မယ်ကြည်တို့ မြန်မာနိုင်ငံသည် တောတောင်ရေမြေ မြစ်ချောင်အင်းအိုင် သစ်တော စသဖြင့် စည်ပင်လှသည်။ ရာသီဥတု ၃မျိုးဖြစ်သော နွေ၊ မိုး၊ ဆောင်း နှင့်အတူ ရာသီအလိုက်၊ လအလိုက် ပွင့်သောပန်းတွေနှင့် လှပသက်ဝင်နေမြဲပင်..။မြန်မာနိုင်ငံ၌ ပွင့်သော ၁၂လပန်း များအကြောင်းကို ရေးပြချင်မိပါသည်။
မြန်မာလရာသီပန်းဖွဲ့ကို
"ပန်းကံ့ကော် ရွှေစံကားနှင့်
ငွေသားနု စပယ်မှန်။
မုလေး(မြတ်လေး) ခတ္တာနှင့်
ရွှေရင်းမာ ကြာ ခဝဲ
ဖွဲစ နှင်းလျှံ။
သဇင်ကျန်
ခွာတန်နှင့် ပေါက်လဲ။
ပွင့်ဝတ်ကယ် ရွှေဖီမင်း
သင်းထုံနံ့ကဲ.. ” ဟု ကင်းဝန်မင်းကြီးက နှစ်သက်ဖွယ် ရေးဖွဲ့ခဲ့လေသည်။ ဒီစာချိုးကို ဖတ်ပြီးမှ တချို့ရာသီပန်းတွေက မိမိ ထင်ထားသောပန်းနှင့် လွဲနေပါလားဟု သိရှိရလေသည်။ ဥပမာ တန်ခူးလတွင် ပိတောက်ပန်းဟု ထင်ထားရာက ကံ့ကော်ပန်းဟု သိရလေသည်။ အမှန်တကယ်က ပိတောက်ပန်းသည် တပေါင်းလတွင် ပွင့်သောပန်းဟု သိရလေသည်။ကျန်သောလများကတော့ မိမိ မသိ စာဖတ်ပြီးမှ သိခြင်းပင်..။ ရှင်းပြပါအုံးမည်..။
တန်ခူးလတွင် ကံ့ကော်ပန်း နှင့် ရင်ခတ်ပန်းများပွင့်သည်ဟု ဆိုသည်။
ကံ့ကော်ပင်အား လူအများ အားလုံး သိကြပေသည်။ အပင်ကြီးမျိုးနွယ်ဖြစ်ပြီး၊ အဖြူရောင်ပွင့်ဖတ်နှင့် အဝါရောင် ဝတ်ဆံမှုန် များဖြင့် လှပသော ပန်းအဖြစ် တန်ဖိုးထား ပန်ဆင်ကြလေသည်။အလွန်မွှေးပျံ့ပြီး ဆေးဖက်လဲဝင်သည်။ မြန်မာမိန်းကလေး များသည် ဘုရားတင်ခြင်းနှင့် မိမိတို့ ပန်ဆင်ထားသော ကံ့ကော်ပန်းများ ခြောက်သွားလျှင် ဝတ်ဆံမှုန် အဝါလေးများ ခြွေချပြီး သနပ်ခါးသွေးရာတွင် ထည့်သွေး လိမ်ကျံကြလေ့လဲ ရှိသည်။
တန်ခူးလ ပန်းအနေဖြင့် ရင်ခတ်ပန်း လည်း ပါရှိလေသည်။ ရင်ခတ်ပန်းကို သီချင်းထဲတွင်သာ ကြားဖူးပြီး အပြင်တွင် မမြင်ဖူးပါ..။ စာထဲ တွင် ဖတ်မိသမျှ ဝေမျှရရင်ဖြင့် ရင်ခတ်ကြီးနှင့် ရင်ခတ်လေးဟူ၍ နှစ်မျိုးရှိသည်။ အပင်ကြီးအမျိုးအစားဖြစ်ပြီး ရက်ခတ်လေးပင်သည် အမြင့်ပေ၂၀ကျော်နှင့် ရင်ခတ်ကြီးပင်သည် အမြင့်ပေ ၄၀ ၅၀ ခန့်ထိ ရှိပြီး အကိုင်းအခက်များသောအပင်ဖြစ်သည်။ ရင်ခတ်ပင်အသားသည် မာကျောပြီး အညိုရောင် ရှိသည်။ ရင်ခတ်သားကို ဘီး နှင့် အရုပ်များ ထုလုပ်သည်။ရင်ခတ်ပန်းသည် တပေါင်း ၊ တန်ခူးလတွင် စ၍ ပွင့်ပြီး ကိုင်းဖျားမှ တစ်ကိုင်းလုံး ပွင့်လေသည်။
ပန်းပွင့်သည် ပွင့်ဖတ် ၇ဖက်နှင့်အလယ်တွင် အဝါရောင် ဝတ်ဆံရှိပြီး ရနံ့သင်းပျံ့သည်။ အပွင့်၏ ထူးခြားချက်မှာ နံနက်ခင်းပွင့်စတွင် ဝါကျန့်ကျန့် အဖြူရောင်၊ နေ့လည်တွင် အဝါရောင်နှင့် ညနေတွင် ရွှေအိုရောင် အဖြစ် ပြောင်းလဲသွားခြင်းပင်။
တန်ခူးလဖွဲ့ကို ဖိုးသူတော် ဦးမင်းက...
"ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကယ်တဲ့ နံ့ကြိုင်။
ထုတ်ဖြူးလေဆော်က
ပန်းကံ့ကော် ဝတ်မှုံကျင်း
သင်းပျံ့လို့ လှိုင်။
ကြယ်နှစ်ပြိုင် စိတြငယ်နှင့်
ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း ”
ဟူ၍လည်း ဆွတ်ပျံ့ဖွယ် ဖွဲ့ဆိုထားပါသည်။
ဖတ်ကြည့်ရင်းနှင့်ပင် တန်းခူးလအကြောင်းကို မျက်စိရှေ့ မျက်ဝါးထင်ထင် မြင်ရသကဲ့သို့ပင်..။ မိမိ အမှု့မဲ့ အမှတ်မဲ့ ထားမိသော အရာများ ကဗျာအတွင်း ပါရှိလေသည်။
ဆက်ရန်...
Author @kyi
MSC 050
ခွင့်လွှတ်ခြင်းဟာလည်း တစ်ကယ်တော့ ပေးဆပ်ခြင်းတစ်ခုပါပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့ပြသနာတွေရဲ့ အဓိက တရားခံက တစ်ယောက်နဲ့တစ်ယောက် အပြန်လှန်လေးစားမှုမရှိလို့ပဲ မကြည်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ကိုမြင့်ရေ..ကျေးဇူးပါ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒေါသ ဖြစ်တဲ့လူဟာ မီးကြီးခဲကို ကိုင်ထားသူနဲ့တူတယ်...သူများပေါ်ပစ်ချမယ်ကြံရွယ်ပေမယ့် အရင်ဆုံးပူလောင်ရတာက ကိုယ်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဆို ညီမလေးရေ😁ကိုယ်အရင်ပူလောင်တယ် တကယ်ပါဆို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ခါတလေ မုန်းတီးမိတယ် မမ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိမ်း မမလဲ မုန်းဖူးတယ်😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးသွားပါသည်
ဘာညာသာတကာပေါ့ 😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါသည် ဘာညာသာရကာပေါ့😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မမပို့စ်လေးဖတ်ပြီး ညီမကြိုက်တဲ့ စကားလေးပြန်လက်ဆောင်ပေးချင်ပါတယ်... "သူတစ်ပါးကို ခွင့်လွှတ်လိုက်ခြင်းဟာ အဆိုပါလူများက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့ ဆိုတာထက် ကိုယ်ကိုတိုင်က ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်လို့ပဲဖြစ်ပါတယ်။"
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ညီလေးရေ ဟုတ်ပါတယ်😊

ဒေါသစိတ်မကျေနပ်စိတ် မုန်းတီးစိတ်တွေဟာ ဖြစ်တဲ့သူကို ပထမဆုံးပူလောင်စေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ ဆရာမဟော်ရေ😊 ကိုယ်တွေ့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဓါးကိုင်တယ်ဆိုတော့ နည်းနည်းတော့ ကြောက်သွားပြီခင်ဗျာ။ကြောက်တတ်လို့ပါ။ဟုတ်ပါတယ် စိတ်တွေထဲမှာ ဒေါသစိတ်ဟာထိန်းချုပ်ရ အခက်ဆုံးပါ။ဒါကိုသတိလေးနဲ့ ထိန်းပြီး ခွင့်လွှတ်တဲ့စိတ်ထားနိုင်အောင် ကြိုးစားနေထိုင်မှသာ ငြိမ်းအေးပြီး စိတ်ချမ်းသာမှုရလာကြမှာပါ။ဒီအချက်လေးကို ပေါ်လွင်အောင် ရေးသားထားတာ ကောင်းမွန်လှပါသည်။လေးစားလျက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားရေးထားတာလေး ဖတ်ပေးလို့ ကျေးဇူးပါ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့ရင်ထဲတော ဖရီးဖရွတ်ပေါ့ပေါ့ပါးပါး ပါဘဲ
စိတ်ဆင်းရဲစရာ ဘာမှမတွေးဘာမှမလုပ် ပျော်ပျော်ပါးပါး စိတ်ချမ်းသာတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးလေ သယ်ရင်း ကောင်းပါတယ်အေ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူ့ဘောင်လူလောကထဲမှာနေရင် ဒီလိုအြောင်းရာတွေကို
အမြဲကြုံတွေ့နေရမှာပါ။ တရားနလုံးသွင်းနိုင်ရင် အေးချမ်းသွားမှာပါ။ ဖြစ်တဲ့စိတ်အပေါ်မှာ သတိကပ်ပေးရင် ငြမ်ချမ်းသွားမှာပါ။ အပ္ပမာဒေမ သမ္မာဒေထတဲ့ သတိကပ်ဖို့က
အရေးကြီးဆုံးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခွင့်လွတ်လိုက်ပါ မမ သည်းခံ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရင်ထဲ အေးအောင်နေမှ မယ်ကြည်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာလို့ထွေးပွေ့ထားမှာလဲ....ပူလောင်တယ်...ဒီစိတ်နဲ့ကိုယ်လည်းမပျော်ရဘူးလေ...ကြည်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်ခင်စွဲလန်းမှု မုန်းတီးမှု အားလုံးကိုလွှတ်ချထားပြီး
စာနာမှုကိုသာယူထားပါတယ် သမီးရေ ဒါပေမဲ့လည်းပုထုဇဉ်ဆိုတော့
ပယ်သတ်လို့မရသေးပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟိဟိ . မမ ဓားကိုင်ပြီးခုတ်တော့မှာ😂😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😩😩😩