ယနေ့ ဒီလောကကြီးမှာ ပညာသည် အရမ်းကို
အရေးပါလှပါသည်။ပညာတတ်သော သူများကသာလျှင်
အမြဲတမ်း အသာကြီး သာကြမြဲဖြစ်ပါသည်။ပညာဟု ဆို
ရာတွင် အတန်းပညာချည်းသာမဟုတ် သိသင့်သိထိုက်
တတ်သင့်တတ်ထိုက်သော ပညာရပ်အမြောက်အများကိုဆိုလိုပါသည်။အထူးသဖြင့် ယနေ့ခောတ်သည် နည်း
ပညာခောတ်ကြီးဖြစ်သည့်အလျောက် နည်းပညာနှင့်
ပတ်သက်သော ပညာရပ်များသည် အလွန်ကိုပင် အဖိုး
တန်လှပါသည်။
မြန်မာနိုင်ငံသည် နည်းပညာနှင့်ပတ်သက်ဆက်နွှယ်သည့် အရာမှန်သမျှ နိမ့်ကျလွန်း၏။ထို့ကြောင့် အမြဲ
တမ်း သူများနောက်တွင်သာ နေရ၏။အိမ်နီးချင်း နိုင်ငံ
များနှင့်ယှဉ် လျှင်ပင် အမြဲတစေ အနောက်မှာ ကျန်ခဲ့ရ၏။ဥရောပ နိုင်ငံများနှင့် ဆိုသော်ကား ပြောဖွယ်ရာ
မရှိတော့ပေ။ကျွန်ုပ်တို့လူငယ်များသည်လည်း နည်းပညာနှင့် အလှမ်းဝေးလွန်းလှပါသည်။လေ့လာသင်ယူမှု
အားနည်းလွန်းသည်ဟု ထင်ပါသည်။ထိုအထဲတွင် ကျွန်ုပ်သည်လည်း အပါအဝင်ဖြစ်၏။ဘာမှ မသိ၊မတတ်သောအခါ အမြဲတမ်း အားငယ်ရပါသည်။လေ့လာသင်ယူ
မှုဆိုသည့်နေရာတွင်လည်း ကျွန်ုပ်သည် E Skill နှင့်
အလှမ်းကွာနေပြန်သည်။တစ်ခုခုဆိုလျှင် သိချင် တတ်ချင်လွန်း၍ Google Youtube စသည့်တို့တွင် တီးခေါက်
ကြည့်သည့်အခါ E Skill ကို မကျော်နိုင်သည့်အတွက် ယောင်လည်လည်နှင့် လှည့်ပြန်ခဲ့ရချည်းသာဖြစ်၏။
ထိုအရာက ကျွန်ုပ်တို့အတွက် ကြီးမားသော အတားအဆီး တစ်ခုဖြစ်နေပါတော့သည်။
E.Skill အတားအဆီးကြောင့် ကိုယ်တိုင်လေ့လာသင်ယူမှုသည် အထမမြောက်သဖြင့် ဆရာများထံ ချည်းကပ်ရပြန်ပါသည်။သိလိုသော အရာများရှိသည့်အခါ ကိုယိ့ထက် သိသော တတ်သော သူအားလုံးကို ဆရာတင်၍
ရိုကျိုးစွာ ချည်းကပ်ရ၏။ဆရာများထံ တွန့်ဆုတ်စွာပင်
မေးမြန်းရပါသည်။သို့သော်လည်း ဟောက်ခံထိသည့်အခါက များလှသည်မို့ မေးရမှာ တကယ်ပင် လန့်
နေမိပါတော့သည်။အချို့သော ဆရာများသည်လည်း
စိတ်ရှည်ရှည်နဲ့ ရှင်းပြ ပြောပြကြပါသည်။သို့သော်လည်းမိမိက ဘာမှ မသိမတတ်သောအခါ မျက်နှာငယ်လွန်းလှ၏။တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် အားမရစွာဖြင့်
ဒေါသဖြစ်မိသည်။မတတ်လေခြင်း မတတ်လေခြင်း
အော်ဟစ်၍ ထုရိုက်ပစ်ချင်မိသည်။တစ်ခါမှတ်မိပါသေး
သည်။Eng စာတစ်ပိုဒ် မသိ၍ သွားမေးမိရာ ဆဲဆိုခြင်းခံရပြီး Block ပါBlock သွားသည်။ထိုကြောင့် မေးမြန်းရမှာကိုပင် တွန့်ဆုတ်လာမိ၏။
မသိသော အရာတစ်ခုကိုဒီအတိုင်း မထားဘဲ သိလာတတ်လာအောင် လေ့လာသင်ယူချင်၏။သူများတကာနှင့်မယှဉ်နိုင်စေကာမူ ဟိုး အနောက်မှာ ကျန်ရစ်ခြင်း
မျိုးကား မဖြစ်ချင်လှပါ။သို့သော် လေ့လာသင်ယူခြင်း
တွင်ကား မည်သို့သင်ယူရမည်နည်း။မည့်သူဆီမှာ သင်ယူရမည်နည်း။မြန်မာနိုင်ငံတွင် သိသော သိတတ်သော သူတော်တော်များများသည် မိမိတတ်သောပညာ
ကို လက်ဆက်ကမ်း ဖို့ တွန့်ဆုတ်နေတတ်ကြသည်ဟု
ထင်မိပါသည်။(အားလုံးကို မဆိုလိုပါ)။ထိုအချက်ကသည် မှားယွင်းသော အယူအဆဖြစ်သည်ဟု တွေးလျှင်
မှားလိမ့်မည်မထင်ပေ။
