလွမ်းမိတာဆိုလို့..အခုလိုပျော်စရာစတိတ်ကျောင်းသားဘဝပင်ဖြစ်သည်....
"အန်တီတုတ်...တစ်ပွဲထက်မှတ်လိုက်အုံးဗျို့''အော်အော်ထထဖြင့် ရှေ့ဆုံးမှထွက်ခဲ့သည်။စိတ်ထဲတော့ သိပ်ကြည်လှမဟုတ်...မုန့်တီသုပ် မြည်းရုံသာမြည်းလိုက်ရသည်....

ကျွန်တော်တို့အသင်းဘော်လီဘော စာရင်းသွားပေးရန် ဆရာကြီးရှိရာသို့........

ကျောင်းတော်ကြီးတစ်ခွင်လုံး လှုပ်လှုပ်ရှားရှားဖြင့် ခါတိုင်းနေ့တွေထက် ထူးဆန်းနေသည်မှာ အမှန်ပင်...
တစ်ချို့က ကော်ရစ်တာတွင် စာကျက်ကြနေကြသည်...
"ရင်ကို တို့အဖွဲ့ကလည်း လူတောင့်တယ်နော်'' ပေါသွပ်စကားစလိုက်သည်...''အေးဆေးပါဟ မင်းတို့ကလည်း''ခန့်ကျော်က ချက်ချင်းပင်ပြောလိုက်သည်...ပြောရင်းနဲ့ရှောင်သွားတဲ့မိန်းကလေးတိုင်း စလိုက်သေးသည်..
ဆရာကြီးရှိရာ အခန်းသို့ရောက်ပြီဖြစ်သည်..
သူသူငှါငှါ စာရင်းပေးနေကြသည်...ဆရာကြီးမှာ ခေါင်းတောင်မဖေါ်နိုင်ပေ...ဘေးပတ်လည်တွင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေအလား.......


နံနက်ခင်း နှင်းစက်တို့ဖြင့် ဆောင်းရာသီ၏ အငွေ့အသက်.
ကျေးငှက်ကလေးတွေ တွန်မြည်ကြ..
ဆောင်းသရုပ်ပီပြင်လှသည်။

ရောက်ပါပြီ...
အားကစားပြိုင်ပွဲနေ့ဆီ... မိမိအုပ်စုအလိုက် စုရုံးစုရုံး...
ဒိုင်အဖြစ်ဆောင်ရွက်မည့် ဆရာ၊ဆရာမများကလည်း တက်ကြွလှသည်။
မိမိတို့၏ အသင်းကိုအားပေးကြမည့် ကျောင်းသူလေးများကလည်း အပြိုင်အဆိုင်ပင်။ (သူတို့ပါမှ ပွဲစည်သည်မှာအမှန်)
ပြိုင်ပွဲဝင်မည့်သူများကလည်း မြှောက်ကားကားနှင့်။
မိမိကြည့်ဖူးသော ရုပ်သံလိုင်းမှ အားကစားကြီးများကဲ့သို့
ဆိုဒ်ဖမ်းနေကြသည်။ထိုအထဲတွင် ကျွန်တော်လည်းအပါအဝင်ဖြစ်သည်။
အပြေးပြိုင်ဖို့ စည်းများသားထားသည်။ထုံးများဖြူးထားသည်မို့ ထင်ထင်ရှားရှား။
ခြင်းကွင်း၊ဘော်လီဘောကွင်း၊ဘောလုံးကွင်း ပြင်ဆင်ထားသည်မှာ သပ်သပ်ရပ်ရပ်ပင်။
အားကစားပြိုင်ပွဲကို ကျောင်းအုပ်ကြီးအမှာစကားပြောကြားပြီး ဖွင့်လိုက်သည်။
"အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားကြ၊ ညီအစ်ကိုတွေ၊ ညီမတွေပဲ ၊လုံးဝရန်မဖြစ်ပါနဲ့၊ ဆုရတဲ့သူတွေကို စုံညီပွဲတော်မှာ စင်မြင့်ထက်မှာ ပေးမှာနော်၊ အားလုံးကြိုးစားကြ။''
ဆရာကြီးစကားအဆုံးတွင် လက်ခုပ်သံများ ဆူညံသွားလေသည်။
စင်ပေါ်တွင် ဆုယူဖို့ အားလုံးကြိုးစားကြမည်ဖြစ်သည်။
စာရင်းမပေးသူများလည်း ခုမှပါချင်သယောင်ယောင်...
လွတ်တဲ့ငါးကြီးဆိုသလို နောင်တရဟန်ဖြင့် တီးတိုးပြောနေပြသည်။
အားကစားပြိုင်ပွဲ ကျင်းပတော့မည်မို့ အားကစားကွင်းဆီသို့သွားကြပြီ။
ထို့နောက် ခရာသံတစ်ရွှီရွှီ...
လက်ခုပ်သံ တစ်ဖြောင်းဖြောင်း..
အားပေးနေကြသည်။
ကျောင်းတော်ကြီးတစ်ခွင် သောသောညံအောင် ကျင်းပနေကြပြီ.....
image image image


