တစ်နေ့တာအိမ်ရှင်မအစားဝင်ခြင်း

in myanmar •  6 years ago 

image
image source
ယနေ့ကား ဥပုသ်နေ့ဖြစ်သောကြောင့် အိမ်ကလူများ
ဘုန်းကြီးကျောင်းသွားကြရာ အစ်မဖြစ်သူမှ ထမင်းတည်၊ဟင်းချက် အလုပ်ကို ကျွန်ုပ်အားလွဲခဲ့လေသည်။ထို
အချိန်မှစ၍ အိမ်မှုကိစ္စများပါ ကျွန်ုပ်၏တာဝန်ဖြစ်သွားပါ
တော့သည်။ဦးစွာ ထမင်းချက်ဖို့ ပြင်ဆင်ပါသည်။မီးသွေးမီးဖို ဖြစ်၍ မီးမွှေးရန် မီးသွေးကြည့်လိုက်ရာ မီးသွေး
ကားမရှိ၊ကုန်နေပါသည်။ထိုကြောင့် မီးသွေးပြေးဝယ်ကာ မီးမွှေးလိုက်၏။ပြီးနောက် ထမင်းအိုးတည်
ရန် အိုးက အဆင့်သင့်မဖြစ်သေး၍ ဆေးကြောသန့်စင် လုပ်နေခိုက်မှာပင် မီးဖိုမှ မီးများမှာ တဟုန်းဟုန်း
တောက်ကာ မီးရှိန်လွန်နေပါပြီ။ထိုကြောင့် အမြန်ပင်ပြုလုပ်ကာ ထမင်းအိုး တည်လိုက်သည်။
ထိုနောက် ဈေးမှအသင့်ဝယ်ပေးထားသော ငါးဟင်းချက်ရန်စတင်ပြင်ဆင်ပြန်၏။ငါးများမှာ အသင့်ခုတ်ထစ်ပြီးသားဖြစ်၍ သေချာဆေးကြောရန်သာလိုတော့သည်။ဟင်းအစပ်ချက်မည်ဖြစ်၍ ငရုတ်သီး၊ကြက်သွန်စသည့် အမယ်များကို ထုထောင်းပြုလုပ်နေစဉ် ထမင်းအိုးမှာ
တဝီဝီနှင့် အမြှုပ်တစီစီလျှံကျလိုက် ဆူနေပါပြီ။လုပ်လက်စ အလုပ်ကို ရပ်ကာ ထမင်းအိုး ကိုအရင်ထမင်းရည်
များ ညှစ်ပစ်ရသည်။ထမင်းအိုးကျက်သွားသည့်အခါ
အသင့်ထုထောင်း ပြင်ဆင်ထားသော ဟင်းခတ်အမွှေး
အကြိုင်တို့ကို ကြော်လှော်ကာ အညှီနံ့ကင်းစင်စေရန်နနွင်းမှုန့်ဖြင့်ရောနှယ်ထားသော ငါးများကိုထည့်၍ ငါးဟင်းအမည်တွင်စေလိုက်သည်။
ဟင်းအိုးတည်ထားစဉ် ကျွန်ုပ်ကြောင့်ရှုပ်ပွကုန်သော မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ရပြန်ပါသည်။မဆေးရ
သေးသော အိုး၊ခွက်၊ပန်းကန်တို့ကို ဆေးကြော၍မပြီးစီးခင်မှာပင် ညီမလေးနဲ့တူမလေးတို့၏ ကျောင်းပို့ချိန်ရောက်လာသဖြင့် ဆေးလက်စ ပန်ကန်တို့ကို ထားရက်ကာ
ကျောင်းပို့ရ၏။ထိုမှပြန်လာသော် ခဏက ထားခဲ့ရသော
အလုပ်ကို ဆက်လုပ်ရန်ကြံကာရှိသေး ဟင်းအိုးက ကျက်၍ အချဉ်ဘာညာခတ်ကာ မီးဖိုပေါ်မှချလိုက်သည်။
ထိုနောက် ဟင်းလှော်တစ်မျိုးလှော်ရန် စိတ်ကူး၍ ပဲပင်ပေါက်ကို ဆေးကြောသန့်စင်၍ ထည့်လှော်လိုက်သည်။ဟင်းလှော်ဖြစ်သောကြောင့်ခဏအတွင်းကျက်သွား၏။
ဟင်းလှော်၊ငါးဟင်း ကျက်ပြီးနောက် မြန်မာလူမျိုးတို့၏
ထမင်းဝိုင်းတွင် မပါမဖြစ်သော ငပိဖျော်နှင့်ခရမ်းသီးနုနုလေးကိုတို့စရာအဖြစ်ဖန်တီးလိုက်ပြီး ထမင်းဟင်းချက်ပြုတ်ရေး ကိစ္စတစ်ခုပြီးပြတ်သွားပါတော့သည်။
ထမင်းဟင်း ကိစ္စပြီးသွားသော်လည်း ခဏက မပြီးပြတ်သေးသော ကိစ္စများကို ဆက်လုပ်ရပြန်ပါသည်။ပန်ကန်များဆေးကြောပြီးနောက်မှာတော့ ဘုရားဆွမ်းတော်ကပ်ရန် ထမင်း ဟင်းများ ခူးခပ်ပြင်ဆင်ကာ ဆွမ်း
တော်ကပ်ရန် အိမ်ပေါ်သို့တက်သွားသည်။အိမ်ပေါ်၌လည်း မကောက်ငင်မရှင်းလင်းရသေး၍ ရှုပ်ပွနေပြန်၏။ပြီးမှ လုပ်မယ်ကွာဟု တွေးလျက် ဘုရားဆွမ်းတော်ကပ်ရန်
ပြင်ဆင်လိုက်စဉ် ဘုရားသောက်တော်ရေချမ်းအိုးမှာ ရေနည်းနေပြန်ပါသည်။ဘုရားသောက်တော်ရေအိုးကို မချီ
၍ အိမ်အောက်သို့ပြန်ဆင်းလာပြီး သောက်တော်ရေဖြည့်လိုက်၏။ထိုနောက် ဘုရားဆွမ်းတော်ကပ်လိုက်ပြီးခဏက ရှုပ်ပွနေသော အိမ်အပေါ်ထပ်ကို တံမြည်းလှည်းရန် တံမြက်စည်းယူရန် အိမ်အောက်သို့ဆင်းလာအခိုက် အိမ်နောက်ရေချိုးခန်းဆီမှ ရေများလျှ့ကျနေသော အသံကိုကြားလိုက်ရသည်။ထိုကြောင့် ကိုင်လက်စ တံမြက်စည်းကို ပစ်ချထားခဲ့ကာ ရေချိုးခန်းဆီသို့ ကပျာကယာပြေးသွားပြီး အခြားရေပီပါသို့ ရေများငှဲ့ထည့်ရပြန်ပါ
သည်။
image
image source
ပြီးနောက် အိမ်ပေါ်သို့ပြန်တက်ကာ တံမြက်စည်း
လှည်းခြင်း၊ကောက်ငင်သိမ်းဆည်းခြင်းပြုလုပ်၍ အိမ်အောက်ထပ်ကိုပါ တစ်ခါတည်းရှင်းလင်းလိုက်သည်။ပူအိုက်သော ရာသီတွင် တစ်ကိုယ်လုံးချွေးများဖြင့်စိုရွဲနေ၏။ကောက်ငင်သိမ်းဆည်းခြင်း ပြုလုပ်ပြီးနောက် လူလည်းဖတ်ဖတ်မောကာ နားချမည်ကြံကာရှိသေး အချိန်သည်၁၁နာရီခွဲပြီဖြစ်သောကြောင့် တူမငယ်ကျူရှင်ကြိုချိန်
ရောက်သွားပြန်ပါသည်။ဟူး ခနဲသက်ပြင်းချလိုက်ရင်း
ဆိုင်ကယ်ခမောက်တစ်လုံးဆွဲယူကာ အိမ်မှထွက်လာခဲ့၏။လမ်းထိပ်ရောက်သော် ..''.သွားပြန်ပြီကွာ''ဟုညည်းတွားလျက် အိမ်ကိုပြန်လှည့်လာရပြန်ပါသည်။
ညီမလေးကို ထမင်းဘူးပို့ရန်မေ့ကျန်ခဲ့သောကြောင့်တည်း။
ထမင်းဘူး ထည့်၍အိမ်မှပြန်ထွက်လာပြီး ညီမလေးအား ထမင်းဘူးပို့၊တူမလေးရှိရာ ကျူရှင်သို့တစ်ခါ
သွား၍ ကြိုကာ အိမ်သို့ပြန်လာပါသည်။ပူပြင်းသော နေ
ရောက်အောက်တွင် သွားလာရ၍ ခေါင်းများပင် မူးလာ
ပါသည်။မနက်ကတည်းက မနက်စာမစားရသေး၍ ဆာ
နေသော ဗိုက်သည် ဘယ်နားရောက်သွားသည်မပြော
တတ်တော့။လူလည်းခြေကုန်လက်ပမ်းကျကာ အိမ်ရောက်သည်နှင့်ပင် ကောဇောထက်မှာပင် လှဲအိပ်နေမိပါတော့သည်။စိတ်ထဲတွင် တွေးမိသည်ကား "သြော်...အိမ်
ရှင်မဘဝ....တစ်နေ့တာလောက် လုပ်ရသော ငါသည်ပင်ဤမျှလောက် ပင်ပန်းနေသည်ရှိသော်..နေ့စဉ်ရက်ဆက်လုပ်နေရသော အိမ်ရှင်မတို့သည်ကား အဘယ်မျှ ...
အဘယ်မျှ မောပမ်းပင်ပန်းလိုက်မည်ဖြစ်ခြင်း" ဟူ၍ပင်...။ ။
image
image source
-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.dreamtrips.com/trips

Why say you this post that similar with your wrong link. I don't found a peace of same.

Posted using Partiko Android

အော် ဟုတ်ပါ့ တစ်နေ့တာအိမ်ရှင်မဘဝလေးတောင် တော်တော်ပင်းပန်းမယ်ဗျာ။နေ့တိုင်းဆိုရင်တော့ဖြင့် လေးစားစရာကောင်းသော အိမ်ရှင်မတွေပဲပေါ့အစ်ကို။

ဟုတ်တယ်ဗျာ တစ်ရက်တစ်ရက် မနားရဘူး သူတို့မှာ

အိမ်ရှင်မ အစား.ချီတာ လာလေ၏ 😁

ဟဲဟဲ ဟုတ်ပါ့ဗျာ

အမြဲလုပ်နေသူကတော့သူအစီ အစဉ်နဲ့သူရှိပြီးသားဆိုတော့ ဒီလောက်မပင်ပန်းပါဘူး

Posted using Partiko Android

ဟုတ်ကဲ့ဦးမင်း

Congratulations @kyawthuyein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added

Support SteemitBoard's project! Vote for its witness and get one more award!

Thanks

ကိုယ်​ချင်းစာမိတယ်​​ပေါ့ 😁😁

Posted using Partiko Android