ကျွန်ုပ်တို့သည် ပညာမတတ်သောအခါ အလွန်ပင်
မျက်နှာငယ်ရပါသည်။နှိမ့်ချ ဆက်ဆံခံရသည်။ရိုကျိုးစွာ သင်ယူချင်မိသည် ကပင် ဆဲဆိုခြင်းကိုခံရ၏။ထို့ကြောင့်
ကျွန်ုပ်ဆုံးဖြတ်ခဲ့ပါသည်။တစ်နေ့ ပညာမတတ်သော
ကျွန်ုပ် နှိမ့်ကျခံရသော၊မျက်နှာငယ်ရသော ဘဝမှ
လွတ်မြောက်အောင် ကြိုးစားမည်ဟူ၍ပင်။
မှတ်ချက်။ ။ထိုPostသည် မိမိခံစားချက်သက်သက်သာထုတ်ဖော်မိခြင်းဖြစ်ပါသည်။တစ်ဦးတစ်ယောက်ကို ထိခိုက်စေလိုသောစိတ်သည် အလျင်းမရှိပါ။
-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252
ပညာတတ်က လူလုံးကြွ၏
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာရအောင်မည်သည့်အရွယ်မဆိုယူထားသင့်ပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိုးတက်ချင်စိတ်ရှိတာ ကောင်းပါတယ်ညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကိုမဟော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာတက်တွေကို ငွေနဲ့ ခိုင်းနေတာ ဘယ်သူတွေပါလိမ့် ပုဂ္ဂလိက ဆေးရုံတွေက အထူးကုတွေလိုမျိုး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟဲဟဲ BE ဆင်း အမက စက်ရုံမာ ဝန်ထမ်း လုပ်နေတေ အမမောင် တစ်ဝမ်းကွဲ ၆တန်းအောင်က စက္ကူစက် ထောင်လို့ သူဌေးဖြစ်နေပီ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတန်းပညာချည်း ပြောတာမဟုတ်ပါဘူး မကြည်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုခေတ်က သူများသင်ပေးမှတတ်နိုင်တဲ့ခေတ်မဟုတ်တော့ပါဘူး။ကိုယ်ဘာသာလေ့လာသင်ယူလို့ရနိုင်ပါပြီ။ ပညာဆိုတာ ကျောင်းမှာသင်မှ ဆရာရှိမှဆိုတဲ့ အယူကိုမယူပါနဲ့တော့ ကျောင်းမှာသင်မှ ဆရာရှိမှဆိုတဲ့အယူကမှားတယ်လို့ဆိုတာမဟုတ်ဘူးနော်။ မရှိလည်းကြိုးစားရင်ရတာကိုသာပြောပြတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ့်ဘာသာ သင်ယူရပေမဲ့ E.Skillဆိုတာကြီး မကျေ်န်ုင်ဘူး ဦးမင်းရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာလိုအိုသည်မရှိ ငှက်တောင်ပျံသန်းရင်းသေရတာ
လူတွေလဲ ပညာရှာရင်းသေရမှာမို့ မသေမချင်းပညာရှာနေရမှာပါဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်္ဂလိပ်ကတော့ ခေတ်အဆက်ဆက်လိုအပ်နေဆဲသာဖြစ်ပါတယ် လူငယ်တွေ သေသေချာချာလေ့လာသင်ယူထားသင့်တဲ့ ဘာသာစကားလည်းဖြစ်နေဆဲပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ဦးစိုး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မေးပါများစကားရပါဗျာ သိချင်တာအပြစ်မဟုတ်ပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမြဲကြိုးစားလေ့လာသင်ယူရင်း ရှေ့ဆက်ကြတာပေါ့ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုပါပဲ Informal Learningကနေထပ်ပြီးသင်ယူရတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိချင် တတ်ချင်စိတ်ရှိဖို့က အဓိကပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit