တစ်နေ့တာကံမကောင်းမှုများနှင့်ကျွန်တော်

in myanmar •  7 years ago  (edited)

image
image source
မနက်၈နာရီခွဲပြီဖြစ်၍အလုပ်သွားရန်အိမ်မှထွက်ခဲ့ပါသည်။ကြိုတင်စဉ်းစားထားသည်ကား ၉နာရီမထိုးခင် ရုံး
တက်ပြီး ဈေးရောင်းထွက်ရင်း ကျောင်းမှာPractial သွားလုပ်ရန်ဖြစ်သည်။သို့သော် အကြောင်းဖန်လာပုံကားရုံးရောက်သည်နှင့် လူမရှိသောကြောင့် ပို့ရမည့်ပစ္စည်းများအား ကားပေါ်တင်ရန် သူဌေးက ခိုင်းစေလိုက်၏။ထိုသို့ ပစ္စည်းတင်ရင်းနှင့်ပင် မနက်၉နာရီခွဲသွားခဲ့ပါသည်။ထိုကြောင့် Practial အချိန်သည်လည်း လွန်သွားခဲ့၍ Practial တစ်ချိန်စာအမှတ်များဆုံးရှုံးခဲ့ရပါသည်။
image
image source
စိတ်မကောင်းစွာနှင့်ပင် ဈေးရောင်းထွက်လာခဲ့ပြန်
ပါသည်။တစ်ရက်ရောင်းရသည့်ဆိုင်များမှာ ဆိုင်၃၀ခန့်
ရှိလေသည်။ထိုကြောင့် မနက်ပိုင်း၁၅ဆိုင်၊ညနေ၁၅ဆိုင်
Planခွဲ၍ အရောင်းထွက်၏။ပထမတစ်ဆိုင်ဝင်၏။ကိုယ်ရောင်းသည့် ပစ္စည်းများအားစပ်၏။၁၅မိနစ်ခန့် အာပေါက်အောင် ရောင်းသော်လည်း ဆိုင်ရှင်မှာ ခေါင်းမာစွာငြင်းပယ်ခဲ့သည့်အတွက် ခေါင်းငိုက်စိုက် ထွက်လာခဲ့ရပါသည်။ကျွန်ုပ်တို့လို အရောင်းဝန်ထမ်းများအပါအဝင်
ဈေးရောင်းသူများတိုင်းအတွက် ဈေးဦးပေါက်ကား အလွန်အရေးကြီး၏။ပထမဦးဆုံးအရောင်းသည် မထွက်ခဲ့
သော် သည်နေ့အဖို့သည် လာဒ်မကောင်းတော့ချေ။
ကျွန်ုပ်သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်ဟူသတတ်။တစ်ဆိုင်ဝင်သည်၊မရ။နောက်တစ်ဆိုင် မရောင်းရပြန်။သုံးဆိုင်မြောက်၊လေးဆိုင်မြောက် ထိုနည်း၎င်းပင်။
အချို့ဆိုင်များသည် ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့်ပင် ဘာပစ္စည်းတွေလဲဟုပင် တစ်ခွန်းမမေး ပစ္စည်းရှိသေး
တယ်၊ဘာမှမယူဘူးဟု အတင်းအော်လွှတ်၏။ထိုသို့
သော အဖြစ်အပျက်မျိုးသည် နေ့စဉ်နေ့တိုင်း ကြုံ တွေ့နေရသော်လည်း ထိုသို့ကြုံရတိုင်း စိတ်ထဲခံပြင်းမိ၏။ကျွန်ုပ်အလိုမှာ မယူသည်ဖြစ်စေ၊ နှုတ်ဆက်ခွင့်၊အနည်းငယ်ပြောဆိုခွင့်ပေးသင့်သည်ဟုထင်၏။ကျွန်ုပ်တို့သည် မသိသော ဆိုင်များကို ဝင်သည်မဟုတ်၊ကျွန်ုပ်တို့ ကုမ္ပဏီ နှင့်ဖောက်သည်ဖြစ်ပြီးသား ဆိုင်များကိုသာဝင်၏။
အချို့ဆိုင်များမှာ သူတို့ဆိုင်အတွင်းသို့ ဝင်သည်ပင်
ခိုးမည့် ဝှက်မည့်သူများပမာ ဆက်ဆံကြ၏။ထိုကြောင့်
ထို Sales ဘဝကြီးကိုပင် တဖြေးဖြေးစိတ်ကုန်လာမိသည်။
ဤသို့နှင့်ပင် တစ်ဆိုင် ဝင်တစ်ဆိုင်ထွက်၁၀ဆိုင်ကျော်မျှ ကြိုးစား၍ရောင်းသော်လည်း တစ်ဆိုင်မှပင် အရောင်း မရသေးပေ။မိုးရာသီဖြစ်၍ မိုးသည်းကြားထဲမှာ
ပင် စိုစိုစွတ်စွတ်နှင့်သွားရ၏။ချမ်းအေးလှသော်လည်း
ထိုအအေးကို မမူနိုင်၊မနက်တစ်ပိုင်းတွင် ဈေးရောင်း
ရရန်ကိုသာ အားစိုက်ထားမိ၏။မွန်းတည့်၁၁နာရီထိ
တစ်ဆိုင်မှမရောင်းရသေးသောအခါ ခေါင်းသည်ပင်
မူးနောက်လာလေသည်။အဘယ်ကြောင့်မူ မရောင်းရ
သည်ဖြစ်စေ၊ဆိုင်နည်းသည်ဖြစ်စေ ကျွန်ုပ်တို့သူဌေးသည် ပြစ်ပြစ်ခါခါ ဆဲဆိုသောကြောင့်တည်း။
၁၃ဆိုင်မြောက် တွင်ကား ကျွန်ုပ် အရင်ကထက်စာ
သော် ကံကောင်းလေပြီ။အရောင်းတစ်ဆိုင်ရလေပြီ။လုံးဝမရောင်းရသည်နှင့်စာသော် တစ်ဆိုင်ရောင်းရသည်ကား ဖြေသာနိုင်သေးသမို့ စိတ်ပျက်သည့်ကြားမှပင်
ဝမ်းသာရပါသေးသည်။မနက်တစ်ပိုင်းလုံးသည် ထိုတစ်ဆိုင်နှင့်ပင် အဆုံးသတ်ခဲ့၍ ကြိုးစားခဲ့သော်လည်း
မဖြစ်လာသည့်အတွက် ဘာမှမတတ်နိုင်ဘူးကွာဟု စိတ်
ကိုတင်းကာ ထမင်းစားရန်အိမ်သို့ပြန်လာခဲ့ပါတော့သည်။
ထမင်းစားပြီးနောက် ၁နာရီထိုးပြီဖြစ်၍ ရုံးသို့ ပြန်ဝင်
ခဲ့ပါသည်။မနက်တစ်ပိုင်းရောင်းခဲ့သမျှကို သူဌေးအား
ပြန်လည် ပြသ ရခြင်းဖြစ်သည်။ရုံးရောက်သော် ထင်
ထားသည့်အတိုင်းပင် တစ်ဆိုင်သာ ရောင်းရသည့်အတွက် သူဌေး၏ ဆဲဆို ဆူပူခြင်းကိုခံရလေသည်။သူဌေးသည် ကျွန်ုပ်တို့ ဘယ်လိုရောင်းနေရလဲ၊ဘယ်လိုအခက်အခဲရှိလဲ သူမသိပေ။သူလိုချင်တာသာ သိ၍ မရောင်းရ
လျှင် ဆဲဆို အပြစ်တင်ရန်သာ သိ၏။ထိုသူဌေးမျိုးနှင့်
ကား ရေရှည်လက်တွဲလုပ်ကိုင်ရန် မဖြစ်နိုင်သည်အတွက်ကျွန်ုပ်စိတ်ထဲတွင်ကား ဆုံးဖြစ်ချက်တစ်ရပ်သည်
ခိုင်မာနေခဲ့လေပြီ။
image
image source
ထို့အခိုက် ကျွန်ုပ်ကျောင်းကသူငယ်ချင်းဆီမှ ဖုန်း
ဝင်လာ၏။ဒီနေ့ Tutorial ရှိကြောင်း၊အရေးကြီးကြောင်း ပြောလေသည်။ကျွန်ုပ်သည်လည်း လာခဲ့ရန် ကတိပေး၍သွားရန် ပြင်ဆင်အခိုက်၊သူဌေးသည် သူတို့အား ပစ္စည်းလိုက်ပို့ကူရန် ခိုင်းစေပြန်လေသည်။ကျွန်ုပ်အကြံကား ပျက်စီးရခဲ့ပြန်ကာ သည်ကနေ့Tutorial အမှတ်လည်း
ဆုံးရှုံးသွားပြန်ပါသည်။ပစ္စည်း ပို့ကူပြီးနောက် ဈေးရောင်း ထွက် သော်လည်း မနက်အတိုင်းပင် ဆိုင်တိုင်း၏ငြင်းပယ်ခြင်းကို ခံရပြန်ကာ စိတ်တော်တော်ပျက်မိပါသည်။ညနေပိုင်း ၁၅ဆိုင်တွင် ၁ဆိုင်သာ အရောင်းရကာမနက်ပိုင်း၁ဆိုင် ညနေပိုင်း၁ဆိုင်၊စုစုပေါင်းတစ်နေ့တာ၂ဆိုင်သာ ရ၍ ကိုယ့်ကိုကိုယ်လည်း ငါမလုပ်နိုင်ပါလားဟုစိတ်ဓာတ်ကျမိပြန်ပါသည်။ညနေရုံးပြန်ချိန်၎နာရီခွဲ
အချိန်ရောက်သော် လေးလံသော စိတ်များနှင့်ပင် ရုံး
ဝင်ကာ သူဌေး၏ဆဲဆိုခြင်းကို တဝကြီးပင် နားဆင်လိုက်ပါသည်။ထိုနောက် လုပ်စရာရှိတာများ လုပ်၍ စိတ်ပျက်ပျက်နှင့်ပင် အိမ်သို့ပြန်လာခဲ့ပါသည်။အိမ်ပြန်လမ်းသည် မိုးစက်များနှင့်ပြည့်နေသော်လည်း မိုးကာဝတ်ရန်ပင်
စိတ်မရှိသဖြင့် သည်အတိုင်းပင် မိုးရေထဲမှ ပြန်လာခဲ့၏။
အိမ်ရောက်သော် မနေ့ညက အိမ်ပြန်ညနက်သဖြင့် မလျှော်ဖြစ်သော အဝတ်များအား လျှော်ဖွတ်ရင်း စိန်နပြေပင် ရေချိုးပစ်လိုက်၏။ရေချိုးပြီး၍ နာရီဝက်ပင်မကြာ
လိုက်ချေ၊ကျွန်ုပ်ခန္ဓာကိုယ်သည် ပူသလို၊အေးသလိုလို
ဖြစ်ကာ တစ်ကိုယ်လုံးမူးဝေကိုက်ခဲလာပါတော့သည်။
သို့သော် မနက်ဖြန် Proတင်ရမည်ဟူသော အတွေးက
နေမကောင်းခြင်းကို ဥပက္ခောပြုကာ ဤPostလေးကို
အားတင်းကာ ရေးသားလိုက်ပါသည်။ဤနေ့သည်ကား ကျွန်ုပ်အတွက်ကံမကောင်းခြင်းများစွာနှင့်ပင် ကုန်ဆုံးခဲ့ပါတော့သည်တကား။ ။
image
image source
မှတ်ချက်။ ။ကျွန်ုပ်သည် နေမကောင်းဖြစ်သည့်
ကြားမှ ဤစာကို ရေးသားထားပါသဖြင့် အမှားများပါခဲ့
သော် လိုအပ်ချက်များရှိခဲ့သော် သည်းခံနားလည်ပေး
ကြပါရန်မေတ္တာရပ်ခံအပ်ပါသည် MSCညီအစ်ကိုတို့ခင်ဗျာ။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟူး အဲ့လိုသူ​ဋ္ဌေးမျိုးနဲ့ဆို ​ရေရှည်​မလွယ်

ဟုတ်တယ် ကိုအောင်ကြီးရေ

ဘဝဆိုတာ ခက်ခဲမှ အောင်မြင်မှာ this too will pass ပါဆို fighting မောင်လေး

အလုပ်တဖက်ကျောင်းတဖက် ဂုဏ်ယူစရာပ

မလွယ်လှဘူး ဦးထွေးရယ်

အလုပ်လည်းလုပ် ကျောင်းလည်းတတ်ရင်းနဲ့ လုပ်နေရတဲ့ကောင်လေး ကျွန်တော်ရေးထားတဲ့ pro post ကိုသွားဖတ်ပြီးဂုဏ်ယူလိုက်ပါ။

ဟုတ်ကဲ့ပါ ခိုဇာ

ကျန်းမာရေး ဂရုစိုက်ပါ မောင်လေးရေ

ဟုတ် ကဲ့ မစုရေ ကျေးဇူးပါခင်ဗျ

အခက်ခဲဆုံး ဆိုတဲ့အခြေအနေတွေကို ကျော်လွှားနိုင်ပါစေကွယ် စိတ်မကောင်းလိုက်တာ

ကျေးဇူးပါ ဦးဇင်းရေ

ကြိုးစားဟေ့..ညီမောင်..:-)

ဟုတ်ပဲ့ ကိုရှိုင်း

အခက်အခဲ တွေ ကျော်ဖြတ်နိုင်ပါစေ ညီရေ

ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဗျာ

သဌေး ပြောင်းခွာ နာတော့ အဲ့လိုဆို သောင်းကျန်းပြီ

လကုန်ရင်နားပီဗျို့

ကျန်းမာရေးက တစ်ပါ
စာနာမှုနည်းပါးတဲ့ အလုပ်ရှင်တွေနားမှာ အလုပ်လုပ်ရတဲ့ကလေး
တွေ ဘဝ သနားစရာပါ