ဆယ်တန်းကျောင်းသား ဘဝတုန်းကပေါ့ အမှတ်ရစရာလေးဖြစ်ခဲ့သလို့ ကြောက်လန့်စရာလည်းဖြစ်ခဲ့ရတယ် ဖြစ်ပုံက ဒီလိုဗျ
ကျနော်က ဆယ်တန်းမှာ ဘော်ဒါတက်တယ်လေ ကျနော့်ဘော်ဒါအုပ်က အပျိုကြီးဗျ စည်းကမ်းလဲ အရမ်းကြီးတယ် သူ့ကိုဆိုမြင်ယုံနဲ့တင်ကျောင်းသားကျောင်းသူတွေက ဒူးတုန်ကြတယ် အဲထဲမှာ ကျနော်လည်းအပါအဝင်ပေါ့
သီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်ခါနီး တစ်ပါတ်လောက်အလိုမှာ ယောကျာ်းလေးအဆောင်ဘက်ကနေ မိန်းကလေးအဆောင်ဘက်ကို သူငယ်ချင်းတွေလှမ်း showနေကြတာပေါ့ ကျနော်တို့နဲ့တစ်တန်းထဲက ကောင်မလေးတစ်ယောက်အကြောင်းကိုပြောနေကြတယ် ကောင်မလေးကချောကြောင်းလှကြောင်းပြောနေကြတာပေါ့ အဲကနေ စဖောက်တော့တာဘဲ မျိုးမင်းဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် သူကကချင်ပြည်နယ်ကနေ လာတက်တာ သူက အဲကောင်မလေးကို ရည်းစားစားပေးထားကြောင်း ကောင်မလေးက လက်ခံကြောင်း သူငယ်ချင်းတွေရှေ့ ကြွားပြနေတာ နောက်ပြီး ကျနော့်ကို စိန်ခေါ်ပါလေရော
'ဟျောင် မင်းဆို အဲကောင်မလေးကို စာပေးရဲလား'ဆိုပြီး ပေါ့ ကျနော်လည်းမခံချင်စိတ်နဲ့ ပေါ့
ကျနော်လည်းသူ့ကိုစာပေးဖို့ ရည်းစားစာထိုင်ရေးတယ် စာအုပ်တစ်ဝက်နီးပါထိဘဲ စာရေးပြီးတော့သူ့ကိုပေးဖို့ ကြံရတော့တယ် ကံကောင်းချင်တော့ သူကကျနော့်ရွာသူတစ်ယောက်နဲ့ခင်နေတယ်လေ သူ့ကိုပေးခိုင်းတာပေါ့ စာကသူ့ဆီရောက်သွားပြီးreplyကပြန်မလာ ဒါနဲ့သူငယ်ချင်းကမင်းရှုံးပြီလို့ ပြောတယ် ကျနော်ကလည်းတစ်ရက်ကျန်ပါသေးတယ်လို့ ပြောပြီးစောင့်နေခဲ့တယ် နောက်ရက်ဆိုရင် သီတင်းကျွတ်ကျောင်းပိတ်လို့ မိဘတွေဆီ ခန ပြန်ကြရတော့မှာလေ ပြန်ခါနီးနာရီဝက်လောက်အလိုမှာ ရွာသူက စာလေးပေးပါတယ် ဒါနဲ့ ကျနော် ပျော်သွားတယ်
စာဖတ်ကြည့်လိုက်တော့ ကျနော့်ကိုအရင်ကတည်းကစိတ်ဝင်စားကြောင်း အရမ်းချစ်ကြောင်း ရေးပါလေရော့ နောက်ပြီးကျောင်းပိတ်ရက်အိမ်ပြန်ရောက်ရင် ဖုန်းဆက်ဆိုပြီး ဖုန်းနံပါတ်ကိုပါရေးပေးထားတယ် ကျနော်လည်း မဆက်ဖြစ်ပါဘူး ကျောင်းဖွင့်ရက်ပြန်ရောက်လို့အဆောင်ကိုပြန်ရောက်သော် စာတစ်စောင်ထပ်ရောက်လာပြန်တယ'် ညီမ အကို့ဖုန်းကိုမျှော်နေတာ ညီမဆီဆက်လည်းမဆက်ဘူး ညီမရွာကို အလည်လည်းမလာဘူး'ဆိုပြီးပေါ့ ကျနော် လန့်သွားခဲ့တယ် သူ့စာကိုရတော့ အမှန်က ကျနော်ကသူ့ကို မချစ်ခဲ့ပါဘူး သူငယ်ချင်းနဲ့ လောင်းရင်းကနေ စဖြစ်သွားတာပါ
