စိတ်
စိတ်သည် လူ၏ ရှင်ဘုရင်ဖြစ်၏။လူတစ်ယောက်
၏သေခြင်း ရှင်ခြင်း ပျော်ရွှင်ခြမ်း ဝမ်းနည်းခြင်း စသည့်
အရာများကို ပြုလုပ်နိုင်၏။ဖန်တီးနိုင်၏။မည့်သည့်အရာ
မဆို စေခိုင်းနိုင်လေသည်။ရှင်ဘုရင် အလိုကျ ပျော်ရွှင်
သည့်အခါ အမှုထမ်းများမှာ စိတ်ချမ်းသာပျော်ရွှင်ကြသကဲ့သို့ စိတ်ပျော်ရွှင်နေသည့်အခါ လူသည် အလိုလို
တက်ကြွ၏။ခိုင်းစေစရာမလို အလိုလို လုပ်ဆောင်ချင်စိတ်ပြင်းပြ၏။
မနက်အိပ်ရာမှနိုးထလာသည့်မှစ၍ လူ၏တစ်နေ့
တာဘဝစတင်၏။ထိုအချိန်လေးသည် အင်မတန်မှအရေးကြီးလေသည်။အသက်ဇီဝိန်ချုပ်ငြိမ်းတော့မည့် လူတစ်ယောက် ၏နောက်ဆုံးအချိန် သတိမှန်ဖို့အရေးကြီးသ
ကဲ့သို့ တစ်နေ့တာဘဝစတင်ချိန်လေးသည် အရေးပါ၏။အရေးကြီး၏။ထိုအချိန်တွင် စိတ်ညစ်ညူး မပျော်ရွှင်ခြင်း
နှင့်စတင်မိခဲ့လျှင် ဤတစ်နေ့တာသည် အဆင်မပြေနိုင်
တော့။အရာရာကို အဆိုးမြင်နေလိမ့်မည်။အသေးအဖွဲ့
ကိစ္စလေး အဆင်မပြေဖြစ်ခဲ့လျှင်ပင် ကြီးမားသောကိစ္စ
ကြီးပမာထင်မြင်လျက် သောကဖြစ်နေပေလိမ့်မည်။ကားစီး၍မီးပွင့်နီ ကြုံသည့်အခါပင် အင်မတန့် အင်မတန်
မဟာကံဆိုးမှုကြီးသဖွယ် ထင်မြင်လျက် စိတ်ညစ်ညူးခြင်းဖြစ်နေမိပေမည်။ဤကားစိတ်ကြောင့်ပင်။
တစ်နေ့တာအစကို ပျော်ရွှင်ခြင်းနဲ့စတင်ခဲ့ပါမူထိုနေ့အတွက်သည် မော်တော်ပီကယ် ဖမ်းမိလို့ ဒဏ်ငွေ
ဆောင်ရလင့်ကစား ဟာသတစ်ခုအဖြစ်ရီမောနေပေမည်။အရာရာသည် စိတ်ဓာတ်တက်ကြွမှုများနှင့် ပြည့်နှက်နေပြီး ပျော်ရွှင်မှု စိတ်ချမ်းသာမှုများနှင့်ပင် ကြုံရလတ္တံ့။ရီမောခြင်းသည် အသက်ရှည်စေ၏ဟူသောစကား
နှင့်အညီ ထိုနေ့အတွက်သည် အသက်ရှည်စေပါလိမ့်မည်။ဤကားလည်း စိတ်ကြောင့်ပင်ဖြစ်၏။ထိုကြောင့်နေ့
တစ်နေ့အစတွင် စိတ်ကိုပျော်အောင်ထားရာ၏။ကျေနပ်အောင်ပြုရာ၏။အေးချမ်းအောင်ဆောင်ကျဉ်းရာ၏။
နေမကောင်းခြင်း ဖျားနာခြင်း သည် စိတ်ကြောင့်
နာတာရှည်နိုင်သလို အမြန်သက်သာနိုင်၏။ပျက်စီးဆုံးရှုံးမှု လုပ်ငန်းအဆင်မပြေတို့တွင် စိတ်သည် အားမလျော့ဘဲတဖန်ကြိုးစားစေနိုင်သလို ဗုန်းဗုန်းကျ ပျက်ပျယ်
ခြင်းကိုလည်းဖြစ်စေနိုင်၏။လှိုင်းတံပိုးတို့ သွားရာလမ်းကို လေသည်သာ၍ပင့်ဆောင့်သကဲ့သို့ လောင်ကျွမ်းမှု
ပြင်းထန်သောမီးကို ရေနှင့်ပက်သည်အခါ ပို၍တောက်လောင်နိုင်သကဲ့သို့ ဤစိတ်သည် အားသာသောဘက်သို့ သာ၍ လိုက်၏။ဦးတည်ချက်လမ်းကြောင်းကလေး အစ
ပြုသည်နှင့်ပင် စိတ်သည် အားပေးအားမြှောက်ပြု၏။
လမ်းကြောင်း မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အစပြု
သည်နှင့် တိုး၍လမ်းခင်းပေး၏။ဤတွင် သတိရှိသူသည်
