ရင္ခုန္လႈပ္ရွား မိနစ္မ်ား

in myanmar •  6 years ago  (edited)

image
photo credit.
သည္ကေန့က တနလာၤေန့။စိတ်ထဲမှာ မေ့နေတာ
လေးတစ်ခုရှိတယ်။အဲတာက တနလာင်္နေ့ဆိုတာပင်။
အဖြစ်အပျက်ကဒီလို။ဤကနေ့ ကိစ္စလေးတစ်ခုပေါ်လာ
လို့ အစ်မနှင့်အတူ မြို့ထဲရှိBANKတစ်ခုသို့ထွက်လာခဲ့ကြသည်။ကျွန်ုပ်တို့သွားသည့် Bankက မြို့လည်ရှိ T ပုံသ
ဏ္ဌာန် လမ်းမကြီးပေါ်မှာတည်ရှိ၏။Tပုံသဏ္ဌာန်ဆိုတာက T ဝင်ရိုးသဏ္ဌာန်(l)လမ်းမပေါ်မှာ Bankရှိတယ်။ဝင်ရိုးဆုံးတဲ့အခါ (_)သဏ္ဌာန် ဘယ်ဘက်လမ်းခွဲ၊ညာဘက်လမ်းခွဲပေါ့။လမ်း၃ဆုံပေါ့ဗျာ။လမ်းဆုံမှာတော့ မီးပွိုင့်တစ်ခုရှိတယ်။
ကျွန်ုပ်တို့ မောင်နှစ်မ ၂ယောက် Bankက အလုပ်
ကိစ္စလေးလုပ်ပြီးတာနဲ့ ဆေးရုံလည်းခဏဝင်စရာရှိသေးလို့ အိမ်မပြန်သေးဘဲ အဲဒီလမ်းမအတိုင်း ဆေးရုံသို့သွားရန်ထွက်လာခဲ့ကြသည်။ဘဏ်နဲ့ လမ်းဆုံက သိပ်တော့မဝေးလှပေ။မီးပွိုင့် ရောက်တော့ မီးကချက်ချင်းစိမ်းသွား၍ အားရဝမ်းသာညာဘက်လမ်းချိုးသို့ မောင်းထွက်လိုက်သည်။တနလာင်္နေ့ဆိုတာ မေ့လျောခြင်းရဲ့ပြသာနာ အဲဒီမှာ စတာပါပဲ့ဗျာ။"ရွှီး ..ရွှီး"ဟူသော ထပ်ဆင့် ဝစီမှုတ်သံတစ်ခု နားထဲကြားလိုက်ရသည်။"ဟိုက် သွားပြီ" မော်တော်ပီကယ် ဖမ်းပြီဟ"ဟု ချက်ချင်းသိလိုက်သည်။ချက်ချင်းဆိုသလို ဦးနှောက်ထဲ "ငါဖမ်းခံလို့မရဘူး ငါ့မှာဘိုင်ပြတ်နေတယ်"ဟူသော အတွေးဝင်လာလိုက်သည်နှင့် လှည့်ပြေးရန်ပြင်ဆင်လိုက်သည်။ကျွန်ုပ်လည်း ပြာယာခတ်သလို မော်တော်ပီကယ်တွေလည်း ပြာယာခတ်ပြီ။ဝစီ"တရွှီရွှီ"မှုတ်ရင်း လှမ်းအော်နေကြသည်။ကျွန်ုပ်လည်း ညာဘက်လမ်းချိုးမှာ ပုလိပ်အများကြီး မြင်သည်နှင့်ဘယ်ဘက်လမ်းချိုးသို့မောင်းပြေးရန်ပြင်ဆင်လိုက်ရာ "ဟိုဘက်မှာ ပုလိပ်တွေ"ဟု အနောက်မှာထိုင်နေသော အစ်မ၏ပြာပြာသလဲ ပြောသံကိုကြားလိုက်၏။မှန်ပါသည်။ဘယ်ဘက်လမ်းချိုးမှာလည်း ပုလိပ်တွေ။လမ်းလည်မှာ ဆိုင်ကယ်တစ်စီးနဲ့ ပတ်ချာလည်နေပြီ။ကား၊ဆိုင်
ကယ် ရှင်းနေ၍တော်သေး၏။ဘယ်ဘက်ရော ညာဘက်
ရော ပုလိပ်တွေမို့ ခဏက Bankရှိရာ လမ်းမဘက်ကို
လှည့်ပြီးမောင်းပြေးဖို့လုပ်ရပြန်သည်။
ထိုအခါ ပုလိပ်တွေ သူတို့အချင်းချင်း လမ်းပိတ်ရန်
လှမ်းအော်သံကြားရသည်။ဦးနှောက်ထဲလည်း ဖြောင်းဆန်နေပြီ။ လမ်းမကြီးကိုဘက်ကို မောင်းပြေးရန်လှည့်လိုက်စဉ် မီးစိမ်းနေ၍ ထပ်ဝင်လာသော ကားတစ်စီး။
သီသီလေးပင် ကားက အရှိန်လျော့နေ၍တော်သေး၏။
နို့မို့ဆို မတွေးဝံ့စရာပင်။ထို့အခိုက် ဘယ်ချိန်ကတည်း
က ရှိနေမှန်းမသိသော ပုလိပ်တစ်ယောက် ပြေးထွက်လာကာ လမ်းတည့်တည့်မှ လက်၂ဖက်ဆန့်ကာ ပိတ်
ကာဖို့လုပ်လေသည်။၃ဖက်၃တန်လုံး မော်တော်ပီကယ်
များ။"ငါတော့ သွားပြီ"ဟု ထင်လိုက်စဉ် ပိတ်ကာနေသော ပုလိပ်အရှေ့ ဘယ်ဘက်တွင် လမ်းကြားသေးသေးလေးတစ်ခု ရုတ်ချည်းမြင်လိုက်၏။ပုလိပ်ကလည်းပိုင်ပြီဟု လှမ်းဆွဲဖို့ လုပ်အခိုက် ကျွန်ုပ် လမ်းကြား
ထဲသို့ ဖြတ်ကနဲ ကွေ့ချလိုက်သည်။အရှိန်နှင့် ကွေ့လိုက်
သည်ကတကြောင်း အနောက်က အစ်မခန္ဓာကိုယ် ဝိတ်
ကြောင့်လည်းကောင်း လမ်းကြားဘေး ပလက်ဖောင်းကို
ဝင်တိုက်မိလုလု ရှိသမျှအားကိုစု၍ လမ်းပေါ်သို့ ပြန်ကွေ့တင်လိုက်သည်။Break ညှစ်၍ကားမဖြစ် အနောက်မှာ ပုလိပ်တွေ လိုက်လာမည်စိုး၏။ကရောသောပါးပင် ဟို့ကွေ့ဒီကွေ့ဖြင့် လမ်းကြားများအတိုင်း မောင်းပြေးလာလိုက်ရာ ပုလိပ်လွတ်ကင်းရာ တနေရာသို့ ရောက်ရှိခဲ့ပါ၏။"ဟူး ခုမှပင်သက်ပြင်းချနိုင်၏" တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေမှုကား တော်ရုံနှင့်မပျောက် သေး။အစ်မသည်လည်း ဆိုင်ကယ်မှောက်မည်ဆိုး၍ အနောက်က ထိတ်လန့်တကြား ဘုရားတရင်း လိုက်ပါလာ၏။စိတ်ထဲ ဖမ်းမိမှာစိုး၍ လန့်လည်းလန့်၏။ပုလိပ်များ၏ အော်ဟစ်ကာလမ်းပိတ်ကာဖို့ လုပ်နေတဲ့ပုံရိပ် အဖြစ်အပျက်များ မျက်လုံးထဲကမထွက်၊ရယ်လည်းရယ်ချင်၏။
ဖမ်းမိ၍လည်းမဖြစ်ပါ။ဖမ်းမိလျှင်ဒဏ်ငွေ၄၀၀၀၀ ဆိုင်ကယ်၁၀ရက်သိမ်းခံရမည်ကိုး။လက်ထဲ ပိုက်ဆံက တစ်ပြားမှပင် ရှိသည်မဟုတ်😂😂။တနလာၤေန့၊အဂၤါ
ဆိုလျှင် ပုံမန်ဖမ်း၏။ဤကား တနလာင်္နေ့မေ့ရခြင်း၏
ပြသာနာတည်း။ကျွန်ုပ် ဦးထုပ်မဆောင်း၍မဟုတ်၊ကျွန်ုပ်မှာဆိုင်ကယ်ဦးထုပ်ဆောင်းထား၏။အစ်မဖြစ်သူမှာ မပါခြင်းဖြစ်သည်။ကိုယ့်အပြစ်ဆိုတာ သိပေမဲ့ ဒါအပြစ်ကို လက်ခံလို့မဖြစ်ဘူးလေ😁😁😁။ဘာဖြစ်ဖြစ် ကိုရွှေပု
လိပ်များ လက်မှ လွတ်မြောက်ခဲ့ခြင်းအတွက် ကျေနပ်မိသည်။ဤ ၅မိနစ်လောက်သော အချိန်သည် ကျွန်ုပ်အတွက် ရင်ခုန်လှုပ်ရှား မိနစ်များ ဖြစ်ခဲ့တော့သည်တကား။