ပျော်စရာကောင်းသည်။လွမ်းသည်။မမေ့နိုင်တော့သောဘဝ၏ အစိတ်အပိုင်းများဟုဆိုလည်းမှန်ပေလိမ့်မည်၊
ဘယ်အချိန်ချိန်ကြည့်ကြည့် အလွမ်းမပြေသော ပန်းချီကားများသာ....

ဟိုတစ်ချိန်က စတိတ်ကျောင်းသားဘဝသို့ တမ်းတရင်း...
အလွမ်းများဖြင့်
Kyawthetaung
@kyawthetaung(MSC-125)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good best post

Thank bro

ကျောင်းသားဘဝ အမှတ်ရတယ်

Right bro

ကျောင်းသားဘဝမှာလုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ခဲ့လို့ခုချိန်မှာပြန်တွေးရင်လွမ်းမိတယ်

နောက်တစ်ခါ ပြန်မရနိုင်တော့တဲ့ ဘဝတွေပါ အမှတ်ရမိတယ်......

Right bro

အပြေးပြိုင်ပွဲပုံလေး အသက်ဝင်တယ်

Thank bro

ခေါင်းလောင်းသံ...တညံညံပေးပါလို့🎵🎵ရွာကျောင်းကို...ပြေးမြင်မိတယ်🎵🎵
သတိရနေတယ် သူငယ်ချင်းရယ်...
😁
ဖတ်ရင်း သတိရသွားလို့စ်

Hee hee..😁😁

အမှက်တရများစွာနဲ့ ပေါ့ဗျာ...ကျောင်းသားဘဝလေးတွေ...

Right bro.
Unforgetable one!

ကျောင်းတောင်ပြန်တက်ချင်လာတယ်

ဟုတ်တယ်ဗျာ

ပြန်မရတော့တဲ့အမှတ်တရပေါ့ဗျာ

အမှတ်​ရစရာ​တွေ လွမ်းစရာ​တွေကရွာမှာကျန်​ခဲ့လို့
၊ပြန်​​တော့မယ်​ဗျာ good good

လွမ်းစရာကျောင်းသားဘဝကို သတိရသွားပြီဗျာ

ဟိုးတုန်းက ကျောင်းသားဘဝ ခဏခဏ ပြန်မှတ်မိတာပေါ့

လွမ်းမိတယ်​ ​ကျောင်းသားဘဝကို

ဟုတ်တဗျာ

ဖတ်နေရင်းဖတ်နေရင်းကလေးလေးဘဝကိုပြန်ရောက်သွားမိတယ် bro

Nice post

ကျာင်းသားဘဝကိုပြန်​သတိရမိတယ်

လွမ်းစရာလေူတွေ

ငယ်ဘဝလေးတွေပေါ့

ကျောင်းသားဘဝအမှတ်ပြန်ရလာတယ်

သတိရ​မြိ​ပီဗျာ