သဘာဝဖြစ်စဉ်အရ လောကတွင် မည့်သည့်အရာမှ အလကားမရပါချေ။ လုပ်ငန်းလုပ်နေသူအဖို့ အလုပ်လုပ်သည့်အတွက် လုပ်ခလစာရရှိသည်ပင်။ ကျောင်းတက်နေသူအဖို့ စာကျက်သဖြင့် စာမေးပွဲ အောင်ခြင်းပင်။ ဘွဲ့တစ်ခုရဖို့အတွက် အချိန် ဦးဏှောက် ပေးခဲ့ရသည် မဟုတ်ပါလား..။ ထို့အတူ လုပ်ငန်းခွင်တွင်း အောင်မြင်မူ့ ရရှိစေရန် မိမိ လုပ်နိုင်နိုင်စွမ်းအား ကြိုးစားမူ့များဖြင့် တည်ဆောက်ရခြင်းပင်။
Crd-org-source
မိမိတို့ မပေးဘဲ ရဖူးပါလား။ တစ်ကြိမ်ထက်ပို၍ မရနိုင်ပါချေ။ အကြိမ်ကြိမ်လိုချင်၍ မရနိုင်ပါပေ။ ကျွနုပ်တို့ မစိုက်ပဲ စားသုံးနိုင်ပါသလား။ ရနိုင်ပါလိမ့်မည်။ တစ်နပ်စာတော့ စားနိုင်ပါလိမ့်မည်။ တစ်ရာသီစာ စားဖို့ တစ်သက်စာ စားဖို့၊ သားစဉ်မြေးဆက်စားဖို့ စိုက်ပျိုးမှ ရပေလိမ့်မည်။ ဆိုလိုရင်းမှာ အပင်စိုက်ခိုင်းခြင်းမဟုတ်ပါ။ မိမိ နှင့် ဆက်စပ် သော အလုပ်အကိုင်နှင့် တွဲဆက် စဉ်းစားစေချင်သည်။ ဖွံဖြိုး သော စိုက်ခင်းရဖို့အတွက်တော့ မိမိတို့ မျိုးစေ့အနည်းတော့ ကြဲရပေလိမ့်မည်။
မပေးဘဲနှင့် ယူချင်လျှင် ၊ မစိုက်ပဲ နှင့် စားချင်လျှင် ထိုသူသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒုက္ခရောက်ရပေမည်။ ၄င်းနှင့် ပတ်သတ် စပ်ယှက်နေသော ပတ်ဝန်းကျင်လည်း ဒုက္ခ ရောက်မည်သာပင်။ ထိုသူများအဖြစ်တော့ အရောက်မခံစေကြလိုပေ။ သဘာဝကြီး အေးချမ်းစွာ လည်ပတ်စေရန် ပေးသင့်တာပေးတတ်သော အလေ့အကျင့်ကို ကျင့်ကြံကြရပေလိမ့်မည်။ ၄င်း စိတ်ဓာက်မွေးမြူခြင်းသည်ပင် ကျွနုပ်တို့ သည် စွန့်လွှတ် အနစ်နာခံစိတ် ရှိသူများဟု ကင်းပွန်းမတပ်နိုင်ပေ။ သဘာဝကို မဖောက်ပြန် မဖျတ်စီး သည့် သဘော၊ သူတစ်ပါးအား မတရားတာ မလုပ်စေသော သဘောသာပင် ဖြစ်သည်။
ထိုသည်ကိုပင် ကျွနုပ်တို့ အမြဲလုပ်ဆောင်နိုင်ပါမည်လား..။ လွယ်သည့် ကိစ္စတော့ မဟုတ်နိုင်ပါပေ။ မယ်ကြည် ဖတ်မိသော ဇတ်လမ်းလေးတစ်ပုဒ်ကို share လုပ်ချင်ပါသည်။ထိုဇတ်လမ်းထဲကအတိုင်းတော့ အဆိုးဆုံး ကြုံချင်မှကြုံကြလိမ့်မည်။ အနည်းငယ် အဆိုးကိုတော့ ကြုံ ဖူးကြပေလိမ့်မည်။ ထိုအချိန်တွင် ကျွနုပ်တို့ အပါအဝင် ယခု စာဖတ်နေသူများ မည်သို့ စဉ်းစား ပြီး ပြုမူကြမလဲ သိချင်မိသည်။