သာအနှေးနှင့်အမြန် ပြန်ပြင်နိုင်လေသည်။
မကောင်းမှု ကောင်းမှု ကို စိတ်ကဖန်တီး၏။ဒေါသ လောဘ
မောဟ ကို စိတ်ကပြုလုပ်၏။ဘက်စုံနယ်ပယ်တွင်အောင်မြင်ကျော်ကြားမှုတို့ကိုလည်း စိတ်ကပံ့ပိုး၏။အရာရာသည် စိတ်ကြောင့်ဖြစ်သည်နှင့်အညီ ဤစိတ်ကို ကောင်းအောင်ပြုပြင်ပေး ဖန်တီးပေးရာ၏။
စိတ်သည် အကောင်းဘက်တွင် ဖြစ်စေ အဆိုးဘက်တွင် ဖြစ်
စေ အဆုံးစွန်ထိ ပံ့ပိုး၏။အကောင်းဘက်တွင်ပံ့ပိုးခံရပါကအောင်မြင်သော်ငြား အဆိုးဘက်တွင်ပံ့ပိုးခံ့ရစေကာမူ
ပျက်စီခြင်းကိုဖြစ်စေ၏။သို့အတွက် အားကောင်းသော
စိတ်၏ဘေးတွင် သတိတရား ကို အမြဲတစေ အဖော်
ထားရှိရာ၏။လူတစ်ယောက်သည်အဘယ်မျှဆိုးစေကာမူမိတ်ဆွေကောင်းနှင့်အတူရှိသည့်အခါ ဆိုးယုတ်ခြင်း
သည်ပင် ကန့်သတ်ထိန်းချုပ်သွား၏။ထိုကြောင့် သတိတရားသည် မိတ်ဆွေကောင်းအဖြစ် အမြဲရှိသင့်လေသည်။
စိတ်ကိုပျော်ရွှင်အေးချမ်းသာယာစေသောအရာများ
-မနက်အာရုံတက် တရားသံ ကြေးစည်သံ အာရုံပြုနားထောင်ခြင်း။
အာရုံတက်ချိန်ထ၍-ဘုရားဝတ်ပြုခြင်း။
-ထွက်ပြူစ ရောင်နီချယ် နေဝန်းကြီးကို ကြည့်ရှုခြင်း။
-မနက်ခင်း ပတ်ဝန်းကျင် တခွင်ဝိုးတဝါးဝါးရှိ အချိန် ဘုရားသွား လမ်းလျှောက်ထွက်ခြင်း။
-မွှေးပျံ့သောပန်းရနံ့ကို နမ်းရှိုက်ခြင်း။
-သာယာနာပျော်ဖွယ်တေးဂီတ နားထောင်ခြင်း။
စသည့်အရာများသည် တစ်နေ့တာစိတ်ကို ကြည်လင်လန်းဆန်းစေဖို့ အကောင်းဆုံး လုပ်ဆောင်ချက်များဖြစ်လေသည်။
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
(photo credit-google image)
good bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးသွားပါတယ်ညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါအစ်ကို .
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
V+m done
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawthuyein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးခဲ့ပါသည် bro

အားပေးတယ် ညီ များများရေး များများတွေး...😄😄
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာ vote သွားတယ် ညီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ျကျးဇူးပါbro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you kyawthuyein for making a transfer to me for an upvote of 1.01% on this post!
Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရာအားလုံးအတွက် စိတ်သာလျှင်အရေးကြီးဆုံးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit