ခက်ခဲကြမ်းတမ်းတဲ့ဘ၀ တွေအကြောင်း ပုံဖော်ထားတဲ့ Battleship Island
စတင်ပြသတဲ့ရက်မှာပဲ ကြည့်ရှုမှုနှုန်းစံချိန်တင်ခဲ့တဲ့
The Battleship Island
အမည်ရ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်ကားဟာ ဒုတိယ ကမ္ဘာစစ် အတွင်းကာလကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဂျပန်နိုင်ငံ နာဂါ
ဆကီဒေသ ၊ ဟာရှီမာကျွန်းမှာရှိတဲ့ သတ္တုရှာဖွေရေးလုပ်ငန်းခွင်ကို ရောက်ရှိပြီး ဘေးဒုက္ခတွေ ၊ အခက်အခဲတွေနဲ့
ကြုံတွေ့ရတဲ့ ကိုရီးယားလူမျိုးတွေရဲ့ ဘ၀တွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
သတ္တုမိုင်းထဲမှာ ထောင်နဲ့ချီတဲ့မိုင်းလုပ်သားတွေ အတင်းအကြပ်စေခိုင်းခံရမှု ၊ မတော်တဆမှုတွေအကြား ဘေးဒုက္ခ
ကြုံတွေ့ရမှုတွေ ၊ ညှင်းပန်းမှုခံရတဲ့ကိစ္စတွေ စတာတွေကို အနုပညာမြောက်စွာ ရိုက်ကူးထားတာဖြစ် ပါတယ်။
နောက်ဆုံးမှာတော့ ကိုရီးယားလုပ်သားတွေ လုပ်ငန်းခွင်ကနေ ထွက်ပြေးဖို့ ကြိုးစားရင်း ဂျပန်စစ်သားတွေနဲ့ ရင်ဆိုင်
တိုက်ခိုက်ရပုံ ၊ သားအဖမေတ္တာ ၊အခက်အခဲကြားကချစ်ခြင်းမေတ္တာတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေကို ရသမျိုးစုံနဲ့
ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ဂျက်စ်ဂီတသမားအဖြစ် ဟွန်ဂျွန်မင်း ၊ ဂျက်စ်ဂီတသမားရဲ့ သမီးအဖြစ် ကင်ဆုအမ် ၊ ဖျော်ဖြေ
ရေးမယ် အဖြစ်လုပ်ကိုင်ရသူအဖြစ် လီဂျွန်ဟွမ် ၊ မဟုတ်မခံလူမိုက်လေး အဖြစ် ဆိုဂျီဆပ် ၊ မိုင်းလုပ်သားတွေကို ဦး
ဆောင်ကယ်ထုတ်တဲ့ လူငယ်လေးအဖြစ် ဆောင်းဂျွန်ကီတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ ရိုဆမ်ဝမ်က ရိုက်ကူးတာဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာလည်း စတင်ပြသနေပါပြီ