*လေးစားစွာဖြင့်
*နွေဦးသစ်
**@kyawthuyein
*MSC-252

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  6 years ago (edited)

ဒီလိုနေ့ရက်တွေမကြုံရလေအောင် တတ်နိုင်သလောက် မျက်စေ့ရှင်ရှင်ထားပါ ☺

နောက်ဆို ပိုရှင်ပါပီလို့

အက်‌ရှင်‌ကားကြည့်‌ရသလိုဘဲဗျာ။

ဟဲ ၅မိနစ်စာ အင်ရှင်ဇာတ်လမ်းလေး

ဒါ မျိုးကသတိတချက်​လစ်​လိုက်​တာနဲ့
မထင်​မှတ်​ဘဲ ဖြစ်​သွားတပ်​တဲ့အမျိုး​တွေ ဂရုစိုက်​မှ

ကိုယ်​​တွေ အဲ့အမူ့လိုက်​​နေတာ ခုမှမိ​တော့တယ်​ 😁😁

Posted using Partiko Android

ဟဲ ဟဲ

မိရင်တော့မလွယ်နော်

Posted using Partiko Android

မိရင် အမြင်ကတ်ပုဒ်မနဲ့ ထိဦးမှာ

ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာတာ ကိုယ့်အတွက် အရှုံးမရှိပါဘူး

Posted using Partiko Android

ရုတ်တရက်မို့ အစ်မက ဦးထုပ်မယူသွားမိတာ ကျွန်တော်မှာတော့ ပါတဟ်