တိုက်ဆိုင်ပြီဟေ့ဆိုရင်

in myanmar •  6 years ago 

Steemit မိသားစုဝင်များအားလုံး မင်္ဂလာပါဗျာ။
အခုဆိုရင် ဆယ်တန်းတွေလည်းဖြေပြီးပြီဆိုတော့
ကျွန်တော်လည်း အလုပ်လုပ်စရာတွေ အပြီးသတ်၊ရှင်းစရာရှိတာရှင်း၊ အထုပ်အပိုးကို ဆိုင်ကယ်ထက်မှာတင်ဖို့ပြင်ဆင်ရပြီ။
အိမ်ကိုပြန်ယူဖို့ ယူစရာကလည်းများပါ့။ အင်္ကျီတွေကို ကျောပိုးအိတ်ထဲထည့်၊သွားတိုက်တံ ဘာညာ အတိုအထွာတွေရောထည့်လိုက်တယ်။ ထည့်ရင်းနဲ့ အိတ်ကမဆံ့လို့ ဘယ်လိုယူရပါ့လဲ စဉ်းစားရသေးတယ်ဗျာ။ စောင်ရယ်၊ကျန်တဲ့အဝတ်အစားလေးတွေရယ်ထည့်ဖို့လေ။အဲလေ....တတ်နိုင်ဘူး၊နောက်ဆုံးတော့ ဆန်အိတ်အခွံ ဆာလာအိတ်ကြီးမျက်စိထဲပြေးမြင်လာတာ။ ဒါနဲ့ ယူစရာရှိတာအကုန်ထိုးသိပ်ထည့်၊ဆိုင်ကယ်ထက်ကြိုးနဲ့ညှပ်၊တုပ်တင်ပြီး မွေးရပ်မြေ ကျွန်တော့်ရဲ့ အိမ်ကိုအပြေးကလေးနှင်ခဲ့တာပေါ့ဗျာ..။
ဆိုင်ကယ်မောင်းရင်း အတွေးတွေခေါင်းထဲအစီစီဝင်လာတော့တယ်။
နောက်လဆန်း April 1ရက်ကစပြီး ဆယ်တန်းစာတွေ စပြီးစစ်ပြီ။ အင်း...စာစစ်ကပါလား၊မပါလား ခုထိသေချာမသိရသေးဘူး၊တခြားမြို့နယ်တွေက စာစစ်ပါ၊မပါ စာရင်းတွေကထွက်ကုန်ကြပြီ၊ခုထိကျနော်တို့ဆီက မသိကြသေးဘူး။ ပါရင်တော့ ငြင်းလို့ကလည်းမရ။ တစ်ပဲခြောက်ပြားရတဲ့ လစာလေးထဲက ကိုယ့်စရိတ်ကို စားပြီးလိုက်စစ်ရအုံးမည်။ တော်တော်မနိပ်တဲ့ ဘဝပါလား။နွေရာသီသုံးလ ဇိမ်နဲ့နေစမ်းကွာဆိုပြီး ပြောကြသေးတယ်။ တစ်ချို့တော့ ဟုတ်တယ်။အကုန်မဟုတ်ဘူးဗျ။
April လထဲမှာပဲ ICT သင်တန်းကရှိသေးတယ်လို့ အသံကြားထားသေးတယ်ဆိုတော့ မောင်ခန့်ကြီးတို့ အိတ်စိုက်တဲ့လ လို့ဆိုရတော့မယ်ထင်တယ်။
မိမိရွေးချယ်ထားတဲ့လမ်းဆိုတော့လည်း ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေအဆုံးထိဆက်လျှောက်ရတော့မည်ထင်သည်။
တွေးရင်းတွေးရင်းနဲ့ မောင်းလာတာ တော်တော်တောင် ခရီးပေါက်လာခဲ့ပြီ။
များမကြာတော့တဲ့ အချိန်မှာ ရွာကိုရောက်တော့မည်မို့ ကြည်းနူးနေမိသည်။ ရွာကိုမပြန်ရတာ တော်တော်ကြာပြီမို့ ဘာတွေများ ပြောင်းလဲနေတုန်းလို့ သိချင်စိတ်တွေလည်း တဖွားဖွားပေါ်ပေါက်လာသည်။
မိုးရာသီဆိုရင် ရွာလမ်းတွေကဘယ်လိုမှမကောင်းဘူး။ လမ်းကကျဉ်းသည်ကတစ်ကြောင်း၊ မြေစီးတွေဆိုတော့ ချော်သည်ကတစ်ကြောင်း လမ်းအခြေအနေဆိုးသောကြောင့် မပြန်ဖြစ်ခဲ့ပေ။
အခု နွေရာသီကျောင်းလည်းပိတ်၊လမ်းကလည်းကောင်း ဆိုတော့ အိမ်ပြန်လမ်းက သာယာလွန်းလှသည်။
နွေရာသီကို ရောက်စပြုနေပြီဖြစ်သော်လည်း စိမ်းညို့ညို့သစ်ပင်ကြီးတွေ အုံ့မှိုင်းနေတဲ့ ကျွန်တော်တို့်ရွာလေး သာယာနေလိုက်တာများ....
ရွာထဲကို ဝင်ဝင်ချင်းပဲ ထူးခြားတာလေးက တွေ့တော့တာပဲ။ မိုးရွာရင် ဗွက်အလိမ်းလိမ်းထနေတဲ့ ရွာလမ်းလေး အခုပြင်နေကြတယ်ဗျာ။ ကြောက်တွေချထားတာတွေ့တော့ ဝမ်းသာမိတယ်။
ရွာလယ်ဘုန်းကြီးကျောင်းရောက်တော့လည်း ထယ်ဝါလှတဲ့ ကျောင်းဆောင်ကြီး အပြီးသတ်နေတာတွေ့လိုက်ရတယ်။
imageကျွန်တော်ရွာမရောက်တုန်း တော်တော်ပြောင်းလဲတိုးတက်နေတာပဲ။
ကျောင်းသိမ်းပွဲ အလှူဆိုပါလား။ ဆိုင်ကယ်ခဏရပ်ပြီး ဖတ်လိုက်တယ်။ image

