ဘဝမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူတူ စိတ်ကူးယဉ်ဆန်ဆန် အမှတ်တရ လေးတွေ ကို ဖန်တီးသင့်ပါတယ်။
ဒါဟာချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေကို ခိုင်မြဲပြီး သစ္စာတရားတွေလည်း တည်မြဲနိုင်စေပါတယ်။
ကိုယ့်ချစ်သူနဲ့ နှစ်ပတ်လည်နေ့လေးတွေမှာ မမေ့နိုင်တဲ့ အမှတ်တရကောင်းတွေ ဖန်တီးဖို့ WowBox တို့က သိသလောက်လေး ပြောပြပေးလိုက်ပါတယ်နော်…
(၁) ပထမဦးဆုံး ချိန်းတွေ့ခဲ့တဲ့နေရာတွေကို ပြန်သွားပြီး အတိတ်ကအတူတူ ကြည်နူးခဲ့တာတွေကို အပြန်အလှန်ပြောပြပါ။
(၂) ညစာအတူစားပါ။ အတူတူဟင်းချက်စားတာပဲဖြစ်ဖြစ်၊ အေးအေးဆေးဆေးရှိတဲ့ ဆိုင်တွေမှာသွားပြီး အတူတူစားပါ။ ကိုယ့်ချစ်သူကြိုက်တတ်တာတွေ ကိုရွေးချယ်မှာယူပြီး ချစ်ခင်မှုကိုပြပါ။
(၃) အမှတ်တရဓာတ်ပုံရိုက်ပါ။ ချစ်သူနှစ်ဦးအတွက် မှတ်တမ်းလေးတစ်ခုဖြစ်စေဖို့ သွားလည်မယ့် နေရာတွေရောက်တိုင်း အမှတ်တရဓာတ်ပုံလေးတွေရိုက်ပါ။
(၄) နှစ်ယောက်အတူတူ တစ်ခါမှမလုပ်ဘူးသေးတာတွေကို လုပ်ပါ။ဥပမာ မရောက်ဘူးသေးတဲ့နေရာ ဒေသသစ်တွေကို သွားတာပဲဖြစ်ဖြစ်၊ အပျော်စီးသင်္ဘောစီးတာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
(၅)ချစ်သူကြိုက်တတ်တဲ့အရာတွေကို စဉ်းစားပြီးသူ့အတွက် တကယ်လိုအပ်မယ်လို့ထင်တဲ့ အရာကိုလက်ဆောင်အဖြစ်ပေးလိုက်ပါ။
(၆) အတူတူရှိနေပေးပါ။ နှစ်ပတ်လည်နေ့ကိုတစ်ယောက်တည်းဖြတ်သန်းရတာ အထီးကျန်ဆန်စေပါတယ်။ ဒါကြောင့် အခြားနေ့တွေအတူမရှိနိုင်ရင်တောင် နှစ်ပတ်လည်နေ့လေးမှာတော့ ချစ်သူကိုသေချာအချိန်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
ref wow box app
source photo www.google.com
nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank fri
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit