ဆီးဂိမ်း သမိုင်းအစ…

in myanmar •  7 years ago 

image
Southeast Asian Games (SEA Games) ဆီးဂိမ်း ဟာဆိုရင်တော့ လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံ (၁၁)နိုင်ငံ ပါဝင် ယှဉ်ပြိုင်ကြတဲ့ အားကစားပွဲတော် တစ်ခုဖြစ်ပါ တယ်။
ဆီးဂိမ်းဟာ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေရဲ့ သတ်မှတ်ချက် အောက်မှာရှိပြီး နိုင်ငံတကာ အိုလံပစ်ကောင်စီနဲ့ အာရှအိုလံပစ်ကောင်စီတို့က ကြီးကြပ်တာဖြစ်ပါတယ်။

ဆီးဂိမ်းရဲ့ မူလနာမည်က South East Asian Peninsula Games or SEAP Games ဖြစ်ပါတယ်။ ၁၉၈၅ မေလ ၂၂ ရက်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့ Asian Game ကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ် တွေက အားကစားနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့တည်းဖို့ သဘောတူညီခဲ့ကြပါတယ်။

SEAP Games ကို စိတ်ကူးပုံဖော်ခဲ့တာကတော့ ထိုင်းနိုင်ငံ အိုလံပစ်ကောင်စီရဲ့ ဥက္ကဌ ဖြစ်သူ Luang Sukhum Nayaoradit ဖြစ်ပါတယ်။

image
ရည်ရွယ်ချက်ကတော့ အားကစားပွဲဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ၊ နိုင်ငံအချင်းချင်း နားလည်မှုရရှိစေရန် အတွက်ဖြစ်ပါတယ်။

ပထမဦးဆုံး SEAP Games ကိုတော့ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အားကစား ၁၂ ခုပါဝင်ပြီး အားကစားသမားပေါင်း ၅၂၇ ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ၂၇ကြိမ်မြောက် ဆီးဂိမ်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ အိမ်ရှင်အဖြစ် စည်ကားစွာ ကျင်းပနိုင်ခဲ့ပါတယ်။

၂၉ ကြိမ်မြောက် ဆီးဂိမ်ကိုတော့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် ကနေ ၃၀ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ref wow box app
source photo www.google.com

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!