အလှူမှာဖျော်ဖြေမယ့် ဆိုင်းတွေ၊ဇာတ်ပွဲတွေ၊ အဆိုတော်တွေရဲ့ ပိုစတာတွေကို ဖတ်ရတာ အားရစရာကြီး။နောက်ပြီး ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ စာပေဟောပြောပွဲက ပါသေးတယ်။
image image image
ဆရာညိုထွန်းလူ၊ဆရာဇော်ခိုင်ဦး၊ဆရာဇောမျိုးဟန်(ငါးသိုင်းချောင်း)၊ဆရာနေဝင်းမြင့်၊ဆရာမ ခင်ခင်ထူး၊ဆရာမ မကျည်းတန်(လွိုင်ကော်) တို့ဖြစ်ရာ အားရပါးရနားထောင်ဖို့ မောင်းတင်မိလိုက်သည်။
ဘယ်ရက်တွေပါလိမ့်ကြည့်လိုက်သည်။ April 8-9ရက်။
ဟိုက်..ရှားပါး.....
တဒင်္ဂအတွင်းခေါင်းနပန်းကြီးသွားတော့သည်။
စာစစ်ရက်ကလည်း April 1ရက်ကစပြီး 10ရက်လောက်စစ်ရမှာဆိုတော့ ပွဲကြီးပွဲကောင်းတော့ လွတ်ပြီလားမသိ။ စာစစ်မပါ ပါစေနဲ့လို့ ဆုတောင်းယုံမှတစ်ပါး အခြားမရှိတော့ပြီ။
.................
မိတ်ဆွေများကို လာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ...
အောင်မြင်ကြပါစေ...ဆုတောင်းရင်း
@kyawthetaung(MSC-125)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျောက်တွေချ ဆရာဇော်မျိုးဟန် ဆုတောင်းရုံ လို့ ပြင်စေချင်ပါတယ် စာလုံးပေါင်းမှားနေသလားလို့ပါ

You got a 1.01% upvote from @allaz courtesy of @sawlwin!

Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!

စာပြောဟောပြောပွဲ
နားထောင်ချင်သေးတယ်ဗျာ
လာချင်တယ်

ဖိတ်ခေါ်ပါတယ်ဗျာ

တိုက်ဆိုင်တာလေးများက ကိုယ်ဖြစ်ချင်တာနှင့် ကြုံရင် ပျော်ရပေမယ့်
မဖြစ်ချင်တာ ကြုံတော့ စိတ်ညစ်ရတတ်ပါတယ်။

ဟုတ်တယ်အကိုရေ....
တိုက်ဆိုင်တတ်လိုက်တာ

လာချင်တယ် broရေ

အယ် စာကျက်လေ စာကိုအာရုံထားလေ။ စိတ်တွေက လည်း လွင့်တတ်ပ ဟိဟိ

ဟုတ်ကဲ့ပါbro

စာစစ်ပါလဲ အလုပ်ထွက်ပီးသွားပါ 😁။
Hehe ဒါသက်သက်ထမင်းအိုးခွဲတာ 😝

စွန့်စားလိုက်ရမလား bro😁😁😁

ပျော်​စရာကြီး​နေမှာ​နော်

မပျော်ရဲ ပျော်ရဲဖြစ်နေတာ broရေ

လာချင်လိုက်တာဗျာ
ရုံးကမပိတ်😅😅

မပိတ်လည်း ခွင့်ယူခဲ့ပါဗျာ

ပိတ်ရက်လေး အေးချမ်းစွာ အနားယူနိုင်ပါစေဗျာ စာစစ်လည်းလွတ်ပါစေ

ဟုတ်ကဲ့ပါဗျာ...
မပါပါစေနဲ့ဆုတောင်းနေရတာပဲ
ဒါမှ ကြည့်ရမှာ

ဆရာတွေရဲ့ဘ၀ကိုနားလည်ပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်အကိုရေ

ဖြစ်စေချင်တဲ့ဆန္ဒပြည့်ပါစေဗျာ စာစစ်ပါရင်လည်းကောင်းကောင်းစစ်အူးဗျ အဟီး။

ဟုတ် မပါအောင်ဆုတောင်းနေရတာပဲ😁😁😁😁😁

လာချင်​ပါတယ်​ဗျာ စာ​ပေ​ဟော​ပြော​တွေနား​ထောင်​ရတာ အရမ်​ကြိုက်​တယ်​။ ဗဟုသုတ ​တွေအများကြီးရတယ်​ဗျ

အားရပါးရနားထောင်ဖို့ အားယူထားတယ်ဗျာ

ဆုတောင်းပေးမယ်ဗျာ
စာစစ်မပါ ပါစေနဲ့လို့ 

ကျေးဇူးပါ အကို

ဝန်ထမ်းဘဝတော့ ဒီလိုပါဘဲလေ စာစစ်မပါပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

ကျေးဇူးပါ.ဘုရား

စာစစ်ရတဲ့အလုပ်က ပင်ပန်းမယ်ထင်တယ်နော်
လူတော်လေးတွေပါဗျာ စာစစ်တဲ့အထဲပါ ပါတယ်ဆိုတော့။
ကျတော်နဲ့တော့ အများကြီးကွာပါတယ်။
အေးအေးဆေးဆေးအနားယူနိုင်ပါစေညီရေ

ကျေးဇူးတင်ပါတယ် အကိုရေ...
အကိုက ပိုတော်ပါတယ်ဗျာ

အလုပ်ပါထွက်ပြိုက် ကိုကို

မထူးတော့ဘူး
လုပ်ပြိုက်တော့မယ် ခိုခို

ဘဒို စာပေဟောပြောပွဲမီနိုင်ပါစေဗျာ

ဟုတ်...ကိုယ့်ရွာလာပြောတာဆိုတော့ နားထောင်ချင်တာ

စာပေဟောပြောပွဲမှာပါတဲ့အကြောင်းအရာတွေကို
pro postတစ်ခုပြန်ရေးပေးပါဦးနော်

စိတ်ချပါဗျာ..ရေးဖြစ်အောင်ရေးမှာ

စာ​ပေ​ဟော​ပြောပွဲ​လေးမလွတ်​​စေချင်

ဟုတ်ကဲ့...နားထောင်ချင်နေတာ အကို