အရင်ကဆို သူ့ကို သေချာမသိခဲ့ သူ့နာမည်တောင်မသိဘူး လေ ကျနော်လည်းသူ့ဆီကို စာပို့ရတာပေါ့ စာထဲမှာရေးထားတာက
ညီမရေ အကိုညီမကို ပြောချင်တယ် ဒါပေမယ့်ပြောလို့မထွက်ဘူးဖြစ်နေတယ် ဆယ်တန်းစာမေးပွဲကလည်းနီးနေပြီ စာကြိုးစားဖို့ အချိန်တန်နေပြီနော် အိမ်ကလအကို့ကို အောင်မယ်လ်ု့မျှော်လင့်ထားကြတယ် ညီမမိဘတွေလည်း အကို့မိဘတွေနဲ့ ထပ်တူနေမှာပါ စာကိုဘဲစိတ်နှစ်ပြီး ကြိုးစားပါ အချစ်ရေးကို စိတ်မဝင်စားပါနဲ့လို ညီမကို အရင်စာပို့ခဲ့တာတွေအတွက်အကို တောင်းပန်ပါတယ် အချစ်ဆိုတာ အကို ဘာမှန်းကိုမသိပါဘူး စာကိုဘဲကြိုးစားပါလို ရေးပြီးပို့လိုက်တယ် သူကစာပြန်ပါလေရော အကို့ကို ချစ်ပါတယ်တဲ့ ညီမစာမေးပွဲအောင်အောင်ဖြေပါ့မယ်တဲ့ ညီမကိုပြန်ချစ်ပေးပါနော် ဆိုပြီးဖတ်လိုက်ရတယ် တော်တော်စိတ်မကောင်းဖြစ်သွားတယ် ဒီလို့နဲ့ ကံဆိုးချင်တော့ သူ့ကို ဘော်ဒါကကောင်လေးသုံးယောက်ကစာပေးပါလေရော့ သူကယူပြီး ပစ်ထားလိုက်တယ်လေ အဲစာကို guideကတွေ့သွားပြီး ဘော်ဒါအုပ်ဆီရောက်သွားပါလေရော အဲကောင်မလေးကိုစစ်မေးရင်းနဲ့ ကျနော်ပါ ပါသွားတယ် ဘော်ဒါအုပ်က ကျနော်ကိုခေါ်ပြီး စစ်ပါလေရော တစ်တန်းလုံးရှေ့မှာ ကျနော်ကို ရိုက်လိုက်ဆူလိုက်နဲ့ တစ်နာရီနီးပါးဘဲ ရှက်လွန်းလို့ မျက်ရေနောင်ကျခဲ့မိတယ် ကြောက်လည်းကြောက်သွားခဲ့တယ် အဲကတည်းက ကျနော့်နှလုံးသားလေးက အရှက်တရားဆိုတဲ့တံတိုင်းကြီးကာထားတော့ အချစ်ဆိုတာကြီးကို မသိသေးပါဘူးဗျာ ချစ်ရမှာကိုလည်း အလိုလိုတွေးပြီးကြောက်နေခဲ့မိတော့တယ်ခုအချိန်မှာ ဘော်ဒါကိုအလည်အပတ်သွားရင် ဆရာမက ခုထိစနေတုန်းဘဲ ချစ်သူမရှိသေးဘူးလားတဲ့ ကျနော့်ကဆရာမကိုပြန်ပြောလိုက်တယ် ဆရာမက ကျနော့်ကို ရင့်ကျက်အောင် အရှက်တရားနဲ့ သင်ခဲ့ပြီးလို့ မချစ်ရဲတော့တာပါလို့
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
လုပ်ထားငါ့ကောင်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုကဲ့ပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit