ရုရှားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ပြီး တိုက်ကြီးတစ်တိုက်နီးပါးကို ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံဖြစ်ပါတယ်။
နောက်ဘက်မှာ ဥရောပ၊ အရှေ့ဘက်မှာ အမေရိက၊ တောင်ဘက်မှာ အာရှ စတဲ့ တိုက်ကြီးတွေနဲ့ ထိစပ်နေတဲ့ ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
သိတဲ့အတိုင်း အေးတာမှ စံချိန်တင်အေးတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ဒီအထဲကမှ ရုရှားနိုင်ငံရဲ့ ထူးခြားတဲ့ အချက်အလက်တချို့ကို ဖော်ပြပေးသွားပါမယ်။
(၁) ရုရှားနိုင်ငံသားတိုင်းဟာ တစ်နှစ်မှာ အယ်လ်ကိုဟော ၁၈ လီတာ သောက်သုံးလေ့ရှိကြပါတယ်။ ဒီနှုန်းထားဟာ ကျွမ်းကျင်သူတွေက အန္တရာယ်ရှိတယ်လို့ ယူဆထားတဲ့ ပမာဏထက် နှစ်ဆ ပိုများပါတယ်။
(၂) ရုရှားမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ၉ သန်း ပိုများပါတယ်။
(၃) ရုရှားနိုင်ငံမှာ နှစ်တိုင်း အရက်နဲ့ဆက်စပ် သေဆုံးသူ ၅ သိန်းကျော် ရှိပါတယ်။
(၄) ၁၇၀၀ ပြည့်လွန်နှစ်တွေတုန်းက ရုရှားမှာ အမျိုးသမီးတစ်ဦးဟာ လင်ယောက်ျားတစ်ဦးတည်းနဲ့ပဲ နှစ်ပေါင်း ၄၀ အတွင်း နှစ်မြွှာပူး ၁၆ ကြိမ်၊ သုံးမြွှာပူး ၇ ကြိမ်နဲ့ လေးမြွှာပူး ၄ ကြိမ် မွေးဖွားခဲ့ပါတယ်။
(၅) ၁၉၀၈ ခုနှစ်မှာ ရုရှားဧကရာဇ်နိုင်ငံက အိုလံပစ်အားကစားအဖွဲ့ဟာ လန်ဒန်အိုလံပစ်ပွဲတော်ကို ၁၂ ရက် နောက်ကျပြီးမှ ရောက်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်အထိ ရုရှားမှာ ဂရီဂိုးရီးယန်းပြက္ခဒိန်ကို မသုံးသေးလို့ပါပဲ။
(၆) ၁၈၆၇ ခုနှစ်မှာ လက်ရှိအလက်စကာဒေသကို ရုရှားဆီကနေ အမေရိကန်က ဒေါ်လာ ၇ ဒသမ ၂ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အခုတော့ အဲဒီဒေသကနေ ရေနံတွေထွက်လိုက်တာ သောက်သောက်လဲပါပဲ။
(၇) ထင်ရှားတဲ့ ဆိုဗီယက်ရုရှားခေါင်းဆောင်ကြီး စတာလင်ဟာ ၈ နှစ်သားအရွယ်မှ ရုရှားဘာသာစကားကို စလေ့လာတာဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ဘာသာစကားက ဂျော်ဂျီယန်ပါ။
(၈) ဂျပန်နဲ့ ရုရှားဟာ ကူရီလ်ကျွန်းစုပိုင်ဆိုင်ရေး အငြင်းပွားပြဿနာကြောင့် အခုချိန်အထိ ဒုတိယကမ္ဘာစစ် အဆုံးသတ်ကြောင်း လက်မှတ်မထိုးရသေးပါဘူး။
(၉) ရုရှားမှာ ပီတာဘုရင်လက်ထက်ကတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေခပ်ဆန်းဆန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မုတ်ဆိတ်ထားတဲ့သူတိုင်း အခွန်ဆောင်ရတာပါပဲ။
(၁၀) ဗော့ဒ်ကာ (Vodka) ဆိုတဲ့စကားဟာ ရုရှားဘာသာစကား ဗော့ဒါ (Voda) က ဆင်းသက်လာတာဖြစ်ပြီး ရေ (water) လို့ အဓိပ္ပာယ်ရပါတယ်။
(၁၁) ရုရှားမှာ ကားကိုမဆေးကြောဘဲ လျှောက်မောင်းနေရင် ရာဇဝတ်မှုမြောက်ပါတယ်။
(၁၂) ရုရှားမှာ နာမည်ရော၊ နေရာရော လူသိမခံတဲ့ လျှို့ဝှက်မြို့ ၁၅ မြို့ထက်မနည်း ရှိတယ်လို့ ယူဆရပါတယ်။
(၁၃) ချမ်းသာတဲ့ ရုရှားလူမျိုးတွေဟာ မော်စကိုက ယာဉ်ကြောကြပ်တည်းမှုကို ကျော်လွှားဖို့ လူနာတင်ယာဉ်အတုတွေကို ငှားရမ်းကြပါတယ်။ အထဲမှာတော့ ဇိမ်ခံပစ္စည်းတွေအပြည့်နဲ့ပေါ့။
(၁၄) ရုရှားနိုင်ငံမှာ နျူကလီးယားလက်နက် ၈၄၀၀ ကျော်ရှိပြီး တခြားနိုင်ငံတွေမှာရှိတဲ့ နျူကလီးယားလက်နက်တွေထက် များပါတယ်။
ref wow box app
source photo www.google.com