စကားများစွာပြောသော ငွေ

in myanmar •  6 years ago 

moneywave1.jpg image source
လောကမှာ ရေပန်းအစားဆုံး စကားလုံးတစ်ခုက
ငွေတဲ့။ပိုက်ဆံ လို့လည်းခေါ်ကြပြန်တယ်။အကြီးမားဆုံး
တင်စားမှုတစ်ခုက ဒုတိယဘုရားသခင်လို့တောင်ဆိုကြ
တယ်။လောကမှာ အရေးပါဆုံးလား။အရေးပါဆုံးမဟုတ်
ပေမဲ့ အရေးပါဆုံးလုနီးပါး အရာလည်းဖြစ်နေပြန်တယ်။
မဟုတ်ရိုးလားဗျာ။တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ လူသားအားလုံးဟာ ငွေကို အသည်းအသန်ရှာဖွေနေကြတယ်။
တစ်နေ့တစ်နေ့ ငွေရှာရင်း အချိန်တွေကုန်ဆုံးခဲ့ကြတယ်။နာရီ၊မိနစ်၊စက္ကန့်၊နေ့တွေ၊လတွေ၊နှစ်တွေ များစွာတိုင်ငွေကို ရှာဖွေရင်း ဖြတ်ကျော်ခဲ့ကြတယ်။ငွေနောက်ကို
လိုက်ရင်း အသက်တွေကြီးလာကြတယ်။အသက်တွေ
ကြီးလာသည့်တိုင် ငွေက လိုရင်းလိုနေပြန်တယ်လေ။
ငွေရှာခြင်း ယန္တရားကြီးက ဘယ်အချိန်ရပ်တန့်မှာလဲ။
ငွေရှာတဲ့ လူချင်းကွဲပြားကြလိမ့်မယ်၊ငွေရှာတဲ့နည်းခြင်း
ကွာခြားကြလိမ့်မယ်။ငွေရှာတဲ့ နေရာဒေသခြင်း မတူညီ
ကြလိမ့်မယ်။ဒါပေမဲ့ ဒီငွေရှာခြင်း ယန္တရား ရပ်တန့်ချိန်က
အားလုံးတူတူပါပဲ့။ဒါကတော့ သေဆုံးခြင်းပင်။
ငွေ၊စကားလုံးက တစ်လုံးတည်း။ဒါပေမဲ့ မျက်စိပေါင်း ကုဋေနဲ့ချီရှိတယ်။ပါးစပ်ပေါင်း သန်းနဲ့ချီတယ်။ပြောလိုက်တဲ့ စကား ကမ္ဘာနဲ့ချီသတဲ့။ငွေရဲ့စကားလုံးနောက်
မှာ ချစ်ခြင်း၊မုန်းချင်းတွေရှိတယ်။မနာလိုဝန်တိုမှုတွေရှိတယ်။ညီညွှတ်ခြင်းတွေရှိတယ်။ပျော်ရွှင်မှုတွေ၊ငိုကြွေးမှုတွေ မရေတွက်နိုင်အောင်ရှိတယ်။ဖက်လှဲတကင်းတွေရှိကြတယ်။နောက်ကျောဓားထိုးမှုတွေရှိတယ်။ဆင်းရဲမွဲတေခြင်း၊ချမ်းသာကြွယ်ဝခြင်းတွေရှိတယ်။သတ်ဖြတ်ခြင်းတွေရှိတယ်။မဆုံးနိုင်သောစစ်ပွဲတွေရှိကြတယ်။
မိတ်ဆွေအပေါင်းအသင်းကို ငွေက ၈၀%ဖန်တီးပေးနိုင်၏။မိတ်ဆွေအတုအစစ်ကို ငွေကပင် ဆုံးဖြတ်ပေး၏။ငွေသည် ချစ်လှစွာသော မိတ်ဆွေကိုပင် အမုန်းဆုံးရန်သူဖြစ်အောင် လုပ်နိုင်စွမ်းရှိသတဲ့။ငွေကြောင့်
လူသားတို့၏ဘဝလှပနိုင်၏။ငွေကြောင့် လူသားတို့ဘဝပျက်စီးနိုင်၏။ငွေသည် လှပသော ကမ္ဘာကိုဖန်ရှင်းနိုင်၏။သာယာလှပသော ကမ္ဘာကြီးကိုလည်း မွဲတေပြာတာအောင် ဖျက်ဆီးနိုင်၏။သေချာတာတစ်ခုကတော့ ယနေ့ခေတ်ကြီးမှာ ခြေလှမ်း လှမ်းလိုက်တိုင်းမှာ ငွေကအရေးပါလှသည်ဆိုတာပါပဲ့။
"အချိန်သည် ငွေ"တဲ့။မှန်ပါ၏။အချိန်တွေကို ငွေအဖြစ် ဖန်တီးနိုင်၏။နောက်တစ်ခုက ငွေသည် အချိန်ကို
ကုန်မှန်းမသိ ကုန်ဆုံးစေခြင်းပါ။အချိန်သည် ငွေဆိုတာ
လူတိုင်းနီးပါးတွေးမိကြသည်။ငွေကြောင့် အချိန်တွေကုန်
ဆုံးနေသည်ကိုကား တွေးဖို့မေ့လျော့နေကြသည်။ငွေသံ
သရာက လည်သထက် လည်နေမှာပါပဲ့။အသည်းအသန်ပဲ့ရှာရှာ၊သက်သက်သာသာပဲ့ရှာရှာ၊ပြန်ကုန်တာချင်းတော့တူတူပဲ့ဖြစ်တယ်။ကုန်လျှင်ပြန်ရှာ၊ရလျှင်ပြန်ကုန်
ဒီလိုနဲ့ပဲ့မပြီးဆုံးနိုင်တဲ့ သံသရာကြီးကလည်လို့ပေါ့။ဒါပေမဲ့ မရှာဘဲနေမလား၊နေလို့ရလား။ယနေ့အထိတော့
မရှာဘဲနေလို့ရတယ်အတွေး မတွေးမိသေးတာတော့အမှန်ပါ။သေချာတာတစ်ခုကတော့ ငွေသည် ကမ္ဘာနဲ့ချီ
စကားပေါင်းများစွာပြောတဲ့ အရာဖြစ်သည်ဆိုတာပါပဲ့။
money.jpg
image source
*လေးစားစွာဖြင့်
*နွေဦးသစ်
**@kyawthuyein
*MSC-252
(Post End: 9:12AM)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ငွေဆိုတာကလည်း လူတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်နေဆဲပါပဲ နောင်လည်း ဖြစ်နေအုံးမှာပါပဲ ငွေကို မလိုချင်သူဆိုတာ လူတစ်သိန်းတစ်ယောက်လောက်ပဲရှိမယ်ထင်ပါတယ်

ဟုတ်ပါ့ ဦးစိုးရေ

အဲ့ငွေကပါးစပ်သာမပါတာတော်တော်ပြောတာ။

ပြောသလား မမေးနဲ့

သို့ ငွေ
သင် ကျနုပ်ဆီ မလာတာ ကြာသဖြင့်
သတိရနေပါသည်
အမြန်ပြန်လာပေးပါ😁😁

Posted using Partiko Android

သားဆီကလည်း ထွက်သွားတာ အရမ်းကြာနေပီ

အဲ့​ငွေပါပဲဗျာ

Posted using Partiko Android

ငွေ ငွေ ငွေ

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.