ဇတ်လမ်းအကျဉ်းမှာ တစ်ခါတုန်းက လူတစ်ယောက်သည် ကန္တာရထဲတွင် ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်သွားလေသည်။
လူကလဲ စိုးရွံ့ ကြောက်လန့်စိတ်နှင့် အလွန်ပင်ပန်းနေချေပြီ။ ထိုထက်ဆိုးသည်က ရေအလွန်ဆာနေခြင်းပင်.. ။ အာခေါင်တွေ ခြောက်သွေ့လွန်းသဖြင့် ကွဲအက်ကုန်ပြီလား ထင်ရသည်။ ရေငတ်သည့်ဒဏ်ဖြင့် မိမိသေးဆုံးရမည်လား ကြောက်ရွံ့နေရလေပြီ..။
ထိုအချိန်တွင် ဟိုးအဝေးတွင် လူနေအိမ်ဟု ထင်ရသဖြင့် ဒရောသောပါး ပြေးသွားချိန် အိမ်တစ်လုံးကို ဝမ်းသာအားရ မြင်ရလေသည်။ သို့သော် လူမနေတော့သည်မှာ ကြာနေသည့်ပုံပင်..။ ခြံဝင်းထဲတွင်တော့ ရေတိုင်တစ်ခု မြင်ရသဖြင့် အပြေးသွားပြီး မောင်းတံကို တဂျောင်းဂျောင်း ဆွဲလေသည်။
အတော်ကြာအောင် ဆွဲသော်လည်း ရေကကျမလာပေ သူ လက်ပန်းကျလာပြီ..။ ထိုအချိန် ၄င်း မောင်းတံ အနီးတွင် ရေကရားလေး တစ်လုံးကို သူမြင်သွားသည်။ ရေကရားတွင် ဖော့ဆို့တပ်ထားပြီး အိုးနံဘေးတွင် ဤကဲ့သို့ စာရေးထားသည်။
ကရားအိုး ဖော့ဆို့ ဖွင့်ကြည့်လိုက်တော့ ရေအပြည့် မြင်ရသည်။ ကရားအိုးထဲက ရေသည်မများ..။ ထိုရေကို သောက်လျှင် ရေငတ်တော့ ပြေမည်..။ ရေငတ်သေမည့်ဘေးက လွတ်မည်ဖြစ်သည်။ သို့သော် ရေကရားဘေးက မှားကြားချက်က ရှိနေပြန်သည်။
ဘာကြောင့် ရေလောင်းထည့်ခိုင်းသည်ကို အေးအေးဆေးဆေး စဉ်းစား တွေးခွင့်ရသူအတွက်က အရှင်းလေးပင် ဖြစ်လိမ့်မည်။ သို့သော် သေလုမြောပါး.ရေငတ်လာသူက ထိုသို့ ရှင်းနိုင်ပါ့မလား.. ?? သိနေသည်ဆိုအုံးတော့ ထိုအတိုင်း လိုက်နာနိုင်ပါ့မလား???ကျွနုပ်နှင့် စာဖတ်သူသာ ထိုသူနေရာတွင်ဆို ဘာလုပ်နိုင်မလဲ ။ကရားအိုးထဲက ရေကို ရေမထွက်သော မောင်းတံထဲ သွန်ချခိုင်းနေသည် မဟုတ်ပါလား.. ။ အကယ်၍ ရေလောင်းထည့်လိုက်ပြီးမှ ရေမထွက်လာလျှင်ကော ဘယ်လိုလုပ် မလဲ?? စွန့်စားခန်းပင် ဖြစ်ချေပြီ မဟုတ်ပါလား..??
မယ်ကြည့် ညီကို မောင်နှမတစ်တွေ မည်သို့ စဉ်းစား တွေးတောကြမည် သိချင်သဖြင့် ထိုနေရာတွင်ပင် ပုံပြင် ရပ်ထားလိုက်ပါမည်..။ ထင်မြင် ယူဆချက်လေးများ ပေးခဲ့ စေချင်ပါသည်။ ထင်မြင်ယူဆချက်များကို အတူ ဆွေးနွေးရန် အသင့် ရှိနေပါသည်..။ ဇတ်လမ်းထဲက ထိုသူ မည်သို့ ပြု လုပ်သည်ကိုလဲ မယ်ကြည် ဆွေးနွေး အပြီးတွင် ရေးသားပေးပါမည်ဟု ရေးသားရင်း နိဂုံးချုပ်လိုက်ပါသည်..။
Author @kyi
MSC 050
ခရားထဲကရေ ကို မမနဲ့ အတူတူ သောက်ပါရစေလားဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အယ်လဲ့ သောက်ပါတော် ရေအရမ်းဆာနေတာတောင် မမကို မျှ တိုက်ချင်တယ်လား ကျေးဇူးပါရှင့် ကုန်အောင်သောက်ပြီး ပြန်ထည့်ပေးရမယ်နော်😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😠😠😠😠

အင်း မိမိလိုသာ တခြားသူ ဖြစ်ခဲ့ရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆို အရာရာ အဆင်ပြေမာပါလို့ ဟာတ်တယ်မလား သားသားရေ.. ခုလို သေချာဖတ်ပြီး အရှကြီး.ထင်မြင်ချက်ပေးလို့ ကျေးဇူးပါလို့ ..😍😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လုပ်ပီ...လုပ်ပီ...@kyiတော့😁
@phyozawooburmesမန့်တာကောင်းပါတယ်ဆို...😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုပါ့ ယွန်းရေ..ထင်မြင်ချက်လေး ပေးပါအုံးလို့😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပလကားမရ ဘူး နော်😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ရှင့် ဘယ်အရာမ အလကားမရပါဘူးလို့ ကျေးဇူးပါ ဖတ်ပေးလို့😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်တွေပါမမရေ အလကားရတဲ့ဟာဆိုရင်လည်း တချို့ကတန်ဘိုးမထားကြဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟူန်ပါ့ သက်ရေ.. ဖတ်ပေးလို့ ကျေးဇူးပါ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာသာပြေဖို့ ရေတစ်ငုံသောက်မယ် ပြီးရင် ကရားထဲကရေကို ဘုံဘိုင်ထဲထည့်ပြီး ရေရအောင်လုပ်မယ်
ရေဝအောင်သောက်လည်း နောက်တနေရာမှာ ရေငတ်ရမှာပဲလေ ဒီမှာမှ မျော်လင့်စရာ ဘုံဘိုင်ရှိသေး မရှိတဲ့နေရာဆိုသေပြီ😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေဝအောင် သောပြီးရင် ကရားထဲ ရေပြန်ထည့်ခဲ့ဖို့ မမေ့ရဘူး ကိုယ့်လို ဒုက္ခရောက်လာသူတွေအတွက်ပေါ့ ဝမ်းသာတယ်ခုလို အမြင်လေးတွေကို😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်ချင်းစာတရားဖြင့်တစ်လောကလုးံထုံမွမ်းစေ
စည်းကမ်းဖြင့် တပြည်လုးံလွှမ်းစေ
ချစ်ဆုးံမမ. ထာဝရလှနေနိုင်ပါစေ
😍😍😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးပါတော် ကျေးဇူးပါတော်😍😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ကိုယ်ကောင်းဆန်သူဖြစ်လျှင် ထိုရေအနည်းငယ်ကိုသောက်၍ ခဏသာ အာသာပြေရုံဖြစ်မည်
တစ်ကိုယ်ကောင်းမဆန်သူဖြစ်လျှင် ထိုရေဖြင့်ရေချူ၍ ရေအများပြားးရလာကာ ကိုယ်ရေငတ်ပြေရုံတင်မက နောက်ရောက်လာမည့်သူများအတွက်ပါ ရေကျန်အောင် ထားနိုင်လိမ့်မည်ဟုထင်မိသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တခြားသူတွက်ထက် ကိုယ်သာဆိုလျှင်ရော ညီမ😁သိချင်မိတယ် ပြောပြအုံး😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေချူပီး ရေထွက်အောင်လုပ်ခဲ့မှာပါ ရေပါအပြည့်ပြန်ထည့်ခဲ့မှာပါ တစ်ကယ်ရှိတဲ့ရေက တစ်ကယ်ရေဆာနေသူဆိုလျှင်မဝနိုင်ဘူးလေ
ဒါကြောင့်ကိုယ်လဲဝဝသောက်လို့ရအောင် ကျန်သူတွေရော ရောက်ခဲ့သည်ရှိသော် သောက်လို့ရအောင် မမကြည့်ရေးထားတဲ့ပိုဒ့်ထဲကလို ရေထည့်ပြီးပြန်ထွက်လာအောင် လုပ်ခဲ့မှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်တော်ပါလား ညီမလေး ဒီစိတ်ဓာက်လေး အမြဲ ထိန်းသိမ်းပါလို့ တောင်းဆိုပါတယ်ကွယ်😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီတစ်ခါတော့ သာအေးငုတ်တုတ်မေ့ပီ ရေးချက်ကလန်ထွက် ခရားထဲရေ ညည ထကြည့် ရေကမရှိ ဘယ်ချိန် ဘယ်သူလာဖြည့်ပေးမလဲ စောင့်စားရင်း ညည ရေမသောက်ရ ဟားးးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခ်ခ် ရေငတ်နာယား ကွီး သောက်ပါတော် ဘုံဘိုင်ထဲက ရေတွေ နှိပ်ပီး😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေဓါတ်လေးရအောင် နုတ်ခမ်းစိုအောင်အာစွတ်ရုံလေးလုပ်ပြီး ပိုက်ထဲလောင်းထည့်လိုက်မှာပေါ့။အဲဒါဆိုရေလည်းမနည်းသွားပဲ ရေထွက်တဲ့ အဆင့်လည်းရသွားမှာပေါ့။ပြီးမှပဲ အားပါးတရသောက်တော့မယ်လေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါပီတော် ခုလို သေချာဖတ်ပေးတာ မန့်ပေးတာ ကျေးဇူးပါ ရေအဝသောက်ပြီးရင် ကရားထဲ ရေပြန်ထည့်ဖို့ မမေ့ရဘူး ကိုယ့်လို ဒုက္ခရောက်သူ ထက်ရောက်လာခဲ့ရင် ရေချူ ဖို့လေ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်မ့ကည်။ဘယ်အရာဖြစ်ဖြစ်လွယ်လွယ်ရနေရင် တစ်နေ့ဒုက္ခနဲ့ကြုံတတ်ပါတယ်။ဒါအမှန်ဘဲလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right ကိုအေး ခုလိုသေချာဖတ်ပေးလို့ ကျေးဇူးပါလို့😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုရေရှားပါးသည့်နေရာမျိုးမှာ ရေကရားလေးကို အဆို့လေးနဲ့ ကျကျနနထားခဲ့ကတည်းက အများနည်းတူ ပြန်လည်ထားနိုင်အောင်တော့ ကြိုးစားရပါမည် သောက်လိုက်လို့ကုန်သွားရင် ကိုယ်တစ်ယောက်တည်းဘဲ လတ်တလောအဆင်ပြေလိမ့်မယ် ရေထည့်ပြီး ရေဆွဲလို့ ရေရခဲ့သော် နောက်လူတွေအတွက်လည်း အဆင်ပြေမယ် ကိုယ့်အတွက်လည်း အခုရောနောင်ရော အဆင်ပြေပါလိမ့်မယ် ထို့ကြောင့်ရေထည့်ပြီးရေဆွဲပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေထည့်လို့ ရေမရခဲ့ရင်တော့ ကိုယ့်ကံပေါ့ ကိုသိန်းသို့ သော် ကောင်းသော အမူအကျင့် ရှိသူတိုင်း ကံကောင်းတတ်ကြပါတယ် ကိုသိန်းရေ..ကံကောင်းပါစေရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမပြောထားတဲ့အရာအားလုံးဟာအမှန်ကိုမြင်ရင်
အားလုံးပယ်ပြီးသားလို့ကျွန်တော်မြင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာရေးထားတာ မယ်ကြည် နားလည်ဝူး နဲနဲ ရှင်းပေးပါအုံး☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မမကြည် ဆရာက psycho နည်းနည်းဆန်တယ် သူရေးတာတွေက တစ်ခါတစ်လေ သူ့ဟာသူတောင် နားမလည်ဘူး။ ငိ ငိ 😁😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းကြရော😅😅
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိုးတက်လာပီ အာလာဒင်မီးခွက်ရင်ပြောအုံးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိုးတက်တာ bus ပါ အကိုစိုး စမိက မယ်ကြည်ပါအေ😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လှလို့  ဝလို့  ပါလား မမ😃😃
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နိဘ လှပါယား စာဖတ်ပါဆို မဖတ်ပဲ ဘာတေရေးနေတာ 😒
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်ချင်းစာ တတ်ရင် အရာအားလုံးအေးချမ်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးပါတော် ထင်မြင်ချက်ပေးပါဆိုမပဲ ဒိုးခဖဲ😏
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သရက်ပင်စိုက်တဲ့ ဥပမာလိုပေါ့။နောက်မျိုးဆက်စားဖို့ စိုက် ရတာလေ။ အသိစိတ်ဓာတ်ပေါ့ ညီမ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကိုမဟော် ..ထင်မြင်ချက်လေး ပေးခဲ့ ပါအုံး😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုပါ့ တချို့က ပိုက်ဆံများများပေးရတဲ့အရာမှ တန်ဘိုးရှိတယ်
ထင်တာ အလကားရတာဆို တန်ဘိုးမထားဘူး ဥပမာ အလကားရတဲ့လေရဲ့တန်ဘိုးကိုမကြဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးပါလေ နိသာဆို ဘာလုပ်မလဲ ရေးပေးပါ အာ့လူနေရာမှာ 😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောကမှာ အလကားရတယ်ဆိုတာမရှိပါဘူးဗျာ ။ ဘယ်အရာမဆို ထိုက်မှရတယ် ။ ကိုယ်ကလည်း ထိုက်တဲ့သူဖြစ်အောင်းကြိုးစားရမယ်။ သူများကိုလည်း ရကောင်းပါစေ ဆိုတဲ့စိတ်လေးရှိရင် ကိုကပိုရတယ်။ အရာရာတိုင်းက ကိုယ့်ရဲ့ အတိတ် ပစ္စုပ္ပန် အလုပ်နဲ့ တိုက်ရိုက် အချိုးကြနေတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good idea ပါ ဆရာရေ..😁😁thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်ုပ်၏အသီးအပွင့်အား နောင်လာနောင်သားများ
စားစေသား :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ့်လားအေ ရှုံးထားတဲ့ တစ်သိန်း.ဖွလတ်ရ ဟွင်း.ဟွင်း😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူတိုင်း ဘဝကိုဖြတ်သန်းရပ်တည်ရာမှာ ကိုယ့်အတ္တတစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်နိုင်တစ်ပိုင် ကိုယ့်ပါတ်ဝန်းကျင်က လူတွေအတွက်ပါ ရပ်တည်မယ်ဆိုရင် ပိုပြီးလောကကြီးက လှပလာမယ်လို့ ထင်မိပါတယ်မမ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ပိုး ညီမရေ...😍